အိမ်တွင်းမှုလုပ်၊ သိမ်းထုပ်သေချာ၊ မိစ္ဆာကြဉ်ရှောင်၊
လျော်အောင်ဖြန့်ချိ၊ ပျင်းရိမမူ၊ ၀တ်ငါးဆူ၊ အိမ်သူ ကျင့်အပ်စွာ။ (၁)
အိမ်တွင်းအမှုလုပ်ငန်းများကို လုပ်ကိုင်စီမံခြင်း၊ (၂) ခင်ပွန်းအပ်နှင်းသော
ဥစ္စာပစ္စည်းများကို စနစ်တကျ သေသေချာချာ သိမ်းဆည်းထားခြင်း၊ (၃)
မိမိခင်ပွန်းမှတပါး အခြားယောကျာ်းများနှင့် မဖောက်ပြန် မမှားယွင်းခြင်း၊
(၄) မိမိဘက်ဆွေမျိုး၊ ခင်ပွန်းဘက်ဆွေမျိုးများကို မျှမျှတတ
ဝေငှပေးကမ်းခြင်း၊ (၅) လုပ်ငန်းကိစ္စများ ဆောင်ရွက်ရန် မပျင်းရိဘဲ
လုံ့လ၀ီရိယရှိခြင်း။
No comments:
Post a Comment