Monday, December 30, 2013

အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။


US မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကလေးတခုပါ။

လင်မယားနှစ်ယောက် ဟာ Harvard တက္ကသိုလ် ဥက္ကဋ္ဌနဲ့ တွေ့ဖို့ အတွက် တက္ကသိုလ်ရုံးခန်းသို့ ရောက်လာခဲ့ပါတယ်။

အတွင်းရေးမှူး မှ သူတို့နှစ်ယောက် ကို ကြည့်ပြီး အသွင်အပြင်က သားနားမူမရှိ၊ တောအ၀တ်အစား ပုံစံဆိုပြီး ဂရုမစိုက်ဘဲ ဥက္ကဋ္ဌကို တွေ့ချင်ရင် စောင့်ရမယ် သွားထိုင်စောင့်ဆိုပြီး ပြတ်ပြတ်ပြော ပြီး သူ့ အလုပ်သူဆက်လုပ်နေတယ်။

၁ နာရီလောက်ကြာတော့ အတွင်းရေးမှူးလည်း ဥက္ကဋ္ဌကို မခေါ်ပေး ငါမခေါ်ပေးရင် သူတို့ မစောင့်နိုင်ဘဲ ပြန်သွားလိမ့်မယ်လို့ တွေးပြီး သူ့အလုပ်သူဆက်လုပ်နေတယ်။

ဝတ်စားကောင်းစားနဲ့လာတဲ့ ဧည့်သည်ကြတော့ သူက ပြုံးရွှင်စွာနဲ့ ကြိုဆိုပြီး ဥက္ကဋ္ဌ ရုံးခန်းထဲကို လိုက်ပို့တယ်။လင်လုပ်သူက သတင်းစာတခုပြီး တခု အေးဆေးစွာ ထိုင်ဖတ်တယ်။ မယား လုပ်သူက ပြုံးပြုံးလေးနဲ့ အတွင်းရေးမှူး မလေးကို မကြာမကြာ ပြုံးပြုံး ပြတယ်။

နောက်တော့ အတွင်းရေးမှူးမှ သည်းမခံနိုင် တဲ့ ပုံစံဖြစ်ပြီး ဥက္ကဋ္ဌကို ၀င်ပြောတော့ ဥက္ကဋ္ဌက ဝင်လာဖို့ ပြောတော့မှ လင်မယား နှစ်ယောက် လည်း ရုံးခန်းထဲကို ၀င်သွားတယ်။

ဥက္ကဋ္ဌ ရုံးခန်းထဲရောက်တော့ ဥက္ကဋ္ဌမှ မျက်နှာကြောတင်းတင်းနဲ့"ဘာကိစ္စလဲ " လို့ မေးတယ်။

အဲတော့ မယားလုပ်သူမှ"ဒီလိုပါ ကျမတို့မှာ သားတစ်ယောက် ရှိပါတယ်။သူ ဒီ တက္ကသိုလ်ကို တစ်နှစ်ပဲ တက်လိုက်ရပြီး ရုတ်တရုက် ကွယ်လွန်သွားပါတယ်၊ အဲတာကြောင့် ကျမတို့ လင်မယားက နေပြီး သားအတွက် ဟောဒီ တက္ကသိုလ်ဝင်းထဲမှာ အမှတ်တရ တခုခု လုပ်ချင်လို့ပါ "

အဲမှာ ကျောင်းဥက္ကဋ္ဌက မှ မကျေနပ်တဲ့လေသံဖြင့် " ကျနော်တို့ ကျောင်းမှာ တက်ခဲ့တယ်ဆိုရုံနဲ့ ကျနော်တို့ ရုပ်တု မထားပေးနိုင်ပါဘူး၊ " ဆိုပြီး ပြတ်ပြတ် ပြောတယ်။

အဲမှာ မယားလုပ်သူက" အိုး မဟုတ်ပါဘူး ရုပ်တု ထားဖို့ မဟုတ်ပါဘူး ကျောင်းတစ်ကျောင်း ဆောက်ပေးမလို့ပါ။ " လို့ ပြန်ပြောတယ်။

အဲတော့ ဥက္ကဋ္ဌမှ မျက်လုံးကြီး ပြူးပြီး တော့ သူတို့ အ၀တ်အစားကို ကြည့်ပြီး နောက် "ခင်ဗျားတို့သိလား ကျောင်းဆောင်တစ်ဆောင် ဆောက်ဖို့ဆိုတာ ဒေါ်လာ သန်းချီ ကုန်တယ်ကွယ့် ၊သိကောသိကြလား " ဆိုပြီး အထင်သေးတဲ့ လေသံ နဲ့ ပြန်မေးတယ်။

အဲမှာ မယားက လင်လုပ်သူကို တိုးတိုးလေး ပြောတယ်။ "ဒေါ်လာ သန်းကျော်ပဲ ကုန်တယ်တဲ့ ဒါဆို ကိုယ့် တက္ကသိုလ်ပဲ ကိုယ်ဆောက်ရအောင်"လို့ ပြောပြီး ပြန်သွားကြလေ၏။

ကျောင်း ဥက္ကဋ္ဌလည်း "ငါတော့ ဒီနေ့ အရူး တွေနဲ့ တွေ့နေရတယ်"ဆိုပြီး မြည်တွန်နေတယ်တဲ့။

နောက်တနေ့မှာ သတင်းစာမှာ ဘီလျံနာသူဌေးလင်မယား Mr and Mrs Leland Standford မှနေပြီး Standford တက္ကသိုလ် ဆောက်မယ်လို့ ကြေငြာ တွေ့တော့မှ မနေ့က သူနဲ့ လာတွေ့သွားတဲ့သူနှစ်ယောက်ဟာ ဘီလျံနာသဌေးလင်မယားမှန်း သိတော့မှ သူ့ဝမ်းနည်းသွားခဲ့ရတယ်တဲ့။

Standford တက္ကသိုလ်ကို ၁၈၉၁ မှာ စတင် ဖွင့်လှစ်ခဲ့ပါတယ်။ ၁၉၃၀ အထိ အခမဲ့ ဖြစ်ပြီး အဲ့ နောက်ပိုင်းမှ တက္ကသိုလ်ဝင်ကြေးတွေ၊ tuition fees တွေ ပြန်လည်ကောက်ယူပါတယ်။

စာအုပ်ရဲ့ မျက်နှာဖုံးကို ကြည့်ရုံနဲ့ စာအုပ်တန်ဖိုးကို မဆုံးဖြတ်နိုင်သလို လူတစ်ဦးရဲ့ အသွင်အပြင်ကို ကြည့်ပြီး ထိုလူရဲ့တန်ဖိုး ထိုလူရဲ့ကြွယ်ဝ ချမ်းသာမူကို မဆုံးဖြတ်နိုင်ပါဘူး။

အထင်သေးခြင်း ကင်းရှင်းကြပါစေ။

~MM~သုတစွယ်စုံကျမ်း။

သတင်းချစ်သူ ဝေဟင် မှ ကူးယူသည်။

မမျှော် စိတ်နဲ့ လှူလိုက်ပါ။

ဒါနပြုတယ်ဆိုတာ
ငါစွဲဖြုတ်နေတာ။
ငါပိုင်တယ်ဆိုတာတွေကို
စွန့်လွှတ်ပေးလှူပစ်တာ။
လိုချင်မှု သိမ်းပိုက်မှုဆိုတဲ့
တဏှာလေးတွေကို
ဒါနနဲ့ ခွာချနေတာ။
ရင်ဝမှာ စူးနေတဲ့
လှံကို ဆွဲနှုတ်ပစ်လိုက်တာ။
အမျှော်စိတ်နဲ့
လှူနေရင်
နောက်ထပ်
စိုက်ဝင်စူးဝင်လာမယ့်
လှံတွေကို
ရင်ကော့ပြီး ခံနေရသလိုဖြစ်မှာပေါ့။

            မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး။

Friday, December 27, 2013

ကုသိုလ်ပြုရင် သိစေချင်သည်-


ကုသိုလ်ကောင်းမှုပြုတာခြင်း တူညီကြပါလျက် အကျိုးပေးတာခြင်းကျ ဘာဖြစ်လိုများ ကွားခြားကြတာလည်းဘုရားဟု အချို့က မေးမြန်းတက်ကြပါသည်။ တိုတိုပဲ ဖြေရမယ်ဆိုရင်တော့ ``ပြုလုပ်စဉ်အခါမှာ ထားတဲ့စိတ် ကွာသွားကြလို့ပဲ´´ဟု ဖြေရမည်ပင်။ မှန်ပါသည် ကုသိုလ်ကောင်းမှု ပြုတဲ့အခါ ကာမဘုံသားများ ပြုတဲ့ကုသိုလ် ရူပဘုံသားများ ပြုတဲ့ကုသိုလ် အရူပဘုံသားများ ပြုတဲ့ကုသိုလ် ဘုရား ရဟန္တာနှင့် အရိယာတို့ ပြုတဲ့ကုသိုလ်ဆိုပြီး ပုဂ္ဂိုလ်အလိုက် ကွဲပြားကြပါတယ်။ အဲဒီထဲမှာမှ ကာမဘုံသားတွေ ကုသိုလ်ပြုရာမှာ ပြုနေစဉ်အတွင်း ထားတဲ့စိတ်အပေါ် မူတည်းပြီး အကျိုးပေးကွာသွားကြတယ်ဆိုတာကိုလည်း သိထားဖို့ လိုပါလိမ့်မယ်။
ကာမဘုံသားထဲမှာပါတဲ့ ပုထုစဉ်လူသားတို့ ကောင်းမှုကုသိုလ်ပြုကြတဲ့အခါ စိတ်ရှစ်မျိုးထဲမှ တစ်မျိုးမျိုးနဲ့ ပြုလုပ်တက်ကြတယ်ဆိုတာကို စာသင်သားတို့လက်သုံး အဘိဓမ္မတ္ထသင်္ဂဟ(သင်္ဂြိုဟ်)ကျမ်းမှာ ကာမာဝစရ မဟာကုသိုလ်စိတ်(၈)ပါးဆိုပြီး ပြထားတဲ့အတွက် အဘိဓမ္မာသင်တန်း တက်ဖူးသူတိုင်း သိကြမှာပါ။ ကုသိုလ်ပြုရာမှာဖြစ်တဲ့စိတ်က (၈)မျိုးအထိတောင် ကွဲပြားတယ်ဆိုတော့ အကျိုးပေးတဲ့နေရာမှာလည်း ကွဲပြားသွားပြီပေါ့။ မဟာကုသိုလ်စိတ်ရှစ်ပါးကို နားလည်ဖို့ဆိုရင်-
ပထမဦးဆုံး ၁။ ဝမ်းမြောက်ဝမ်းသားပြုခြင်း။ (သောမနဿ)
၂။ သာမာန်ပြုကာမတ္တ(စိတ်မပါပေမယ့် အခြေအနေအရ) ပြုလုပ်ခြင်း(ဥပေက္ခာ)ဆိုပြီး နှစ်မျိုးခွဲထားလိုက်ပါ။
အဲဒီနှစ်မျိုးထဲမှာမှ တစ်မျိုးစီမှာ ၁။ ဉာဏ်ယှဉ်ပြီး ကိုယ့်အသိနှင့်ကိုယ်ပြုတဲ့ကုသိုလ် ၂။ ဉာဏ်ယှဉ်ပြီး သူတစ်ပါးကတိုက်တွန်းလေမှ ပြုတဲ့ကုသိုလ် ၃။ ဉာဏ်မပါပဲ ကိုယ့်အသိနှင့်ကိုယ်ပြုတဲ့ကုသိုလ် ၄။ ဉာဏ်မပါပဲ သူတစ်ပါးကတိုက်တွန်းလေမှ ပြုတဲ့ကုသိုလ်ဆိုပြီး လေးမျိုးစီရှိလေတော့ ပေါင်းလိုက်ရင် (၈)မျိုး ဖြစ်သွားမှာပေါ့။ အဲဒီအထဲမှာ အကောင်းဆုံးနဲ့ အကျိုးပေးအကောင်းဆုံး အထက်သန်ဆုံးကုသိုလ်ကတော့ ``ဉာဏ်လည်းယှဉ် သူတစ်ပါးတို့တိုက်တွန်းစရာလည်း မလိုပဲ ကိုယ့်အသိနဲ့ကိုယ်လုပ်တဲ့ ကုသိုလ်ပါပဲ´´။ (မိမိတို့ရဲ့ဆန္ဒတွေ ပြည့်ဝတယ် အောင်မြင်တယ်ဆိုတာ- ကုသိုလ်ပြုခဲ့စဉ်က ဝမ်းမြောက်ဝမ်းသာ ပြုခဲ့လို့ပေါ့။ ဉာဏ်တွေကောင်းကြတယ်ဆိုတာ- ဉာဏ်ယှဉ်ခဲ့လို့ပေါ့။ မိမိပိုင်ဆိုင်မှုအားလုံးဟာ သူတစ်ပါးတို့နှင့် စပ်ဆိုင်မှုမရှိဘူးဆိုရင် ကိုယ့်အသိနှင့်ကိုယ် ပြုခဲ့လို့ပေါ့။) ``ကုသိုလ်ပြုစဉ် ကံကျိုးမြင်သိ ဉာဏ်ယှဉ်ဘိ တိဟိတ်ကုသိုလ်ခေါ်´´လို့ မဟာဂန္ဓာရုံဆရာတောကြီးက ကဗျာစပ်ဆိုခဲ့ပြီး အဲဒီကုသိုလ်မျိုးဟာ ဟိတ်သုံးပါးလုံးနဲ့ယှဉ်လို့ တိဟိတ်ကုသိုလ်လို့လည်း ခေါ်ကြပါတယ်။
ဒါ့ကြောင့် တံမြက်လှည်းတာခြင်းတူပေမယ့် လှည်းတဲ့အပေါ်မှာထားတဲ့ စိတ်အပေါ် မူတည်းပြီး အကျိုးပေးလည်း ကွာသွားနိုင်တယ်ဆိုတာ သဘောပေါက်စေချင်ပါတယ်။ အခြားသော ကုသိုလ်ပြုရာများမှာလဲ ထို့အတူပါပဲ။ ဒီလောက်ဆို မိမိကိုယ်တိုင်ရော အခြားသူများကိုပါ အတိတ်က ဘယ်လိုစိတ်ထားမျိုးတွေနဲ့ ကောင်းမှုတွေပြုခဲ့ကြတယ် အခုလည်း ဘယ်လိုစိတ်တွေနဲ့ပြုနေလို့ ဘယ်လိုအကျိုးတွေ ရရှိလိမ့်မယ်ဆိုတာ သဘောပေါက်လောက်မှာပါ။
အားလုံးပဲ ကုသိုလ်ပြုတိုင်း ထိရောက်အောင် ပြုနိုင်ကြ၍ အကျိုးတရားများလည်း ပြည့်ဝစွာ ရရှိနိုင်ကြပါစေ...

ဓမ္မအသိ လူတိုင်းရှိနိုင်ကြပါစေ...

ဓမ္မပဒ

လောက၌ အမိကိုပြုစုလုပ်ကျွေးခြင်းသည် ချမ်းသာ၏။ အဖကိုပြုစုလုပ်ကျွေးခြင်းသည် ချမ်းသာ၏။ လောက၌ ရဟန်းတို့ကို ပစ္စည်းလေးပါးတို့ဖြင့် အရိုအသေပြုစုခြင်းသည် ချမ်းသာ၏။ မကောင်းမှုကင်းကုန်သော ဘုရား၊ ပစ္စေက ဗုဒ္ဓါ သာဝကတို့ကို ပစ္စည်းလေးပါးတို့ဖြင့် အရိုအသေပြုစုခြင်းသည် ချမ်းသာ၏။

အမျိုးသမီး၊ အမျိုးသား အပေါ် ဒေါသထွက်မိလျှင်

 "ပထ၀ီသုတ်နဲ့၊တိဏဌသုတ်မှာတို့ကို ဗုဒ္ဓ ဟောကြားခဲ့၏။ 'ပထ၀ီသုတ်' ၏ဆိုလိုရင်း အဓိပ္ပာယ်မှာ ယူဇနာနှစ်သိန်းလေးသောင်း အထုရှိသော ဤမဟာပထ၀ီမြေကြီးကို ရေနှင့်ရွံ့ဖြစ်ရုံ နယ်၍ ဆီးစေ့လောက်သော အလုံးကလေးများကိုလုံးရမည်။ပြီးလျှင် တစ်လုံးခြင်းကောက်၍ ဒါကငါ့အမေ ဒါက ငါ့အမေရဲ့အမေ ဟုဆွေမျိုးတော်ဆပ်လျှင် ဆီးစေ့လောက်ရှိသောမြေကြီးလုံးတွေသာ ကုန်သွားမည်။အမေအဆက်ဆက်ကား မကုန်ဟူ၍ဖြစ်၏။ ဤဒေသနာတော်ကိုထောက်၍ အမျိုးသမီးတစ်ယောက်အပေါ် ဒေါသဖြစ်စရာကြုံလာလျှင် ယခုဘ၀သာဤအမျိုးသမီးသည် ငါ့အပေါ်အကျိုးပျက်စီးအောင် လုပ်တာ အရင်ဘ၀များစွာ ငါ့အမေဖြစ်ခဲ့စဉ်က ငါ့အပေါ်ဖြူစင်တဲ့စေတနာနဲ့ ပြုစုယုယခဲ့မှာပဲဟု ဒေါသ အာဃာတကိုဖြေဖျောက်သင့်ကြောင်း အကြံပြုထားသည်။ 'တိဏဌ' သုတ်၏ဆိုလိုရင်းအဓိပ္ပာယ်မှာ ဇမ္ဗူဒိပ်တစ်ကျွန်းလုံးရှိ မြက်ပင်အားလုံးကို လက်ဆစ်တစ်ဆစ်စီ ဖြတ်၍ပုံထားရမည်။ပြီးလျှင် တစ်ဖြတ်စီကောက်၍ ဒါက ငါ့အဖေ ၊ဒါကငါ့အဖေရဲ့အဖေ ဟုဆွေးမျိုးစပ်လျှင် လက်တစ်သစ်ခန့်ရှိသော မြက်များသာ ကုန်သွားမည် အဖေအဆက်ဆက်ကား မကုန်ဟူ၍ဖြစ်၏။ ဤဒေသနာတော်ကိုထောက်၍ အမျိုးသားတစ်ယောက်အပေါ် ဒေါသထွက်စရာ ကြုံလာလျှင် ဤအမျိုးသားသည် ယခုဘ၀မှာသာ ငါ့အပေါ် အကျိုးပျက်စီးအောင်လုပ်တာ အရင်ဘ၀များစွာက ငါ့အဖေဖြစ်ခဲ့စဉ်က ငါ့အပေါ်ဖြူစင်တဲ့ စေတနာနဲ့ ပြုစုယုယ ခဲ့မှာပဲဟု ဒေါသအာဃာတကိုဖြေဖျောက်သင့်ကြောင်း အကြံပြုထားသည်။ (မေတ္တာရှင်ရွှေပြည်သာဆရာတော် အရှင်ဇ၀န ) (အရှုံးမရှိသောဒဿန စာအုပ်မှ) တစ်ဦးနဲ့တစ်ဦး အာဃာတ တွေပြေပျောက်နိုင်ကြပါစေ

အ ရုပ် က လေး သုံး ရုပ်

တခါတုန်းက ဘုရင်ကြီးတစ်ပါးမှာ ဥာဏ်ပညာထက်မြတ်တဲ့ သားတော်တစ်ပါးရှိပါတယ်။

တနေ့မှာတော့ အခြားသောတိုင်းပြည်က ထူးခြားတဲ့ လက်ဆောင်တစ်ခုရောက်လာပါတယ်။

အမှန်တော့ လက်ဆောင်ဆိုတာထက် ရာဇသံ ပေးလိုက်တယ်လို့ဆိုရမှာပါ။သူတို့နိုင်ငံထက် အင်အားကြီးတဲ့ နိုင်ငံတစ်ခုက ပို့လိုက်တာပါ။ အရုပ်ကလေး သုံးရုပ်ပါ ပါတယ်။

သုံးရုပ်စလုံးက ဆင်တူပါဘဲ။ အရွယ်အစား၊ ပုံစံ၊ အပေါက် (နား၊ နှာခေါင်း၊ ပါးစပ်) အကုန်အတူတူပါဘဲ။ဘယ်လိုမှ ခွဲမရအောင်တူပါတယ်။

ရာဇသံကတော့ အဲ့ဒီ့အရုပ်သုံးရုပ်ထဲက အကောင်းဆုံးအရုပ်ကို သုံးရက်အတွင်း ရွေးပေးဖို့ပါဘဲ။ မရွေးပေးနိုင်ရင်တော့ စစ်မက်ပြုမယ်လို့ ပြောထားပါတယ်။

ဘုရင်ကြီးလည်း ရှိသမျှ ပညာရှိ မူးကြီးမတ်ရာတွေကို ခေါ်ပြီး အကောင်းဆုံးအရုပ်ကို ရွေးခိုင်းတာပေါ့။ ဒါပေမယ့် ဘယ်သူမှ မရွေးနိုင်ရှာပါဘူး။

ဒီလိုနဲ့ သုံးရက်မြောက်တဲ့နေမှာ အခြားနိုင်ငံက သံတမန်တွေ လာရောက်ဆွေးနွေးပါတယ်။ အဲ့ဒီ့အခါမှာ ပညာရှိ အိမ်ရှေ့မင်းသားက သူ အကောင်းဆုံးအရုပ်ကို ရှာတွေ့ပြီးပါပြီလို့ ပြောလိုက်ပါတယ်.။

ပြီးတော့ ကောက်ရိုးမျှင်လေး တစ်ခုကို ယူလာပြီး ပထမ အရုပ်ရဲ့ နားပေါက်ထဲကို ထည့်လိုက်ပါတယ်။ အဲ့ဒီ့အခါမှာတော့ ကောက်ရိုးမျှင်ဟာ နားပေါက် နောက်တစ်ဖက်မှ ပြန်ထွက်လာပါတယ်။

အိမ်ရှေ့မင်းသားက ဒီအရုပ်ဟာ ဟိုဘက်နားက၀င် ဒီဘက်နားက ထွက်တဲ့အရုပ်ဖြစ်ပါတယ်။ ဒီလို လူမျိုးဟာ အရာအားလုံးကို မလေးစား၊ ဂရုမစိုက်တတ်တဲ့ သူမျိုးပါ.. လို့ ဆိုပါတယ်။

ဒီ့နောက်မှာ ဒုတိယတစ်ရုပ်ကို ရှေးကအတိုင်း ပြုကြည့်ပါတယ်။ ဒီအရုပ်ကတော့ နားထဲက ထည့်လိုက်တဲ့ ကောက်ရိုးမျှင်ဟာ ပါးစပ်ပေါက်က ပြန်ထွက်လာပါတယ်။

အိမ်ရှေ့မင်းသားက ဒီအရုပ်ဟာလည်း မိမိ ကြားသမျှကို အကုန်ပြန်ပြောတတ်တဲ့ အတင်းပြောတဲ့သူမျိုး၊ လျှို့ဝှက်ချက်များကို စိတ်ချစွာ ပြောလို့ရတဲ့သူမျိုး မဟုတ်ပါဘူးလို့ ပြောလိုက်ပါတယ်။

တတိယ အရုပ်ကို စမ်းသပ်ကြည့်တဲ့အခါမှာတော့ နားထဲဝင်သွားတဲ့အရုပ်ဟာ ဘယ်ကမှ ထွက်မလာတော့ဘဲ အထဲမှာဘဲ သိမ်းဆည်းသွားပါတယ်။

ဒီအရုပ်ကတော့ မိမိကြားသိသမျှကို အကုန် ပြန်မပြောဘဲ သိမ်းဆည်းထားနိုင်တဲ့၊ လျှို့ဝှက်ထားနိုင်တဲ့ အကောင်းဆုံးသော၊ စိတ်ချရဆုံး သူမျိုးပင် ဖြစ်ပါတယ် လို့ ပြောကြားလိုက်ပါတယ်..။

အဖြေကို ရသွားတဲ့ တိုင်းတပါးသားများဟာ စစ်မက်မပြုကြတော့ဘဲ ဥာဏ်ပညာကြီးမားလှတဲ့ သားတော်လေးကို ဆုလာဘ်များ ချီးမြှင့်ပြီး ပြန်သွားကြပါတော့တယ်....။

ကျနော်တို့ရော ဘယ်လိုအရုပ်မျိုး ဖြစ်နေကြမလဲ......။

အာကာသနှင့် စကြ၀ဠာ။

သတင်းချစ်သူ ဝေဟင် မှ။

Saturday, December 21, 2013

၂၀ ရာစု၏ သိပ္ပံပညာရှင်ကြီး Albert Einstein(အဲလ်ဘတ် အိုင်စတိုင်း)၏ ဗုဒ္ဓဘာသာနှင့် ပက်သက်၍ ပြောဆိုချက်


"အနာဂတ်ဘာသာတရား" သည် "စကြာဝဠာတစ်ခုလုံး" နှင့် သက်ဆိုင်သော ဘာသာတရားသာလျှင် ဖြစ်ပါလိမ့်မည်။ "(Personal God) လူတစ်စု ယုံကြည်သည့် ဖန်ဆင်းရှင်ဘုရား" ဟူသော 'အယူအဆ' ထက် သာလွန်ကျော်ကဲပြီး 'တစ်ဦးဦး' က ပြောဆိုထားသဖြင့် 'မှန်ကန်ကောင်းမြတ်သည်' ဟု 'လက်ခံ' ၍ ချမှတ်ထားသော 'အယူအဆများ' ကို 'ရှောင်ရှား' ပါလိမ့်မည်။ '(ဖန်ဆင်းရှင်)ဘုရား' ၏ 'သဘာဝကို လေ့လာခြင်း'နှင့် ထိုဘုရားအပေါ် "ယုံကြည်ခြင်း အခြေခံသဘောတရားများ" ကိုလည်း 'အနာဂတ်ဘာသာတရား' တွင် "ရှောင်ရှား" ပါလိမ့်မည်။

ထိုအနာဂတ် ဘာသာတရားသည် "သဘာဝနှင့် စိတ်ဝိညာဉ်(Spiritual)တရား နှစ်ပါးလုံး" ကို 'ခြုံငုံအကျုံးဝင်' ရမည် ဖြစ်ပါသည်။ "အရာရာအားလုံးနှင့် တွေ့ထိမှု ထိုတွေ့ထိမှုကြောင့် ဖြစ်ပေါ်လာသော ဘာသာရေးအမြင် အယူအဆသဘောများ ရုပ်နာမ်သဘာဝနှင့် ၎င်းတို့အဓိပ္ပာယ်ရှိရှိပေါင်းစည်းဆက်သွယ်မှု သဘောအယူအဆများ" 'အကျုံးဝင်' လာမည်ဖြစ်သည်။

ဤသဘောတရားကို "ဗုဒ္ဓဘာသာ" က "ဖြေရှင်းပေးနိုင်" ပါသည်။ "ခေတ်မှီ သိပ္ပံလိုအပ်ချက်" နှင့် ကိုက်ညီသော "ဘာသာတရားတစ်ခုတည်းသာ ရှိဖို့လိုအပ်လာ" ခဲ့လျှင် ထို 'ဘာသာ' သည် *ဗုဒ္ဓဘာသာ* ပင် ဖြစ်ပေသည်ဟု "၁၉၅၄၊ သိပ္ပံညီလာခံ" ၌ ပြောကြားခဲ့လေသည်။


ဗုဒ္ဓဘာသာ၏အဓိပ္ပာယ်
==============

"ဗုဒ္ဓဘာသာ" ဟူသော အဓိပ္ပာယ်သည် "ဗောဓိ" ဟူသော စကားမှ ဆင်းသက်လာသော ဝေါဟာရဖြစ်၍ "နိုးကြားခြင်း" ဟု အဓိပ္ပာယ် သက်ရောက်ပါသည်။ ထို့ကြောင့် "ဗုဒ္ဓဘာသာ" ဆိုသည်မှာ-

"နိုးကြားမှုကို ဖြစ်စေသောအမြင် အယူအဆ" ပင်ဖြစ်ပါသည်။

-(ဒေါက်တာသိန်းလွင် ခေတ်အမြင် ဗုဒ္ဓဘာသာဆိုင်ရာအမေးအဖြေမား) စာအုပ်မှ-


ဗုဒ္ဓ၏လက်ကိုင်ထားသောဝါဒ
=================

ဝိဘဇ္ဇ၀ါဒ - အကောင်းအဆိုး၊ အကြောင်းအကျိုးကို ဝေဖန်ပိုင်းခြားမှုရှိခြင်း။ (လွတ်လပ်စွာ ဝေဖန်ပိုင်းခြားနိုင်ခွင့်ရှိသော ၀ါဒ)

"၀ိဘဇ္ဇ၀ါဒီ မဟာရာဇာသမ္မာ သမ္ဗုဒ္ဓေါ" ဟု 'တတိယ သင်္ဂါယနာတင်ပွဲ' ၌ "ရှင်မဟာမောဂ္ဂလိပုတ္တိဿမထေရ်မြတ်" က မိန့်ဆိုကြွေးကြော်ခဲ့သည်။


ဗုဒ္ဓ၏အဓိပ္ပါယ်
==========

"သဗ္ဗေ ဓမ္မာတိ ဗုဇ္ဇတိ ဗုဒ္ဓေါ" - အလုံးစုံသောတရားတို့ကို မကြွင်းမကျန် သိမြင်တော်မူခြင်းကြောင့် "ဗုဒ္ဓ" မည်၏။

ဗုဒ္ဓ၏ပထမဆုံးသောတရား - ဓမ္မစက္ကပ၀တ္တနသုတ်(ဓမ္မစကြာသုတ်)
ဗုဒ္ဓ၏နောက်ဆုံးမှာစကား - ဟန္ဒ ဒါနိ ဘိက္ခဝေ၊ အမန္တယာ မိဝေါ ၀ယဓမ္မာသင်္ခါရ အပ္ပမာဒေန သမ္ပာဒေထ။ -
"သင်္ခါရတရားတို့သည်း ပျက်စီးခြင်းသဘော ရှိ၏။ မမေ့တတ်သော 'သတိ' ဖြင့် အလုပ်ကိစ္စဟူသမျှကို ပြည့်စုံစေရစ်ကြ။"

ဘုရားအဓိပ္ပါယ် - သိစရာအကုန်မကြွင်းမကျန်အောင် သိတော်မူခြင်း။
တရားအဓိပ္ပါယ် - သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်အောင် ဆောင်ရွက် နိုင်တော်မူခြင်း။
သံဃာအဓိပ္ပါယ် - အယူသီလ တူညီစွာဖြင့် ဖွဲ့စည်း၍ သံသရာမှ လွတ်မြောက်အောင် ဟောပြောပေးနိုင်သော သမုတိ၊ အရိယာ နှစ်ဖြာဂုဏ်ကို ဆောင်သောသူ။
==================================================

ကိုယ့်အကြောင်း ကိုယ်သိဖို့လို

သူများနေရာမကျတာကို လျှောက်မပြောနဲ့။
ကိုယ်နေရာကျတာ မကျတာသိရင် တော်ပြီ။
နေရာမကျတာကို နေရာမကျဘူးလို့ သိရင် နေရာကျပြီဗျ။
နေရာလည်း မကျဘဲနဲ့ နေရာကျတယ် ထင်တာကတော့ ……
နည်းနည်းကလေးမှ မျှော်လင့်စရာ မရှိဘူးဗျ။

( ဝေဘူဆရာတော်ဘုရားကြီး )

မင်းနန် (မော်ကျွန်း) ၏ ဆရာတော်ကြီးများ၏ သြဝါဒများ
ပေါင်းချုပ်မှ။

ကွယ်ပျောက်ရတာချည်းပဲ

ညအခါ ထိန်ထိန်သာအောင်လင်းတဲ့
ဖိုးရွှေလမင်းကြီးဟာ
မနက်လင်းတော့ကွယ်ပျောက်ရတယ်။

နေ့အခါမှာ ရောင်ခြည်တစ်ထောင်
အလင်းဆောင်နိုင်တဲ့
သူရိန်နေမင်းကြီးဟာလည်း
ညရောက်တော့ ချုပ်ပျောက်ရတယ်။

ဒီလိုပါပဲ။ ဘဝတစ်ခုမှာ စည်းစိမ်တွေ
အခြွေအရံတွေ ဂုဏ်ပကာသနတွေနဲ့
ဘယ်လိုပင် ပျော်ပါးမော်ကြွားဝင့်ဝါခဲ့ပေမဲ့
တစ်ချိန်တော့ စွန့်လွှတ်ကြရ၊
သေဆုံးကြရတာချည်းပါပဲ။

လောကမှာ ဘာတစ်ခုမှ မြဲတာမရှိပါဘူး။
အားလုံး ချုပ်ဆုံးကွယ်ပျောက်
ကြရတာချည်းပါပဲ။


ချမ်းမြေ့မြိုင်ဆရာတော် အရှင်ဣန္ဒက

(သြဝါဒကောက်နှုတ်ချက် မှ)

ခံစားမှု သဘာဝ ပယ်မရ။

ဤနေရာ၌ လွတ်မြောက်နေသူ (နှောင်ကြိုးမဲ့သူ) သည် အာရုံတရား ဝေဒနာများကို မခံစားတော့ပြီလောဟု မေးစရာ ရှိပါသည်။

ခံစားမှု ဝေဒနာတရားကား မည်သည့်ပုဂ္ဂိုလ်မျှ စွန့်ပယ်နိုင်ခြင်း မရှိကြပေ။ ပုထုဇဉ်တို့ ခံစားသကဲ့သို့ လွတ်မြောက်သူ အရိယာတို့လည်း ခံစားကြရသည်။

အသိစိတ် ရှိသော လှုပ်ကြွရုပ်မှန်သမျှ ခံစားမှု ဝေဒနာကို ပယ်စွန့်ရိုး ထုံးစံ မရှိချေ။ ပယ်၍ ဖြစ်သော တရားလည်း မဟုတ်။ ရုပ်သည် မပယ်အပ်သော (အပ္ပဟာတဗ္ဗ) တရား မဟုတ်တုံလော။

ထို့ကြောင့် ဗုဒ္ဓဘုရားက ဣတိဝုတ်ပါဠိတော်၌-
“ ရဟန်းတို့၊ လွတ်မြောက်ပြီးသော ပုဂ္ဂိုလ်အား မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ် ဟူသော ဣနြေ္ဒငါးပါးတို့သည် ထင်ရှား ရှိနေသေးသည်သာလျှင်တည်း။ အကြင်ဣနြေ္ဒငါးပါးတို့ ရှိသေးသောကြောင့် နှစ်လိုဖွယ် မနှစ်လိုဖွယ်သော အာရုံငါးပါးကို သုံးဆောင်ရ၏။ ချမ်းသာ ဆင်းရဲဟူသော ခံစားမှု နှစ်ပါးကို ခံစားရသေး၏။” ဟုဟောကြားထားပေသည်။

အရိယာပုဂ္ဂိုလ်တို့သည် ရုပ်ခန္ဓာရှိနေသေးသဖြင့် ခန္ဓာနှင့်စပ်၍ ဖြစ်ပေါ်သော ဝေဒနာ အာရုံတို့ကို ခိုလှုံခံစားကြသည်။ အာရုံတရားတို့၏ ကောင်း မကောင်းကို သိရှိကြ၏။ နားလည်ကြ၏။ ခံစားကြ၏။

- အဆင်းအာရုံ လှ-မလှကို သိရှိခံစားကြ၏။
- အသံအာရုံ သာယာမှု- မသာယာမှုကို သိရှိ ခံစားကြ၏။
- အနံ့အာရုံ မွှေး- မမွှေးကို သိရှိ ခံစားကြ၏။
- ရသာရုံ ခြောက်မျိုးကို သိရှိ ခံစားကြ၏။
- တွေ့ထိမှုအာရုံ ကောင်း- မကောင်းကို သိရှိ ခံစားကြ၏။

လွတ်မြောက်သော အရိယာပုဂ္ဂိုလ်တို့သည် အာရုံ ၅-ပါးတရားတို့ကို ကာမဂုဏ်အဖြစ် သဘောမထားဘဲ ခံစားကြလေသည်။

ရေစကြို အရှင်ဧသိက
(နှောင်ကြိုးမဲ့ လမ်းစဉ် မှ)

Friday, December 13, 2013

သီတဂူ ဆရာတော်ဘုရားကြီး ၏ ဓမ္မ ဆိုင် ရာ သြဝါဒ တော်များ။



" မသေချင်ရင် သတိနဲ့နေ "


" သတိနဲ့နေခြင်းသည်

မသေရာအမှန်-

နိဗ္ဗာန်ကို သွားတဲ့လမ်းပဲ။-

သတိ လက်လွတ်

ဖြစ်ကြမယ်ဆိုရင်တော့ ၊

သေလမ်းကို

လျှောက်နေကြတာန

ဲ့အတူတူပဲ။-


သတိကောင်းတဲ့

ပုဂ္ဂိုလ်တွေ

မသေကြဘူး။-


သတိလက်လွှတ

်ဖြစ်သွားရင်တော့

အသက်ရှင်ပေမယ့်လို့

လူသေနဲ့တူတယ်။


တရားသဖြင့် ဆိုဆုံးမတဲ့

ဘုရားရှင်သာသနာတော်မှာ -

အပ္ပမာဒဆိုတဲ့-

သတိတရား

လက်ကိုင်ထားပြီးတော့

အလုံးစုံသော

ကိစ္စမှန်သမျှတွေကို

ကိုယ်စီပြည့်စုံအောင်

အားထုတ်တော်မူရာ၏။ "


•••••••••••••••••••••••


အခက်များ။


" 'လူ' ဖြစ်ဖို့ ခက်၏။

သဒ္ဓါနှင့် ပညာ ပြည့်စုံသော

'လူ' ဖြစ်ဖို့ ပို၍ခက်၏။


ထိုထက် ပို၍ခက်သည်ကား

စရဏ(အကျင့်)ဖြစ်၏။


သစ္စာသိဖို့ကား

အခက်ဆုံးဖြစ်၏။


သစ္စာမသိသောကြောင့်

ချမ်းသာမရ၊ ဆင်းရဲနေကြရ၏။

စရဏကို ကျင့်ဖို့ ,

သစ္စာကို သိဖို့ရန်-

သဒ္ဓါ, ပညာပြည့်စုံသောလူတို့

တရားမှန်ကို နာကြားရဖို့လည်း

အခက်ကြီးတပါးပင်ဖြစ်၏။"


•••••••••••••••••••••••


ပညာမဲ့ သူမိုက်။


" ပညာမဲ့ကြတဲ့

သူမိုက်တွေသည် -

အကျိုးရှိတာတွေကို

လုပ်မယ်လို့ ဘယ်လိုပင်

ဆုံးဖြတ်လုပ်ကိုင်စေကာမူ၊

အကျိုးရှိတာတွေကို

မကျွမ်းကျင်၊

မနိုင်နင်းတဲ့အတွက် -

အကျိုးမဲ့တာတွေကိုချည်းသာ

လုပ်မိနေတတ်တယ်။ "


•••••••••••••••••••••••


သီလ သမာဓိ ပညာ။


" ဘ၀ရဲ့တည်ငြိမ်မှုကို

ဓမ္မဖြင့်တည်ဆောက်ရပါတယ်။


ကာယကံ၊ ၀စီကံ

တည်ငြိမ်မှုကို သီလ၊

စိတ်တည်ငြိမ်မှုကို သမာဓိ၊

နှလုံးသား တည်ငြိမ်မှုကို ပညာ၊

သီလ၊ သမာဓိ၊ ပညာ

သုံးခုပေါင်းရင် 'ဓမ္မ' ဖြစ်ပါတယ်။"


••••••••••••••••••••••••••


ပညာ နှင့် သီလ။


ပညာတွေ

ဘယ်လောက်တတ်တတ်

ကိုယ်ကျင့်သိက္ခာ

ချွတ်ချော်နေမယ်ဆိုရင်

ထိပ်တန်းသို့ မရောက်နိုင်။


အချို့သီလတွေ

သိပ်ကောင်းပေမယ့်

ပညာအားနည်းခဲ့ရင် လည်း

လိုရာသို့ မရောက်နိုင်။


"ပညာ" နဲ့ "သီလ" ဟာ

လောကမှာ အမြတ်ဆုံးဖြစ်တယ်။


ကျေးဇူးတော်ရှင်

သီတဂူ ဆရာတော်ဘုရားကြီး

စကားကြီး (၃)ခွန်း။


♣ မြစ်ကြီးလည်း မခမ်းပါစေနဲ့။
♣ သစ်ပင်ကြီးလည်း မလဲပါစေနဲ့။
♣ ထုံးအိုးကြီးလည်း မကွဲပါစေနဲ့။


♣ မြစ်ကြီးလည်း မခမ်းပါစေနဲ့ ဆိုတာ အေးမြတဲ့စမ်းရေလို ကြည်ကြည်လင်လင် တသွင်သွင်စီးဆင်းနေတဲ့ မေတ္တာမြစ်ကြီးကို ဆိုလိုတာလေ။လူလူချင်း မေတ္တာထားကြ။ မေတ္တာတရားတွေ ပွားများကြ။ လူလူချင်း မေတ္တာတွေ မခမ်းကြစေနဲ့ဆိုတဲ့ အဓိပ္ပါယ်ပဲ။


♣ သစ်ပင်ကြီးလည်း မလဲပါစေနဲ့ တဲ့ ၊သစ်ပင်ကြီးဟာ အခက်အလက်အရွက်တွေ ဝေေ၀ဆာဆာနဲ့ အရိပ်အာဝါသကိုပေးတယ်။ ထို့အတူပဲ ... ဘုရား တရား သံဃာ ရတနာသုံးပါးရဲ့အရိပ် အာဝါသကောင်းကို ခိုလှုံရလို့လည်း ကြီးပွားချမ်းသာခြင်းကို ရတယ်။ ဒီအရိပ်အာဝါသတွေကို အမိအရ ခိုလှုံဖို့ လိုသလို၊ အရိပ်အာဝါသတွေကို မဖျက်ဆီးမိဖို့ ကျေးဇူးမကန်းမိဖို့ သတိထားရလိမ့်မယ်။သစ်ပင်ကြီးကို ခုတ်လှဲပစ်ခြင်းဟာ အရိပ်အာဝါသကို ဖျက်ဆီးရာရောက်တာပဲ။ ဒါကြောင့် သစ်ပင်ကြီးမလဲအောင် ကြိုးစား ထိန်းသိမ်းကြပါ။


♣ ထုံးအိုးကြီး မကွဲပါစေနဲ့ ဆိုတာကတော့ ရိုးရာဓလေ့ ထုံးစံတွေကိုပြောတာပါ။ မိဘဘိုးဘွား လက်ထက်ကတည်းက လိုက်နာကျင့်သုံးလာကြတဲ့ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာကောင်းတွေ မပျောက်ပျက်ရအောင်ထိန်းသိမ်းပြီး ဗုဒ္ဓဘာသာဓလေ့ ယဉ်ယဉ်ကျေးကျေးသိမ်သိမ်မွေ့မွေ့နေထိုင်ကြ။

( ရွှေဥမင်ဆရာတော်ဘုရားကြီး )

နေရာတိုင်းမှာ ၀ိပဿနာ ။


တစ်ခါတုန်းက ကောသလတိုင်းအတွင်းမှာရှိတဲ့ တောအုပ်တစ်ခုထဲမှာ ဆရာရဟန်းရယ်၊ တပည့် ရဟန်းငယ် တစ်ပါးရယ် ရှိပါတယ်။

တပည့်ရဟန်းငယ်က နေ့ပိုင်းမှာ ဆရာရဲ့ နေ့သန့်ရာနေရာကို တံမြက်လှည်းတာ၊ ဆရာကြွလာတဲ့ သပိတ် သင်္ကန်းလှမ်းယူတာ၊ ဆရာကို ယပ်ခတ်ပေးတာ၊ သောက်ရေကပ်တာ၊ ခြေဆေးပြီး ဆီနဲ့သုတ်လိမ်းပေးတာ စသည်ဖြင့် ဝေယျာဝစ္စတွေလုပ်ပေးပါတယ်။

ပြီးတော့မှ ဆရာ့ဆီက စာသင်ယူပြီး နေ၀င်တဲ့အချိန်အထိစာကျက်ပါတယ်။နေ၀င်တဲ့အခါကျတော့ တစ်ခါဆရာ့အတွက် ရေချိုးဖို့ ရေသယ်တာ၊ ဆောင်းရာသီဆိုရင်လည်း မီးဖိုပြင်ပေးတာ၊ရေချိုးပြီးထွက်လာတဲ့ ဆရာ့ရဲ့ ခြေထောက်ကို ရေသုပ်ပေးတာ၊ နှိပ်နယ်ပေးတာ စသည်ဖြင့် ဝေယျာဝစ္စတွေကို ထပ်လုပ်ပေးပြန်ပါတယ်။

ပြီးတော့မှ ဆရာ့ဆီက စာသင်ပြီး ညဥ့်နက်တဲ့အထိ စာကျက်တော့တာပါ။
စာကျက်ပြီးတဲ့အခါ ကျိန်းစက်ပါတယ်။
တစ်ခါမနက်အရုဏ်တက်တော့ စာကျက်ပြန်ပါတယ်။

ရဟန်းငယ်စာကျက်တဲ့အခါ ဘာထူးခြားသလဲဆိုတော့ကိုယ့်ရဲ့စာကျက်သံကို ကိုယ်ပြန်ပြီး ၀ိပဿနာရှုတာပါ။

ဒီလိုနဲ့ နေ့စဉ် နေ့စဉ် ကိုယ့်ရဲ့ စာကျက်သံကို ၀ိပဿနာရှုလာရင်း တစ်နေ့မှာတော့ ၀ိပဿနာဉာဏ် အဆင့်ဆင့်ဖြစ်ပြီး အရဟတ္တမဂ် အရဟတ္တဖိုလ်ကို ရသွားပါတော့တယ်။

ရဟန်းငယ်ရဲ့စာကျက်သံကို တောစောင့်နတ်က အမြဲနာကြားနေတာပါ။ ရဟန္တာဖြစ်သွားတော့ ရဟန်းငယ်ရဲ့စာကျက်သံ မကြားရတော့ပါဘူး။ ရဟန်းငယ်က ပရိယတ်ဘက်မှာ ကြောင့်ကြမှုမရှိတော့ဘဲ ဖလသမာပတ် ချမ်းသာကိုပဲ ၀င်စားပြီး ဆိတ်ငြိမ်ချမ်းသာစွာနေတော့တာပါ။

တောစောင့်နတ်က ရဟန်းငယ် ရဟန္တာဖြစ်သွားတာကို မသိပါဘူး။ ဒါကြောင့် တောစောင့်နတ်က ရဟန်းငယ်ကို " ဘာဖြစ်လို့ စာမကျက်တော့တာလဲ " လို့ လာမေးပါတယ်။ ဒီတော့ ရဟန်းငယ်က အကျိုးသင့်အကြောင်းသင့် ပြန်ပြောပြလိုက်ပါတယ်။
(သဂါထာဝဂ်သံယုတ်ပါဠိတော်နှင့်အဋ္ဌကထာ၊ သဇ္ဈာယသုတ်)


တရားထူးလိုချင်တဲ့ သူတွေအတွက် သိပ်အားကျဖို့ကောင်းတဲ့ ၀တ္ထုလေးပါ ။

ဝိပဿနာဆိုတာ နေရာတိုင်းမှာအိပ်နေချိန်ကလွဲလို့ စိတ်ကြိုက်ရှုမှတ်လို့ ရနေတယ်ဆိုတာဒီဝတ္ထုလေးက သက်သေပြနေတာပါ။

တော်တော်များများက သူတစ်ပါးအသံကိုတော့ ၀ိပဿနာရှုဖူးကြမှာပါ။ ကိုယ့်အသံကိုကျတော့ ရှုဖူးသူ နည်းပါလိမ့်မယ်။ သူတစ်ပါးအသံကို ၀ိပဿနာရှုမှတ်လို့ ရသလို ကိုယ်အသံကိုလည်း ရှုလို့ရတယ်ဆိုတာယောဂီတွေအတွက် ဗဟုသုတအားတစ်ခုပါပဲ။

♦ တစ်ခုတော့ရှိပါတယ်။ စာတွေထဲမှာပါတဲ့တရားထူးတရားမြတ်တွေ လျှင်လျှင်မြန်မြန် ရသွားကြတယ်ဆိုတာသံသရာအဆက်ဆက်က ဖြည့်ခဲ့တဲ့ပါရမီတွေရယ်၊ကမ္မဋ္ဌာန်းပြပေးတဲ့ဆရာက မြတ်စွာဘုရားရှင် ဒါမှမဟုတ် ရဟန္တာအရှင်မြတ်တစ်ပါးပါး ဖြစ်နေတာရယ်လည်းပါပါတယ်။ဒီတော့ တရားထူး တရားမြတ်တွေက " ဒိုင်းကနဲ " " ဒိုင်းကနဲ "နဲ့ ရသွားကြတော့တာပါ။

♦ တကယ်လို့ တရားထူး တရားမြတ်မရသေးဦးတော့ကိုယ့်ရဲ့ရှုမှတ်မှုဟာအနာဂတ်ကာလအတွက်ပါရမီတွေဖြည့်နေတာပါ။

♦ မရလို့ အရှုံးဆိုတာ မရှိပါဘူး။
ပြီးတော့ ရှုမှတ်နေစဉ်ကာလမှာစိတ်ကလေးက ငြိမ်းအေးနေပြီး ဘ၀ရဲ့ “ အနှစ်နဲ့အကာ ”“ အဓိကနဲ့ သာမည ” တွေကို ခွဲခြားသိပြီးဘ၀ကို ဘယ်လိုနေရမယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ်သိသိနေတာပါ။

♦ ဒီတော့ အကုသိုလ်ပြုဖို့ အာရုံကြုံလာဦးတော့ကိုယ့်ကိုယ်ကိုယ် သတိပေးပြီးသား ဖြစ်ဖြစ်နေတော့တာပါ။ဒါ ၀ိပဿနာရှုမှတ်ခြင်းရဲ့ လက်တွေ့အကျိုးတွေပါ။

[ဆရာတော်အရှင်ဆန္ဒာဓိက - ရဝေနွယ်(အင်းမ)]

(ဖြစ်ပြီးတဲ့အကုသိုလ်ကို ဘယ်လိုပယ်မလဲ မှ -

“မျက်နှာသစ်တဲ့အခါ ကုသိုလ်(၅)မျိုးကို ရအောင်ယူနည်း”


(၁) “ဒါနကုသိုလ်”

မနက်အိပ်ယာထမျက်နှာသစ်တော့မယ်ဆိုရင် ရေဖလားထဲကို ရေထည့်လိုက်ပါ။ မျက်စိနဲ့မြင်သာမယ့် ရင်ခေါင်းလောက်မှာ ရေဖလားကို ကိုင်ထားပါ။ ရေဖလားကို အပေါ်တော့ မမြှောက်လိုက်ပါနဲ့။ မေတ္တာပို့တဲ့အခါအဆင်မပြေမှာစိုးလို့ပါ။

လက်ကကိုင်ထားတဲ့ရေဖလားနဲ့ '' မြတ်စွာဘုရား မျက်နှာသစ်တော်ရေ ကပ်လှူပါ၏ဘုရား။ဘုရားတပည့်တော်ကို သနားချီးမြှောက်သောအားဖြင့် မျက်နှာသစ်တော်မူပါဘုရား" လို့ဆိုပြီး ကပ်လိုက်ပါ။ ဒါဆို ဒါနကုသိုလ်ဖြစ်သွားပါပြီ။


(၂) “ဗုဒ္ဓနုသာတိကုသိုလ်”

မြတ်စွာဘုရားမျက်နှာသစ်တော်ရေ အသုံးပြုနေတုန်းမှာ အရဟံကို အနက်(၃)ခုနဲ့ ပွါးလိုက်ပါ။
အရဟံ - ကိလေသာ မြူမှုန်ပင် ကင်းစင်တော်မူသော မြတ်စွာဘုရား၊
အရဟံ - ပူဇော်အထူးကို အထူးခံယူတော်မူထိုက်သော မြတ်စွာဘုရား၊
အရဟံ - ဆိတ်ကွယ်ရာအရပ်မှာပင် မကောင်းမှုကို မပြုတော်မူသောမြတ်စွာဘုရား။ဒါဆို ဗုဒ္ဓနုသာတိကုသိုလ်ဖြစ်သွားပါပြီ။


(၃) “မေတ္တာကုသိုလ်”

ကြည်လင်နေတဲ့ရေကိုကြည့်ပြီး...ဤရေအေးမြသလို အဖေနဲ့အမေ စိတ်ကောရုပ်ကော အေးမြပါစေ။
ဤရေအေးမြသလို ငါ့ရဲ့အလုပ်ရှင် စိတ်ကောရုပ်ကော အေးမြပါစေ။
ဤရေအေးမြသလို ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ စိတ်ကောရုပ်ကော အေးမြကြပါစေ။
ဤရေအေးမြသလို သတ္တ၀ါအားလုံး စိတ်ကောရုပ်ကော အေးမြကြပါစေ…လို့ မေတ္တာပို့လိုက်ပါ။

ဒါဆို မေတ္တာကုသိုလ်ဖြစ်သွားပါပြီ။ဒါ့ကြောင့်ရေဖလားကို အပေါ်မမြှောက်ပါနဲ့လို့ ပြောတာပါ။ အပေါ်မြှောက်ထားရင် မေတ္တာပို့ရတာ အဆင်မပြေပါဘူး။ ရေကိုမြင်တဲ့နေရာမှာ ရေဖလားကိုထားပြီး မေတ္တာပို့ရတာက ပိုအဆင်ပြေလို့ပါ။


(၄) “မရဏာနုဿတိကုသိုလ်”

ပြီးရင် ငါဒီတစ်ညတော့ အသက်ရှင်ခဲ့ပြီး။ ၀င်လေမဆုံးခင် ထွက်လေမဆုံးခင် နံနက်၊နေ့ည အချိန်မရွေး သေသွားနိုင်သည်…လို့ မရဏာနုသာတိပွါးလိုက်ပါ။ ဒါဆိုမရဏာနုသာတိကုသိုလ်ဖြစ်သွားပါပြီး။


(၅) “အသုဘဘာဝနာကုသိုလ်”

မျက်စိအတွင်းမှာရှိနေတဲ့ အညစ်အကြေးတွေ၊ နှာခေါင်းမှာရှိနေတဲ့ အညစ်အကြေးတွေ၊ ပါးစပ်မှာရှိနေတဲ့အညစ်အကြေးတွေကို အာရုံပြုပြီး ငါ့ရဲ့ မျက်နှာဟာ စက်ဆုပ်ရွံရှာဖွယ် ပါတကား….လို့ အသုဘ ဘာဝနာပွါးလိုက်ပါ။ ဒါဆို အသုဘဘာဝနာ ကုသိုလ်ဖြစ်သွားပါပြီး။

အသုဘဘာဝနာပွါးရတာ အိပ်ယာထဆိုတော့ အသုဘရဲ့လက္ခဏာတွေ ထင်ထင်ရှားရှားရှိနေတဲ့အတွက် ပွါးရတာပိုတောင် ထင်သာမြင်သာ ရှိပါသေးတယ်။ အပြင်သွားခါနီး ဖီးလိမ်းပြင်ဆင်ပြီးတဲ့အခါ လှလှပပ၀တ်ဆင်ထားတဲ့အခါ အသုဘပွါးရတာ အဆင်မပြေလှပါဘူး။

မိတ်ကပ်တွေ အ၀တ်တွေနဲ့ဖုံးထားတဲ့အတွက် အသုဘလက္ခဏာတွေက မပေါ်ပါဘူး။ အသုဘပွါးတာ မနက်စောစောက အဆင်ပြေဆုံးပါပဲ။အားလုံးပြီးမှ မြတ်စွာဘုရား မျက်နှာတော်သစ်ပြီးပြီ ဖြစ်တဲ့အတွက်ဆေးအဖြစ် ပြန်စွန့်တော်မူပါဘုရား…လို့စွန့်ပြီး မျက်နှာသစ်လိုက်ပါ။


ဒါဆို မျက်နှာသစ်ရင် ကုသိုလ်(၅)မျိုး ရသွားပါပြီ။

ကဲ.... စာဖတ်သူအပေါင်းတို့ရေ...မျက်နှာသစ်ရင်း ကုသိုလ်ငါးမျိုးပွားပြီး ကုသိုလ်တွေစုဆောင်းထားလိုက်ပါနော်..။

(ဆရာတော်ရဝေနွယ်-အင်းမ၏ ရင်ထဲကအရဟံ စာအုပ်မ
ှပြန်လည်မျှဝေခြင်းဖြင့် ဒါနကုသိုလ်ပြုပါသည်။)

စေတနာ ။


စေတနာက လောဘနဲ့တွဲရင်
ငါရဖို့ချည်းဖြစ်လာတတ်တယ်။

အဲဒီစေတနာကပဲ ဒေါသနဲ့တွဲလိုက်ရင်
သတ်ဖြတ်ဖို့ဖြစ်တတ်တယ်။

မောဟနဲ့တွဲ လိုက်ပြန်တော့
ပညာမဲ့တာတွေဖြစ်လာတယ်။

မကောင်းတာတွေဘာကြောင့်ဖြစ်လာလဲမေးရင်
စေတနာနဲ့ မကောင်းနဲ့
အကြောင်းသုံးပါးတွဲမိလို့…ဒါပဲ…။

လောဘနည်းအောင်ကျင့်ရင်
သူများ အတွက်ဆောင်ရွက်တတ်လာတယ်။

ဒေါသနည်းအောင်ကျင့်သုံးရင်
ငြိမ်းချမ်းရေးဖြစ်တယ်။

မောဟနည်းအောင်ကျင့်ရင်တော့
ပညာတတ်တွေဖြစ်လာကြမယ်။

ကောင်းတာတွေဘာကြောင့်ဖြစ်ဆိုရင်
စေတနာနဲ့ ကောင်းတဲ့..
အကြောင်းသုံးပါးပေါင်းမိလို့.. ဒါပဲ…..။


(သီတဂူဆရာတော်ကြီး)

ဗုဒ္ဓဘာသာဝင်တိုင်း သိထားသင့်သည့် နိဗ္ဗာန်၏ ဂုဏ်တော်များ။



ဗုဒ္ဓဘာသာဝင်တို့၏ နောက်ဆုံးရည်မှန်းချက်
ပန်းတိုင်သည်မြတ်နိဗ္ဗာန်ပင်ဖြစ်ပါသည်။
နိဗ္ဗာန်တွင်

၁။ “ ခယဂုဏ်တော် ”

ထိုနိဗ္ဗာနဓာတ်တရားမြတ်ကို သောတာပတ္တိမဂ်ဖြင့် မြင်လိုက် သည်နှင့် တပြိုင်နက် ရာဂစသော ကိလေသာအချို့သည် လည်းကောင်း၊ ထိုကိလေသာ ရှိသူတိုင်း (ခုနှစ်ဘ၀ နောက် ရရှိမည့်) ရုပ်နာမ်တို့သည် လည်းကောင်း ကုန်ခမ်းကြရတော့၏။ အထက်မဂ်များကိုရသောအခါလည်း ဤနည်းအတိုင်း ကိလေသာအပူတွေ ကုန်ရပေသည်။ ထို့ကြောင့် သန္တိဖြစ်သော ထိုနိဗ္ဗာန်သည် ကိလေသာကို့၏ လည်းကောင်း၊ ရုပ်နာမ်တို့၏ လည်းကောင်း ကုန်ခန်းကြောင်း “ ခယဂုဏ်တော် ”နှင့် ပြည့်စုံပါသည်။

၂။ “ ၀ိရာဂဂုဏ်တော် ”

တတ်မက်ခြင်းသဘောကို ပါဠိလို “ ရာဂ ” ဟုခေါ်၏။ ထိုရာဂသည် ရုပ်နာမ် ခန္ဓာအပေါ်၌ လည်းကောင်း၊ ခန္ဓာနှင့်စပ်သော ပညတ်အပေါ်၌ လည်းကောင်း ဖြစ်ရသောတရားတည်း။ ရုပ်နာမ်တို့၏ ကုန်ကြောင်းဖြစ်သော နိဗ္ဗာန်သည် ထိုရာဂနှင့် လုံးလုံး မစပ်တော့ရကား “ ၀ိရာဂ- ရာဂမရှိ ” ဟူသော ဂုဏ်နှင့်လည်း ပြည့်စုံပါသည်။

၃။ “ အမတဂုဏ်တော် ”

“ သေခြင်း ” ဆိုသည်မှာ တစ်ဘ၀အတွက် နောက်ဆုံး ပျက်ခြင်းတည်း။ ထိုအပျက်ဟူသည်လည်း အဖြစ်ရှိပြီးမှ ပေါ်လာ၏။ ပျက်ဖို့ ရှေ့ရှုနေသော (ပျက်ဖို့ပြင်နေသော) သဘောကို “ အိုခြင်း၊ ဆွေးမြေ့ခြင်း ” ဟု ခေါ်၏။ ပါဠိလို ဇာတိ၊ ဇရာ၊ မရဏ။ မြန်မာလို ဖြစ်ခြင်း၊ (ရင့်ရော်ခြင်း)အိုခြင်း၊ သေခြင်း(ပျက်ခြင်း)၊ ဟူသော သဘောသည် ရုပ်တရား၊ နာမ်တရားတို့၏သဘောဖြစ်၏။ ရုပ်နာမ်အားလုံး ကုန်ဆုံးပြီးသော ထို နိဗ္ဗာန်သည် သေခြင်း “ မတ ” မရှိရကား“ အမတဂုဏ်တော် ” နှင့်လည်း ပြည့်စုံပါသည်။

၎။ “ ပဏီတဂုဏ်တော် ”

နိဗ္ဗာနဓာတ် တရားမြတ်သည် ရဟန္တာပုဂ္ဂိုလ်များအတွက် ( စား၍ မ၀နိုင်အောင် အရသာရှိသော အစာကဲ့သို့ ) မကြာမကြာ အာရုံပြု၍ နေချင်စရာကောင်းလောက်အောင်အရသာရှိသော တရားတော်ဖြစ်၏။ ဗုဒ္ဓမြတ်စွာသည် ( ဖလသမာပတ်ကို ၀င်စားကာ ) ထို နိဗ္ဗာန်ကို အာရုံပြု၍ မကြာမကြာ သီတင်းသုံးတော် မူလေ့ရှိ၏။ တရားဟောတော် မူတုန်းမှာပင် ပရိသတ်က သာဓုသာဓုခေါ်ပြီးမှ တရားကို ဆက်၍ဟောတော်မူ၏။ နိဗ္ဗာန် တရားတော်သည် ရဟန္တာဖြစ်ပြီး ပုဂ္ဂိုလ်အတွက် ဤမျှလောက် အရသာရှိသော တရားထူး တရားမွန် ဖြစ်သောကြောင့် “ ပဏီတဂုဏ်တော် ” နှင့်လည်း ပြည့်စုံပါသည်။

{ အမရပူရမြို့၊ ကျေးဇူးတော်ရှင်
မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏
ကိုယ်ကျင့်အဘိဓမ္မာကို ကိုးကား ရေးသားပါသည်။ }

လူ့ ဘ၀ကြီး၏ အသိတရား(၁၄)ချက်။


၁။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ရန်သူသည်
မိမိကိုယ်တိုင် ပင်ဖြစ်သည်။

၂။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ဆုံးရှုံးခြင်းသည်
မိမိဧ။် မာနကြောင့်ဖြစ်သည်။

၃။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော အသိမဲ့ခြင်းသည်
မိမိ ကိုယ့်ကိုမိမိ လိမ်လည်နေ ခြင်းဖြစ်သည်။

၎။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ၀မ်းနည်းရခြင်းသည်
မိမိဧ။် မနာလို ၀န်တိုသော စိတ် ကြောင့်ဖြစ်သည်။

၅။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော မှားယွင်းမှု လုပ်ရပ်သည် မိမိဧ။် စိတ်ဓာတ်ကျဆင်း ခြင်းကြောင့်ဖြစ်သည်။

၆။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ပြစ်မှုပြုခြင်းသည်
မိမိဧ။် အနိုင်ကျင့်လိုသော စိတ်ဓာတ် ကြောင့် ဖြစ်သည်။

၇။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော သနားစရာကောင်းခြင်းသည်
မိမိဧ။် စိတ်အားငယ်မှု ဖြစ်သည်။

၈။ လူ့ဘ၀ဧ။် အကြီးမားဆုံးလေးစားခံရခြင်း သည်
မိမိဧ။် ကြံ့ခိုင်သည့် စိတ်ဓာတ် ဖြစ်သည်။

၉။ လူ့ဘ၀ဧ။် အကြီးမားဆုံး စီးပွားပျက် ရခြင်းသည်
မိမိဧ။် ကိုယ်ပိုင်အနာဂတ် မျှော်လင့်ချက် ကင်းမဲ့ခြင်း ကြောင့်ဖြစ်သည်။

၁၀။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ချမ်းသာရခြင်းသည်
မိမိဧ။် ကျန်းမာရေး ကောင်းမွန်ခြင်း ဖြစ်သည်။

၁၁။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော အကြွေးသံသရာ ဖြစ်ခြင်းသည်
လူမှုရေး အကြွေးသံသရာ ဖြစ်သည်။

၁၂။လူ့ဘ၀ဧ။် အကြီးမားဆုံးသော လက်ဆောင်မွန်သည်မိမိဧ။်
သည်းခံခွင့် လွတ်တတ်သော စိတ်ဓာတ် ဖြစ်သည်။

၁၃။လူ့ဘ၀ဧ။် အကြီးမားဆုံးသော လိုအပ်ချက်သည်
မိမိဧ။် အကြင်နာတရား မေတ္တာ စိတ်ဓာတ် ဖြစ်သည်။

၁၄။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ပီတိသည်
အလှူဒါန ပြုခြင်း ဖြစ်သည်။

အဆိုအမိန့် များနှင့် ဗဟုသုတဆိုင်ရာစာပေများမှ ကူးဖော်ပြသည်.

ဒိဋ္ဌိပြုတ်ဖို့ အရေးကြီးတယ်။


"ကျုပ်ဖြင့် ကျောင်းဆောက်, ဘုရားတည်ပြီးပြီ ..
ဘာကိစ္စ ရှိသေးတုန်း ..
ဆွမ်းဦး ကွမ်းဦးလှူရပြီ ..
ကျုပ်ဖြင့် သေပျော်ပြီ .."
ဆိုတာငရဲမျိုးစေ့ (ဒိဋ္ဌိ) ၀မ်းထဲရှိလျက်နဲ့
သေပျော်ပြီ ဆိုတော့ ခက်သေးတယ်။

ခင်ဗျားတို့လှူတာ ဘာမှမဖြစ်လောက်သေးဘူး။
ဘုရားတစ်ဆူတစ်ဆူမှာ တစ်ယောက်သာရှိတဲ့ ကြီးကျယ်ခန်းနားတဲ့ အလှူရှင်မလ္လိကာမိဖုရားကြီး သေခါနီးမှာ အာသန္နကံ ၀င်ပြီး ဖျက်ဆီးလိုက်တဲ့ ဖြစ်ခြင်းဟာ အလှူမကယ်ဘဲနဲ့ အ၀ီစိရောက်သွားတယ်။ရှေ့နောက်လွဲလို့ သက္ကာယဒိဋ္ဌိက ချလိုက်တာ။

အသိဉာဏ် ရှေ့မထားဘဲနဲ့ အလုပ်ရှေ့ထားနေမယ်ဆိုရင်ဒီအလုပ်သည် အလွဲနဲ့အချော်ချည်းမှတ်။

ဒီလို ဆရာကောင်း သမားကောင်းက ပြင်မပေးတော့ဘူးဆိုရင်ကိုယ့်ငါးချဉ်ကိုယ်ချဉ်ပြီး သေပျော်ပြီ ပြောနေမှာပဲ။

ငတ်သေမှာ မကြောက်ပါနဲ့။
ဒိဋ္ဌိပြုတ်ဖို့ အရေးကြီးတယ်။


( မိုးကုတ်ဆရာတော်ဘုရားကြီး)

တရားအားထုတ်ခြင်းဟူသည်။


တရားအားထုတ်တယ်ဆိုတာ…
လေးလံတဲ့ တိုင်ကြီးထမ်းထားသလို၊ လွှတိုက်သလို သဲသဲမဲမဲ ပင်ပင်ပန်းန်း လုပ်ရလိမ့်မယ်လို့ အချို့က ထင်နေကြတယ်။

ဘုရားက ဒီလို မဟောပါဘူး။ဥပမာ မြင်တယ် ဆိုပါတော့။ မြင်တာကို မမြင်မြင်အောင် အားထုတ် ရတာ မဟုတ်ပါဘူး။ "မြင်တယ် မြင်တယ်" လို့ သိဖို့ပဲ။ သတိက မမေ့ဖို့ဘဲ။

ကြားတာကို ကြားတဲ့သူက "ကြားတယ် ကြားတယ်" လို့ သိဖို့ပဲ။ မကြားကြားအောင် အားထုတ် ရတာမျိုး မဟုတ်ပါဘူး။ ကြားတာကို သိအောင် သတိပြုတာကို အားထုတ်တယ်လို့ ခေါ်တယ်။ချွေးထွက် သံယို သိပ်ပြီး လုပ် ရတာ မဟုတ်ပါဘူး။ ကြားတာကို ကြားတယ်လို့ သိရင် ဝိဇ္ဇာ ဖြစ်တာပဲ။ ကြားတာကို ကြားတာလို့ အသိမပါရင် အဝိဇ္ဇာပဲ။ အဝိဇ္ဇာမဖြစ်ဘဲ ဝိဇ္ဇာဖြစ်ဖို့ အင်မတန် အရေးကြီးတယ်။

နံတာ၊ စားတာ၊ ထိတာ၊ သွားတာ၊ ရပ်တာ၊ ထိုင်တာ စသည်တွေမှာလည်း ဒီနည်း အတိုင်းပါပဲ။ နံရင် နံတယ်၊ စားရင် စားတယ်၊ ထိရင် ထိတယ်၊ သွားရင် သွားတယ်၊ ရပ်ရင် ရပ်တယ်၊ ထိုင်ရင် ထိုင်တယ်လို့ သိဖို့ပဲ။

နံရင် နံတယ်လို့ သိရင် တရားဖြစ်တယ် လို့ မထင်ကြဘူး။ ဘုရားကတော့ တရားဖြစ်တယ် လို့ ဟောတယ်။

သတိဆိုတာက တစ်အာရုံနဲ့ တစ်အာရုံ အကူးအပြောင်း အဆက်အစပ်မှာ မေ့တတ်တာကို မမေ့အောင်၊ ထင်ရှားအောင်၊ ပေါ်လွင်အောင် လုပ်ပေးတဲ့ သဘောတရား ဖြစ်တယ်။

ကျေးဇူးရှင် တောင်ပုလု
ကမ္ဘာအေးဆရာတော်ဘုရားကြီး။

မင်းနန် (မော်ကျွန်း) ၏ "ဆရာတော်ကြီးများ၏
သြဝါဒတော်များပေါင်းချုပ်" စာအုပ်မှ
ကူးယူ ပူဇော် မျှဝေပါသည်။

စိတ်ကို ဆုံးမနည်း ဥပမာ


သင့်အား အမျက်ဒေါသ
ဖြစ်ပေါ်လာခဲ့သော်
် ကြမ်းတမ်းသော လွှသွားကို ဥပမာတင်၍ ရှု့ လော့ ။

အချိုအချဉ်စသော အရသာ၌
တပ်မက်မှုတဏှာ ဖြစ်ပေါ်လာခဲ့သော်
မိမိရင်သွေးငယ်၏ စားသောက်ခြင်း
ဥပမာကိုတင်၍ ရှု ဆင်ခြင်လော့ ။

သင်၏စိတ်သည် ကာမဂုဏ်အာရုံတို့ ၌
ပြေးလွှားကျက်စားနေခဲ့သော်
စပါးခင်းကို ဝင်ရောက်မွှေနှောက်သည့်
နွားဆိုးအား ကြိုးဖြင့်နှောင်တုပ်ကာ
တိုင်၌ချည်ထားသည်ကို ဥပမာတင်၍
ရှု့ ဆင်ခြင်လော့။

သင်၏စိတ်ကို သတိဟူသော ကြိုးဖြင့် သမာဓိဟူသောတိုင်၌ ဖွဲ့ ချည်၍
ဆုံးမနှိပ်ကွပ်လေလော့ ။ ။

အရှင် ဗြဟ္မဒတ္ထ
(ဆက္ကနိပါတ်-၁၂)

ဆရာတော် အရှင်ဇဝန
မေတ္တာရှင်(ရွှေပြည်သာ) ၏
ဗုဒ္ဓဘာသာခေါင်း ဆောင်းထားသော
အရှင်ဒေဝဒတ်၏ တပည့်များ စာအုပ်မှ။

လာရာနှင့်လားရာ။


သံသရာတလျှောက်လုံးမှာဘဝတွေအများကြီးကျင်လည်ခဲ့ပြီးပါပြီ။ယခုပစ္စုပန်ဘဝမှာဗုဒ္ဓမြတ်စွာသာသနာနဲ့ကြုံတွေ့ခိုက်မှာရခဲလှတဲ့လူ့ ဘဝကိုလည်းရ ရှိခဲ့ပြီ။

အခုအချိန်မှာလောဘေ ဒါသ မောဟတွေဆက်ဖြစ်နေမယ်ဆိုရင်တော့အပြန်လမ်းကအပါယ်လေးဘုံပါ ။ဒါနသီလ သမထနဲ့ ဘာဝနာတရားတွေပွားများနိုင်ရင်လူ နတ် ဗြဟ္မာချမ်းသာပြန်ရဦးမှာပါ။
အသိဥာဏ်နဲ့ယှဉ်သတိတရားနဲ့ဘာဝနာတရားကိုပိုပွားများနိုင်ရင်နိဗ္ဗာန်ချိမ်းသာ ကိုရ ရှိမှာပါ။

လာခြင်း ၂ မျိုးနဲ့ပြန်ခြင်း ၂ မျိုး ရှိပါတယ်။

(၁)အမှောင်ထဲကလာပြီးအမှောင်ထဲကိုပြန်တဲ့သူ။

အတိတ်ဘဝကကုသိုလ်ကောင်းမှု့ထက်အကုသိုလ်အလုပ်တွေကပိုများခဲ့လို့ ယခုဘဝမှာပင်ပန်းဆင်းရဲစွာနေထိုင်ရပြီး ဘုရားသာသနာနှင့်တွေ့ကြုံရပါသော်လည်းဒီဘဝမှာလည်းကုသိုလ်ကောင်းမှု့တွေကိုမေ့ပြီးဒုစရိုက်တွေပြုတုန်း မိုက်နေတုန်းဘဲဆိုရင်ပြန်ရမဲ့လားရာလမ်းက အပါယ်၎ ဘုံ အမှောင်လမ်းပါ။

(၂)အမှောင်ထဲကလာပြီးအလင်းကိုပြန်တဲ့သူ။

အတိတ်ကအကုသိုလ်ကံတွေများပြီး ကုသိုလ်ကံကနဲခဲ့လို့ လူဆင်းရဲပြီးဘဝကိုခက်ခဲစွာရုန်းကန်ရပေမဲ့ယခုဘဝမှာသာသနာနဲ့ကြုံတွေ့ခိုက်ဆရာကောင်းမိတ်ကောင်းတို့ နှင့်ဆုံတွေ့ပြီးဒါနသီလ သမထ ဘာဝနာတရားတို့ကိုကောင်းစွာကြိုးစားအားထုတ်ဖြစ်တော့အပြန်လားကလူ နတ် ဗြဟ္မာ နိဗ္ဗာန် ချမ်းသာကို ရမဲ့အလင်းကိုပြန်ရမှာပါ။

(၃)အလင်းထဲကလာပြီးအမှောင်ထဲကိုပြန်တဲ့သူ။

အတိတ်ဘဝကဒါန သီလ သမထကောင်းမှု့တွေနဲ့လူဖြစ်လာခဲ့ရပြီးဘာသာသနာနဲ့ကြုံတွေ့ရသော်လည်းစည်းစိမ်ချမ်းသာအပေါ်မှာယစ်မူးပြီးဒုစရိုက်တွေလည်းလုပ်
သီလကိုလည်းမစောင့်ထိန်းရင်တော့ပြန်ရမည့်လားရာက အပါယ်လေးဘုံဖြစ်တဲ့
အမှောင်လမ်းပါ။

(၄)အလင်းထဲကလာပြီးအလင်းထဲကိုပြန်တဲ့သူ။

အတိတ်ဘဝကဒါန သီလ သမထ ဘာဝနာကုသိုလ်တွေလုပ်ခဲ့လို့ယခု ဘဝမှာလူချမ်းသာလည်းဖြစ်ရပြီးသာသနာနှင့်ကြုံတွေ့ခိုက်မှာလည်းဒါန သီလ သမထ ဘာဝနာတရားတွေကိုဥာဏ်အသိသတိနဲ့ ယှဉ်ပွားများနေမယ်ဆိုရင်ပြန်ရမည်းအပြန်လမ်းက နိဗ္ဗာန်ရောက်ကြောင်းခရီးလမ်းကြောင်းအလင်းလမ်းပါ။

ယခုပစ္စုပန် မှာနေတဲ့လူ့ဘဝမှာကိုယ်ဘယ်ကလာခဲ့သလဲသိဖို့ မလို စဉ်းစားစရာမလိုပါ။

ဘယ်ကိုသွားမလည်းသာအရေးကြီးဆုံးပါ တရားကိုတ့ခြားမှာသွားရှာဘို့ မလိုပါဘူး။

က်ုယ့်ခန္ဓာမှာဘဲရှာပါ။မသိတာနဲ့စပြီးအသိဥာဏ်နဲ့ဆုံးရမှာပါ။
အဝိဇ္ဇာပိုက်ကွန်ထဲကတဏှာကိုပါယ်သတ်ပြီးအသိသတိဥာဏ်နဲ့သံသရာအတွက်မမေ့ကြဘဲနိဗ္ဗာန်ရောက်ကြောင်းအလင်းလမ်းကိလျှောက်လှမ်းကြပါစို့။


ဗောဓိရိပ်ငြိမ်တောရဆရာတော်
ဘဒ္ဒန္တဣန္ဒာစရိယ ဟောကြားတော်မူသောတရားတော်ကို နာယူမှတ်သားရေးသားမျှဝေပါသည် ။

ချီးမွမ်းထိုက်သော သားသမီး



တခါသော် မြတ်စွာဘုရားသခင်က ရဟန်းတို့အား မိဘတို့သည် အကြောင်း ၅-မျိုးကြောင့် သားသမီးကို အလိုရှိကြောင်းဤသို့ မိန့်တော်မူသည်။

ရဟန်းတို့၊ မိဘတို့သည် အကြောင်း ၅-မျိုးကြောင့် သားသမီး အလိုရှိကုန်၏။

ယင်းအကြောင်း ၅-မျိုးမှာ-
၁။ ငါတို့ မွေးမြူထားသော သားသမီးသည် ငါတို့အား လုပ်ကျွေး မွေးမြူပေလိမ့်မည်။
၂။ ငါတို့၏ အမှုကိစ္စကို ပြုလုပ်ပေးလိမ့်မည်။
၃။ အမျိုးအဆက်သည် ရှည်မြင့်စွာ တည်ပေလိမ့်မည်။
၎။ အမွေခံ ဖြစ်ပေလိမ့်မည်။
၅။ ဘ၀တပါးသို့ ပြောင်းသွားသော ငါတို့အား အလှူ၏အဖို့ကို ပေးဝေကြပေလိမ့်မည်။
ဟူသော အချက်များ ဖြစ်သည်။

ရဟန်းတို့၊ ဤအကြောင်း ၅-မျိုးကို ကောင်းစွာရှုမြင်သည့် ပညာရှိ မိဘတို့သည် သားသမီးကို လိုချင် တောင့်တကြကုန်၏။

ထို့ကြောင့် ပြုဖူးသော ကျေးဇူးကိုသိ၍ သူ့ကျေးဇူးကို ထင်စွာ ပြုတတ်သော, ငြိမ်သက်သော စိတ်ရှိသော, သူတော်ကောင်းတို့သည် ရှေးကပြုဖူးသည်ကို အဖန်ဖန်အောက်မေ့လျက် မိဘတို့ကို လုပ်ကျွေးမွေးမြူကြကုန်၏။

ကျေးဇူးပြုဖူးသူ၏ ကိစ္စကို ပြုလုပ်သကဲ့သို့ ထို့အတူ မိဘတို့၏ အမှုကိစ္စတို့ကို ပြုလုပ်ကုန်၏။

ရဟန်းတို့၊ မိဘတို့ အဆုံးအမကို လိုက်နာလေ့ရှိ၍ မွေးမြူဖူးသော မိဘတို့အား လုပ်ကျွေး မွေးမြူလေ့ရှိသော အမျိုးအနွယ် မယုတ်စေ၍ သဒ္ဓါတရားရှိသည့်သီလနှင့်ပြည့်စုံသော သားသမီးသည် ချီးမွမ်းထိုက်သူ ဖြစ်ပေသတည်း။

( အင်္ဂုတ္တိုရ် ၄-သုမန၀ဂ်၊ ၉-ပုတ္တသုတ် )

အတ္တ၀ါဒနှင့် အနတ္တ၀ါဒ……


မြတ်စွာဘုရားသခင်သည် ဝေသာလီပြည် ကုဋာဂါရအရပ်၌ သီတင်းသုံးနေတော်မူစဉ် အမိဘက်မှ ၀ါဒ ၅၀၀၊ အဖဘက်မှ ၀ါဒ ၅၀၀၊ ၀ါဒ ၁၀၀၀ ပိုင်ဆိုင်သော သစ္စက အမည်ရှိ ပရိဗိုရ်တစ်ဦးသည် မြို့တကာ နယ်တကာ လှည့်လည်ပြီး ၀ါဒရေးရာအတတ်ဖြင့် လိုက်လံပြိုင်ဆိုင် အနိုင်ယူလျှက်ရှိသည်။…

ဝေသာလီပြည်ရောက်သောအခါ လိစ္ဆ၀ီမင်းသား ၅၀၀ ကို ၀ါဒရေးရာနှင့် ပတ်သက်သော အတတ်ပညာကို သင်ကြားပို့ချလျှက်ရှိသည်။ ထိုစဉ်အခါက အိန္ဒိယပြည်တွင် ၀ါဒရေးရာနှင့် ပတ်သက်သော ငြင်းခုံမှု၊ ယှဉ်ပြိုင်မှု အလွန်များလှသည်။…

သစ္စကပရိဗိုရ်သည် သူ၏တပည့်တို့ကို ဤသို့ပြောကြားသည်။ “တပည့်တို့…ယခု ကုဋဂါရ၌ ရောက်နေသော ရဟန်းဂေါတမသည် ၀ါဒရေးရာ၌ အလွန်ကျော်ကြားသည်။ ငါတို့ သွားရောက် ယှဉ်ပြိုင်ပါအံ့၊ ငါနှင့်ယှဉ်ပြိုင်သူအားလုံးတို့သည် ဖွဲပြာများ လွင့်စင်သွားသကဲ့သို့ လွင့်စင်သွား ရပေသည်။ ရဟန်းဂေါတမသည်လည်း ထိုသူတို့ကဲ့သို့ လွင့်စင်ရပေမည်။ လူတို့အလယ်၌ အရှက်ရ စေမည်ဟု မောက်မာစွာ ၀င့်ကြွား၍ ပြောကြားသည်။…

သစ္စကပရိဗိုရ်သည် မြတ်စွာဘုရားထံ ရောက်သောအခါ “အရှင်ဘုရား…တပည့်တော်သည် အရှင်ဘုရားခွင့်ပြုလျှင် ပုစ္ဆာများ မေးမြန်းလိုပါသည်” ဟု လျှောက်ထားရာ မြတ်စွာဘုရားက “သစ္စက…အသင်မေးလိုသောအရာတို့ကို မေးမြန်းပါ” ဟု ခွင့်ပြုပါသည်။…သစ္စကသည် “အရှင်ဘုရား…အရှင်ဘုရား၏ တပည့်တို့ကို မည်သို့ဆုံးမပါသနည်း၊ မည်သည့် ဒေသနာကို ဟောကြားပါသနည်း” ဟု မေးမြန်းလျှောက်သည်။…

“သစ္စက…ငါ၏ တပည့်တို့ကို ကံ-စိတ်-ဥတု-အဟာရတည်းဟူသော အကြောင်းတရား လေးပါးကို အမှီပြုဖြစ်ပေါ်သော မိမိတို့၏ ခန္ဓာသည် ဖောက်ပြန်တတ်သော ရုပ်အစု၊ ခံစားတတ်သော ဝေဒနာ အစု၊ မှတ်သားတတ်သော သညာအစု၊ ပြုပြင်တတ်သော သင်္ခါရအစု၊ သိတတ်သော စိတ်အစု ဟူ၍ ဓါတ်ငါးမျိုးဖြင့် တည်ဆောက်ထားသော ခန္ဓာဖြစ်သည်။

ဤခန္ဓာငါးပါး ပရမတ်တရားတို့သည် ဖောက်ပြန်ပြောင်းလဲ ပျက်စီးတတ်သောသဘောသာ ဖြစ်သည်။ ထိုမမြဲသော၊ ဆင်းရဲသော၊ အစိုးမရသော သဘောတို့ကို နေ့ညမပြတ် ပွားများကြပါဟု ငါဘုရား ဆုံးမခဲ့သည်။

သစ္စက…ငါဘုရားသည် ထိုခန္ဓာငါးပါး သင်္ခါရတရားတို့သည် အကြောင်းတရား အမျိုးမျိုးကို အခြေခံကာ ဖြစ်လာသော အကျိုးတရားများသာ ဖြစ်သည်။ ဒါကြောင့် မမြဲသောသဘော၊ ဆင်းရဲသော သဘော၊ အစိုးမရသော သဘောများသာဖြစ်သည်။

ထိုသင်္ခါရတရားတို့ကို ငါ-သူ-သတ္တ၀ါဟု သတ်မှတ်၍ ပြောဆိုရသော်လည်း ထိုသင်္ခါရတရားအစုသည် ငါ-သူ-သတ္တ၀ါ-ယောက်ကျား-မိန်းမ မဟုတ်၊ ပိုင်သူ-အစိုးရသူ၊ ထိုသင်္ခါရတရားကို ဒီလိုဖြစ်ပါ၊ ဒီလိုမဖြစ်ပါစေနဲ့၊ မအိုပါစေနဲ့၊ မနာပါစေနဲ့၊ ၉၆ ပါးသောရောဂါတွေ မဖြစ်ပါစေနဲ့၊ မသေပါစေနဲ့ဟု တားမြစ်နိုင်သူ၊ အစိုးရသူ၊ အမိန့်ပေးနိုင်သူဟူ၍ မရှိသောကြောင့် ခန္ဓာငါးပါး သင်္ခါရတရားအားလုံးသည် သဗ္ဗေဓမ္မာ အနတ္တာဟု ငါဘုရားဟောကြား ဆုံးမသည်” ဟု မိန့်တော်မူသည်။…

သစ္စကသည် အတ္တအယူရှိသောကြောင့် မြတ်စွာဘုရားဟောကြားသောတရားကို သူ၏အတ္တ၀ါဒဖြင့် အနိုင်ယူရန် အခွင့်ရပြီဟု ထင်နေပါသည်။ “သင်ဂေါတမ…သင်သည် တတ်လည်းတတ်နိုင်လှသည်။”…

သစ္စကသည် သူ၏ ရင်ပတ်ကိုပုတ်ကာ “သင်ဂေါတမ…ဤအရာသည် ငါ့ကိုယ်၊ ငါ့ခန္ဓာမဟုတ်လော့၊ ငါ စားလိုက စားနိုင်သည်၊ ငါ သွားလိုက သွားနိုင်သည်၊ ငါ ပြောလိုက ပြောနိုင်သည်၊ ဤခန္ဓာတည်ရှိနေသ၍ ငါပစ္စည်း ငါပိုင်-ငါအစိုးရသည် မဟုတ်ပါလော့၊ နေရာတကာ အနတ္တ၊ အနတ္တဟု ပြောနေသည်မှာ မှန်နိုင်ပါမည်လော” ဟု မေးပါသည်။

သစ္စက ဤသို့မေးသည်ကို သူ၏တပည့် ငါးရာနှင့် လာရောက်နားထောင်နေသော မင်းပရိသတ်အပေါင်းတို့သည် သစ္စက က နိုင်မည်လော၊ မြတ်စွာဘုရားက နိုင်မည်လောဟု အမျိုးမျိုးတွေးကာ စောင့်နေကြသည်။…

မြတ်စွာဘုရားသည် “သစ္စက…သင်သည် ခန္ဓာငါးပါး၏ ဖြစ်ပျက်စဉ် တခဏကို ထာဝရ မှတ်နေ ပါသလား၊ သင်၏ ခန္ဓာကိုယ်ကို သင် ပိုင်သည်၊ သင် အစိုးရသည်၊ သင့်စကား နားထောင်သည်၊ သင့်အမိန့် နာခံသည်ဟူသော အယူကို သင်ယုံကြည်လက်ခံပါသလား” ဟု မေးပါသည်။…

သစ္စက က နောက်သို့ လှည့်ကြည့်ပြီး လူအားလုံးတို့သည် ထိုအယူကို ယုံကြည်ကြပါသည်ဟု လျှောက်သည်။ မြတ်စွာဘုရားက “သစ္စက…ငါသည် သူများကို မေးနေသည်မဟုတ်၊ သင့်ကိုသာ ငါမေးနေသည်၊ သင်ဖြေကြားပါလော့” ဟု ထပ်မံတိုက်တွန်းပါသည်။

“သစ္စက…တိုင်းပြည် အုပ်ချုပ်သော အစိုးရမင်းတို့သည် မင်းမှုထမ်းတို့အား တာဝန်ကျေပြွန်စွာ ထမ်းဆောင်သူကို ဆုလာဒ် ပေးသနားသကဲ့သို့ တာဝန်ကျေပြွန်စွာ မထမ်းဆောင်သူကို အပြစ်ပေးလေ့ရှိသည်။ ယခုလည်း သင့် ခန္ဓာကိုယ်ကို သင်ပိုင်သည်၊ သင်အစိုးရသည် ဆိုငြားအံ့၊ သင်သည် အိုမင်းမစွမ်းသောအရွယ်သို့ ရောက်နေပြီဖြစ်သည်။ သင့်ခန္ဓာကိုယ်အား နုပျိုသော ၁၆ နှစ်အရွယ်သို့ ပြန်လည်ရောက်အောင် အမိန့်ပေး ခိုင်းစေပါလော့” ဟု မိန့်တော်မူသည်။…

သစ္စကသည် ပြန်လည်ဖြေကြားရန် အမျိုးမျိုးစဉ်းစားသော်လည်း ထိုအဖြေကို ဖြေကြားရန် မစွမ်းနိုင်သောကြောင့် နဖူးမှ ချွေးတို့သည် တသွင်သွင် စီးကျနေသည်။ မြတ်စွာဘုရားကို မော်မော်ကြွားကြွား၊ စော်စော်ကားကား၊ ဘ၀င်မြင့်၍ ပြောမိသောစကားတို့ကြောင့် ယခုမူ တလုံးတပါဒမျှ ပြန်လည်မချေပနိုင်ပဲ၊ ငါတော့ မှားပြီ၊ အရှက်ကွဲပြီဟု နောင်တရနေသည်။…

မြတ်စွာဘုရားသခင်သည် “သစ္စက…ငါမေးသသောပုစ္ဆာကို ဖြေကြားပါလော့” ဟု သုံးကြိမ်တိုင်တိုင် မေးသော်လည်း မဖြေနိုင်သောကြောင့် မြတ်စွာဘုရားကို အရှုံးပေးရပါတော့သည်။…

သစ္စကသည် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား၊ တပည့်တော်သည် ခန္ဓာငါးပါး သင်္ခါရတရား တို့ကို ငါ့ကိုယ်၊ ငါ့ခန္ဓာ၊ ငါ့အသက်၊ ငါ့ဝိညာဉ်၊ ငါ့လိပ်ပြာ ဟု မှားယွင်းစွာ ယုံကြည်စွဲလမ်းခဲ့ပါသည်။ ထိုစွဲလမ်းမှုမှ တဏှာ၊ မာန၊ ဒိဋ္ဌိတို့ ထပ်ဆင့်ပေါက်ဖွားလာပြန်ပါသည်။ ထိုစွဲလမ်းမှုမှ ငါသိ၊ ငါတတ်၊ ငါမှငါ-ငါသာလျှင် ဆရာဖြစ်ရမည်ဟု ထောင်လွှားမော်ကြွားပြီး ပြောဆိုမိပါသည်။ တပည့်တော်ကို ထိုအပြစ်တို့မှ သည်းခံခွင့်လွတ်ပေးပါရန် လျှောက်ထား တောင်းပန်ပါသည်။

တပည့်တော်ကိုလည်း တပည့်သာဝကအဖြစ် မှတ်ယူတော်မူပါ၊ သဗ္ဗေသင်္ခါရ အနိစ္စ၊ သဗ္ဗေသင်္ခါရ ဒုက္ခ၊ သဗ္ဗေဓမ္မောအနတ္တာ ဟူသော အရှင်ဘုရား၏ ဟောကြားမှုတို့ကို ယုံကြည်ပါပြီဘုရား” ဟု ၀န်ချ တောင်းပန် လျှောက်ထား ပါသည်။

(မဇ္ဈိမနိကာယ်ပါဠိတော်၊ စူဠသစ္စကသုတ်မှ)…

အကျွန်ုပ်တို့သည် သစ္စက ကဲ့သို့ပင် ခန္ဓာငါးပါး၏ တခဏဖြစ်စဉ်ကို ထာဝရဟု ထင်မှတ်ခဲ့သည်။ မွေးကင်းစအရွယ်မှ ကလေးဘ၀၊ ကလေးဘ၀မှ လူလတ်ဘ၀၊ လူလတ်ဘ၀မှ လူကြီးဘ၀၊ လူကြီးဘ၀မှ လူအိုဘ၀သို့ ဘ၀တွေ အဆင့်ဆင့်ပြောင်းလဲဖြစ်လာခဲ့သည်။ မွေးကင်းစအရွယ် ခန္ဓာကိုယ်သည် ကလေးဘ၀သို့ ပါမလာပါ၊ ကလေးဘ၀မှ ခန္ဓာသည် လူလတ်ဘ၀သို့ ပါမလာပါ။ အဟာရ၏ အစွမ်းဖြင့် ဘ၀တွေ အဆင့်ဆင့်ပြောင်းလဲဖြစ်လာရသော်လည်း ရုပ်တို့သည် အပိုင်းပိုင်း ပြတ်၍ ပျက်စီးပျောက်ကွယ်ခဲ့ပြီဖြစ်သည်။

သို့သော်လည်း မွေးကင်းစခန္ဓာကို အခြေခံပြီး ကလေးဘ၀ ရောက်ရသည်။ ကလေးဘ၀ အခြေခံပြီး လူလတ်၊ လူကြီး၊ လူအိုအရွယ်သို့ အဆင့်ဆင့်ဖြစ်ရသည်။ ဤသို့ဖြစ်ခြင်းကို ဘ၀သံသရာဟုခေါ်သည်။

ဦးမြမောင်၊ မြရိပ်မြိုင်၊
ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့၏
“ဗုဒ္ဓဘာသာအကြောင်း သိကောင်းစရာ”မှ ကူးယူဖော်ပြပါသည်။

"ပြောမပြနိုင်တဲ့ချမ်းသာ"


ရွှေရောင်းမှ ရွှေအကြောင်း သိပါတယ်။
တရားအလုပ် အားထုတ်မှ တရားအကြောင်း သိပါတယ်။

ပန်းသီးအရသာ ကိုယ်တိုင်စားကြည့်မှ သိပါတယ်။
တရားချမ်းသာ ကိုယ်တိုင်အားထုတ်ကြည့်မှ သိပါတယ်။

ပန်းသီးအရသာ စားနေတဲ့ အချိန်မှဘဲ သိပါတယ်။
တရားချမ်းသာ အားထုတ်နေတဲ့အချိန်မှဘဲ ခံစားရပါတယ်။

တရားချမ်းသာ မခံစားတတ်ရင် လောကချမ်းသာများကို အထင်ကြီး နေတတ်ပါတယ်။
လောကချမ်းသာများ အထင်ကြီးနေရင်လည်း တရားချမ်းသာများ ခံစားနိုင်မည် မဟုတ်ပါ။

တရားချမ်းသာ ခံစားတတ်ရင် တစ်ယောက်ထဲ နေတတ်ပါတယ်။
တစ်ယောက်ထဲ နေတတ်ရင်လဲ တရားချမ်းသာများ ခံစားရပါတယ်။


ချမ်းအေးဆရာတော်
ဘဒ္ဒန္တနာဂသေနာ ဘိဝံသထေရ် ။

သံသရာလွတ်လမ်း။


သံသရာကလွတ်မြောက်ဖို့အတွက်
တစ်ခုတည်းသောလမ်းက
သတိပဋ္ဌာန်တရားအားထုတ်တဲ့
ဝိပဿနာတစ်လမ်းပဲရှိပါတယ်။

ဒါန သီလ သမထ ဘာဝနာရယ်မှာ
ဒါန သီလ သမထက
သာသနာတွင်းမှာပဲဖြစ်ဖြစ်
သာသနာပမှာပဲဖြစ်ဖြစ် ပြုလုပ်လို့
ရနိုင်သလို ဗုဒ္ဓဘာသာမဟုတ်တဲ့
တစ်ခြားဘာသာတွေမှာလည်း
ဒါန သီလ သမထဆိုတာတွေရှိကြပါတယ်။

သတိပဋ္ဌာန်တရားအားထုတ်တဲံ့
ဝိပဿနာကတော့ သာသနာအတွင်းမှာပဲရှိနိုင်ပါတယ်။

ဗုဒ္ဓဘုရားရှင်ပွင့်မှ သိခွင့်ရတဲ့ သတိပဋ္ဌာန်တရားပဲဖြစ်ပါတယ်။

လူ နတ် ဗြဟ္မာ သတ္တ၀ါ အားလုံးတို့အတွက် သံသရာကလွတ်မြောက်ပြီး နိဗ္ဗာန်ကိုရောက်နိုင်တဲ့တစ်ခုတည်းသောလမ်းကလည်း သတိပဋ္ဌာန်တရားပဲဖြစ်ပါတယ်လို့ ဘုရားရှင်ကဟောကြားခဲ့ပါတယ်။

တော်ရုံပါရမီ ဇွဲလုံ့လနဲ့တော့မရနိုင်ပါဘူး။ သတိပဋ္ဌာန်တရားဝိပဿနာကိုပွားများမယ်ဆိုရင် မိမိအားထုတ်မှု့ဝီရိယပေါ်မူတည်ပြီးအကျိုးခံစားရပါမယ်။

သတိပဋ္ဌာန်ခရီးလမ်းရဲ့နောက်ဆုံးပန်းတိုင်ကတော့ နိဗ္ဗာန်ပဲဖြစ်ပါတယ်။ နိဗ္ဗာန်မရောက်မှီ သံသရာကျင်လည်ခဲ့ရင်လည်း သတိပဋ္ဌာန်ရဲ့အကျိုးတရားခံစားရပုံတွေကို မဟာသတိပဋ္ဌာနသုတ်မှာ ဘုရားရှင်က ယခုလိုဟောကြားခဲ့ပါတယ်။

သတိပဋ္ဌာန်တရား၏အကျိုးအားကြောင်

၁။ စိတ်စင်ကြယ်မှု့ရှိခြင်း
၂။ စိုးရိမ်ပူပန်ခြင်း ငိုကြွေးခြင်းတို့ကိုလွန်မြောက်နိုင်ခြင်း
၃။ ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်းတို့ ချုပ်ငြိမ်းလာခြင်း
၎။ အရိယာမဂ်အဆင့်ဆင့်သို့ ရောက်ရှိနိုင်ခြင်း
၅။ နိဗ္ဗာန်သို့မျက်မှောက်ပြုနိုင်ခြင်း။

ဤအကျိုးတရားတွေကိုခံစားရပါမယ်လို့ မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် အာမခံချက်ပေးထားတဲ့ သတိပဋ္ဌာန်တရား ၀ိပဿနာကို တတ်နိုင်သမျှပွားများကျင့်ကြံခြင်းဖြင့် သံသရာလွတ်လမ်း နိဗ္ဗာန်ခရီးနီးနိုင်ကြပါစေ။

(မောဟ အဝိဇ္ဇာ )




အာရုံမှာ တွေဝေစေတတ်တဲ့အတွက်
မောဟ-လို့ ခေါ်ပါတယ်။

ဒီမောဟဟာ ဉာဏ်ရဲ့ဆန့်ကျင်ဘက် ဖြစ်ပါတယ်၊ အာရုံမှာ တွေဝေစေတယ်ဆိုပေမယ့် ဝိစိကိစ္ဆာသဘောလို မဆုံးဖြတ်နိုင်ဘဲ ဝေတေတေဖြစ်နေတာမျိုး မဟုတ်ပါဘူး၊ အာရုံရဲ့ အမှန်သဘောကို မသိတာဘဲ ဖြစ်ပါတယ်၊ ဒါ့ကြောင့် အာရုံရဲ့ အမှန်သဘောကိုမသိခြင်းသဘောလို့ ဆိုထားခဲ့ပါတယ်။

ဘဝင်ကျလို့ အိပ်ပျော်နေသလို
မသိရုံသက်သက်လည်း မဟုတ်ပါဘူး၊ ဉာဏ်က အမှန်ကိုသိပြီး မောဟက အမှားကို သိပါတယ်၊ ဒါကြောင့် ဉာဏ်ရဲ့ ဆန့်ကျင်ဘက် ဖြစ်တယ်လို့လည်းဆိုရပါတယ်။

ဒီမောဟဟာ သိသင့်တဲ့ အရာဌာနကို မိမိကိုယ်တိုင်လည်း မသိတတ်၊ မိမိနှင့် ဖြစ်ဖော်ဖြစ်ဖက် (ယှဉ်ဖက်) အကုသိုလ် စေတသိက်များနှင့် မိမိဖြစ်နေတဲ့ ပုဂ္ဂိုလ်ကိုလည်း မသိစေတတ်၊ ဒါကြောင့် ဒီမောဟကို အဝိဇ္ဇာ-လို့လည်း ခေါ်ပါသေးတယ်။

အဘိဓမ္မာသဘောအရ ပြောရမယ်ဆိုရင် သစ္စာ ၄-ပါး၊ ပုဗ္ဗန္တ၊ အပရန္တ၊ ပုဗ္ဗန္တာပရန္တ၊ ပဋိစ္စသမုပ္ပါဒ် ဒီ ၈-ဌာနဟာ သိသင့်တဲ့ ဋ္ဌာနတွေ ဖြစ်ပါတယ်။

အဲဒီ ၈-ဌာနအနက် ဘုံ ၃-ပါးမှာ ရှိရှိသမျှ ရုပ်နာမ်တွေဟာ ဒုက္ခသစ္စာတွေချည်း ဖြစ်ကြပါတယ်၊ အဲဒီဒုက္ခတွေကို ဒုက္ခလို့ မသိနိုင်ခြင်းဟာ ဒုက္ခသစ္စာကို ဖုံးလွှမ်းတတ်တဲ့ အဝိဇ္ဇာရဲ့ သတ္တိပဲ ဖြစ်ပါတယ်။

အလားတူပဲ တဏှာလောဘကို ဒုက္ခဖြစ်ကြောင်းမှန်း မသိခြင်းဟာ သမုဒယသစ္စာကို ဖုံးလွှမ်းတတ်တဲ့ အဝိဇ္ဇာရဲ့ သတ္တိပဲ ဖြစ်ပါတယ်။

နိဗ္ဗာန်ကို ဒုက္ခချုပ်ရာမှန်း မသိခြင်းဟာ နိရောဓသစ္စာကို ဖုံးလွှမ်းတတ်တဲ့ အဝိဇ္ဇာရဲ့ သတ္တိပဲ ဖြစ်ပါတယ်။

မဂ္ဂင် ၈-ပါးကို နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်းလမ်းမှန်မှန်း မသိခြင်းဟာ မဂ္ဂသစ္စာကို ဖုံးလွှမ်းတတ်တဲ့ အဝိဇ္ဇာရဲ့ သတ္တိပဲ ဖြစ်ပါတယ်။

Saturday, October 26, 2013

သြ၀ါဒကထာ

၁။ ယစ်မသည် ဥအတွက်အသေခံသည်။
၂။ စာမရီသားကောင်သည် အမြီးအတွက် အသေခံသည်။
၃။ ရဟန်းသည် သီလအတွက် အသေခံသည်။
၎။ သစ်ပင်အားနည်းလျှင် လေမုန်တိုင်း တိုက်လှဲသည်။
၅။ ရဟန်းသမာဓိနည်းလျှင် ကိလေသာမုန်တိုင်း တိုက်လှဲသည်။

၆။ စိတ်သည် တောမျောက်ကဲ့သို့ လော်လည်ဧ။် ။ အလိုမလိုက်ရာ။
၇။ ကာလကို လူ-မစားလျှင် လူကို ကာလ စားသည်။
၈။ သည်းခံခြင်း လက်နက်ဆောင်လျှင် ဒေါသမီး မလောင်။
၉။ တုတ်လက်နက်ဆောင်လျှင် ခွေးဟောင်သည်။
၁၀။ ဦးခေါင်းပြောင်ရိတ်ခြင်းသည် မာနကိုလည်း ရိတ်သည်မည်ဧ။် ။

၁၁။ ဦးချိုကျိုးသော နွားသည် မာနလည်းကျိုးသည်။
၁၂။ မြွေဆိုး ပါးပျဉ်းထောင်လျှင် လူရိုက်ခံရသည်။
၁၃။ ရန်မထောင်မှ ရန်အောင်သည်။ ရန်ထောင် ရန်လှောင်မိတတ်သည်။
၁၄။ ရန်မလိုမှ ရန်ပြိုသည်။ ရန်လို ရန်ပိုတတ်လှသည်။
၁၅။ သလေးနှံ အဆံမရှိခင် ထောင်သည်။ အဆံပြည့်လျှင် ညွတ်သည်။
၁၆။ ဂါရ၀ကင်းသူ ဂုဏ်သတင်းမပြူ။ နွားစာငုတ်တိုနှင့်တူသည်။
၁၇။ သူတစ်ပါးလှေကို ဖာနိုင်လျှက် မိမိလှေကို မဖာလျှင် ရေနစ်တတ်သည်။
၁၈။ ဥဒေါင်းငှက် အက ကောင်းသော်လည်း စအိုပေါ်၍ အဆိုအမည်ခံရသည်။
၁၉။ ရေကန်၌ မှော်ကိုဖယ်၍ သောက်ရေခတ်ရသည်။
၂၀။ မသူတော်၌ အပြစ်ကိုဖယ်၍ ဂုဏ်ကောင်းရှာရသည်။

၂၁။ တုံးတတားလျှောက်စဉ် အရပ်တစ်ပါးမကြည့်နှင့် ချောက်သို့ကျလိမ့်မည်။
၂၂။ သံသရာတံတားလျှေက်စဉ် သူတစ်ပါးအပြစ်မကြည့်နှင့် သံသရာချောက်သို့ ကျလိမ့်မည်။
၂၃။ တရားပွဲကား လူကျဲတဲ၊ ရပ်ရွာပျော်ပွဲ တသဲသဲ။
၂၄။ ရိုသေစွာ ခစားလျှင် မင်းခစားပင် မင်းကိုနိုင်သည်။
၂၅။ အဆင်းလှလျှင် အိမ်သူဇနီးပင် လင်ကိုနိုင်သည်။
၂၆။ ကျင့်ဝတ်မချွှတ်လျှင် တပည့်ပင် ဆရာကိုနိုင်သည်။
၂၇။ မြင်းနိုင်လို ဇက်ဆွဲ၊ လှေနိုင်လို တက်ဆွဲ၊ ဆရာနိုင်လို ကျင့်ဝတ်ရိုသေမြဲ။
၂၈။ အပြစ်ပြ၍ ဆုံးမသူကို ရွှေအိုးပေးသူဟု ဆည်းကပ်ရမည်။
၂၉။ ပန်းပဲဆရာ အထုမခံသော သံတုံး လက်နက်မဖြစ်။
၃၀။ ကျောက်ဆစ်ဆရာ အဖြတ်မခံသော ကျောက်တုံး အရုပ်မဖြစ်။

၃၁။ ဆရာကောင်းအဆုံးအမ မခံသောတပည့် သူကောင်းမဖြစ်။
၃၂။ ရေနက်ရာသို့ ပြေးဝင်သော ငါး ကျီးငှက်အစာမဖြစ်။
၃၃။ အဆုံးအမသို့ ပြေးဝင်သောတပည့် မာရ်နတ်အစာမဖြစ်။
၃၄။ နွားကျောင်းသားသည် နွား-ခြင်မကိုက်အောင် မီးခိုးတိုက်သည်။
၃၅။ ဆရာသည် တပည့် ကိလေသာခြင် မကိုက်အောင် တရားမီးခိုးတိုက်သည်။
၃၆။ မြေခွေးသည် ခြင်္သေ့စားကြွင်းဖြင့် မာန်တက်သည်။

၃၇။ ပုထုဇဉ်သည် အရိယာစားကြွင်းဖြင့် မာန်တက်သည်။
၃၈။ ဖားငယ်သည် ဆောင့်ကြောင့်ထိုင်လျှက် ခြင်္သေ့မာန်တက်လျှက် ကျီးချီသောအခါ ပီယတ်ပီယတ်မြည်သည်။
၃၉။ ပုထုဇဉ်သည် လာတ်ပေါလျှင် သူဌေးမာန်တက်လျှက် ဖျားနာသောအခါ တအင်အင်ညည်းသည်။
၄၀။ ကြာပင်အောက်ကဖား ကြာဝတ်ဆံမစား ရွှံ့စားသည်။
ပိတုံးကား အဝေးမှကြာဝတ်ဆံ လာစားသည်။

၄၁။ သာသနာတွင်းသား သာသနာဝတ်ဆံမစားလျှင် ပိတုံးအား ရှက်သင့်သည်။
၄၂။ သစ်ပင်ကြီးသည် ခုတ်လှဲသူကို မလှဲမချင်း အရိပ်ဖြင့် အေးစေဧ။် ။
၄၃။ နံ့သာတုံးသည် မီးရှို့သူကို မကျွှမ်းမခြင်း အနံ့ဖြင့် မွှေးစေဧ။် ။
၄၄။ သူတော်ကောင်းသည် ညှင်းဆဲသူကိုသော်လည်း မသေမချင်း အကျိုးဆောင်ဧ။် ။
၄၅။ တောမီးသည်သစ်ရွက်ခြောက်ကို လောင်လွယ်ဧ။် ။ သစ်ရွက်စိုကို မတတ်နိုင်။
၄၆။ မသူတော်မီးသည် မေတ္တာခန်းသူကို လောင်လွယ်ဧ။် ။ မေတ္တာဖြန်းသူကို မတတ်နိုင်။
၄၇။ ဆေးဆရာသည် လူနာနှင့်ပြိုင်၍ အသက်မထွက်ကောင်း။
၄၈။ အကောင်းသည် အရူးနှင့်ပြိုင်၍ အ၀တ်မလစ်ကောင်း။
၄၉။ သူတော်ကောင်းသည် မသူတော်နှင့်ပြိုင်၍ ဒေါသမဖြစ်ကောင်း။
၅၀။ ကျားကြောက်၍ ပြေးစဉ် ခွေးဟောင်သည်ကို အရေးမယူရ။

၅၁။ ငရဲကြောက်၍ သီလစောင့်စဉ် မသူတော်ညှင်းသည်ကို အရေးမယူရ။
၅၂။ ရန်သူကို မီးခဲ ကိုင်ပစ်လျှင် မိမိလက် ရှေးဦးစွာ လောင်ဧ။် ။
၅၃။ ရန်သူကို အမျက်ထွက်လျှင် မိမိဂုဏ် ရှေးဦးစွာ ပျက်၏ ။
၅၄။ ရန်သူလာဆဲ၍ ပြန်ဆဲလျှင် မိမိလည်း အရှက်ကွဲ၏ ။
၅၅။ မာရ်နတ်ပစ်သော လက်နက်သည် သည်းခံသော ဘုရားရှေ့၌ ပန်းကုံးအသွင်ဖြင့် အဖူးအမျှော်ဝင်ဧ။် ။
၅၆။ သမုဒ္ဒရာရေ မီးကြောင့် မကျွှမ်း၊ မြင်းမိုရ်တောင် လေကြောင့် မလှုပ်၊ ကျောက်ခဲ ရေကြောင့် မကြေ၊ သူတော်ကောင်း မသူတော်ကြောင့် မတုန်လှုပ်။

၅၇။ မသူတော် အမျက်ကြောင့် သူတော်ကောင်းဂုဏ်ပျက်မခံ။
၅၈။ သူတော်ကောင်း အမျက်ထွက်လျှင် မသူတော် အလိုပြည့်သည်။
၅၉။ ရန်သူညှင်းဆဲခြင်းသည် မိမိ၏ ရှေးကံ ရှေးဥစ္စာပင်တည်း။
၆၀။ မိမိကံကြောင့် မိမိ ဒုက္ခတွေ့သည် ဘယ်သူမပြု မိမိမှု။

၆၁။ ညဥ့်အခါ သားကို ခွေးထင်၍ သတ်သော အဘသည် သား၏ ရန်သူလော။
၆၂။ သစ်ပင်မှ ကျသေလျှင် သစ်ပင်သည် ထိုသူ၏ ရန်သူလော။
၆၃။ စစ်သူရဲသည် ပြင်ပရန်သူကို နိုင်သော်လည်း အတွင်း ရန်သူမှ ရှုံး၏ ။
၆၄။ အမျက်ထွက်သူကို အမျက်မထွက်သူ အမြဲ နိုင်၏ ။
၆၅။ မကောင်းပြောသူကို အကောင်းပြောသူ အမြဲ နိုင်၏ ။

၆၆။ စေးနှဲသူကို ပေးကမ်းသူ အမြဲ နိုင်၏ ။
၆၇။ မုသားဆိုသူကို သစ္စာဆိုသူ အမြဲ နိုင်၏ ။
၆၈။ သိကြားမင်း လက်နက်ကား မိုးကြိုး။
၆၈။ ယမမင်း လက်နက်ကား မျက်စောင်း။
၆၉။ ဝေဿ၀ဏ် လက်နက်ကား အစွယ်။
၇၀။ မသူတော်လက်နက်ကား ဒေါသ။

၇၁။ သူတော်ကောင်း လက်နက်ကား ခန္တီ။(သည်းခံခြင်း)
၇၂။ ဗီလုံးငှက်သော်လည်း ကျွဲခြေရာခွက်ကို အမှီရလျှင် ဂဠုန်နှင့်တူ၏ အန္တရာယ်မရှိ။
၇၃။ ပုထုဇဉ်သော်လည်း သီလရှိလျှင် အရိယာနှင့်တူ၏ ။ အပါယ်မရောက်။
၇၄။ ရေရှိမှ ကြာပွားသည် သီလရှိမှ သမာဓိ များသည်။
၇၅။ ဗဟုဿုတရှိလျှက် သီလမရှိလျှင် ရေမတည်သော ကန်နှင့်တူ၏ ။

၇၆။ ပညာရှိလျှက် သီလမရှိလျှင် အသီးမရှိသော သစ်ပင်နှင့်တူ၏ ။
၇၇။ သီလရှိမှ ဒါနနှင့် ဘာဝနာအကျိုးပေးသန်သည်။
၇၈။ ပင်လယ်ကူးလိုလျှင် လှေသင်္ဘောတည်။ နတ်ပြည်တက်လိုလျှင် သီလလှေကားထောင်။
၇၉။ ပင်လယ်ကူးလိုလျှင် သင်္ဘောလုံအောင်ဖာ။သံသရာကူးလိုလျှင် သီလလုံအောင်ဖာ။
၈၀။ လောကီဥစ္စာစောင့်လျှင် တစ်သက်ချမ်းသာဧ။် ။

၈၁။ သီလစောင့်လျှင် ဘ၀အဆက်ဆက် ချမ်းသာဧ။် ။
၈၂။ ဆီမီးသည် လင်းခိုက် လူလယ်တင့်၏ ။ ငြိမ်းလျှင် မှောင်၏ ။ ညှော်နံ့ထွက်၏ ။
၈၃။ သီလသည် စောင့်ထိန်းခိုက် လူလယ်တင့်၏ ။ ပျက်လျှင် မှောက်၏ ။ ညှော်နံ့ထွက်၏ ။
၈၄။ တောအုပ်၌ မိဘကင်းသော သားသမီး ကျားစာဖြစ်၏ ။
၈၅။ သာသနာ၌ ဩ၀ါဒကင်းသော ရဟန်း မာရ်နတ်အစာဖြစ်၏ ။
၈၆။ ပေါက်ဖက်သော်လည်း မြလေးပန်းမှီ၍ လူဦးခေါင်းထက် ရောက်သည်။
၈၇။ မြေခွေးသော်လည်း ခြင်္သေ့မင်းခစား၍ ကျားမကိုက်နိုင်။
၈၈။ သူကန်းသော်လည်း ခြေသံနားထောင်လျှက် လိုရာအရပ် ရောက်သေးသည်။
၈၉။ ခြင်္သေ့သည် ကျားကိုနိုင်၏ ကိုယ်တွင်း ခွေးလေးသန်းကို မနိုင်။
၉၀။ မသူတော်သည် သူတော်ကောင်းကိုနိုင်၏ ။ ကိုယ်တွင်းအကုသိုလ်ကို မနိုင်။

၉၁။ ကျင်ကြီးသည် နွေးသည်ဖြစ်စေ အေးသည်ဖြစ်စေ အဆင်းလှသည်ဖြစ်စေ မလှသည်ဖြစ်စေ ရွံဘွယ်သာတည်း။
၉၂။ မသူတော်သည် အမျက်ထွက်သည်ဖြစ်စေ မထွက်သည်ဖြစ်စေ စကားလှသည်ဖြစ်စေ မလှသည်ဖြစ်စေ ရွံဘွယ်သာတည်း။
၉၃။ မီးခဲသည် ပူသောအခါ လက်လောင်၏ အေးသောအခါ လက်မဲ၏ ။
၉၄။ မသူတော်သည် ဒေါသအခါ ကြောက်စရာ လောဘအခါ ရွံစရာဖြစ်၏ ။
၉၅။ ခွေးရူးကိုက်လျှင် ထိုသူရူး၏ ။ ထိုသူကိုက်လျှင် နောက်လူ ရူး၏ ။
၉၆။ ခွေးရူးသည် လူကောင်းအဆက်ဆက်ကို ရူးစေ၏ ။

၉၇။ မသူတော်သည် လူကောင်းအဆက်ဆက်ကို ယုတ်မာစေ၏ ။
၉၈။ ပဒုမ္မာကြာရိုးသည် ထက်ပိုင်းပြတ်သော်လည်း အမျှင်မပြတ်။
၉၉။ သူတော်ကောင်းသည် အဆက်ပြတ်သော်လည်း မေတ္တာမပြတ်။
၁၀၀။ အဆင်းမှီ၍ အကျင့်ပျက်လျှင် ထိုအဆင်းသည် ရွံဘွယ်တည်း
၁၀၁။ပညာမှီ၍ မာန်တက်လျှင် ထိုပညာသည် ရွံဘွယ်တည်း။

ပထမရွှေကျင်ဆရာတော်ကြီးရဲ့ ဩ၀ါဒကို ပြန်လည်မျှဝေပါတယ်၊ အဆုံးအမ လမ်းညွှန်မှုကို လက်ခံနိုင်သည့် သောဝစဿတာ မင်္ဂလာနဲ့ ပြည့်စုံနိုင်ပါစေလို့ ဆန္ဒမွန်ပြုပါတယ်။ ။

သြ၀ါဒ

၁။ လောကမှာ နာမည်ကြီး ဥစ္စာပေါတယ် အောင်မြင် ကျော်ကြားတယ် ဆိုတာ အလကား၊ သေတော့ ကိုယ့်ရဲ့ သီလ သမာဓိ ကိုယ်ကျင့်သိက္ခာတွေကိုပဲ အားကိုးစရာ ရှိတယ်၊

၂။ သာသနာဆိုတာ ဘုရားအဆုံးအမ ကိုခေါ်တယ်၊ ဘုရား အဆုံးအမ ဆိုတာကလဲ အနှစ်ချုပ်လိုက်ရင် သီလ သမာဓိ ပညာ သုံးပါးပဲ ရှိတယ်၊
၃။ ကိုယ်သိမ်မွေ့ပါ၊ နှုတ်ပြော ချိုသာပါ၊ စိတ်က ဖြောင့်မတ်ပါ၊

၎။ မိဘတွေက သားသမီးတွေကို အမွေပေးတယ် ဆိုတာ ကိုယ်က ဘုရင်ဖြစ်လျင် ဘုရင့်စီးစိမ်၊ သူဋ္ဌေးဖြစ်လျင် သူဋ္ဌေးစီးစိမ်၊ အနေနဲ့ တစ်ဘ၀ စာပဲ ပေးနိုင်ကြတယ်၊ ဗုဒ္ဓအမွေကတော့ တသံသရာလုံး ကောင်းဖို့ ညွှန်ပေးနိုင်ခဲ့တယ်။
၅။ သံသရာ ဆိုတာ သေပြီးမှ တဘ၀ ကူးတာ မဟုတ်ဘူး၊ နာမ်ရုပ်တွေ အဆက်မပြတ် ဖြစ်ပျက်နေတာကို ခေါ်တာပါ။

၆။ တစ်ဘ၀ ၏ ကိုယ့်အဖြစ်ကို မကြည့်ပါနှင့်၊ တစ်သံသရာ လုံးရဲ့ ကိုယ့်အဖြစ်ကို မြင်အောင် ကြည့်ပါ။
၇။ သတ္တ၀ါတွေဟာ ဒုက္ခရောက်တာကို ပြောနေကြတယ်၊ သွားနေတာက ဒုက္ခလမ်းပဲ၊ ဒီတော့ ဒုက္ခကြားက ဒုက္ခလောင်းဟာ ဒုက္ခကိုပဲ တွေ့ရတာပေါ့။

၈။ သံဝေဂ မပါလျင် တရားမရှာလေနဲ့၊ ရမှာ မဟုတ်ဘူး။
၉။ သတ္တ၀ါတွေဟာ ဒုက္ခ မရောက်သေးသမျှ မကြောက်ကြဘူး။
၁၀။လောကကြီးမှာ ဘယ်လောက် ကြီးကျယ် အောင်မြင် ကျော်ကြားနေပါစေ၊ သေခါနီးမှ မျက်ရည် လည်ရရင် လူဖြစ်ရှုံးတာပါပဲ။

၁၁။ အမှတ်မဲ့ နေသူရဲ့ စိတ်ဟာ အကုသိုလ်ဖက် သွားနေသလို အကုသိုလ်တွေ အကျိုးပေးဖို့အတွက်လဲ ထိုသူ့မှာ အဆင်သင့် ရှိနေတတ်တယ်။
၁၂။ဘုန်းကံ ဆိုတာ ရှေးက ပါခဲ့ပေမယ့် ယခု ဘ၀ ကြိုးစားမှု့ကလဲ ရှိရတယ်၊ စင်စစ်တော့ ကံ ဆိုတာ ရေလာ မြောင်းပေး လုပ်မှလည်း ကောင်းကျိုး ရှိရာ ကောင်းကျိုးလာပြီး မကောင်းမှု့ရှိရာ မကောင်းကျိုး လာမှာပဲ၊

၁၃။ စိတ်နေ စိတ်ထား ဆိုတာ သေးသိမ်တဲ့ နေရာမှာ နေပြီး သေးသိမ်တဲ့ အလုပ်တွေကို မြင်နေ ကြားနေရရင် ကိုယ့်စိတ်ကလဲ သေးသိမ်လာပြီး ကြီးကျယ်တဲ့ အလုပ်ကို မြင်ရ ကြားနေရမှ ဓာတ်ကူး ပြီး ကြီးကျယ်လာတတ်တယ်၊
၁၄။ လူတွေဟာ ကိုယ့်ဥာဏ်က မမှီလျင် သူတပါး သိတာတွေကိုလဲ မယုံကြည်ကြ အမှန် မထင်တတ်ကြဘူး၊
၁၅။ သူများ အပြစ်ကို မကြည့်ပါနဲ့၊ ကိုယ့်အပြစ် ကို မြင်အောင် ကြည့်ပါ၊

၁၆။ အရာရာမှာ ပထမ ဗဟုဿုတ ရှိဖို့၊ ဒုတိယ သတိထားဖို့၊ တတိယ မှန်သလား မမှန်သလား စုံစမ်းဖို့ နဲ့ စတုတ္ထက ၀ီရိယ နဲ့ အလုပ် လုပ်နေဖို့ပဲ၊
၁၇။ သန့်ရှင်းတဲ့ နား အကြားများတယ်၊
ကြည်လင်တဲ့ မျက်စိ အမြင် များတယ်၊
စင်ကြယ်တဲ့ စိတ်က အသိများတယ်၊

၁၈။လောကကြီးမှ ဂုဏ် ရှိဖို့ထက် ရှိပြီး ဂုဏ်ကို ထိမ်းသိန်း နိုင်ဖို့က ပိုခက်တယ်၊
၁၉။ ကိုယ့်ကို ပတ်ဝန်းကျင်က မချစ်ရင်တောင် မမုန်း ကြဖို့က ပိုအရေးကြီးတယ်၊
၂၀။ ကိုယ့်ကိုယ်ကို အထင်ကြီး စိတ်ကြီး ၀င်နေလျင် သူတပါးကို အထင်သေးတာ သဘာဝ ပဲ၊ ဒါကို သတိထားစေချင်တယ်။

မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ

မှတ်သားစရာ သြ၀ါဒ

၁။ လောကမှာ အချစ်ဆုံးသော အရာသည် ဒုက္ခအပေးဆုံးပဲ၊ ချစ်စရာ တစ်ခုရှိလျင် ဒုက္ခတစ်ခု၊ ချစ်စရာများလျင် ဒုက္ခများတယ်၊ ချစ်စရာ မရှိလျင် ဒုက္ခ မရှိတော့ဘူး မှတ်ပါ။

၂။ စိတ်ကြီးဝင်ပြီး အောက်ခြေလွတ်နေတယ် ဆိုတာ ဟိုလူကိုငေါက်၊ ဒီလူကို ငေါက်နဲ့ တချို့များ ပိုက်ဆံပေါလို့ ၊ အာဏာရှိလို့ ရာထူးကြီးလို့ အဖက်မလုပ်ပဲ ဘ၀င်လေဟပ်နေကြတာပဲ။ အဲဒါ စိတ်ကြီးဝင်တာ မဟုတ်ဘူး၊ သံသရာမှာ အောက်ကျ နောက်ကျ ဖြစ်ဖို့အတွက် စိတ်ကလေးဝင်တာ၊ အဲဒီလို စိတ်မျိုး မမွေးမိစေနဲ့။

၃။ လူတွေဟာ သာသနာရဲ့ အနှစ် သီလ သမာဓိ ပညာကို မကြည်ညိုတတ်ကြပဲ ကျောင်းကောင်း ကန်ကောင်းတွေမှပဲ ကြည်ညိုတတ်ကြတယ်၊

၎။ လောကမှာ ဒါန ရှိမှ လူချစ်ခင်တယ်၊ သီလ ရှိမှ လူကြည်ညို ခံရတယ်၊ ပညာတတ်မှ လေးစား ကြပြန်တယ်။

၅။ ပညာ ဆိုတာ စာပေကိုသာ ပြောတာမဟုတ်ဘူး၊ သူ့အရွယ် နှင့် အသက်မွေးဝမ်းကျောင်း ဆိုင်ရာ လက်မှု့အတတ် အားလုံး ပါဝင်တယ်၊

၆။ ဆရာ ဆိုတာ တပည့်ကို တော်တော်များများမြင်မှ ဆရာလုပ်ရတယ်၊ ဘယ်သူ ဟာ ဘယ်လို အရည်အချင်း ရှိတယ် ဆိုတာ မြင်၇တယ်။ တချို့ တပည့်တွေဟာ ဆရာထက် အရည်အချင်း ပိုသေးတယ်၊ ဘယ်လောက်ပင် ဥာဏ်ကောင်းနေပါစေ ဆရာက မကောင်းလျင် လုံးလည်လိုက်ပြီး မတိုးတက်တော့ဘူး။

၇။ လူတွေဟာ ကောင်းကျိုးကိုသာ မျှော်ကြတယ်၊ ကောင်းတာကိုပဲ ခံစားချင်ကြတယ်၊ အကြောင်းကောင်းအောင်တော့ မလုပ်ချင်ကြဘူး၊ အကြောင်းမကောင်းလျင်တော့ အကျိုးလဲ ခံစားရမှာ မဟုတ်ဘူး၊

၈။ ယခု ဘုန်းကြီးတို့ သာသနာမှာ ငွေ ကုန်တွေ များနေတယ်၊ ဘုရားပွဲ အလှူပွဲ ကထိန်ပွဲ တွေမှာ မလိုအပ်တဲ့ ပျော်ပွဲ ရွှင်ပွဲတွေ များနေပြီး သုံးဖြုန်းနေကြတာပဲ။

၉။ အလှူလုပ်တဲ့ အခါမှာ လူချီးမွမ်း ခံချင်တာ လောဘ၊ ဂုဏ်လိုချင်တာ လောဘ၊ နတ်ပြည်ရောက်ချင်တာလဲ လောဘပဲ။

၁၀။ သူတော်ကောင်း ဆိုတာ သူများနဲ့ ဆက်ဆံလျင် ကိုယ်က အနာခံရတယ်၊ လောဘ ဒေါသတွေကို တတ်နိုင်သမျှ လျော့ချ ထားရတယ်။

၁၁။ သံသရာ အရှည် နှင့် ပုထုဇဉ် အရူး -
ခရီးက ရှည်၊ အရူးတွေ၊ စာရေ ( ရိက္ခာ )က သိုး၊ အဖော် ဆိုးသနင့်၊ အမျိုးမျိုး ကာမဂုဏ် အာရုံတွေ အလွန်နောက်တာကြောင့်၊ အပါယ်ဘုံ ခါခါ ရောက်သော်လည်း လွတ်မြောက်ဖို့ ဝေး။

(က) သံသရာ ခရီးက အလွန် ရှည်၏။
(ခ) ခရီးသွားသူတွေက အရူးအနှမ်းတွေသာ၊
(ဂ) သူတို့၏ ဂုဏ် ပကာသန ဒါန သီလ ဘာဝနာ စားနပ် ရိက္ခာသည် နိဗ္ဗာန် မရောက်ခင် ပုပ်သိုးလိမ့်မည်။
(ဃ) သူတို့၏ အဖော်ကား အမြဲပါနေသော တဏှာ ဖြစ်၏။
(င) ထို့ကြောင့် အပါယ်ငရဲ ရောက်သော်လည်း တဏှာ မပျောက်သောကြောင့် သံသရာမှ လွတ်မြောက်ဖို့ အဝေးကြီး ဖြစ်နေ၏။

၁၂။ ကုသိုလ် အကုသိုလ် ဘာကိုပဲဖြစ်ဖြစ် လုပ်မိတဲ့ အခါ သေးငယ်တယ်၊ အကျိုးပေးမှာ မဟုတ်ဘူးလို့ အထင်မသေးကြနဲ့။ တံစက်မြိတ် အောက်မှာ ချထားတဲ့ ရေအိုးစရည်းကြီးဟာ တစက်ချင်း ကျသော်လည်း မကြာမီ ပြည့်လာသလို နောင်တချိန်မှာ အကျိုးပေးမှာပဲ။

၁၃။ မွေးနေ့ ဆိုတာ အသက်ကြီးလာတဲ့ အထိမ်းအမှတ် ဖြစ်တယ်၊
ငါသည် တနှစ်ပို၍ သေဖက် နီးလာပြီ လို့ ဆင်ခြင်ရမယ်၊ အောက်က လင်္ကာလေးကို မရသေးရင် ရအောင် ရွတ်ပြီး မရဏာ နုဿတိ ဘာဝနာဖြစ်အောင် ရွတ်ပါ၊

ငါနှင့် ရွယ်တူ ငါ့အောက်လူ ကြီးသူသေကြ များလှပြီ၊
ခဏမစဲ အိုစမြဲ၊ ကိုယ်လဲ သေဘက် နီးခဲ့ပြီ၊
မသေရမီ ပါရမီ ငါသည် ဖြည့်မှ သင့်တော့မည်၊
အနိစ္စ အနိစ္စ၊ ဒုက္ခ ဒုက္ခ၊ အနတ္တ အနတ္တ။

၁၄။ သီလ မကောင်းဘဲ ဘာဝနာကို တက်ဖို့ စိတ်မကူးနဲ့၊
သီလ မကောင်းရင် ဒါနတောင် မသန့်ရှင်းဘူး၊
သူများအထင် မသေးအောင် ဂုဏ်ရှိအောင် ပြုတဲ့ ဒါနဟာ အလွန်ညံ့တဲ့ ဒါနဖြစ်တယ်။

၁၅။ မင်းစည်းစိမ် ကို မင်းရဲ့သားက စိတ်ကူးတယ်၊ သူတောင်းစားက စိတ်မကူးပါ၊ ရဟန္တာ အဖြစ်ကို သူတော်ကောင်းကသာ စိတ်ကူးတယ်၊ သူယုတ်မာက သတိပင် မရပါ။

တောင်မြို့ မဟာဂန္ဓာရုံ ဆရာတော် ဘုရားကြီး၏ သြ၀ါဒများကို ကောင်းနိုးရာရာ သင့်သလို ဖော်ပြပါသည်။

Wednesday, October 23, 2013

"ရုန်းရင်းကန်ရင်း"



လေထန်တိုင်းသာ ပွင့်ကြွေပါမူ
ဘယ်မှာ ပန်းများကျန်မည်နည်း။

လှိုင်းပုတ်တိုင်းသာ ကမ်းပြိုပါမူ
ဘယ်မှာ မြေကြီးကျန်မည်နည်း။

ကျရှုံးတိုင်းသာ ငိုရပါမူ
ဘယ်မှာ မျက်ရည်ကျန်မည်နည်း။

အမှောင်တ၀က် လင်းတ၀က်သည်
တရက်တခါ ကြုံမြဲသာတည့်။

အရှုံးတစ်လှည့် နိုင်တစ်လှည့်မှာ

မျက်လှည့်ပမာ တွေ့မြဲသာတည်း။

ဘ၀သည်ကား တိုက်ပွဲများပင်
လှုပ်ရှားရသော လူ့ရွာတောဝယ်
လင်းသောမှောင်သော အောင်သောရှုံးသော
မုန်းသောချစ်သော သစ်သောဟောင်းသော
ကောင်းသောဆိုးသော ညှိုးသောလန်းသော
ကြမ်းသောနုသော ပူသောအေးသော
စောကြောစိတ်ဖြာ မနေသာပေ
လဲရာကထ ကျရာကတက်
ပျက်ရာကဆောက် ရှေ့သို့လျှောက်၍
ရောက်ရာဘ၀ အားမာန်ပြရင်း
ရုန်းရကန်ရ မည်တကား။ ။



အေးငွေ
ငွေတာရီမဂ္ဂဇင်း
၁၉၇၀ပြည့်၊ ဧပြီလထုတ်

အိမ်ရိုက်သံ


ဒီစာလေး ဖတ်ပေးပါအုံး၊ သိပ်ကောင်းတဲ့ စာလေးပါ၊ သူငယ်ချင်းတစ်ယောက်ဆီကရတာပါ၊ ဒီစာလေးဖတ်ပြီး ဒဏ်ရာတွေများရှိနေလို့ ပျောက်ခဲ့မယ်ဆိုရင်………
ဒီစာလေးကိုကျေးဇူးပြုပြီး ဆုံးအောင်ဖတ်ပေးပါ….

ဟိုတုန်းက အင်မတန်မှ စိတ်တို၊ စိတ်ဆတ်တဲ့ ကောင်လေး တစ်ယောက်ရှိသတဲ့။ တစ်နေ့ကျတော့ သူ့အဖေက ကောင်လေးကို အိမ်ရိုက်သံတစ်ထုပ် ပေးလိုက်ပြီး ပြောပါတော့တယ်။
မင်းတစ်ခါ စိတ်တိုတိုင်း သံတစ်ချောင်းကိုနောက်ဖေး က ၀င်းထရံတိုင်မှာ သွားရိုက်ချေကွာတဲ့။
အဖေက အဲဒီလိုပြောပြီး သံထုပ်ကိုပေးလိုက်တဲ့ ပထမနေ့မှာ ကောင်လေးဟာ ၀င်းထရံတိုင်မှာ သံပေါင်း ၃၇ ချောင်းရိုက်သွင်း ဖြစ်သွားတယ်။ အဲဒီလိုနဲ့သူစိတ်တိုတိုင်း သံလေးတွေကို ၀င်းထရံမှာ ရိုက်ရင်းရိုက်ရင်း ကောင်လေးဟာ သူ့စိတ်သူ ထိန်းနိုင်လာသတဲ့။ သံရိုက်ချက်တွေဟာလည်း တစ်နေ့ထက်တစ်နေ့ ကျဲလာခဲ့တယ်။
ဒီလိုနဲ့ ကောင်လေးဟာ ၀င်းထရံမှာ သံပြေးရိုက်တာထက်စာရင် ဒေါသဖြစ်နေတဲ့ စိတ်ကိုထိန်းရတာ ပိုလွယ်မှန်း သဘောက်ပေါက်လာတော့တယ်၊ အဆုံးမှာ ကောင်လေးဟာ စိတ်မတိုပဲနေ နိုင်တဲ့နေ့ကို ရောက်လာရော၊ ကောင်လေးက ပြေးပြီး သူ့အဖေကို သတင်း သွားပို့တယ်…. အဖေရေ… သားတော့ စိတ်ကို ထိန်းနိုင်သွားပြီဗျ။
အဲ့ဒီလိုကျတော့ သူအဖေက တစ်မျိုးခိုင်းပြန်ရော…၊
မင်းကိုယ်မင်း ဒေါသမဖြစ်အောင်တစ်နေကုန် ထိန်းနိုင်ပြီဆိုတာနဲ့ အဲ့ဒီသံတွေကို ပြန်နုတ်ဦးကွာ။ တစ်နေ့ထိန်းနိုင်ရင် ညအိပ်ခါနီး တစ်ချောင်းနှုန်းနဲ့ နှုတ်နော်လို့ မှာလိုက်သတဲ့။ ရက်တွေကြာလာတော့ ကောင်လေး က သူ့အဖေကိုပြောနိုင်သွားတယ်။ အဖေရေ သားရိုက်ခဲ့တဲ့ သံတွေ အားလုံး ကိုနှုတ်ပြီးသွားပြီ၊ တစ်ချောင်းမှ မကျန်တော့ဘူး။
သည်အခါ အဖေလုပ်တဲ့သူက သားရဲ့လက်ကို ဆွဲပြီး သားရိုက်ခဲ့တဲ့ ၀င်းထရံဆီကို ခေါ်သွားတယ်၊
တော်တယ်ငါ့သားလို့လည်း ဆိုပါတယ်။
ဒါပေမယ့် သားသေချာကြည့်စမ်း။ ၀င်းထရံတိုင်မှာ အပေါက်တွေဖြစ်ကျန်ခဲ့တယ်နော်။ ဒီဝင်းထရံတိုင်တွေက အရင်တုန်းက လို ချောချောမွေ့မွေ့ မဟုတ်တော့ဘူးဆိုတာ သားမြင်တယ် မဟုတ်လား။
အေး သားက စိတ်တိုတိုနဲ့ ပါးစပ်က ပြောချလိုက်တဲ့အခါ တစ်ဖက်သားဆိုတဲ့ ၀င်းထရံတိုင်မှာ အခုလို အမာရွတ်တွေထင်ကျန်ရစ်ခဲ့တတ်တယ် သားရယ်။
အဲဒီလိုပဲ လူတစ်ယောက်ကို သားက ဓါးနဲ့ထိုးလိုက်တယ်။ ပြီးရင် ဓါးပြန်နှုတ်ပြီး ရှိခိုးတောင်ပန်တယ်ဆိုပါစို့။ သားဘယ်နှစ်ခါဘဲ ရှိခိုးတောင်းပန်ပါစေ။ ဒဏ်ရာနဲ့ အမာရွတ်တွေကတော့ မလွဲမသွေ ကျန်ခဲ့မှာပဲ ငါ့သားရယ်….တဲ့။
တကယ်တော့ မိတ်ဆွေသူငယ်ချင်းတွေဆိုတာ အဖိုးတန်တဲ့ ရတနာတွေပါပဲ။ သူတို့ဟာ ငါတို့တွေကို ပျော်ရွှင်ရယ်မောစေတယ်။ အားပေးကူညီတယ်။ ဒုက္ခ၊ သုခတွေကို လည်း မျှဝေခံစားကြတယ်။ ရင်ဖွင့်သမျှကို ဂရုစိုက်နားထောင်ပေးတယ်။ ဒါကြောင့် တစ်ခုခုဆို စိတ်လိုက်မာန်ပါ မလုပ်နဲ့။ သူတို့ကို သံနှုတ်ရာကျန်ခဲ့တဲ့ ၀င်းထရံတွေအဖြစ် မရောက်ပါစေနဲ့။ ကိုယ့်မိတ်ဆွေ သူငယ်ချင်းတွေကို ကိုယ်က ဘယ်လောက်ဂရုစိုက် ကြောင်း သူတို့ကိုလည်း သူတို့ရဲ့ မိတ်ဆွေတွေအပေါ် ဂရုစိုက်လာ အောင် လုပ်ပေးသင့် ကြောင်းပြောကြားပေးပါ။
ဒါကြောင့် ကိုယ်တိုင်က သူငယ်ချင်းကောင်း မိတ်ဆွေကောင်းအဖြစ် သတ်မှတ်ထားတဲ့သူတွေဆီကို ဒီပုံပြင်လေးကို လက်ဆင့်ကမ်းပါ။ ယုတ်စွအဆုံး ဒီစာလေးကို ပို့လိုက်တဲ့သူဆီ ဒီအတိုင်း ပြန်ပို့နိုင်ပါသေးတယ်။ ကိုယ်ပို့လိုက်တဲ့ စာ ကိုယ့်ဆီပြန်ရောက်လာရင် ကိုယ့်မှာ မိတ်ဆွေကောင်းတွေ ရှိနေတာကို အလိုလို ခံစားနိုင်မှာပါ။
(ဒီစာအုပ်နာမည်က နေပျော်တဲ့ဘ၀၊ ကြည်မြတဲ့ဘ၀င်၊ ရွှင်လန်းတဲ့စိတ် ဖြစ်ပါတယ်။ ရေးတဲ့သူက ဆရာအတ္တကျော်ပါ။)
'ဆုထိုက်'ဆီမှ ကူးယူပါသည်

ဂုဏ်တော်ကွန်ချာ




၁။သော ဘဂဝါ ဣတိပိ အရဟံ
အရဟံ ဝတ သော ဘဂဝါ
အရဟန္တံ သရဏံ ဂစ္ဆာမိ
အရဟန္တံ သိရသာ နမာမိ
ပထမော ဝဇိရပါကာရော
သောဘဂဝါ ဣတိပိ အရဟံ။

၂။သော ဘဂဝါ ဣတိပိ သမ္မာ သမ္ဗုဒ္ဓေါ
သမ္မာ သမ္ဗုဒ္ဓေါ ဝတ သော ဘဂဝါ
သမ္မာ သမ္ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
သမ္မာ သမ္ဗုဒ္ဓံ သိရသာ နမာမိ
ဒုတိယော ဝဇိရပါကာရော
သော ဘဂဝါ ဣတိပိ သမ္မာ သမ္ဗုဒ္ဓေါ။

၃။သော ဘဂဝါ ဣတိပိ ဝိဇ္ဇာစရဏ သမ္ပန္နော
ဝိဇ္ဇာစရဏ သမ္ပန္နော ဝန သော ဘဂဝါ
ဝိဇ္ဇာစရဏ သမ္ပန္တံ သရဏံ ဂစ္ဆာမိ
ဝိဇ္ဇာစရဏ သမ္ပန္တံ သိရသာ နမာမိ
တတိယော ဝဇိရပါကာရော
သော ဘဂဝါ ဣတိပိ ဝိဇ္ဇာစရဏ သမ္ပန္နော။

၎။သော ဘဂဝါ ဣတိပိ သုဂတော
သုဂတော ဝတ သော ဘဂဝါ
သုဂတံ သရဏံ ဂစ္ဆာမိ
သုဂတံ သိရသာ နမာမိ
စတုတ္ထေ္ထာ ဝဇိရပါကာရော
သော ဘဂဝါ ဣတိပိ သုဂတော။

၅။သော ဘဂဝါ ဣတိပိ လောကဝိဒူ
လောကဝိဒူ ဝတ သော ဘဂဝါ
လောကဝိဒုံ သရဏံ ဂစ္ဆာမိ
လောကဝိဒုံ သိရသာ နမာမိ
ပဉ္စမော ဝဇိရပါကာရော
သော ဘဂဝါ ဣတိပိ လောကဝိဒူ။

၆။သော ဘဂဝါ ဣတိပိ အနုတ္တရော ပုရိသဒမ္မသာရထိ
အနုတ္တရော ပုရိသဒမ္မသာရထိ ဝတ သော ဘဂဝါ
အနုတ္တရံ ပုရိသဒမ္မသာရထိံ သရဏံ ဂစ္ဆာမိ
အနုတ္တရံ ပုရိသဒမ္မသာရထိံ သိရသာ နမာမိ
ဆဋ္ဌမော ဝဇိရပါကာရော
သော ဘဂဝါ ဣတိပိ အနုတ္တရော ပုရိသဒမ္မသာထိ။

၇။သော ဘဂဝါ ဣတိပိ သတ္ထာဒေဝ မနုဿာနံ
သတ္ထာဒေဝ မနုဿာနံ ဝတ သော ဘဂဝါ
သတ္ထာရံ ဒေဝ မနုဿာနံ သရဏံ ဂစ္ဆာမိ
သတ္ထရံ ဒေဝ မနုဿာနံ သိရသာ နမာမိ
သတ္တမော ဝဇိရပါကာရော
သော ဘဂဝါ ဣတိပိ သတ္တာဒေဝ မနုဿနံ။

၈။သော ဘဂဝါ ဣတိပိ ဗုဒ္ဓေါ
ဗုဒ္ဓေါ ဝတ သော ဘဂဝါ
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဗုဒ္ဓံ သိရသာ နမာမိ
အဋ္ဌမော ဝဇိရပါကာရော
သော ဘဂဝါ ဣတိပိ ဘဂဝါ။

၉။သော ဘဂဝါ ဣတိပိ ဘဂဝါ
ဘဂဝါ ဝတ သော ဘဂဝါ
ဘဂဝန္တံ သရဏံ ဂစ္ဆာမိ
ဘဂဝန္တံ သိရသာ နမာမိ
နဝမော ဝဇိရပါကာရော
သော ဘဂဝါ ဣတိပိ ဘဂဝါ။

၁၀။သော ဘဂဝါ ဣတိပိ လောကဝိဒူ
လောကဝိဒူ ဝတ သော ဘဂဝါ
လောကဝိဒုံ သရဏံ ဂစ္ဆာမိ
လောကဝဒုံ သိရသာ နမာမိ
ပဉ္စမော ဝဇိရပါကာရော
သော ဘဂဝါ ဣတိပိ လောကဝိဒူ။

၁၁။သော ဘဂဝါ ဣတိပိ သုဂတော
သုဂတော ဝတ သော ဘဂဝါ
သုဂတံ သရဏံ ဂစ္ဆာမိ
သုဂတံ သိရသာ နမာမိ
စတုတ္ထော ဝဇိရပါကာရော
သော ဘဂဝါ ဣတိပိ သုဂတော။

၁၂။သော ဘဂဝါ ဣတိပိ အနုတ္တရော ပုရိသဒမ္မသာရထိ
မနုတ္တရော ပုရိသဒမ္မသာရထိ ဝတ သော ဘဂဝါ
အနုတ္တရံ ပုရိသဒမ္မသာထိံ သရဏံ ဂစ္ဆာမိ
အနုတ္တရံ ပုရိသဒမ္မသာရထိံသိရသာ နမာမိ
ဆဋ္ဌမော ဝဇိရပါကာရော
သော ဘဂဝါ ဣတိပိ အနုတ္တရော ပုရိသဒမ္မသာရထိ။

၁၃။သော ဘဂဝါ ဣတိပိ ဝိဇ္ဇာစဏ သမ္ပန္နော
ဝိဇ္ဇစရဏ သမ္ပန္နော ဝတ သော ဘဂဝါ
ဝိဇ္ဇာစရဏ သမ္ပန္တံ သရဏံ ဂစ္ဆာမိ
ဝိဇ္ဇာစရဏ သမ္ပန္တံ သိရသာ နမာမိ
တတိယော ဝဇိရပါကာရော
သော ဘဂဝါ ဣတိပိ ဝိဇ္ဇာစရဏ သမ္ပန္နော။

၁၄။သော ဘဂဝါ ဣတိပိ သတ္ထာဒေဝ မနုဿာနံ
သတ္ထာဒေဝ မနုဿာနံ ဝတ သော ဘဂဝါ
သတ္ထာရံ ဒေဝ မနုဿာနံ သရဏံ ဂစ္ဆာမိ
သတ္ထာရံ ဒေဝ မနုဿနံ သိရသာ နမာမိ
သတ္တမော ဝဇိရပါကာရော
သော ဘဂဝါ ဣတိပိ သတ္ထာဒေဝ မနုဿာနံ။

၁၅။သော ဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ
သမ္မာသမ္ဗင်္ီုဒ္ဓေါ ဝတ သော ဘဂဝါ
သမ္မာသမ္ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
သမ္မာသမ္ဗုဒ္ဓံ သိရသာ နမာမိ
ဒုတိရော ဝဇိရပါကာရော
သော ဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ။

၁၆။သော ဘဂဝါ ဣတိပိ ဗုဒ္ဓေါ
ဗုဒ္ဓေါ ဝတသော ဘဂဝါ
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဗုဒ္ဓွ သိရသာ နမာမိ
အဋ္ဌမော ဝဇိရပါကာရော
သော ဘဂဝါ ဣတိပိ ဗုဒ္ဓေါ။

၁၇။သော ဘဂဝါ ဣတိပိ အရဟံ
အရဟံ ဝတ သော ဘဂဝါ
အရဟန္တံ သရဏံ ဂစ္ဆာမိ
အရဟန္တံ သိရသာ နမာမိ
ပထမော ဝဇိရပါကာရော
သော ဘဂဝါ ဣတိပိ အရဟံ။

၁၈။သော ဘဂဝါ ဣတိပိ ဘဂဝါ
ဘဂဝါ ဝတ သော ဘဂဝါ
ဘဂဝန္တံ သရဏံ ဂစ္ဆာမိ
ဘဂဝန္တံ သိရသာ နမာမိ
နဝမော ဝဇိရပါကာရော
သော ဘဂဝါ ဣတိပိ ဘဂဝါ။

“ နားလည်မှုဆိုတာ ”


နားလည်မှုဆိုတာ ကိုယ်ချင်းစာတတ်မှုပါပဲ။
ကိုယ်မှန်တယ်ထင်ပြီး တဖက်သားကိုမငဲ့ညှာ
တတ်တာဟာ နားလည်မှုမရှိတာပဲပေါ့။

သူ့နေရာမှာငါဆိုရင်ဘယ်လိုခံစားရမလဲလို့
နေရာချင်းလဲပြီးခံစားကြည့်စေချင်တယ်။
အဲဒီအခါကြရင်တော့ -
နားလည်မှုဆိုတာဘာလဲလို့ သဘောပေါက်
သွားမယ်ထင်ပါတယ်။
နားလည်မှုဆိုတာကလည်း နားလည်ပေးခြင်တဲ့
စေတနာက လည်းရှိဦးမှနားလည်ပေးနိုင်မှာပါ။

နားလည်မှုဆိုတာစိတ်ရဲ့အဆင့်အတန်းမြင့်တဲ့
အရည်အချင်းတစ်ခုဖြစ်ပါတယ်။
နားလည်မှုပေးနိုင်တဲ့သူဟာ တုန့်ပြန်မှုကောင်းဖို့
နားလည်ပေးခြင်းမဟုတ်ပါ။ နားလည်မှုဆိုတဲ့စကား
လုံးမှာကိုပဲ မျှော်လက့်ချက်မပါဘူးဆိုတာ
နားလည်ရပါမယ်။

- ဆရာတော် အရှင်ဝိလာသဂ္ဂ (ဗောဓိမြိုင်သစ္စာရွေပြည်
ဓမ္မရိပ်သာ)

ဒိဋ္ဌိဇုကမ္မအကြောင်း

ဒိဋ္ဌိဇုကမ္မအကြောင်း" အယူဖြောင့်မှန်ခြင်းကို “ဒိဋ္ဌိဇုကမ္မ”ဟုခေါ်၏။ (ဒိဋ္ဌိ = အယူ + ဥဇုကမ္မ = ဖြောင့်မှန်မူ။) အယူဟူသည် အသိဉာဏ်တည်း။ ထိုအသိဉာဏ်က လမ်းမှန်ကျနေလျှင် သမ္မာဒိဋ္ဌိ (မှန်ကန်သောအယူ) ဖြစ်၏။ ထို အသိဉာဏ်က မှားယွင်းနေလျှင် မိစ္ဆာဒိဋ္ဌိ (မှားသောအယူ) ဖြစ်၏။ အောက်ပါအချက်များ၌ မိမိအသိဉာဏ် ဘယ်လိုဖြစ်သလဲဟု စဉ်းစားပါ။ ၁။ ကုသိုလ်ကံ၊ အကုသိုလ်ကံ။ ၂။ ထိုကံများ၏ ကောင်းကျိုး၊ မကောင်းကျိုး။ ၃။ ထိုကံများကြောင့် ရောက်ရသည့် ဤဘ၀၊ နောက်ဘ၀။ ၄။ နတ်များ၊ ဗြဟ္မာများ။ ၅။ ကောင်းမွန်စွာ ကျင့်ကြံ၍ ဈာန် အဘိညာဉ်ရသူ သို့မဟုတ် ရဟန္တာ ဖြစ်သူများ။ အထက်ပါ အချက် ၅-ချက်ကို လေးလေးနက်နက် စဉ်းစားသောအခါ “ရှိနိုင်သည်၊ ရှိထိုက်သည်၊ ရှိရမည်” ဟု အသိဉာဏ်ဖြစ်လျှင် သမ္မာဒိဋ္ဌိတည်း။ ဤသမ္မာဒိဋ္ဌိကိုပင် “ဒိဋ္ဌိဇုကမ္မ”ဟု လည်းကောင်း၊ “ကမ္မသကတာဉာဏ်”ဟု လည်းကောင်း ခေါ်၏။ (ကမ္မ = ကံ + သက=ကိုယ့်ဥစ္စာ + တာ = ဖြစ်ပုံကို + ဉာဏ် = သိခြင်း။ မိမိပြုသော ကုသိုလ်ကံ အကုသိုလ်ကံသာလျှင် မိမိနောက်သို့ လိုက်ပါသော ကိုယ်ပိုင်ဥစ္စာ ဖြစ်ပေသည်ဟု သိတတ်သောဉာဏ်ကို `ကမ္မသကတာဉာဏ်´ဟု ခေါ်သည်။) ထိုပြခဲ့သော အချက် ၅-ချက်ကို လေးနက်စွာ စဉ်းစားသောအခါ “မရှိနိုင်၊ မရှိထိုက်”ဟု ယူနေလျှင်မိစ္ဆာဒိဋ္ဌိ ဖြစ်တော့၏ ထိုသို့ “ကံ-ကံ၏ အကျိုးမရှိ”ဟု ယူသော မိစ္ဆာဒိဋ္ဌိကြောင့်ပင် တိရစ္ဆာန် သတ္တ၀ါတွေကို သတ်ဖြတ်နိုင်ကြ၏။ ကံကြောင့် ရောက်ရသော ဤဘ၀ နောက်ဘ၀ မရှိဟု ယူသောကြောင့်ပင် ကမ္ဘာလောကနှင့် သတ္တ၀ါတွေကို တစ်စုံတစ်ဦးသော တန်ခိုးရှင်က ဖန်ဆင်းထားသည်ဟု အယူရှိကြသည်။ ငါတို့၏ ဗုဒ္ဓရှင်တော်ကို ရာဇ၀င်နှင့်တကွ ထင်ရှားသိအပ်သကဲ့သို့ ထိုတန်ခိုးရှင်ဆိုသော ပုဂ္ဂိုလ်ကို ယခုလူတို့ သိနိုင်ကြပါ၏လော။ "ဗုဒ္ဓဘာသာဝင်ဖြစ်မူ" ဒိဋ္ဌိဇုကမ္မကို သမ္မာဒိဋ္ဌိဟု ဆိုခဲ့ပြီ။ ထို သမ္မာဒိဋ္ဌိ အယူရှိကြသူတိုင်းလည်း ဗုဒ္ဓဘာသာဝင် မဟုတ်နိုင်သေး။ အခြားသောလူမျိုးတို့သည် ကံ-ကံ၏ အကျိုးကို ယုံကြည်ကြပေ၏ သို့သော် ဗုဒ္ဓဘာသာဝင်များ မဟုတ်ကြ။ ဘုရား တရား သံဃာကို ယုံကြည်၍ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ”ဟု ပါဠိလိုဖြစ်စေ၊ “ဘုရားကိုးကွယ်ပါ၏။ တရားကိုးကွယ်ပါ၏။ သံဃာကိုးကွယ်ပါ၏”ဟု မြန်မာလိုဖြစ်စေ ရွတ်ဆိုမှသာ “ဗုဒ္ဓဘာသာဝင်ဖြစ်သူ = သရဏဂုံ တည်သူ” ဟုခေါ်နိုင်သည်။ ဤသို့ ရတနာ ၃-ပါးကို ကိုးကွယ်ရာတွင် ဂုဏ်ကို မသိဘဲ (ကလေးများကဲ့သို့) မိရိုးဖလာ ယုံကြည်ရုံသာ ယုံကြည်၍ ကိုးကွယ်လျှင်လည်း ဗုဒ္ဓဘာသာဝင် ဖြစ်နိုင်ပေသည်သာ။ "ဒိဋ္ဌိဇုကမ္မဖြစ်ဖို့ အချက်များ" သမ္မာဒိဋ္ဌိဟုလည်းကောင်း၊ ကမ္မသကတာဉာဏ်ဟုလည်းကောင်း၊ ဤဘ၀ နောက်ဘ၀ စသည်များကို မိမိဘာသာ စဉ်းစားကြံစည်နေသောအခါလည်းဖြစ်၏။ ဒါနပြုခါနီး၊ သီလဆောက်တည်ခါနီးဝယ် “ဤဒါန... ဤသီလသည် ကုသိုလ်ကံတည်း။ ဤကုသိုလ်ကံသည် နောက်နောင် ဘ၀တို့၌ ကောင်းကျိုးချမ်းသာကို ပေးနိုင်သည်”ဟု သတိရသော အခါ၌လည်း ဤ ဒိဋ္ဌိဇုကမ္မကုသိုလ် ဖြစ်၏။ ကံ-ကံ၏ အကျိုးကို ယုံယုံကြည်ကြည်နှင့် ဒါန သီလစသော ကုသိုလ်များကို ပြုခိုက်မှာလည်း ဤဒိဋ္ဌဇုကမ္မကုသိုလ်ဖြစ်၏။ မည်သည်ကုသိုလ်မဆို ဤဒိဋ္ဌိဇုကမ္မ ကုသိုလ်ပါမှ သာ၍ အကျိုးကြီးသည်။
မဟာဂန္ဓာရုံ ဆရာတော်

ဘုရားရှင် လမ်းညွှန်တော်မူတဲ့ မဂ္ဂင် ရှစ်ပါး ဆိုတာ…




သီလပန်းတစ်ပွင့် ဖြူစင်လန်းဆန်းဖို့ (သို့မဟုတ်) သီလသိက္ခာပြည့်စုံရေးအတွက် သီလမဂ္ဂင်သုံးပါးကို ဖြည့်ကျင့်ရပါမယ်၊ မြတ်စွာဘုရားရှင်ရဲ့ ပထမဦးဆုံး ဟောကြားတဲ့ ဓမ္မစင်္ကြာ တရားတော်မှာ ရှောင်ရမယ့် အစွန်းနှစ်ပါး လျှောက်လှမ်းရမယ့် မဂ္ဂင်ရှစ်ပါး တရားတွေကို လမ်းညွှန်ပြတော်မူခဲ့တာ အားလုံးသိနားလည်ပြီး သားပါ၊ ဘုရားရှင် လမ်းညွှန်တော်မူတဲ့အတိုင်း မဂ္ဂင်ရှစ်ပါး လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနိုင်ပါမှ စတ္တာရိ အရိယသစ္စာနိ လို့ခေါ်တဲ့ သစ္စာလေးပါးကို ထိုးထွင်း သိမြင်နိုင်မှာပါ၊



သမ္မာဒိဋ္ဌိ- ကောင်းစွာ သိမြင်မှု
သမ္မာသင်္ကပ္ပ- ကောင်းစွာ ကြံစည်မှု
သမ္မာဝါစာ- ၀စီဒုစရိုက် လေးပါးက ရှောင်ကြဉ်ပြီး ကောင်းစွာ ပြောဆိုမှု
သမ္မာကမ္မ န္တ- ကာယဒုစရိုက် သုံးပါးက ရှောင်ကြဉ်ပြီး ကောင်းစွာ ပြုလုပ်မှု
သမ္မာအာဇီဝ- ကာယဒုစရိုက် သုံးပါး ၊၀စီဒုစရိုက်လေးပါးကလွတ်တဲ့ အသက်မွေးမှု
သမ္မာဝါယာမ- သမ္မပ္ပဓာန် တရားလေးပါးနဲ့ ပြည့်စုံဖို့ ကောင်းစွာ အားထုတ်မှု
သမ္မာသတိ- သတိပဋ္ဌာန်တရားလေးပါးနဲ့ ပြည့်စုံဖို့ ကောင်းစွာ အောက်မေ့မှု
သမ္မာသမာဓိ- ဥပစာရ သမာဓိ အပ္ပနာသမာဓိနဲ့ ပြည့်စုံအောင် ကောင်းစွာတည်ကြည်မှု
တို့ပဲဖြစ်ပါတယ်၊

မဂ္ဂင်ဆိုတာ သစ္စာလေးပါးတရားကို ထိုးထွင်းသိမြင်ဖို့ ကျင့်ကြံတဲ့ အကျင့်လမ်းစဉ်ရဲ့ အင်္ဂါရှစ်ပါးလို့ မှတ်သားနိုင်ပါတယ်၊ ဒီနေရာမှာ သီလပန်းတစ်ပွင့် သို့မဟုတ် သီလသိက္ခာ အကြောင်း တင်ပြဆွေးနွေးနေတာ ဖြစ်လို့ မဂ္ဂင်ထိုက်တဲ့ သီလဖြစ်ဖို့ ဘယ်လို စောင့်ထိန်းရမလဲ ဆိုတာ စဉ်းစားသင့်ပါတယ်၊ မိမိတို့ စောင့်ထိန်းနေကျ ငါးပါးသီလ ရှစ်ပါးသီလ ကိုးပါးသီလ ဆယ်ပါးသီလတွေက မဂ္ဂင်ထိုက်တဲ့ သီလတွေမဟုတ်လား လို့ တွေးစရာ မေးစရာပါ၊

စောင့်ထိန်းဆောက်တည်နေကျ ငါးပါးသီလ ကိုပဲ ကြည့်ကြစို့၊ ရှေ့သိက္ခာ သုံးပါးကို စောင့်ထိန်းလိုက်ရင် ကာယဒုစရိုက် သုံးပါးက ရှောင်ကြဉ်ပြီးသား ဖြစ်သွားတယ်၊ မုသာဝါဒ ဆိုတဲ့ သိက္ခာကို စောင့်ထိန်းလိုက်တာနဲ့ ၀စီဒုစရိုက်လေးပါးက အထူးရှောင်ကြဉ်စရာ မလိုတော့ပါဘူး၊ သုရာ မေရယ သိက္ခာပုဒ်ကတော့ ကာမဂုဏ်ကို မှားယွင်းစွာ ခံစားတာဖြစ်လို့ ကာမေသု မိစ္ဆာ စာရထဲမှာ အကျုံးဝင်သွားပါတယ်၊ ဒီနေရာမှာ ကာမဂုဏ်ဆိုတာ ၀တ္ထုကာမဂုဏ်ကို မှားယွင်းစွာ သုံးစွဲတယ်လို့ ဆိုလိုတာပါ၊

ဒီလို ငါးပါးသီလကို ဖြူဖြူ စင်စင် သန့်သန့်ရှင်းရှင်း စောင့်ထိန်းသူဟာ အသက်မွေးမှုလဲ စင်ကြယ်လာမှာ သေချာလှပါတယ်၊ ဒါဆိုရင် ငါးပါးသီလကို လုံခြုံစွာ စောင့်ထိန်းသူဟာ သီလမဂ္ဂင်ကို ဖြည့်ကျင့်နေတာလို့ ပြောနိုင်တယ်၊ ဘုရားရှင် ဟောကြားတဲ့ စာပေတွေမှာ သီလနဲ့ပတ်သက်ပြီး သုံးတဲ့နေရာမှာ အာဒိဗြဟ္မစရိယက သီလ- မြတ်သော အရိယာမဂ်အကျင့်ရဲ့ အစဦးဆုံး သီလ လို့ သုံးပါတယ်၊ အာဒိဗြဟ္မစရိယက သီလဆိုတာ ယနေ့ခေတ်မှာ ထင်ရှားတဲ့ အာဇီဝမဋ္ဌမက သီလကို ပြောတာပါ၊ မိစ္ဆာဇီဝ- မှားယွင်းတဲ့ အသက်မွေးမှုမှ ရှောင်ကြည်ခြင်းလျှင် ရှစ်ခုမြောက်ရှိသော သီလ လို့ ဆိုလိုပါတယ်၊ အာဇီဝမဋ္ဌမက သီလရှစ်ပါး ဆိုတာ တခြားမဟုတ်ပါဘူး.. ကာယဒုစရိုက် သုံးပါး ၀စီဒုစရိုက်လေးနဲ့ မိစ္ဆာဇီဝ တစ်ပါး ဒီရှစ်ပါးကို အာဇီဝမဋ္ဌမက သီလ လို့ခေါ်တာပါ၊ ဒီလိုဆိုတော့ မဂ္ဂင်ထိုက်တဲ့ သီလဖြစ်ဖို့ ကာယဒုစရိုက် သုံးပါး ၀စီဒုစရိုက်လေးပါးနဲ့ မိစ္ဆာဇီဝ-အသက်မွေးမှု မှားခြင်း ဆိုတာကို ရှောင်ကြဉ်လိုက်ရင် မဂ္ဂင် သီလဖြစ်သွားပါတယ်၊ မဂ္ဂင် ကျင့်စဉ် အနေနဲ့ သီလကို ပြောပြတာပါ၊

ပါရမီထိုက်တဲ့ သီလဖြစ်ဖို့လဲ ဒီအတိုင်းပါပဲ ၊ ပါရမီမှာ အဆင့် သုံးဆင့်ရှိပါတယ်၊ ရိုးရိုးပါရမီ် အဆင့်မြင့် ဥပပါရမီနဲ့ အမွန်မြတ်ဆုံး ပရမတ္ထပါရမီ ဆိုပြီး သုံးမျိုးကွဲပြား ပါတယ်၊ ဒီနေရာမှာ သီလ ကို ရိုးရိုး စောင့်ထိန်းရင် သီလ ရိုးရိုးပါရမီ ပါ၊ ကိုယ့်ရဲ့ လက်တွေကို ဖြတ် ခြေတွေကိုဖြတ် ကျောက်ကပ်တွေထုတ်ပေမယ့် ကိုယ့်ရဲ့ သီလကို ဆက်ပြီး စောင့်ထိန်းတာက အဆင့်မြင့် သီလဥပပါရမီပါ၊ အသက်ကိုစွန့်ပြီး စောင့်ထိန်းတဲ့ သီလကိုတော့ အမွန်မြတ်ဆုံး သီလ ပရမတ္ထပါရမီ လို့ ခေါ်ပါတယ်၊ ကိုယ့်အသက် သေချင် သေသွားပါစေ ကိုယ့်စောင့်ထိန်းတဲ့ သီလ ကိုယ်ကျင့်တရားကို မစွန့်လွှတ်တဲ့ သူမျိုးပေါ့၊

ဘုရားလောင်းရဲ့ ဖြစ်တော်စဉ်တွေမှာ ဒါန အရာပဲဖြစ်ဖြစ် သီလအရာပဲ ဖြစ်ဖြစ် ဥာဏ်ယှဉ်ပြီး ပါရမီ မြောက်ဖြစ်အောင် စောင့်ထိန်းလာတာကို လေ့လာ တွေ့ရှိနိုင်ပါတယ်၊

ဒီလို မဂ္ဂင်ထိုက်တဲ့ သီလ၊ ပါရမီ မြောက်တဲ့သီလ သစ္စာတရားတို့ရဲ့ လမ်းစဖြစ်တဲ့သီလကို ဖြူဖြူ စင်စင် ကြိုးစားစောင့်ထိန်းရင် မိမိတို့ရှာဖွေနေတဲ့ သစ္စာရှာပုံတော်ခရီးက ဖြောင့်ဖြူးမှာဖြစ်သလို တကယ်လို့ ဒီဘ၀မှာ သစ္စာတရားကို ရှာမတွေ့သေးဘဲ သံသရာမှာ ကျင်လည်ရအုံးမယ်ဆိုရင်….

၁။ သီလပြည့်စုံသူဟာ မမေ့မလျော့ ကြိုးစားတဲ့အတွက် စည်းစိမ် ဥစ္စာများ ရရှိခြင်း၊
၂။ မိမိရဲ့ ကိုယ့်ကျင့်တရားကောင်းမွန်တဲ့ သတင်းဟာ နေရာတိုင်းကို ပြန့်နှံခြင်း၊
၃။ ဘယ်နေရာ ဘယ်ပရိသတ်တွေဆီကို သွားသွား ကြည်လင်ရွှင်ပြ ရဲတင်းစွာ သွားလာနိုင်ခြင်း၊
၎။ မတွေ မဝေသေရခြင်း၊(ကြည်ကြည်လင်လင် သေရခြင်း)
၅။ သေပြီးနောက် နတ်ပြည်ရောက် ရခြင်း- စတဲ့ အကျိုးထူးတွေကို ခံစားရမယ်လို့ ဘုရားရှင်
ဟောပြတော်မူတယ်၊ မွေးဖွားလာရင် သေရမှာ သေချာပါတယ်၊ မသေခင် ကြားကာလ လေးတစ်ခုမှာ ကောင်းသတင်းတွေ ကောင်းတဲ့လုပ်ရပ်တွေ ချန်ထားနိုင်အောင် ကြိုးစားရပါတယ်၊ ဆရာတော်ကြီး တစ်ပါး အမိန့်ရှိသလို "များများလည်းယူသွား များများလည်းချန်ထားနိုင်အောင် တန်ဖိုးရှိတဲ့ လူ့ဘ၀လေးကို အကျိုးကျိုးရှိရှိ အသုံးချနိုင်အောင် ကြိုးစားကြပါစို့.." အတိုင်း လူ့ဘ၀လေး ရရှိခိုက် အကျိုးရှိတဲ့ လုပ်ငန်းစဉ်တွေလုပ်ဖို့ လိုအပ်လှပါတယ်။

ဘုရားရှင် ဟောပြနေတာကတော့…
တောင်ဇလပ်ပန်း ကြက်ရုံးပန်း စံပယ်ပန်းတို့ရဲ့ ရနံ့ဟာ လေညာကို မရောက်နိုင်၊
သူတော်တို့ရဲ့ သီလရနံ့ ကသာ လေအောက် လေညာပျံ့နှံ့ပြီး အရပ်မျက်နှာတိုင်း ဂုဏ်သတင်းမွှေး ပါတယ် -တဲ့။ သင်းပျံ့တဲ့ မွှေးကြိုင်တဲ့ ဂုဏ်သတင်းအတွက် သီလပန်းတစ်ပွင့်ကို အမြဲလန်းဆန်းအောင် ကြိုးစားစောင့်ရှောက်ရင်း ပန်ဆင်ကြရမှာဖြစ်ပါတယ်။ ။

ဗာဟိယ! သင်သည် ကုသိုလ်တရားတို့၏ အစကို ဖြည့်ကျင့်လော့၊
ကုသိုလ်တရားတို့၏ အစကား အဘယ်နည်း၊ ကောင်းစွာစင်ကြယ်သော
သီလနှင့် ဖြောင့်မှန်သော အယူပေတည်း။
ဗာဟိယ ! အကြင်အခါ၌ သင့်အား သီလလည်း စင်ကြယ်၏၊အယူလည်းဖြောင့်မှန်၏၊
ထိုအခါ သင်သည် သီလကိုမှီ၍ သီလ၌တည်၍ သတိပဋ္ဌာန်လေးပါးကို ပွားများလေလော့။

(မဟာဝဂ္ဂသံယုတ်၊ ဗာဟိယသုတ်)

သီလ ပန်းတစ်ပွင့်ရဲ့ သဘောတရားတွေကို အဖြူဖက်ကနေ ချဉ်းကပ်ပြီး တင်ပြခဲ့တယ်၊ ဒီနေ့တော့ အမည်းရောင်ဖက်နေ ချဉ်းကပ်ပြီး ဖော်ပြလိုတယ်၊ စိတ်အဆင့်ဆင့် မြင့်တက်ရေး သစ္စာတရားကို ဥာဏ်နဲ့ရှာဖွေရေး လမ်းစဉ်မှာ သီလပန်းတစ်ပွင့် အမြဲလန်းဆန်းဖို့ တကယ့်ကို အရေးကြီးလှပါတယ်၊ ကိုယ်စောင့်ထိန်းထားတဲ့ သီလ ညှိုနွမ်း ပေါက်ပျက် ကြောင်ကြားသွားပြီဆိုရင် သီလပျက်စီးဖို့ သေချာသလောက်ရှိပါပြီ၊

ဒီနေရာမှာ ကိုယ့်စောင့်ထိန်းထားတဲ့ သီလ သိက္ခာပုဒ်တွေ အားလုံးကို လွန်ကျူးဖောက်ဖျက်မှ သီလညှိုးနွမ်းတယ်လို့ ခေါ်ဆိုတာ မဟုတ်ဘဲ အစ သိက္ခာပုဒ်နဲ့ အဆုံးသိက္ခာပုဒ်ကို လွန်ကျူးရင်ပဲဖြစ်ဖြစ် အလယ်သိက္ခာပုဒ်တွေကို ဖောက်ဖျက်ရင်ပဲဖြစ်ဖြစ် ကွက်ကျော်လွန်ကျူးမိရင်ပဲ ဖြစ်ဖြစ် အစဉ်အတိုင်း နှစ်ပါး သုံးပါးကို လွန်ကျူးရင်ပဲဖြစ်ဖြစ် ကိုယ်စောင့်ထိန်းနေတဲ့ သီလဟာ ညှိုနွမ်းသွားပါတယ်၊ ဒီလို ကိုယ်အမူအရာ နှုတ်အမူအရာတွေကို မစောင့်စည်းဘဲ အရှက် အကြောက်ကင်းမဲ့စွာ ဒုစရိုက်တွေကို ပြုမိ ပြီဆိုရင်တော့ သီလဟာ လုံးဝပျက်စီးတော့မှာပါ။


ဒီလို သီလညှိုးနွမ်းစေတဲ့အကြောင်းနဲ့ဆက်စပ်ပြီး စာပေတွေမှာ ဖော်ပြတဲ့ မေထုန်ငယ်(၇)ပါး ကိုပြောပြလိုတယ်၊ သစ္စာရှာပုံတော် ခရီးမှာ ကိုယ့်ကိုယ်ကို မလိမ်တမ်း မညာတမ်း စစ်တမ်းထုတ်သင့်တဲ့ အချက်တွေလို့လဲ ပြောနိုင်ပါတယ်၊ အခုဖော်ပြတဲ့ (၇)ချက်ဟာ ကိုယ်စောင့်ထိန်းနေတဲ့ သီလ သို့မဟုတ် ကို ညစ်နွမ်းစေတဲ့ အရာတွေပါ၊ ဒါတွေကတော့

၁။ ရေမွှေးဆွတ်ဖြန်းခြင်း သနပ်ခါးလိမ်းခြင်း ပေါင်ဒါမုန့် စတဲ့ အမွှေးအကြိုင်တွေနဲ့
ပွတ်သပ် လိမ်းကျံရတာကို သာယာ ကြည်နူး ကျေနပ်ခြင်း၊

၂။ ရယ်ရွှင်စရာ ဟာသများနဲ့ ရယ်မော ပျော်ရွှင် မြူးတူး ကစားခြင်း၊

၃။ ဆန့်ကျင်ဘက် လိင်ရှိတဲ့ပုဂ္ဂိုလ်တွေရဲ့ အသံကို နားထောင် သာယာခြင်း၊

၎။ စောင့်စည်းဆင်ခြင်မှုမရှိဘဲ ဆန့်ကျင်ဘက် လိင်ရှိတဲ့ ပုဂ္ဂိုလ်ကို ကြည့်ရှုခြင်း၊

၅။ အရင်ခံစားခဲ့ဖူးတွေ ကာမဂုဏ်ကို အာရုံပြုပြီး သာယာခြင်း၊

၆။ သူတစ်ပါးတို့ ခံစားနေသည့် ကာမဂုဏ်အမှုများကို အာရုံပြုပြီး သာယာခြင်း၊

၇၊ မိမိကျင့်တဲ့ သီလအကျင့်မြတ်ဟာ နတ်ဘ၀ နတ်စည်းစိမ် မင်းဘ၀ မင်းစည်းစိမ်
ရမှာပဲလို့ တောင့်တသာယာခြင်း တို့ပဲဖြစ်ပါတယ်၊

ဒါကြောင့်ဘုရားရှင်က သီလဟာ သတိပဋ္ဌာန်တရား အားထုတ်ရာ သစ္စာရှာဖွေရာမှာ ဘယ်လောက်အရေးကြီးလဲဆိုတာ သိစေချင်လွန်းလို့ ဗာဟိယကို မိန့်တော်မူတာက

ဗာဟိယ! သင်သည် မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ လျှောက်ချင်တယ်ဆိုရင် ကုသိုလ်တရားတို့၏ အစကိုဖြည့်ကျင့်လော့၊
ကုသိုလ်တရားတို့၏ အစကား အဘယ်နည်း၊ ကောင်းစွာစင်ကြယ်သော
သီလနှင့် ဖြောင့်မှန်သော အယူ၊ မှန်ကန်သော အမြင်ပဲဖြစ်တယ်။
ဗာဟိယ ! အကြင်အခါ၌ သင့်အား သီလလည်း စင်ကြယ်၏၊ အယူလည်းဖြောင့်မှန်၏၊
ထိုအခါ သင်သည် သီလကိုမှီ၍ သီလ၌တည်၍ သတိပဋ္ဌာန်လေးပါးကို ပွားများလေလော့- လို့ မိန့်တော်မူတာပါ၊ အလယ်အလတ် လမ်းစဉ်လို့ခေါ်တဲ့ မဂ္ဂင်ရှစ်ပါးရဲ့ ခေါင်ချုပ် သတိပဋ္ဌာန်တရား ကျင့်ကြံပွားများရာမှာ ညစ်နွမ်းခြင်းမရှိ လန်းဆန်းခြင်း ပကတိရှိတဲ့ သီလပန်းတစ်ပွင့် ပန်ဆင်လျက် မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူစင်သောစိတ်ကို ထားနိုင်အောင် ကြိုးစားကြပါစို့။ ။


ကျမ်းကိုး ….ရတနာ့ဂုဏ်ရည် (တောင်မြို့ဆရာတော်ဘုရားကြီး)

Posted by ကဝိရနံ့ရှင်
— with Aye ThiDa.
Like · · Share · 15 hours ago

Wednesday, October 16, 2013

"စကြာဝဠာတစ်ခုလုံး ကိုးကွယ်မည့်ဘာသာ"




နောင်တစ်ချိန်တွင် စကြာဝဠာတစ်ခုလုံး ကိုးကွယ်ကြသည့် ဘာသာတစ်ရားတစ်ခု ဖြစ်ပေါ်လာလိမ့်မည်။ထိုဘာသာတစ်ရားသည် တစ်ယူသန်ဝါဒ၊တရားသေ၀ါဒများကိုလည်း ရှောင်လွဲနိုင်လိမ့်မည်။

သဘာဝတရားနှင့် ဘာသာတရားနှစ်ခုလုံးကို လွှမ်းခြုံမိသည့်ထိုဘာသာတရားသည် ရုပ်နာမ်တရားကိုကိုယ်တွေ့ခံစားသိမြင်မှုနှင့် အဓိပ္မါယ်ပြည့်ဝသည့် ပေါင်းစည်းညိညွတ်မှုအပေါ်မှာ အခြေခံလိမ့်မည်။ထိုအချက်အလက်များကို ဗုဒ္ဓဘာသာက အဖြေထုတ်ပေးလိမ့်မည်။

အကယ်၍သာ ခေတ်သစ်သိပ္ဖံနည်းကျလိုအပ်ချက်များကို အဖြေထုတ်ဖြည့်ဆည်းပေးနိုင်မည့် ဘာသာတရားတစ်ခုရှိလာမည်ဆိုလျှင် ထိုဘာသာတရားသည် ဗုဒ္ဓဘာသာပဲဖြစ်လိမ့်မည်။
"ကမ္ဘာကျော် သိပ္ဖှံဆရာကြီး ဒေါက်တာအဲလဘတ် အိုင်စတိုင်း"



"ဘယ်အရာမှဗုဒ္ဓဘာသာတရားတော်ထက်ပို၍ မသာလွန် မကောင်းမြတ်"


ဗုဒ္ဓဘာသာဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ ကျွန်ုပ်သည်ကမ္ဘာပေါ်ရှိ ဘာသာတရားအားလုံးကို လေ့လာခဲ့ပြီးဖြစ်ဧ။် လှပတဲ့အရာမှာရော၊ ပြည့်စုံကုံလုံတဲ့အရာမှာပါ ဗုဒ္ဓဘာသာရဲ့ အမှန်တရားအရိယသစ္စာလေးပါးနဲ့ မဂ္ဂင်ရှစ်ပါးဆိုတဲ့ အကျင့်လမ်းစဉ်ထက်ပို၍သာလွန်ကောင်းမြတ်တဲ့အရာ တစ်ခုမျှမတွေ့ပါ။ ထိုလမ်းစဉ်နှင့်အညီ ကိုယ်ဘ၀ကို ပုံဖော်ရေးအတွက်ကျွန်ုပ် ကျေနပ်ရောင်ရဲပါဧ။်။
(ပါမ္ခောရိုက်-စ် ဒေးဗစ်)



"လူ့ဘာသာတရား"


ကောင်းကင်ထက်မှာ နေလရှိနေသရွေ့ မြေကမ္ဘာပေါ်မှာ လူသားတွေတည်ရှိနေသရွေ့ ကာလပတ်လုံး ဗုဒ္ဓဘာသာရှိနေမှာပါ။
အကြာင်းမူရင်းသည်လူ့ဘာသာတရားဖြစ်နေသောကြောင့်ပါပဲ။
(သီရီလင်္ကာ ၀န်ကြီးချူပ်ဟောင်း ဘဒ္ဒရာနှိုက်)



"မူဝါဒဖြင့်နေရသော ဘ၀"


ဗုဒ္ဓဘာသာသည် စည်းမျဉ်းဥပဒေဖြင့် နေထိုင်ရသောဘ၀မဟုတ်၊ မူဝါဒဖြင့်နေထိုင်ရသောဘ၀ဖြစ်ဧ။်။
အကျိုးဆက်အားဖြင့် သည်းခံရေးဘာသာတရားတစ်ခုဖြစ်ဧ။် ။
ယင်းသည် နေမင်းအောက်ရှိ စိတ်ကောင်းစေတနာ အရှိဆုံးစနစ်တစ်ခုဖြစ်ပါသည်။
(ခရစ်ယာန်ဘုန်းတော်ကြီး ဂျိုးဇတ်ဝိန်း)



"အမြင့်မြတ်ဆုံးလူသား"


သင်သည်အကယ်၍ အမြင့်မြတ်ဆုံး လူသားတစ်ယောက်ကို တွေ့မြင်လိုပါက သူဖုန်းစားတို့ အ၀တ်သင်္ကန်းကို ၀တ်ရုံဆင်မြန်းထားသော (သာကီဝင်မင်းသား) ဘုရင်တစ်ပါးကို ကြည့်လိုက်ပါ။ သူဧ။် ကြည်ညိုလေးစားဖွယ် စင်ကြယ်သန့်ရှင်းမှုသည်လူ့လောကတွင် ကြီးမြတ်လှပါပေဧ။်။
(မူဆလင် ကဗျာဆရာ - အပ္ဖ္ဒဒူလ် အတာဟီယ)



"မြတ်ဗုဒ္ဓဧ။် ပဋိသေ၀၀ိဿဇ္ဖနာ"


ဥပမာအားဖြင်ဆိုရသော် အိလက်ထရွန်ဧ။် အနေအထားသည် တစ်မျိုးတစ်စားတည်းလောဟု မေးလာခဲ့သော် မဟုတ်ဟုဆိုရပါမည်။အိလက်ထရွန်ဧ။် အနေအထားသည် အချိန်နှင့်အတူ ပြောင်းလဲနေပါသလောဟု မေးလာခဲ့သော် မဟုတ်ဟုဆိုရပါမည်။

သေသည့်နောက်ကာလ၌ အတ္တ၏ အခြေအနေနှင့် ပတ်သတ်၍ အမေးခံလာရသည့်အခါ အထက်ပါအဖြေမျိုးကို ဗုဒ္ဓကပေးတော်မူခဲ့၏။
သို့သော်ယင်းအဖြေမျိုးသည် ဆယ့်ခုနှစ်၊ ဆယ့်ရှစ်ခုနှစ် သိပ္ဖံပညာ၏ အစဉ်အလာနှင့် ယဉ်ပါးခြင်းမရှိသေးချေ။
(ဂျောရောဘတ် အိုပင်ဟိုးမား)




အခုလောက် ရာစုနှစ်ပေါင်းများစွာ ရှည်လျားကြာမြင့်လာခဲ့သည့် အချိန်ကာလကြီးတလျှောက်လုံး အချုူပ်အခြာအာဏာပိုင်စိုးလာသောဗုဒ္ဓဘာသာဝင်များက အခြားဘာသာဝင်များကို သတ်ဖြတ်ကွတ်မြတ်သည်ဟူသော မှတ်တမ်းမှတ်ရာဟူ၍ ရှည်လျားကြာမြင့်လှသည့်ဗုဒ္ဓဘာသာသမိုင်းကြောင်းတွင် ကျွန်ုပ်မတွေ့ရပါချေ။
(ပါမောက္ခ ရိုင်းစ် ဒေးဗစ်)္မ္စ္မ္န္က္ဆ္ဆ္တ္ဌ္ဌ္လ



ဤအရာတွင် မြတ်ဗုဒ္ဓသည် ထာဝရတည်ရှိသော သစ္စာတရားတို့၏ တန်ဖိုးကို တိတိလင်းလင်း ရှင်းပြတော်မူသည့်အပြင် အန္ဒိယနိုင်ငံ၏ကိုယ်ကျင့်တရားကိုပါ တိုးတက်မြင်းမားစေခဲ့၏။ မြတ်ဗုဒ္ဓသည် ကမ္ဘာလောကကြီးအား ပေးအပ်ထားသည့် အကြီးမြတ်ဆုံးသော သူတော်စင် ပညာရှိ လူ့ဂဂေးကြီးတစ်ဦးဖြစ်ပါပေ၏။
(အနောက်တိုင်းသားဦးဆောင်တွေးခေါ်ရှင် အယ်လ်ဘတ်စဆိတ်စာ)



ကမ္ဘာစိတ်ပိုင်းယဉ်ကျေးမှုနှင့် စစ်မှန်သောရုပ်ပိုင်းယဉ်ကျေးမှုတို့ ထွန်းကားရေးအတွက် လူ့သမိုင်းကြောင်းရှိ အခြားသောသြဇာအာဏာထက် ဗုဒ္ဓဘာသာတရားတော်က ပို၍လုပ်ဆောင်ထားပါပြီ။
(အိပ်ခ်ျဂျီဝဲလ်)



ခေတ်သစ်သိပ္ဖံပညာ၏ လိုအပ်ချက်များနှင့် ရင်ဆိုင်ယှဉ်ပြိုင်မည့် ဘာသာတရားတစ်ခု ရှိသည်ဆိုပါလျှင် ယင်းသည်ဗုဒ္ဓဘာသာပင်လျှင်ဖြစ်ရပါမည်။
(အယ်လ်ဘတ် အိန်းစတိန်း)



"အမှန်မြင်သူ၏စကား"


သင်ဟာတက္ကသိုလ်က ဘွဲ့ကောင်းကောင်းတစ်ခု(သို့) ကားသစ်တစ်စီး (သို့) အသံအလွန်ကောင်သည့် စတိရီယို ကတ်ဆတ်တစ်လုံးဒါမှမဟုတ် ကမ္ဘာဘယ်အရပ်ဒေသမဆို လွတ်လွတ်လပ်လပ်သွားလာနိုင်တဲ့ အခွင့်အရေးဆိုတာတကယ်ပဲကျေနပ်မှုပေးနိုင်ပါတယ်လို့သင်ဆိုမယ်ဆိုပါတော့ ။ဒါဆိုရင် ကျွန်မပြောချင်ပါတယ်။

အနောက်နိုင်ငံသားတွေဟာ ဒါတွေကိုကြိုးစားရယူရင်းနဲ့ပဲ ၀မ်းနည်းမှု၊ စိုးရိမ်ပူပန်ရမှုတွေ တွေကြုံနေရပါတယ်။ ဒါကြောင့်ဒိလို တပ်မက်မှုအဖုံဖုံကို လေးလေးနက်နက်စဉ်းစားသုံးသတ် လေ့လာကြည့်စေချင်ပါတယ်။ဒါပေမဲ့ ကျွန်မဟာအဲ့ဒီကျင့်စဉ်များကို အားရကျေနပ်မှု မရှိခဲ့ပါဘူး။

၁၉၇၆-ခုနှစ် ဇူလိုင်လမှာ ဗုဒ္ဓဘာသာတရားရိပ်သာတစ်ခုမှာ မြတ်ဗုဒ္ဓရဲ့ သစ္စာလေးပါးတရားနဲ့ လက္ခာရေးသုံးပါးအကြောင်းကို ပတမဆုံးနာကြားရပါတယ်။အဲ့ဒီအချိန်ကစပြီး မြတ်ဗုဒ္ဓဟောကြားတဲ့ တရာတော်မှလွဲ၍ဘယ်အတွေးအခေါ် အယူအဆကိုမှ အားရကျေနပ်မှုမရှိခဲ့ပါ။
ဘာဘရာဂျင်နပ်စ်(အမေရိကန်)


(မေတ္တာရှင် -ရွှေပြည်သာ)
ကမ္ဘာ့ပညာရှင်တို့၏ ဗုဒ္ဓဘာသာအပေါ်အမြင်
အရှုံးမရှိသော ဒဿန

ဧကောဓမ္မော။




အမှန်အားဖြင့် သိစရာဟူသမျှသည် အရေအတွက်အားဖြင့် 'အများ'ဖြစ်သော်လည်း အရည်အချင်းအားဖြင့် 'တစ်ခု' တည်းသာ ဖြစ်၏။ယင်းကိုပင် 'ဧကောဓမ္မော' ဟူ၍ ဆိုကြ၏။

တစ်ခုတည်းသော တရား"ဧကောဓမ္မော" ဟူသည်မှာ သမုဒယသစ္စာ သို့မဟုတ် နိရောဓသစ္စာပင်ဖြစ်၏။

အနေကဇာတိသံသာရံချီ ဂါထာ၌သမုဒယသစ္စာကိုပင်
တစ်ခုတည်းသော တရား "ဧကောဓမ္မော"အဖြစ်ဖော်ပြထားသည်ကို တွေ့ရ၏။

အမှန်အားဖြင့်လည်း သမုဒယသစ္စာကို မြင်ပါမှ နိရောဓသစ္စာကို မြင်နိုင်မည် ဖြစ်၏။ နိရောဓသစ္စာကိုမြင်လျှင်တပြိုင်နက်တည်း သစ္စာလေးပါးလုံးကို မြင်ပြီးဖြစ်၏။

ထို့ကြောင့် အရေအတွက်အားဖြင့်သစ္စာလေးပါးကို မြင်ခြင်းဟူသည်အရည်အချင်းအားဖြင့် သမုဒယသစ္စာ သို့မဟုတ် နိရောဓသစ္စာကို မြင်ခြင်းပင်ဖြစ်ပါ၏။

သို့ဖြစ်၍ သစ္စာလေးပါးကို မြင်ခြင်းကိုပင်" ဧကောဓမ္မော " ကို မြင်ခြင်းဟူ၍ဆိုရ၏။

(အာ နန္ဒ ထေ ရ ပ ဥှာ ဝ တ္ထု)

ဦီးရွှေအောင်၏ ဓမ္မပဒ ကောက်နုတ်ချက်စာစုများ မှ။

ယမမင်း တောင့်တသောဆုတောင်း (၅) ချက်



ယမမင်းသည် သူတော်ကောင်းကြီးဖြစ်ပြီး ငရဲပြည်သို့ ရောက်လာသော သူများကို လူ့ဘ၀ တစ်လျှောက်လုံး ဘာကုသိုလ်မှ မပြုဘဲ မေ့လျောနေသူများ အားတွေ့ မြင်ရသောအခါ သံဝေဂ ရကာ အောက်ပါ တောင့်တချက် ငါးမျိုးကို တောင့်တသည်။

(၁) ယမမင်းကြီးက လူဖြစ်ရင်ကောင်းမှာဘဲ ဟုတောင့်တသည်။
(၂) လူဖြစ်ရင်လည်း ဘုရားနှင့် တွေ့ ရပါစေဟု တောင့်တသည်။
(၃) ဘုရားနဲ့တွေ့ ရင်လည်း ဘုရားနားမှာ အလုပ်အကျွေးပြု ပြီး နီးကပ်စွာ ချဉ်းကပ်နိုင်ပါစေ ဟု တောင့်တသည်။
(၄) ဘုရား၏ တရားကို နာကြားရပါစေ ဟု တောင့်တသည်။
(၅) တရားနာပြီးနောက် တရားသိရပါစေဟု တောင့်တသည်။

ယခု အခါ မိမိတို့မှာ ယမမင်းလိုချင်နေသော တောင့်တချက်ကို ပိုင်ဆိုင်ပြီးသူများ ဖြစ်နေကြသည်။

ဘုရား သာသနာနှင့် တွေ့ ပြီး ၊ ဘုရား၏ တရားကို ဘုရားသားတော် များထံမှ ကြားနာနေကြရသည်။

ဘုရားနဲ့ တန်းတူ ဆည်းကပ်နိုင်သောသံဃာ တော်များကို အနီးကပ် ဆွမ်းကျွေး လှူဒါန်းခွင့်၊ တရားမေးလျှောက်ခွင့်များပါ ရရှိနေပါသည်။

နာကြားရသောအတိုင်း လိုက်နာကျင့် ကြံ ပါက တရားရနိုင်သော ဘ၀ကို လည်း အမှန်တကယ် ပိုင်ဆိုင်ထားသောကြောင့် မိမိရောက်ရှိနေသော အနေအထားနှင့် ဘ၀ကို တန်ဖိုးထားကာ မိုးရွာတုန်းရေခံ ပြီး ဘ၀ ဇာတ်သိမ်း ချုပ်ငြိမ်းကာ သာသနာတော်ကို တန်ဖိုးထားလေးစားနိုင်ကြပါစေ။


နတ်ရေကန်ဆရာတော် တရားမှ

Thursday, October 10, 2013

ကုသိုလ်ကောင်းမှု ကြိုတင်ပြု။


အိုရမည့်ဘေး မရောက်သေး
မျှော်တွေးဆင်ခြင်ပါ။
မအိုရခင် ကောင်းမှုပင်
ကြိုတင်ပြုထားပါ။

နာရမည့်ဘေး မရောက်သေး
မျှော်တွေးဆင်ခြင်ပါ။
မနာရခင် ကောင်းမှုပင်
ကြိုတင်ပြုထားပါ။

သေရမည့်ဘေး မရောက်သေး
မျှော်တွေးဆင်ခြင်ပါ။
မသေရခင် ကောင်းမှုပင်
ကြိုတင်ပြုထားပါ။........

သဒ္ဓါလွန်လျှင်ကွန့်၏။
ပညာလွန်လျှင်ဆွံ့၏ ။
ဝီရိယလွန်လျှင်ပြန့်၏။
သမာဓိလွန်လျှင်တွန့်၏။
သတိသာလျှင် လွန်သည်မရှိ
လိုသည်သာတည်း။

သဒ္ဓါနှင့် ပညာ
ဝီရိယနှင့် သမာဓိကို
မျှတ စေကာ အားထုတ်ရာ၏ဟု
ဗုဒ္ဓဘုရားရှင် ဟောကြားအပ်သည်နှင့်
အညီ သိက္ခာသုံးရပ်အကျင့်မြတ်ကို နေ့ညမခြား ကျင့်ကြိုးစား ပွားများနိုင်ကြပါစေသောဝ်။.................

ရတနာ လင်္ကာရ ဆရာတော်။

မေ့ခြင်း(၃) မျိုး


၁။ အမေ့ကြီး မေ့နေတာရယ်

၂။ အသင့် အတင့် မေ့နေတာရယ်

၃။မမေ့သင့်တာကို မေ့နေတာရယ်။ ဟူ၍ မေ့ခြင်း သုံးမျိုးရှိတယ်။

၁။ အမေ့ကြီးမေ့နေတယ်ဆိုတာ-
----------------------------------
ဒုစရိုက်မှုတွေပြုနေတဲ့ ပုဂ္ဂိုလ်တွေပါဘဲ။
အထက်တန်းကျကျ နေထိုင်ချင်ကြတဲ့ အတွက်
ဒုစရိုက်မှုတွေ မရှောင်ဘဲ အသက်မွေးပြီး နေတဲ့ ပုဂ္ဂိုလ်တွေက အမေ့ကြီးမေ့နေကြတာဖြစ်တယ်။
ကွယ်လွန်ရင် အပါယ်ငရဲရောက်သွားပါမယ်။
အပါယ်သံသရာသို့ မြုပ်ကျသွားလိမ့်မယ်။

(ဒုစရိုက်သာ ပြုလုပ်ခါ နေတာမေ့သည်မည်။)

၂၊ အသင့်အတင့် မေ့နေတယ်ဆိုတာ-
-------------------------------------------
လောကီအာရုံ ကာမဂုဏ်တွေမှာ စိတ်ညွတ်တာများနေတယ်၊
အာရုံငါးပါးဖြစ်တဲ့ အဆင်း အသံ အနံ့ အရသာ အတွေ့အထိ တွေမှာခံစားဖို့သာ စိတ်ကညွတ်တာ များနေတယ် ဆိုလို့ရှိရင်လည်း မေ့ခြင်းတစ်မျိုးဘဲ။
လောကီ အာရုံ ကာမဂုဏ်မှာ စိတ်တွေများသွားရင်
ဒီဖက် လောကုတ္တရာအာရုံ၊ တရားဓမ္မအာရုံတွေ နည်း
သွားရင် ထိုပုဂ္ဂိုလ်ဟာ ဒုတိယဘ၀စသည်မှာ ဘဝ
သံသရာ၌ နစ်မြုပ်သွားနိုင်တယ်။

(ကာမဂုဏ်မှာ၊ စိတ်ညွတ်တာ၊ နေတာမေ့သည်မည်။)

၃။ မမေ့သင့်တာကို မေ့နေတယ်ဆိုတာ
-------------------------------------------
ဝိပဿနာတရား အားထုတ်နေတဲံ့ ပုဂ္ဂိုလ်သည်ပင်လျှင်
တစ်ခါတစ်ခါမေ့ပြီး အမှတ်တွေလွတ်ပြီးတော့ နေမိ
တတ်တယ်။ဒီမေ့ခြင်းကတော့ အပါယ်မလားနိုင်ပါဘူး။
အမှတ်ကျဲလို့ တရားအတက်နှေးတာ တရားထူးတရား
မြတ်ရတာနှေးသွာခြင်းသာဖြစ်ပါတယ်။အမှတ်သတိ
တွေ အမြဲကပ်နေရမယ်။ဒီလိုမေ့ခြင်းမျိုးမမေ့ရအောင်
မြတ်စွာဘုရားက

”မမေ့ကြနဲ့၊မမေ့ကြနဲ့၊ကျင့်ကြ၊ အားထုတ်ကြ”

လို့ဟော်တော်မူပါတယ်၊ အဓိပ္ပါယ်က သာမန် ဒါန သီလ၊ သမထ ကုသိုလ်လောက်နဲ့ လူ့စည်းစိမ် နတ်စည်းစိမ်၊ဗြဟ္မာစည်းစိမ်လောက်နဲ့ မေ့မနေကြနဲ့၊ အပါယ်သံသရာမှ လွတ်အောင် ကိုယ်အား ဥာဏ်အား ရှိသမျှ ရှုမှတ်ပြီးနေကြ၊ အမှတ်သတိဖြင့် မပြတ် မလပ် ရှုမှတ် နေကြပါလို့ ဟော်တော် မူရင်းဖြစ်တယ်။

(သဒ္ဓမ္မရံသီရိပ်သာ ဆရာတော်ဘုရားကြီး)

ဆုံးမသွန်သင်ခြင်း နှင့် ပြစ်တင်ကဲရဲ့ ခြင်း


ဆုံးမသွန်သင်ခြင်းကို အပြစ်မှ ကင်းလွတ်စေလိုတဲ့
ကုသိုလ်စေတနာက ပံ့ပိုးပါတယ်။
ပြစ်တင်ကဲ့ရဲ့ ခြင်းကိုတော့ အရှက်တကွဲ အကျိုးနည်း
ဖြစ်စေချင်တဲ့ အကုသိုလ် စေတနာက ပံ့ပိုးပေးပါတယ်။
ဒါကြောင့်…
ဆုံးမသွန်သင်ခြင်းနဲ့ ပြစ်တင်ကဲ့ရဲ့ ခြင်းဟာ
ဆီနဲ့ရေလို ကွာခြားပါတယ်။

မေတ္တာရှင် ( ရွှေပြည်သာ ) ဆရာတော်

ဖြေလျှော့လိုက်ကြစို့

သံသရာခရီးရှည်ကြီးကို တစ်ယောက်တည်းလျှောက်လှမ်းလို့

ရတာမဟုတ်တော့လည်း အပေါင်းအဖော်မိတ်ဆွေဆိုတာတွေနဲ့

မလွဲမသွေဆုံစည်းကြရမှာပါပဲ။

တွေ့ခိုက်ဆုံခိုက် လက်တွဲခိုက်မှာ

သံယောဇဉ်နှောင်ကြိုးမပါတဲ့ မေတ္တာစိတ်သန့်သန့်လေးနဲ့

သူ့တာဝန်ကိုယ့်တာဝန်ကျေပွန်စွာ ချစ်ခင်ကြင်နာလိုက်ကြမယ်ဆိုရင်

ဘ၀ခရီးဖော်တွေနဲ့ မလွှဲမရှောင်သာလမ်းခွဲကြရတဲ့အခါ

ဝမ်းနည်းပူပန်နေစရာမလိုတော့ပါဘူး။

နှုတ်ဆက်ထွက်ခွာသူနဲ့ လက်ပြကျန်ရစ်ခဲ့သူ

ဘယ်သူပိုဝမ်းနည်းရပါသလဲ။

ထွက်ခွာသူက ပိုသံယောဇဉ်ကြီးရင်

သူပိုဝမ်းနည်းရမှာပါ။

ကျန်ရစ်ခဲ့သူက ပိုသံယောဇဉ်ကြီးရင်

သူပိုဝမ်းနည်းရမှာပါ။

နှစ်ယောက်လုံး ညီတူသံယောဇဉ်ကြီးရင်တော့

နှစ်ယောက်လုံးညီတူဝမ်းနည်းရမှာပေါ့။

လမ်းခွဲမှာဝမ်းနည်းစရာမလိုအောင်

သံယောဇဉ်နှောင်ကြိုးတွေကို

အတတ်နိုင်ဆုံး ဖြေလျှော့လိုက်ကြစို့လားကွယ်။

အရှင်ဆန္ဒာဓိက( ရွှေပါရမီတောရ )

အရှင်ဆန္ဒာဓိက၏ လမ်းခွဲတာဝမ်းနည်းစရာလား စာအုပ်မှ။

လိုက်နာဖို့

လူ့ပြည်တွင် အကောင်းဆုံးနှင့် အလှပဆုံးသော
အသွင်အပြင်ကား ရိုးသားဖြောင့်မတ်ခြင်းနှင့်
ယဉ်ကျေးခြင်း အမူအရာပင် ဖြစ်ပေသည်။
အထူးသဖြင့် ကြမ်းတမ်းရိုင်းပျသောအမူအရာ ၊
ဆန်းပြားလွန်းသော အမူအရာ၊ ဣနြေ္ဓမဲ့လွန်းသော အမူအရာ
မျိုးကို တစ်ကြိမ်တစ်ခါမျှ မပြုမိစေရန်သတိပြု ရှောင်ရှားရာသည်။

( တောင်တန်းသာသနာပြုဆရာတော်ဘုရားကြီး )

'အကြောင်းကို ရှာကြည့်တတ်ရမယ်။




စေတနာက လောဘနဲ့ တွဲရင်
ငါရဖို့ချည်းဖြစ်လာတတ်တယ်။

နောက် အဲဒီစေတနာကပဲ
ဒေါသနဲ့တွဲလိုက်ရင်
သတ်ဖြတ်ဖို့ဖြစ်တတ်တယ်။

မောဟနဲ့တွဲ လိုက်ပြန်တော့
ပညာမဲ့တာတွေဖြစ်လာတယ်။

မကောင်းတာတွေ
ဘာကြောင့်ဖြစ်လာလဲမေးရင်
စေတနာနဲ့မကောင်းတဲ့
အကြောင်းသုံးပါးတွဲမိလို့…ဒါပဲ…


လောဘနည်းအောင်ကျင့်ရင်
သူများ အတွက်ဆောင်ရွက်တတ်လာတယ်။

ဒေါသနည်းအောင်ကျင့်သုံးရင် ငြိမ်းချမ်းရေးဖြစ်တယ်။

မောဟနည်းအောင်ကျင့်ရင်တော့
ပညာတတ်တွေဖြစ်လာကြမယ်။

ကောင်းတာတွေဘာကြောင့်ဖြစ်ဆိုရင်
စေတနာနဲ့ကောင်းတဲ့.
အကြောင်းသုံးပါးပေါင်းမိလို့.. ဒါပဲ…..။


သီတဂူဆရာတော်ဘုရားကြီး။

Wednesday, October 9, 2013

. သာသနာ့ အာဇာနည် . . . "

.

ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။

သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။

မြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။

သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။

မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။

တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင်ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။

မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။

ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။

မပျံလွန်မီ အချိန်ထိ ဘာသာ သာသနာအကျိုး ဆောင် ရွက်တော်မူခဲ့သူ……။

(၃၁) ဘုံ ဝေနေယျာတို့ အပေါ်တွင် မေတ္တာတရား လွန်စွာ ကြီးမားသူ……။

တိပိဋက ဓရ ဆရာတော် ကိုယ်တိုင် ဖြစ်တော်မူပြီး များပြားစွာသော တိပိဋက ဆရာတော်များ မွေးထုတ်ပေးခဲ့သူ……။

အနာဂတ် သာသနာအကျိုး ရည်မျှော်၍ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး နှင့် ရန်ကုန်) တို့အား တည်ဆောက်ကာ မျိုးစေ့များ ကြဲပေးတော်မူခဲ့သူ……။

များပြားလှစွာသော သာသနာရေး၊ အမျိုးသားရေး တို့ကို ရွက်ဆောင်တော်မူခဲ့သော မင်းကွန်းဆရာတော် ဘုရားကြီးအား ရှိခိုး ပူဇော်အပ်ပါသည်။

Aye Chan Mon မှ မှီငြမ်း ဖြည့်စွက်ပါသည်။