ပတ္တမြားရိပ်သာကျောင်းတိုက် (ခွဲ) (ပြင်ဦးလွင် )
Wednesday, October 16, 2013
ဧကောဓမ္မော။
အမှန်အားဖြင့် သိစရာဟူသမျှသည် အရေအတွက်အားဖြင့် 'အများ'ဖြစ်သော်လည်း အရည်အချင်းအားဖြင့် 'တစ်ခု' တည်းသာ ဖြစ်၏။ယင်းကိုပင် 'ဧကောဓမ္မော' ဟူ၍ ဆိုကြ၏။
တစ်ခုတည်းသော တရား"ဧကောဓမ္မော" ဟူသည်မှာ သမုဒယသစ္စာ သို့မဟုတ် နိရောဓသစ္စာပင်ဖြစ်၏။
အနေကဇာတိသံသာရံချီ ဂါထာ၌သမုဒယသစ္စာကိုပင်
တစ်ခုတည်းသော တရား "ဧကောဓမ္မော"အဖြစ်ဖော်ပြထားသည်ကိ
ု တွေ့ရ၏။
အမှန်အားဖြင့်လည်း သမုဒယသစ္စာကို မြင်ပါမှ နိရောဓသစ္စာကို မြင်နိုင်မည် ဖြစ်၏။ နိရောဓသစ္စာကိုမြင်လျှင်တပြိုင်န
က်တည်း သစ္စာလေးပါးလုံးကို မြင်ပြီးဖြစ်၏။
ထို့ကြောင့် အရေအတွက်အားဖြင့်သစ္စာလေးပါးကို မြင်ခြင်းဟူသည်အရည်အချင်းအားဖြင
့် သမုဒယသစ္စာ သို့မဟုတ် နိရောဓသစ္စာကို မြင်ခြင်းပင်ဖြစ်ပါ၏။
သို့ဖြစ်၍ သစ္စာလေးပါးကို မြင်ခြင်းကိုပင်" ဧကောဓမ္မော " ကို မြင်ခြင်းဟူ၍ဆိုရ၏။
(အာ နန္ဒ ထေ ရ ပ ဥှာ ဝ တ္ထု)
ဦီးရွှေအောင်၏ ဓမ္မပဒ ကောက်နုတ်ချက်စာစုများ မှ။
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment