The
Purpose of Life.ဘ၀ရဲ့ ရည်ရွယ်ချက်
The most important question of all
is the purpose of life-အားလုံးအတွက် အရေးအကြီးဆုံးမေးခွန်းကတော့ ဘ၀ရဲ့
ရည်ရွယ်ချက်ဆိုတဲ့ မေးခွန်းပါပဲ၊What are we doing here on earth?-ကျွနိုပ်တို့
ဒီကမ္ဘာမြေကြီးမှာ ဘာလုပ်နေကြတာလဲ၊ Where did we come from?-ကျွနိုပ်တို့ ဘယ်ကနေ
လာခဲ့ကြတာလဲ၊ Where are we going?-ဘယ်ကို သွားကြမှာလဲ၊ What is the meaning of
life? -ဘ၀ဆိုတဲ့ အဓိပ္ပါယ်က ဘာလဲ၊What is our destiny? ကျွန်ုပ်တို့ရဲ့ကံကြမ္မာက
ဘာလဲ
လူသားတိုင်းမှာ
အားနည်းချက်ဆိုတာ ကိုယ်စီရှိကြစမြဲပါ။ အဲဒီအားနည်းချက်တွေကို တစ်ယောက်နဲ့တစ်ယောက် ထိခိုက်
နာကျင်အောင် မလုပ်ကြဖို့ အထူးလိုအပ်ပါတယ်။
Google Translate
Google ကပေးထားတဲ့
ဝန်ဆောင်မူတွေကတော့ တော်တော်များတယ်လို့ပြောရမယ်။ အင်္ဂလိပ်စာလေ့လာနေ သူတွေအတွက် နည်းလမ်းလေးတစ်ခုပြောပြချင်ပါတယ်။
အသံထွက်ပြဿနာပါ။ အင်္ဂလိပ်စာအသံထွက်ကို Myanmar Dictionary တွေမှာရေးထားတာက အနီးစပ်ဆုံးသာဖြစ်ပါတယ်။
တစ်ကယ်က မမှန်ပါဘူး။ မှန်မှန်ကန်ကန်အသံထွက်ချင်ရင်တော့ အင်္ဂလိပ် Dictionary မှာပါတဲ့
Phonetic သင်္ကေတတွေကိုသိဖို့လိုတာပေါ့။ ဒီထက်ပိုပြီး အင်္ဂလိပ်စကားပြောလူမျိုးတစ်ယောက်ဆီက
ထွက်လာတဲ့ အသံထွက်ကိုမှ နားထောင်ပြီး လေ့ကျင့်ချင်တယ်ဆိုရင် Computer ထဲမှာ
Dictionary Software တစ်ခုခု တင်ထားရင်တော့ ကောင်းတာပေါ့။ အဲဒီလို မတင်ထားနိုင်တဲ့သူတွေအတွက်
အင်တာနက်သုံးရင်းနဲ့လည်း လေ့ကျင့်နိုင်ပါတယ်။ အခမဲ့ဝန်ဆောင်မှုပေးထားတာက Google
Translate ပါ။ တော်တော်များများတော့ သိထားကြပြီးဖြစ်ပါလိမ့်မယ်။ Google စာမျက်နှာမှာပြထားတဲ့
Translate ကိုသွားလိုက်ပါ။အထက်မှာပြထားတဲ့ ပုံကိုကြည့်ပါ။
From နဲ့ To မှာ English ကိုပဲထားပေးပါ။ ပြီးတော့ ကိုယ်အသံထွက်စေချင်တဲ့ စကားလုံးကိုရိုက်ပြီး စောင့်လိုက်ပါ။ စက္ကန့်ပိုင်းလေးအတွင်းမှာပေါ်လာတဲ့ စပီကာပုံလေးကို နှိပ်ပြီး နားထောင်နိုင်ပါတယ်။ စပီကာ နှစ်ခုမှာ နှစ်သက်ရာနေရာကိုနှိပ်ပြီး တိကျတဲ့ အင်္ဂလိပ်စာအသံထွက်ကို နားထောင်နိုင်ပါတယ်။
အသံထွက်မှန်ကြပါစေဗျာ။
Love နဲ့ Cook တို့ရဲ့လွဲမှားမှုကျွန်တော်အင်္ဂလိပ်စာ စသင်ခဲ့တုန်းက Lover ဆိုတဲ့စကားလုံးကို အချိန်အတော်ကြာလွဲမှား သုံးခဲ့ဖူးတယ်။ Love ချစ်သည် ဆိုတဲ့စကားလုံးကို Noun လုပ်လိုက်တော့ Lover ချစ်သူ ဆိုပြီး “မင်းမှာ ချစ်သူရှိလား Do you have a lover? လို့ မေးဖူးတာ အကြိမ်ကြိမ်..ဟီး...

အင်္ဂလိပ်စာ word, verb တစ်ခုကို ထုံးစံအတိုင်း
ar, er, or, ier ဆက်လိုက်ရင် noun ဖြစ်သွားတယ်ဆိုတာ အင်္ဂလိပ်စာသင်ဖူးတဲ့လူတိုင်း သိကြတယ်မဟုတ်လား။
Lie-Liar လိမ်လည်သူ
Dance-Dancer ကချေသည်
Direct-Director ဒါရိုက်တာ
Cash-Cashier ငွေကိုင်သူ
Dance-Dancer ကချေသည်
Direct-Director ဒါရိုက်တာ
Cash-Cashier ငွေကိုင်သူ
အဆင်ကိုပြေလို့......Love ဆိုတဲ့စကားလုံးကျတော့
ပြဿနာစတက်တော့တာပဲ။ ဒါပေမယ့်သတိမထားမိ ဘူး။ အင်္ဂလိပ်စကားပြောသင်တာ ၆ လလောက်ရှိနေပြီ။
Lover က သုံးလို့ကောင်းတုန်း။ တစ်ခြားသင်တန်း တစ်ခုရောက်တော့မှ သိရတာ။ သူ့ရဲ့ဖွင့်ဆိုချက်က
ဒီလို..........
A person having a sexual or
romantic relationship with someone, esp. outside marriage.
အထူးသဖြင့် အိမ်ထောင်မှုပြင်ပမှာ တစ်စုံတစ်ယောက်နဲ့
ချစ်ကြိုက်နေတဲ့သူ၊ လိင်ဆက်ဆံမှုပြုနေတဲ့သူ
(ကြာကူလီ)
အဲဒီတော့မှ ယောက်ျားလေးချစ်သူကိုပြောချင်ရင်
Boyfriend
မိန်းကလေးချစ်သူကို ပြောချင်ရင် Girlfriend
ဆိုတာ သိလာရတယ်။
နောက်တစ်ခု အသုံးများတာ ရှိပါသေးတယ်။
"Cook" ဆိုတဲ့စကားလုံးပါ။ သူ့ကိုလည်း er ဆက်ပြီး Cooker လို့ပြောလို့ရပေမယ့်
လူကိုတော့ ပြောလို့မရပါဘူး။ ဥပမာ
My mother is a good cook. ကျွန်တော့်အမေက
အချက်အပြုတ်ကောင်းတဲ့သူတစ်ယောက်ပါ။
ဒီအသုံးကိုမသိပဲ My mother is a
good cooker. ဆိုရင်တော့ အမေက ထမင်းပေါင်းအိုးကြီး
တစ်လုံးပါ လို့ အဓိပ္ပါယ်ရသွားမှာပါ။
လွဲမှားမှုတွေ ကင်းဝေးနိုင်ကြပါစေ
အားလုံးကို ခင်မင်လျက် သူရ
Discourse Markers များ ကျွန်တော်တို့တွေ အင်္ဂလိပ်လိုပြောကြ၊ ရေးကြတဲ့အခါမှာ ၀ါကျ တစ်ကြောင်းနဲ့ တစ်ကြောင်းကြားမှာ လှပသေသပ်၊ ခန့်ညားဖို့အတွက် Discourse Markers လို့ခေါ်တဲ့ စကားဖြည့်များကို ထည့်သုံးလေ့ရှိပါတယ်။ အသုံးများတဲ့ Discourse Markers တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
Blog မှာ Post တင်မယ်လုပ်တိုင်း မတင်ဖြစ်ပဲ ဒီထက်ပိုလှအောင် ဘယ်လိုလုပ်ရမလဲဆိုတာတွေကို
လေ့လာ စမ်းသပ်ရင်း အချိန်ကုန်တာတွေက များနေတယ်။ ဒီတစ်ခါတော့ တင်ဖြစ်အောင်တင်မယ်ဆိုပြီး
အတင်းတင် လိုက်တာ။
အင်္ဂလိပ်စာ လေ့လာသူတွေအတွက် အကျိုးရှိစေမယ့် concession (လိုက်လျောမူ
) အကြောင်းလေးကိုပြောပြ သွားပါ့မယ်။ concession ကို အများအားဖြင့်တော့ though,
although, as, whoever, if, even if, else, or else, nevertheless,
notwithstanding, nonetheless, after all, still, only, yet, at any rate, on the
other hand, in any case, စသဖြင့်ပေါ့လေ။ အများကြီးပါပဲ။ ကျွန်တော်လည်း အားလုံးကို
မမှတ်မိတော့ပါဘူး။ အောက်မှာ ဥပမာလေးတွေနဲ့ ဘယ်လိုသုံးတယ်ဆို တာ ကို ရှင်းပြသွားပါ့မယ်။
Though ........
Our team won the match. The other side played very well, though.
ကျွန်တော်တို့အသင်းက နိုင်တယ်။ သို့ပေမယ့်လို့ တစ်ဖက်အသင်းက ကောင်းကောင်း
ကစားနိုင်ခဲ့တယ်။
Poor though they were, they were never short of
food.
သူတို့က ဆင်းရဲပေမယ့် အစားအသောက်ကတော့ ဘယ်တော့မှ မချို့တဲ့ခဲ့ဘူး။
Though I am poor, I am honest.
ကျွန်တော်ဟာ ဆင်းရဲစေဦးတော့ ရိုးသားပါတယ်။
She didn't tell me where she had been, but I knew about it, though.
သူ ဘယ်ရောက်နေခဲ့တယ်ဆိုတာ ကျွန်တော့်ကို မပြောပြခဲ့ဘူး။ သို့ပေမယ့် ကျွန်တော်
သိပါတယ်။
I don't have money, though I have a computer.
ကျွန်တော့်မှာ ကွန်ပျူတာ ရှိပေမယ့် ငွေမရှိဘူးဗျာ။
သူနဲ့ အဓိပ္ပါယ်တူ Although ကိုလည်း သုံးလို့ရပါသေးတယ်။
I will be able to propose her although I am poor.
ကျွန်တော် ဆင်းရဲစေဦးတော့၊ သူ့ကို ချစ်ရေးဆိုနိုင်ပါသေးတယ်။
Although he is rich, he is still stingy.
ဒီလူက ချမ်းသာပေမယ့် ကပ်စေးနည်းနေတုန်းပဲ။
Although I slept at 12:00 am, I woke up at 7:15.
ကျွန်တော်က ၁၂ နာရီမှာ အိပ်ပေမယ့် ၇ နာရီ ၁၅ မှာ နိုးတယ်လေ။
Although the words of the song are stupid, I like the music.
သီချင်းစာသားတွေက ရိုင်းစိုင်းနေပေမယ့် ကျွန်တော်တော့ ကြိုက်တယ်ဗျာ။
S+ want (O) to + V 1 ဖြစ်စေချင်သည် ( သူများကို )
အင်္ဂလိပ်စာ အသုံးလေးတစ်ခုဖြစ်တဲ့
Want ( O ) to ဆိုတဲ့ အကြောင်းလေးပြောချင်ပါတယ်..
သူများကို တစ်ခုခု ဖြစ်စေချင်. လုပ်စေချင်တဲ့အခါ သုံးပါတယ်.....
သူ့ရဲ့ Patten က S+ want (O) to + V 1 ပါ....
သူများကို တစ်ခုခု ဖြစ်စေချင်. လုပ်စေချင်တဲ့အခါ သုံးပါတယ်.....
သူ့ရဲ့ Patten က S+ want (O) to + V 1 ပါ....
သူ့ကိုကျက်တဲ့အခါ “အက်စ် ပလပ် ၀န့်အိုတူ ပလပ် ဗားဗ် ၀မ်း” လို့
ကျက်ရင်တော့ ကျက်ရတာ ပိုပြီးလွယ်ပါတယ်..အက်စ် ဆိုတာက Subject..သူ့ရဲ့နောက်မှာ I,
We, You, You, He, She, It, They, ကြိုက်တာလာ။ အလယ်က အို ဆိုတာက object ပါ။ သူ့ရဲ့နေရာမှာတော့
ကိုယ်ပြောချင်တဲ့သူရဲ့ object ကို ထည့်ရပါတယ်..I ရဲ့ object က Me.
You ကတော့ You ပါပဲ..She ရဲ့ object က her..He ကတော့ Him ..They ကတော့ Them ...ဥပမာတွေကို ကြည့်ရင်းနဲ့ ရှင်းသွားပါလိမ့်မယ်....
I want you to be a rich man.
ကျမက သူ့ကို လူချမ်းသာတစ်ယောက်ဖြစ်စေချင်တာ။
She wants me to be a merchant.
သူက ကျွန်တော့်ကို ကုန်သည်တစ်ယောက်ဖြစ်စေချင်တာလေ..( ဘာသာပြန်တဲ့အခါ တစ်ချို့က She ကို သူမ လို့ပြန်ကြပါတယ်..မြန်မာစကားအသုံးအနှုံးမရှိပါဘူး.. “သူ” လို့ဘာသာပြန်လိုက်တာက ပိုပြီးသင့်တော်ပါတယ်)
နောက်က Noun လိုက်တဲ့အခါမှာ အဲဒီ Noun ရဲ့ ရှေ့ Be ဆိုတဲ့စကားလုံးလေးလိုက်ပေး
ရပါတယ်..အဲ.. ကြိယာ လိုက်မယ်ဆိုရင်တော့ Be မလိုတော့ပါဘုး။
I want you to speak English.
ကျမက သူ့ကို အင်္ဂလိပ်စကားပြောစေချင်တာ..

I want you to go to Mandalay.
ကျမက သူ့ကို မန္တလေး သွားစေချင်တာ...
ကျမက သူ့ကို မန္တလေး သွားစေချင်တာ...
He wants her to attend English speaking class.
သူက သူ(မ)ကို အင်္ဂလိပ်စကားပြောသင်တန်း တက်စေချင်တာ...
သူက သူ(မ)ကို အင်္ဂလိပ်စကားပြောသင်တန်း တက်စေချင်တာ...
She wants him to marry her.
သူက သူ့ကို လက်ထပ်စေချင်တာ. He နဲ့ She က အနည်းဆို
တော့ သူ့နောက်က Verb ကို အနည်း ဖြစ်အောင် S လိုက်ပေးရပါတယ်...
နောက်ထပ်ဥပမာများကတော့.......
I don't want her to go there.
ကျွန်တော်က သူ့ကို အဲဒီကို မသွားစေချင်ဘူး။

She doesn't want me to live here.
သူက ကျွန်တော့်ကို ဒီမှာ မနေစေချင်ဘူး။။
သူက ကျွန်တော့်ကို ဒီမှာ မနေစေချင်ဘူး။။
ခုပြောခဲ့တဲ့ want (0) to အစား would like (O) to
should like (O) to တို့ကိုလည်း သုံးလို့ရပါတယ်။
သုံးပုံကတော့ အတူတူပါပဲ....
ပိုပြီးတော့ ယဉ်ကျေးတယ်လို့ဆိုပါတယ်...
ဥပမာ.....
I would like you to come here. ငါက မင်းကို ဒီကို လာစေချင်တာ...
I should like her to improve English. ကျွန်တော်က သူ့ကို အင်္ဂလိပ်စာ
တိုးတက်စေချင်တာ...

ကဲ..အင်္ဂလိပ်စာတိုးတက်ကြပါစေဗျာ...
အသုံးဝင်တဲ့ It's too soon to +V
“It's too soon to
+V စောလွန်းတယ်.စောသေးတယ်”
တစ်စုံတစ်ခု လုပ်ဖို့အတွက် သူများကို
စာသေးတယ်..နောက်မှလုပ်ကြတာပေါ့ စသဖြင့်ပြောချင်တယ်ဆိုရင် ဒီအသုံးလေးအတိုင်း ပြောလို့ရပါတယ်။
အရမ်းလည်း လွယ်ပါတယ်။
ဥပမာတွေကတော့
It's too soon to go there. အဲဒီကို သွားဖို့စောသေးတယ်..
။ tell them. သူတို့ကို ပြောပြဖို့ စောသေးတယ်.
။ get married. လက်ထပ်ဖို့ စောသေးတယ်..
။ go back. ပြန်ဖို့စောသေးတယ်..
။ start. စဖို့ စောပါသေးတယ်..
။ get up. အိပ်ယာထဖို့စောသေးတယ်..
။ believe him. သူ့ကိုယုံကြည်ဖို့စောသေးတယ်.
။ sleep. အိပ်ဖို့စောသေးတယ်....
။ say good bye. နူတ်ဆက်စကားပြောဖို့ စောသေးတယ်။
။ say I love her. ချစ်တယ်လို့ပြောဖို့
စောသေးတယ်။
It's too soon to နောက်မှာ
ကိုယ်ပြောချင်တဲ့ စကားလုံး Verb တစ်ခုခုကို လိုက်ပေးရုံပါပဲ။
Noun, Adjective တို့ လိုက်လို့မရဘူး..Patten မှာပြထားတဲ့အတိုင်း Verb
တွေပဲလိုက်ရမယ်....အဲဒီ Verb ကလည်း Verb 1 ပဲဖြစ်ရပါမယ်။
ဆိုလိုတာက Verb Infinitive. go ပဲဖြစ်ရမယ်..went တို့ gone တို့ မလာရဘုး...
သူများကို မေးချင်ရင်လည်း လွယ်လွယ်လေး..................
It is ကို ပြောင်းပြန်လုပ်လိုက် ..Is it ဒါဆိုရင် မေးလို့ရပြီ.
Is it too soon to come back? ပြန်လာဖို့ စောသေးလို့လား။

You
might also like:
Guessing Unknown Words
In any
comprehension text, you will find words that you don’t know. You can look them
up in a dictionary. Of course, but it’s a good idea to get into the habit of
doing without a dictionary as much as possible, particularly if you are
preparing for an examination.
Michael Swan
နားလည်နိုင်မူစွမ်းရည် စစ်ဆေးသော စာသားတိုင်းတွင် အဓိပ္ပါယ်မသိသော စာလုံးများကို တွေ့ရတတ်ပါသည်။ ဟုတ်ပါသည်။ ထိုစာလုံးများ၏ အဓိပ္ပါယ်ကို အဘိဓာန်ထဲတွင် ရှာဖွေနိုင်ပါသည်။ သို့ရာတွင် အထူးသဖြင့် စာမေးပွဲအတွက်ပြင်ဆင်နေလျှင် အဘိဓာန်ကို တတ်နိုင်သမျှ မသုံးသည့်အကျင့်ကို လုပ်ထားလျှင် ကောင်းပါသည်။
မိုက်ကယ်(လ်)စွမ်း

အတိတ်မှာ လုပ်လေ့ ရှိခဲ့တယ်
S+Used to + V အတိတ်မှာတော့ လုပ်လေ့ရှိခဲ့တယ်။
( အတိတ်အတွက်သီးသန့်ပါ )
ဟိုအရင်တုန်းက အချိန်တော်တော်လေးကြာအောင် တစ်စုံတစ်ခုကို လုပ်လေ့ရှိခဲ့ပါတယ်။ ဒါပေမယ့်
ခုတော့ မလုပ်တော့ဘူး ဆိုတဲ့အဓိပ္ပါယ်မျိုးကို ဒီ Pattern နဲ့သုံးရပါတယ်။
သိတဲ့အတိုင်းပဲ။ S ဆိုတာက Subject..သူ့နေရာမှာ Subject Pronoun တွေအစားထိုးလို့ရပါတယ်။
I, We, You( အနည်း ) You ( အများ ), He, She, It, They. ကြိုက်တာလာ။ V ကတော့ Verb ကိုပြော
တာပါ။ သူ့နေရာမှာတော့ Verb 1 ပဲလာရမယ်။ ဒီလောက်ဆိုရင် သုံးလို့ရပြီပေါ့။
ဥပမာတွေကတော့..................
I used to go there off and on. ကျမ အဲဒီကို မကြာခဏ သွားလေ့ရှိခဲ့ပါတယ်။
I used to smoke. ကျွန်တော် ဆေးလိပ်သောက်လေ့ ရှိခဲ့တယ်။
He used to drink alcohol. သူအရက်သောက်လေ့ရှိခဲ့တယ်။
အတိတ်အတွက် သီးသန့်ပြောနေတာမို့လို့ ခုအချိန်မှာ အဲဒါတွေဟာ မဟုတ်တော့ဘူးလို့ နားလည်ရမယ်။
ကျမ အဲဒီကို မကြာခဏသွားလေ့ ရှိခဲ့တယ်။ ကျွန်တော် ဆေးလိပ်သောက်လေ့ရှိခဲ့တယ်။ ဒါပေမယ့်
အခုတော့ မသွားတော့ဘူး။ မသောက်တော့ဘူး လို့ မှတ်ပါ။
ငြင်းဆို ၀ါကျအတွက်ကတော့ didn't use to ပါ။ use မှာ d မပါတော့တာကို သတိပြုပါ။
She didn't use to like music, but now she does.
သူက အရင်တုန်းက ဂီတကို ကြိုက်လေ့မရှိခဲ့ဘူုး။ ခုတော့ ကြိုက်နေပြီလေ။ but now she does. မပါရင်လည်း
ခုတော့ သူက ကြိုက်နေပြီလို့နားလည်ပါ။ but now she does. ပါခြင်း မပါခြင်းဟာ အဓိက မကျပါဘူး။
ပြီးတော့ she does. ကိုလည်း သတိပြုပါ။ She , He တို့ဟာ အနည်းမို့လို့ Verb ကိုလည်း အနည်းနဲ့
ပဲ သုံးရမယ်။ she do . he do ဆိုရင်တော့ မှားပြီ။ ဒါကြောင့်မို့လို She doesn't know. He doesn't know
ပဲရှိတာပါ။ She don't know. He don't know ဆိုရင်မှားပါတယ်။ တစ်ချို့ အင်္ဂလိပ်စကား
တော်တော်လေးပြောနိုင်တဲ့သူတွေတောင်မှ
She
don't know. He don't know ဘ၀က မလွတ်နိုင်သေးတာ
တစ်ခါတစ်လေ ပတ်ဝန်းကျင်မှာ သတိထားမိရင် တွေ့ပါလိမ့်မယ်။ He used to drink alcohol. ၀ါကျမှာတော့ used မှာ s ထည့်စရာမလိုဘူးနော်။ အတိတ်ပုံစံနဲ့ d ပေါင်းထား
တာမို့လို့ပါ။
He used to discuss with me. သူအရင်က ကျမနဲ့ တိုင်ပင်လေ့ရှိခဲ့တယ်။
He used to believe me whatever I said. သူအရင်က ကျမဘာပြောပြော ယုံလေ့ရှိခဲ့တယ်.
မေးခွန်းလုပ်ချင်ရင်တော့ လွယ်လွယ်လေး။
Did he use to live in Pathein? သူအရင်က ပုသိမ်မှာ နေလေ့ရှိခဲလား။
Did she use to speak English? သူအရင်က အင်္ဂလိပ်စကားပြောလေ့ရှိခဲ့သလား။

တစ်ဆိတ်ကို တစ်အိတ်
ရီစရာကောင်းတဲ့
အင်္ဂလိပ်စာ အသုံးလေးတစ်ခုပါ ...( တစ်ဆိပ်ကို တစ်အိတ်လုပ်တယ်..တဲ့လေ)
Doctor, I'm really frightened, I've just come back from Arica and I'm sure I've caught malaria.
I sneezed twice this morning.
ဒေါက်တာ..ကျွန်တော် တစ်ကယ့်ကိုပဲ ကြောက်နေမိတယ်၊ ကျွန်တော် အာဖရိက က ပြန်ရောက်တာ
မကြာသေးဘူး။ ငှက်ဖျားမိလာတယ်ဆိုတာတော့ အသေအချာပဲ။ ဒီနေ့မနက် နှာချေတာ ၂ ကြိမ်ရှိပြီ။
Now Mr Worrier, you're making a mountain out of a molehill. All you have is a head cold!
ဒီမှာ ကိုစိတ်ပူ၊ ခင်ဗျားဟာ တစ်ဆိပ်ကို တစ်အိတ်လုပ်နေတာပဲ။ ခင်ဗျားဖြစ်နေတာအားလုံး
ခေါင်း အအေးမိလို့ဗျ။

အသုံးတည့်တဲ့ Wanna, Gotta, Oughta, Gonna
ခေတ်သစ်အင်္ဂလိပ်စာ( Modern English ) မှာ အများအားဖြင့် တွေ့ရလေ့ရှိတဲ့...Wanna, Gotta, Oughta, Gonna
အသုံးလေးတွေကို ကျွန်တော်သိသလောက် တင်ပြချင်ပါတယ်....
ကဲ....လာပြီနော်......
Wanna ဆိုတာ....Want to ..ဒါမှမဟုတ်..Want ..ကိုပြောတာပါ...အင်္ဂလိပ်တွေဟာ သူတို့စကားကိုပြောရာမှာ အတိုချူံးပြီး ပြောတတ်ကြပါတယ်...
ကျွန်တော်တို့ မြန်မာတွေလိုပေါ့.. မဟုတ်ဘူးလို့ ပြောရမှာကို.. " ဟုတ်ဘူး " ဆိုပြီး ( မ ) ကိုဖြုတ်ပြောတတ်ကြတာမျိုးပေါ့..
(.နီးစပ်တဲ့ ဥပမာ တစ်ခုပါ...)
Want to ( ၀န့်တူ ) တစ်ကယ့်စကားပြောတဲ့အခါမှာတော့ To ဆိုတဲ့ အသံကို ပီပီသသ မထွက်ကြတော့ပါဘူး.. "၀န့်တ" လို့ ထက်ဝက် အသံထွက်ပြီး
ပြောလာကြရာကနေ....Wanna ဆိုတာ ဖြစ်လာတာပါ...
တစ်စုံတစ်ခုကို ဖြစ်ချင် ..လုပ်ချင်တဲ့အခါ Want to ကိုသုံးရတယ်ဆိုတာ..အားလုံးသိကြပြီး
ဖြစ်ပါလိမ့်မယ်...
Do you want a beer? ခင်ဗျား ဘီယာ လိုချင်လား...ဘီယာယူမလား
အဲဒါကိုစကားပြောအနေနဲ့....ဒီလို
သုံးပါတယ်.. Do you wanna a beer? ( Do you wanna beer? ..ဒီလိုလည်း သုံးလို့ရပါတယ်.. )
သူနဲ့ပတ်သက်တဲ့ အသုံးတွေကတော့ အောက်မှာ ပါ...
Do you wanna this? ( Do you want this? )
I wanna drink a cup of coffee. ( I want to drink a cup of coffee )
I wanna go home. ( I want to go home )
Want to နဲ့ want ကို ပုဂ္ဂိုလ် အားလုံးနဲ့ တွဲသုံးလို့ရပေမယ့်...စကားပြော
အင်္ဂလိပ်မှာတော့
Wanna ကို အားလုံးနဲ့ တွဲလို့မရပါဘူး...

ဘီဘီစီ...အင်္ဂလိပ်စာ သင်ခန်းစာမှာတော့
ဟောဒီလို ပြောထားပါတယ်...
No comments:
Post a Comment