Wednesday, January 29, 2014

★ မစွန့်‌နိုင်‌ မစားနိုင်‌သူ★


တစ်‌ခါတုန်းက သာဝတ္ထိပြည်‌မှာ အပုတ္တကသူ‌ဋ္ဌေးဆိုတဲ့
နာမည်‌ကြီးသူ‌ဋ္ဌေးကြီးတစ်‌ဦး ရှိခဲ့ဘူးပါတယ်‌

သူ့တစ်‌သက်‌မှာ ဘယ်‌သူ့ကိုမှ သူပိုင်‌ပစ္စည်း ဘာတစ်‌ခုကိုမျှ မ‌ပေးဘူးတဲ့သူလို့ စာတင်‌ရ‌လောက်‌‌အောင်‌
နှ‌မြောတွန့်‌တိုကပ်‌‌စေးနဲတဲ့သူပါ။

သူများကို ‌ပေးဖို့ ‌ကျွေးဖို့ မသဒ္ဓါတာလားလို့ သူ့ကိုယ်‌သူ ‌တောင်‌မှ မသဒ္ဓါတဲ့သူပါ ‌ကောင်း‌ကောင်းစားနိုင်‌ရဲ့သားနဲ့ အညံ့ဆုံးထမင်းကိုသာ စားပါတယ်။‌ ‌ကောင်း‌ကောင်းဝတ်‌နိုင်‌ရဲ့သားနဲ့ အစုတ်‌အပြတ်‌ အဖာအ‌ထေးကိုသာ ၀တ်‌ပါတယ်။

‌ အိမ်‌‌ကောင်းရာ‌ကောင်း‌နေနိုင်‌‌ပေမဲ့ ၀ါးတဲ ထန်းလက်‌တဲမှာ ‌နေပါတယ်။‌ ကု‌ဋေ‌ပေါင်းများစွာ ပိုင်‌ဆိုင်‌ထားတဲ့ သူ့ဥစ္စာ သူ့ပစ္စည်း‌တွေ ပွန်းပဲ့ ကုန်‌ခန်းဘ‌လျော့နည်းသွားမှာကို ‌ကြောက်‌လို့ပါ။

ရနိုင်‌သမျှနည်းမျိုးစုံနဲ့ ရှာသာရှာပါတယ်။‌ ရှာသမျှကိုလည်း စုပါတယ်‌။ စားလည်းမစား သုံးလည်းမသုံး ‌ပေးလည်းမ‌ပေး လှူလည်းမလှူ နဲ့ ခြိုးခြံခြစ်‌ချုပ်‌ပြီး ‌နေသွားလိုက်‌တာ ‌သေသွားတဲ့အထိပါဘဲ ‌

သေသွားချိန်‌မှာ ဥစ္စာပစ္စည်း‌တွေ အများအပြား ကျန်‌ရစ်‌ခဲ့ပါတယ်‌ အ‌မွေဆက်‌ခံမယ့်‌ သားသမီးလည်း မရှိတဲ့အတွက်‌ ကျန်‌ရစ်‌တဲ့ ပိုင်‌ရှင်‌မဲ့ပစ္စည်း‌တွေကို ‌ကောသလမင်းက မင်းဘဏ္ဍာအဖြစ်‌ သိမ်းဆည်းလိုက်‌ပါတယ်‌ ‌
ရွှေ‌ငွေ‌တွေကို လှည်းအစီး‌ပေါင်းများစွာနဲ့ သယ်‌ယူခဲ့ရတာပါ ‌သေသွားတဲ့ သူ‌ဋ္ဌေးလက်‌ထဲမှာ ဘာမျှပါမသွားပါဘူး။ အပ်‌တိုအပ်‌စ‌လေး‌တောင်‌ ယူမသွားနိုင်‌ပါဘူး အကုန်‌ထားပစ်‌ခဲ့ရပါတယ်။‌ သူများ‌တွေသုံးဖို့သာ ကျန်‌ခဲ့ပါတယ်။

‌ ဘုန်းကြီးတို့ပရိသတ်‌ ‌နေ့တိုင်း ‌နေ့တိုင်း ‌နေ့ရှိသမျှ ကိုယ်‌ရှာ‌နေတာ ဘာအတွက်‌လို့ စဉ်းစားရမှာပါ ရလာသမျှကို အကျိုးရှိမဲ့‌နေရာမှာ သုံးစွဲရမှာပါ။

ကိုယ့်‌အကျိုး အများအကျိုး မျှတ‌အောင်‌ ခွဲ‌ဝေသုံးစွဲဖို့ အ‌ရေးကြီးပါတယ်။‌ ဒီဘ၀အတွက်‌လည်း သုံးပြီး‌တော့ ‌နောက်‌ဘ၀အတွက်‌ သံသရာအတွက်‌ ‌ပေးကမ်းလှူဒါန်းမှု‌တွေလည်း ပြုဖို့လိုပါတယ်‌
လှူလိုက်‌တာဟာ ယူသွားတာနဲ့အတူတူပါပဲ အကျိုးရှိ‌အောင်‌အသုံးချလိုက်‌တာဟာ ကိုယ့်‌အတွက်‌ရသွားတာနဲ့ အတူတူပါပဲ ဒါ‌ကြောင့်‌ ကိုယ့်‌ပစ္စည်း ကိုယ့်‌ဥစ္စာကို စားရဲဖို့လိုသလို စွန့်‌ရဲဖို့လည်းလိုပါတယ်။

‌ မစွန့်‌ရဲ မစားရဲတဲ့ အပုတ္တကသူ‌ဋ္ဌေးက အသက်‌ရှင်‌စဉ်‌မှာ ဘာ‌ကောင်းမှုမျှ ပြုမသွားတဲ့အတွက်‌ ‌သေပြီးတဲ့‌နောက်‌ အပါယ်‌ဒုဂ္ဂတိကို ‌ရောက်‌သွားပါတယ်။‌ ကျန်‌ခဲ့တဲ့ပစ္စည်း‌တွေလည်း ‌နောက်‌ဆုံး‌တော့ သူများလက်‌ကိုသာ ‌ရောက်‌သွားရပါတယ။

်ဓမ္မဒူတ ဒေါက်တာပညိဿာရာဘိဝံသ။

"ဘုရားရှိခိုးရသည့်အကျိုးများ"


အဘိဓမ္မာနည်းနဲ့ ပြောရမယ်ဆိုရင် ဘုရားရှိခိုးနေစဉ်အချိန်မှာ မဟာကုသိုလ်စိတ်ဖြစ်ပေါ်နေတဲ့အတွက် မဟာကုသိုလ်စိတ် ရရှိ တယ်လို့ပြောရပါမယ်၊ မဟာကုသိုလ်စိတ်က ဘယ်လောက်အကျိုးပေးသလဲလို့ ထပ်ဆင့်မေးမြန်းရင် ဘုရားရှိခိုး ရတဲ့အတွက် အကျိုးတရား (၁၇)ပါးကို ဆုမတောင်းဘဲရရှိနိုင်ပါတယ်။ အဲ့ဒီအကျိုးတရားတွေကတော့.......

(၁) စေတီအိမ်နှင့်တူသည်ဖြစ်၍ သူတစ်ပါးတို့ရှိခိုးထိုက်ခြင်း၊

(၂) စိတ်၏ရဲရင့်တည်ကြည်မှု့ရှိခြင်း၊

(၃) သေသောအခါနတ်ပြည်စသည့်ကောင်းသောသုဂတိ ဘ၀သို့ ရောက် ရခြင်း၊

(၄) နောင်- မြတ်စွာဘုရားရှင်နှင့် တွေ့ရသောအခါ သစ္စာလေးပါးကို
သိလွယ်ခြင်း၊

(၅) မြတ်သောအမျိုး၌ဖြစ်ရခြင်း၊

(၆) အရိုအသေအလေးအမြတ်ပြုခံရခြင်း၊

(၇) ချီးမွမ်းထိုက်သော ကိုယ်အင်္ဂါနှင့်ပြည့်စုံခြင်း၊

(၈) အဆင်းလှခြင်း၊

(၉) ကိုယ်အနံ့မွေးပျံ့ခြင်း၊

(၁၀) ခံတွင်းအနံ့မွှေးပျံ့ခြင်း၊

(၁၁) ကြီးကျယ်သောပညာ နှင့်ပြည့်စုံခြင်း၊

(၁၂) နက်နဲသောပညာ နှင့်ပြည့်စုံခြင်း၊

(၁၃) ထက်သောပညာ နှင့်ပြည့်စုံခြင်း၊

(၁၄) ရွှင်သောပညာ နှင့်ပြည့်စုံခြင်း၊

(၁၅) လျင်သောဥာဏ်ပညာ နှင့်ပြည့်စုံခြင်း၊

(၁၆) ဆန်းကြယ်သောဥာဏ်ပညာ နှင့်ပြည့်စုံခြင်း၊

(၁၇) ကောင်းသောစကားကိုပြောဆိုနိုင်ခြင်းတို့ဖြစ်ပါတယ်။

ဘုရားရှစ်ခိုးတဲ့မဟာကုသိုလ်စိတ်ကြောင့် အကျိုးပေးပုံကိုသာဓက တင်ပြရရင် - ရာဇဂြိုလ်ပြည်ရှိ ကာလီအမျိုးသမီးလေးဟာ ဘုရားရှင်ပွင့်တော်မူကြောင်းတဆင့်စကားကြားရရုံနဲ့ ဘုရားရဲ့ဂုဏ်တော်ကို မှန်းဆ၍ကြည်ညိုသောစိတ်ဖြင့် ရှိခိုးရာမှာ တရား အမြင်ပေါက်ပြီး သောတပန်ဖြစ်ခဲ့ဖူးပါတယ်။(သုတ္တနိဋ္ဌ၊သ၊ ၂၀၅)

ထိုနည်းတူရာဇဂြိုလ်ပြည်ရှိ စဏ္ဍာလီအမျိုးသမီးကြီး ဟာ သေခါနီးကာလတွင် ဘုရားရှင်အားတစ်ကြိမ် တစ်ခါရှိခိုးရုံမျှဖြင့် သူကျရောက်မဲ့ဆဲဆဲ အပါယ်ငရဲကလွတ်မြောက်သွားခဲ့ပါတယ်။(၀ိမာန၊ ပါ၊ ၂၅)
ဓမ္မမိတ်ဆွေအပေါင်းဗဟုသုတပြည့်ဝနိုင်ကြပါစေ၊ မျိုးမြင့်(အောင်လံ)
ဓမ္မ၀ီရဂျာနယ် တွဲ(၃၁) အမှတ်(၁)


သာသနာနဲ့ကြုံရတာ သစ္စာလေးပါသိဖို့ပါ


မြတ်စွာဘုရား၏သာသနာတော်မှာ သစ္စာလေးပါး သိဖို့ရာ အရေးကြီးဆုံးပဲ။
သစ္စာလေးပါးကိုသိရင် သာသနာမှာ ကျင့်သင့်ကျင့်ထိုက်တဲ့ ကျင့်ဝတ်တာဝန်တွေဟာ အကုန်လုံးပြည့်စုံသွားတော့တာပဲ


သစ္စာလေးပါးကို မသိနိုင်ကြတဲ့အတွက် ဘ၀သံသရာထဲမှာ ဒုက္ခအမျိုးမျိုးတွေနဲ့ တွေ့နေကြရတယ်။
သစ္စာလေးပါးကို သိသွားလို့ရှိရင် ဒီသံသရာဝဋ်ဆင်းရဲတွေက အကုန်လုံးကင်းလွတ်သွားကြတယ်။
ရှေးရှေးသော ဘုရားတွေလည်း ဒီသစ္စာလေးပါးကို သိပြီးတော့ နိဗ္ဗာန်ကို ၀င်ကြရတယ်။


မြတ်စွာဘုရားရဲ့ တပည့်သားဖြစ်တဲ့ ရဟန္တာပုဂ္ဂိုလ်တွေလည်း ဒီသစ္စာလေးပါးကိုသိပြီးတော့ နိဗ္ဗာန်ကို ၀င်ကြရတယ်။
နောက် နောင်သောအခါ ကာလမှာလည်း ပွင့်တော်မူလတံ္တသော ဘုရားတွေရော ၊ မြတ်စွာဘုရား၏တပည့်သား သာဝကတွေရော ၊ ကြားထဲမှာပွင့်မယ့် ပစ္စေက ဗုဒ္ဓ္ဗရော ဒါတွေလည်းပဲ သစ္စာလေးပါးတရားကိုသိပြီးတော့ နိဗ္ဗာန်ကို ၀င်ကြရမှာပါ။


ဒီသစ္စာလေးပါးတရားကို သိဖို့ရာအလွန်အရေးကြီးတယ်။ အရေးကြီးလို့မြတ်စွာဘုရား တရားဦးဟောထဲက ဓမ္မစက္ကပ၀တ္တနသုတ်လို့ခေါ်တဲ့ ဓမ္မစကြာတရားဟာ သစ္စာလေးပါးတရားကို အခြေခံတည်ပြီးတော့ ဟောထားတာပါ။
သစ္စာလေးပါးတရားကို မိမိကိုယ်တိုင် သိလာခဲ့တဲ့အကြောင်း သစ္စာလေးပါးတရားကို ဘယ်ပုံဘယ်နည်းနဲ့သိလာတယ်ဆိုတာတွေကို ထုတ်ဖေါ်ပြီးဟောသွားတယ်။


မြတ်စွာဘုရားဟောတိုင်း ဟောတိုင်း တရားဒေသနာတိုင်းမှာ ဒီသစ္စာလေးပါးတရားသိဖို့ချည်းပဲရည်ရွယ်ပြီးဟောတာပဲ။
တိုတိုဟောဟော ၊ ရှည်ရှည်ဟောဟော ၊ တိုက်ရိုက်ဟောဟော ၊ သွယ်ဝိုက်ဟောဟော ၊ဒီသစ္စာလေးပါးသိဖို့ဟောတာပဲ။


သတိပဋ္ဌာနသုတ်မှာလည်း အစပထမပိုင်းကနေပြီး ကာယာနုပဿနာတွေဟောလာတယ်။
ဒါလည်းပဲသစ္စာလေးပါးတရားသိဖို့ ဟောတာပဲ။
ကာယယနုပဿနာဆိုတဲ့ ကိုယ်အမူအရာ ရုပ်တွေ ကိုယ်ရုပ်တွေဟာ ဒုက္ခသစ္စာထဲက အတွင်းဝင်နေတဲ့တရားတွေပဲ။
အဲဒိ ဒုက္ခသစ္စာတရားကို သိလိုက်လို့ရှိရင် ဒုက္ခသစ္စာနဲ့ဆိုင်ရာ သမုဒယသစ္စာလည်းသိတာပဲ။
နိရောဓသစ္စာတို့ မဂ္ဂသစ္စာတို့လည်း သိသွားတာပဲ။


အဲ့တာကြောင့် ကာယာနုပဿနာဟောတာလည်း သစ္စာလေးပါးတရားသိဖို့ဟောတာပဲဖြစ်တယ်။
ထို့အတူ ဝေဒနာနုပဿနာဟောတယ်။
သစ္စာလေးပါးသိဖို့ဟောတာပဲ။
စိတ္တာနုပဿနာဟောတယ်။
သစ္စာလေးပါးသိဖို့ဟောတာပဲ။
ဓမ္မာနုပဿနာထဲက နီဝရဏတရားငါးပါးကို ရှု့ဖို့ဟောတယ်။
ဒါလည်းပဲ သစ္စာလေးပါးတရားသိဖို့ ဟောတာပဲ။
ခန္ဓာငါးပါးကိုဟောတယ်။
သစ္စာလေးပါးသိဖို့ဟောတာပဲ။
အာယတန ၁၂ ပါး ၊ အာယတနပိုင်းကိုဟောတယ်။ သစ္စာလေးပါးသိဖို့ဟောတာပဲ။
ဗောဇ္ဈင်ပိုင်းကိုဟောတယ။်
သစ္စာလေးပါးသိဖို့ဟောတာပဲ။


သစ္စာလေးပါးကို အမှန်အတိုင်း သိဖို့တော့လိုတယ်။
သစ္စာတရားဆိုတာ ပါဠိလို သစ္စ ၊ မြန်မာလို သစ္စာ လို့ရေးသားကြတယ်။
အမှန်တရားပဲ။ မှန်တယ် တဲ့။
မှန်တာကို သစ္စာလို့ခေါ်တယ်။


မှန်တယ်ဆိုတာတွေက အမျိုးမျိုးရှိတယ်။
သူ့အယူဝါဒနဲ့သု မှန်နေတာတွေလည်း ရှိတာပဲ။
အဲဒါတွေက ဒိဋ္ဌိသစ္စာတွေလို့ခေါ်တယ်။
ဒီလိုဟာတွေလည်းရှိတာပဲ။
ဘာသာတိုင်း ဘာသာတိုင်းမှာ ကိုယ့်အယူဝါဒနဲ့ကိုယ့်တရားတွေကို မှန်တယ်လို့ဆိုပြီးတော့ ဒီလိုပဲ ၀န်ခံကြတယ်။
အဲဒါတွေကတော့ ဒိဋ္ဌိသစ္စာတွေပဲတဲ့။
အယူဝါဒတွေကိုပဲ ကိုယ့်အယူဝါဒနဲ့ကိုယ် မှန်တယ်လို့ပြောနေတာတဲ့။
တစ်ကယ်မှန်တယ်လို့တော့ မဟုတ်ဘူးပေါ့။ ကိုယ့်ဟာနဲ့ကိုယ် မှန်နေတာ။



ဘိက္ခဝေ - ရဟန်းတို့
က္ကုဓ - ဤသာသနာတော်၌
ဘိက္ခု - သံသရာဘေးကို ရှု့မြင်သောရဟန်းသည်
ဘိက္ခု - သံသရာဘေးကို ရှု့မြင်၍ တရားကျင့်သုံးအားထုတ်နေသော ပုဂ္ဂိုလ်သည်
က္ကုဒံ - ဤသည်ကား
ဒုက္ခံ - ဆင်းရဲဖြစ်သော
အရိယာသစ္စံ - အရိယာတို့သိအပ်သောအမှန်တရားသည်
က္ကုတိ - ဤသို့
ယထာဘုတံ - ဟုတ်တိုင်းမှန်စွာ
ပဇာနာတိ - သိ၏။

အယံ - ဤသည်ကား
ဒုက္ခသမုဒယော - ဆင်းရဲဖြစ်ကြောင်းတရားဖြစ်သော
အရိယသစ္စံ - အရိယာတို့သိအပ်သော အမှန်တရားသည်
က္ကုတိ - ဤသို့
ယထာဘူတံ - ဟုတ်တိုင်းမှန်စွာ
ပဇာနတိ - သိ၏။
အယံ - ဤသည်ကား
ဒုက္ခနိရောဓော - ဒုက္ခ၏ချုပ်ငြိမ်းရာဖြစ်သော
အရိယသစ္စံ - အရိယာတို့သိအပ်သော အမှန်တရားသည်
က္ကုတိ - ဤသို့
ယထာဘူတံ - ဟုတ်တိုင်းမှန်စွာ
ပဇာနတိ - သိ၏။

အယံ - ဤသည်ကား
ဒုက္ခနိရောဓဂါမိနီပဋိပဒါ - ဆင်းရဲဒုက္ခ၏ ချု့ပ်ြငိမ်းရာဆိုက်ရောက်ကြောင်း အကျင့်ဖြစ်သော
အရိယသစ္စံ - အရိယာတို့သိအပ်သော အမှန်တရားသည်
က္ကုတိ - ဤသို့
ယထာဘူတံ - ဟုတ်တိုင်းမှန်စွာ
ပဇာနတိ - သိ၏။


(မဟာစည်ဆရာတော်ဘုရားကြီး)

ခင်လပြည့်ဝန်း Page မှ ကူးယူသည်

ဆင် ခြင် မှု အ ပ္ပ မာ ဒ။


တစ်ခါတုန်းက ဗာရာဏသီပြည်မှာ .
".အနိဝတ္တ..".လို့ အမည်ရတဲ့ ဗြဟ္မဒတ်မင်းတစ်ပါး အုပ်ချုပ်ခဲ့ဖူးပါတယ်..။ အဲဒီမင်းက စစ်တိုက်ထွက်ပြီဆိုရင် တစ်ဖက်ရန်သူကို အနိုင်မရမချင်း..... အလုပ်တစ်ခုလုပ်ပြီဆိုရင်လည်း မပြီးမချင်း.... နောက်ဆုတ်လေ့မရှိလို့  သူ့ ကို အားလုံးက ..."...အနိဝတ္တ.."...."...နောက်ပြန်မဆုတ်သူ."...လို့  ခေါ်ကြပါတယ်..။

တစ်နေ့ တော့ တောထဲကိုဥယျာဉ်ကစားထွက်တော့ တောမီးလောင်နေတာကို
တွေ့ လိုက် ရပါတယ်..။ တောမီးက မြက်သစ်ရွက် အစိုအခြောက် အားလုံးကို လောင်မြိုက်တဲ့နေရာမှာ.နောက်မဆုတ်ဘဲ..ရှေ့ ကိုသာတိုးတိုးပြီး
လောင်မြိုက်သွားပါတယ်..။

ဒါကိုမြင်တော့ အနိဝတ္တမင်းရဲ့ သန္တာန်မှာ ဆင်ခြင်မှု အပ္ပမာဒ ၀င်လာပါတယ်..။
...."..သြော်...ဒီတောမီးဟာ လောင်စာတွေကို နောက်မဆုတ်တမ်း ၀ါးမြိုလောင်မြိုက်ပစ်သလို ဇာတိ ဇရာ အစဖြာတဲ့ မီးဆယ့်တစ်ပါးဟာလည်း သတ္တ၀ါအားလုံးကို ဆင်းရဲဒုက္ခတွေ အကြီးအကျယ်ပေးပြီး နောက်မဆုတ်တမ်း ၀ါးမြို လောင်မြိုက်နေတာပါလား..။

ဘယ်တော့များမှ ငါလည်း ဒီဆင်းရဲ ဒုက္ခတွေ နောက်ဆုတ်သွားအောင် ကိလေသာလောင်စာတွေကို အရိယာမဂ်ဥာဏ်မီးနဲ့  နောက်မဆုတ်တမ်း လောင်မြိုက်ပစ်နိုင်ပါ့မလဲ...။ ...."


နည်းနည်းလေးဆက်သွားတော့ မြစ်ထဲမှာတံငါသည်တွေငါးဖမ်းနေတာ
တွေ့ ရပြန်ပါတယ်..။ ပိုက်ကွန်ထဲ ဖမ်းမိပြီးသား ငါးကြီးတစ်ကောင် ပိုက်ကွန်ကို ဖြတ်ဖေါက်ပြီး ထွက်ပြေးသွားတဲ့အတွက် .....
.....
"...ဟာ .....ငါးကြီး ထွက်ပြေးသွားပြီဟေ့......."..
လို့  ၀ိုင်းအော်သံကို ကြားလိုက်ရတဲ့ အခါမှာလည်း အနိဝတ္တမင်းရဲ့  သန္တာန်မှာ ဆင်ခြင်မှု အပ္ပမာဒ ၀င်ရောက်လာပြန်ပါတယ်..။
....

"... သြော်....ဒီငါးကြီး ပိုက်ကွန်ကို ဖြတ်ဖောက်ပြီး ထွက်ပြေးသွားသလိုပဲ ငါလည်း ဘယ်တော့များမှ တဏှာ ဒိဋ္ဌိပိုက်ကွန်ကို အရိယမဂ်ဥာဏ်နဲ့  ဖြတ်ဖောက်ပြီး မငြိမကပ် လွတ်လပ်စွာ ထွက်ပြေးလွတ်မြောက်နိုင်ပါ့မလဲ....။...".

ဆင်ခြင်မှု အပ္ပမာဒရဲ့  အစွမ်းကြောင့် သံဝေဂဥာဏ်အထွတ်အထိပ်ကို ရောက်ရှိသွားတဲ့ အနိဝတ္တမင်းဟာ မင်းစည်းစိမ်ကိုစွန့်  ရဟန်းပြုပြီး ရှုမှတ်မှု အပ္ပမာဒနဲ့  ၀ိပဿနာတရား ဆက်လက်အားထုတ်လိုက်တာ သိပ်မကြာခင်မှာပဲ ရဟန္တာဖြစ်ပြီး ပစ္စေက ဗောဓိဥာဏ်ပါ ယှဉ်တွဲရတဲ့အတွက် ပစ္စေကဗုဒ္ဓါ အရှင်မြတ်ကြီး တစ်ဆူ ဖြစ်သွားခဲ့ပါတယ်..။

ကိုယ့်ရဲ့  ပတ်ဝန်းကျင်မှာ နေ့ စဉ်နဲ့ အမျှ ကြုံတွေ့ နေရတဲ့ အဖြစ်အပျက်တွေ ...အာရုံတွေဟာ ဆင်ခြင်မှု အပ္ပမာဒကောင်းတဲ့သူတစ်ယောက်အဖို့  တန်ဖိုးမဖြတ်နိုင်တဲ့ တရားဓမ္မ အနှစ်တွေချည်းပါပဲ ...။

အရာရာကို သတိနဲ့  ကြည့်တတ်ဖို့  ...ဥာဏ်နဲ့ မြင်တတ်ဖို့  ....အရေးကြီးပါတယ်..။ အဲဒီလို ကြည့်တတ် မြင်တတ်ဖို့  ပါရမီ ဓာတ်ခံနဲ့  တရားဓမ္မ ဗဟုသုတတော့ လိုအပ်သလို....ဆုံးဖြတ်ချက်မှန်ကန်ဖို့ လည်း လိုအပ်တာပေါ့..။


........အရှင်ဆန္ဒာဓိက.......

စိတ်ကို အလှဆင်... လောကကို အလှပြင်


ကျေးဇူးတင်တတ်တဲ့ စိတ်ဟာအလွန်လှပပြီး လောကကို ကောင်းကျိုးပြုတတ်ပေမယ့်..
အပြစ်တင်တတ်တဲ့ စိတ်ကတော့ အလွန်အကျည်းတန်ပြီး လောကကို ပျက်ဆီးစေတတ်ပါတယ်...။

တစ်စုံတစ်ယောက်က မိမိကောင်းကျိုလေး တစ်ခုကို ဆောင်ရွက်ပေးတဲ့ အခါ အသိမှတ်ပြုပြီး " ကျေးဇူးတင်လိုက်တာ" လို့ ရင်ထဲက နှစ်နှစ်ကာကာပြောလိုက်တဲ့ အခါ နှစ်ဦးစလုံးရဲ့ ရင်မှာ အလှတွေဝေသွားတော့တာပါပဲ...အဲဒီလှတဲ့ စိတ်လေးနဲ့ ဆက်လက်ပြီး ပတ်သက်တော့မယ့် သူတို့ရဲ့ လောကဟာလည်း လှနေတော့မှာ အသေအချာပါ...။

တစ်စုံတစ်ခုသော ချို့ယွင်းချက်တွေ့ရင် ကူညီဖြေရှင်းပေးဖို့ ...သည်းခံဖို့ စိတ်မကူးပဲ ..." ညံ့လိုက်တာ...ဆိုးလိုက်တာ" ... လို့ အပြစ်တင်လိုက်တဲ့အခါ ထိုသူနှစ်ဦးလုံးရဲ့ စိတ်တွေမှာ အလွန်အရုပ်ဆိုးတဲ့ ဒေါသတွေ စွန်းထင်းသွားပါပြီ... အဲဒီညစ်ပေစွန်းထင်းနေတဲ့ စိတ်နဲ့ ဆက်လက် ပတ်သက်တော့မယ့် သူတို့ လောကဟာလည်း အကျည်းတန်သွားတော့မှာ အသေချာပါပဲ...။

အထင်ရှားဆုံး ဥပမာ တစ်ခုကတော့ မြန်မာ နိုင်ငံက လိုင်းကားတွေ ... တက္ကစီသမားတွေဟာ သူတို့ ဘဝတူ ကားသမားတွေ အပေါ်မှာ သည်းမခံကြပါဘူး... သိပ်ပြီး အပြစ်တင်တတ်ကြပါတယ်...။

ကားသမားတစ်ယောက်က အမှားလေး တစ်ခုလုပ်မိလိုက်တာနဲ့...* သြော်...ငါတို့ ဘဝတူတွေပဲ...ဒါမျိုးကဖြစ်တတ်ပါတယ်လေ* ...လို့ သည်းခံရမယ့် အစား...

* နားမလည်ဘူးလား... ဘယ်လိုတွေ လုပ်နေတာလဲ...ကားမမောင်းတတ်ရင် မမောင်းနဲ့* ... စသည်အားဖြင့် ငါ..မိုးမွှန်အောင် ဆဲတော့တာပါပဲ...။

ဆဲဆို အပြစ်တင်လိုက်တဲ့ သူရဲ့ စိတ်လည်း ညစ်ပေသွားပါပြီ... ဆဲဆိုခံလိုက်ရတဲ့ သူရဲ့ စိတ်ကတော့ ပိုလို့တောင်ဆိုးပါတယ်...

အဲလိုနဲ့ သူတို့လောကဟာ တစ်ဆင့်တစ်ဆင့် ညစ်ပေရင်း...ညစ်ပေရင်းနဲ့... အကျည်းတန်အရုပ်ဆိုးတဲ့ လောကဆိုတဲ့ နာမည်ကို ရလာပါတော့တယ်....။

ဒါကြောင့်ပဲ ... ၂၀၁၃ နှစ်အတွင်း ရန်ကုန်မြို့ ဧရိယာတစ်ခုထဲမှာတင် ကားမတော်တဆမှု ၂၉၇၉ ခု ဖြစ်ခဲ့ပါတယ်တဲ့...။ (၂၀၁၂ ထက် ၈၀၀ ကျော် စံချိန်ချိုးခဲ့ပါတယ်)

လူ့အသက်ပေါင်း သုံးရာကျော် ပျက်စီပြီး... နှစ်ထောင်ကျော် ဒဏ်ရာ အနာတရတွေဖြစ်ခဲ့ပါတယ်...တဲ့။

ဒီဆိုးကျိုးတွေရဲ့ ရာနှုံးတော်တော်များများက စောစောက ပြောခဲ့တဲ့ အပြစ်တင်တတ်တဲ့ စိတ်နဲ့ အကျည်းတန်မှုတွေပါပဲ...။

ရွှေဘုန်း 27.1.2014

အရှင်တေဇာနန္ဒ (စေတနာပန်းခင်းဆရာတော်)

နှလုံးသားရဲ့ ငြိမ်းအေးမှုကိုရှာဖွေခြင်း။


ရင်ထဲမှာ ပူပင်မှုတွေ
သောကတွေ
စိတ်မချမ်းမြေ့မှုတွေ
ဝမ်းနည်းမှုတွေ
ကြေကွဲမှုတွေ
ကြုံလာတဲ့အခါတိုင်း
ဘာကိုမှစဉ်းစားမနေတော့ဘဲ
အိမ်ဦးခန်းမှာရှိနေတဲ့
သန့်ရှင်းကြည်လင်ပြီး
အေးချမ်းစင်ကြယ်တဲ့
မြတ်ဗုဒ္ဓရဲ့ ရုပ်ပွားတော်မြတ်ကိုသာ
ရှိးခိုးပူဇော်ပြီး
နှလုံးသားရဲ့ ငြိမ်းအေးမှုကို
ရှာဖွေလိုက်စေချင်ပါတယ်။...

(ချမ်းမြေ့သာ အရှင်ဇောတိက)

Thursday, January 9, 2014

ဗုဒ္ဓ၏ နောက်ဘ၀အယူအဆ ”


နောက်ဘ၀ရှိသည်ဟု ယုံကြည်သူသည် မကောင်းကျိုးခံစားရမည်ကို ကြောက်သဖြင့် မကောင်းမူမှန်သမျှ မလုပ်ဖြစ်တော့ပေ။ ကောင်းကျိုးခံစားရမည်ကိုသိသဖြင့် ကောင်းမှုမှန်သမျှ ပြုလုပ်ဖြစ်၏။


ကောင်းတာမှန်သမျှလုပ်ဖြစ်ခြင်း၊ မကောင်းတာမှန်သမျှရှောင်ကြဉ်နိုင်ခြင်းတို့ကြောင့် ပညာရှိသူတော်ကောင်းတို့၏အချီးအမွမ်းကိုခံရခြင်းသည် နောက်ဘ၀ရှိသည်ဟု
ယုံကြည်သူများ ယခုဘ၀ခံစားရသော သေချာပေါက်ကောင်းကျိုးဖြစ်၏။


သေပြီးသည့်နောက်တွင်လည်း နောက်ဘ၀ရှိခဲ့လျှင်ကောင်းတာကို လုပ်ခဲ့သည့်အတွက် ကောင်းသောဘုံသို့
သာရောက်ရမည်ဖြစ်၏။ နောက်ဘ၀မရှိခဲ့လျှင်လည်း သူ့အတွက်ဘာမှမဆုံးရှုံးပေ။


နောက်ဘ၀ကိုလက်မခံသောသူသည်ကား မကောင်းမူမှန်သမျှကို ရဲရဲဝံ့ဝံ့လုပ်ရဲ၏။ ကောင်းမူကုသိုလ်ကိုကား အားနာပါးနာပင် မလုပ်ချင်။ ထို့ကြောင့် ပညာရှိသူတော်ကောင်းတို့၏ကဲ့ရဲ့၊ ရှုတ်ချခံရခြင်းသည် နောက်ဘ၀လက်မခံသူတို့ ယခုဘ၀ခံစားရသော သေချာပေါက် ဆိုးကျိုးဖြစ်၏။


သေပြီးနောက်၊ နောက်ဘ၀မရှိခဲ့လျှင် တော်ပါသေး၏။နောက်ဘ၀ရှိခဲ့လျှင်ကား သူသည် မကောင်းမူကိုသာလုပ်ခဲ့သောကြောင့် မကောင်းသောဘုံကို ရောက်ရမည်ဖြစ်၏။
ထို့ကြောင့် နောက်ဘ၀ကို မယုံကြည်သူသည် ပစ္စက္ခ၊သံသရာ နှစ်မျိုးလုံး နစ်နာ၏။ -


( အပဏ္ဏကသုတ် )-

အရှင်ဇ၀န (မေတ္တာရှင်-ရွှေပြည်သာ )

လူသိနည်းသော လူယုတ်မာ


များသောအားဖြင့်
လူယုတ်မာဆိုလျှင်
ကိုယ်ကျိုးကိုသာ ကြည့်ပြီး
သူတစ်ပါးအကျိုးကို ပျက်စီးစေသူ
တစ်မျိုးလောက်ကိုသာ
သိထားကြသည်။

အမှန်ကားလူသိနည်းသော
လူယုတ်မာတစ်မျိုး
ရှိနေပါသေးသည်။

၎င်းကားအိုမင်းရင့်ရော်လာသော
မိခင် ဖခင်တို့အား
လုပ်ကျွေးမွေးမြူနိုင်စွမ်းရှိပါလျက်
မလုပ်ကျွေး မမွေးမြူကြသော
သားသမီးများပါတည်း။

မေတ္တာရှင် ( ရွှေပြည်သာ )

Wednesday, January 8, 2014

ဓမ္မ၏ အနှစ်‌သာရ ( ၃ )မျိုး။


ဓမ္မ၏အနှစ်‌သာရ(၃ )မျိုးက‌တော့
သီလ ၊သမဓိ ၊ပညာပါပဲ ။

အဲဒီအနှစ်‌သာရ(၃)မျိုးက တန်‌ဖိုးရှိတယ်‌ ။
ဓမ္မ၏အနှစ်‌သာရဖြစ်‌လို့ ‌ကောင်းကျိုးပြုတယ်‌ ။

အနှစ်‌သာရကို ပိုင်‌ပိုင်‌ နိုင်‌နိုင်‌‌တွေ့ရှိ ဆုတ်‌ကိုင်‌မိလေ‌လေ မှန်‌ကန်‌‌ သော ချမ်းသာသုခကို ရရှိ‌လေ‌လေပါပဲ ။

ဓမ္မရဲ့ အနှစ်‌သာရတစ်‌မျိုးဟာ သီလဖြစ်‌တယ်‌ ။

ကျင့်‌ဝတ်‌ဖြစ်‌တယ်‌ ။
နှုတ်‌နဲ့‌ပြောမိတဲ့ မ‌ကောင်းမှု ၊
ကာယကံ‌ မြောက်‌ကျူးလွန်‌မိတဲ့ မ‌ကောင်းမှု‌တွေကို
ကင်း ‌အောင်‌ ၊မဖြစ်‌‌အောင်‌ ‌ရှောင်‌တာပါ ။

မ‌ရှောင်‌နိုင်‌ဘဲ ကျူးလွန်ုပြုလုပ်‌ ‌ပြောဆို‌နေခဲ့ရင်‌
စိတ်‌နှလုံး ညစ်‌နွမ်းတာနဲ့ အမျှ အကုသိုလ်‌‌တွေ များ‌နေမှာ ဖြစ်တယ်‌‌လေ ။
မ‌ကောင်းမှု‌တွေဟာ ညစ်‌ညမ်းတဲ့ စိတ်‌နှလုံး အ‌ခြေခံနဲ့ ‌လျှောက်‌လုပ်‌တာ မဟုတ်‌ဘဲ စိတ်‌ မညစ်‌ညမ်း မ‌ဖောက်‌ပြန်‌ဘဲ
အကုသိုလ်‌‌တွေ လုပ်‌လို့မရဘူး ။

ကိုယ်‌‌ရောနှုတ်‌ပါ မထိန်းရင် စိတ်‌နှလုံး အညစ်‌အ‌ကြေး‌တွေဟာ များသထက်‌များမှာ ပါပဲ ။ တိုးသာတိုးတယ်‌ ယုတ်‌‌လျှော့သွားမှာ မဟုတ်‌ဘူး ။စိတ်‌နှလုံးအညစ်‌အ‌ကြေး‌တွေ အကုသိုလ်‌‌ တွေဟာ လူ‌တွေကို ဆင်းရဲဒုက္ခ‌ရောက်‌‌အောင်‌လုပ်‌မှာဖြစ်‌တယ်‌ ။ ချမ်းသာသုခနဲ့ ပြည့်‌ဝ‌ အောင်‌ ဘယ်‌လိုမှ မလုပ်‌နိုင်‌ဘူး ။အဲသည်‌သ‌ဘောတရား‌ကြောင့်‌ ဓမ္မရဲ့ အနှစ်‌သာရသုံးမျိုးမှာ (သီလ) ဟာ နံပါတ်‌တစ်‌ က ပါတာ‌ပေါ့ ။


ဓမ္မရဲ့ ဒုတိယအနှစ်‌သာရက သမာဓိ ဖြစ်‌တယ်‌ ။

နည်းစနစ်‌မမှန်‌တဲ့ စိတ်‌ကူးယဉ်‌မှု‌ တွေ ကင်းတယ်‌ ။ ပြီး‌တော့ ယထာဘူတကျတဲ့ အဏအကူအညီနဲ့စိတ်‌ကိုတည်‌ငြိမ်‌‌အောင်‌ထားတာဟာ သမာဓိပါပဲ ။

တည်‌ငြိမ်‌မှုကင်းတဲ့ စိတ်‌ဟာ ညစ်‌ညမ်း‌နေ တယ်‌ ။ မတည်‌ငြိမ်‌တဲ့ စိတ်‌ကူးယဉ်‌မှု‌တွေ ဒါမှမဟုတ်‌ လိုခြင်‌‌တောင့်‌တမှု ‌တွေအ‌ပေါ် အ‌ခြေခံပြီး တည်‌ငြိမ်‌‌နေတဲ့ စိတ်‌ကလည်း ညစ်‌ညမ်း‌နေတယ်‌ ။

အဲဒီညစ်‌ညမ်းတဲ့စိတ်‌‌တွေက လူ‌တွေကို ဆင်းရဲဒုက္ခ ‌ရောက်‌‌အောင်‌လုပ်‌တယ်‌ ။ ချမ်းသာသုခ‌တွေ ရလာ‌အောင်‌ လုပ်‌‌ပေးနိုင်‌မှာမဟုတ်‌ဘူး ။သမာဓိမရှိရင်‌ မိမိအတွက်‌လည်း မ‌‌ ကောင်းဘူး။ အခြား သူ‌တွေအတွက်‌လည်း မ‌ကောင်းဘူး။
ဆင်းရဲဒုက္ခသာဖြစ်‌‌နေလိမ့်‌မယ်။

ဓမ္မရဲ့ တတိယ အနှစ်‌သာရက ပညာပါ ။

ရာဂ ၊‌ဒေါသ ၊‌မောဟ‌တွေနဲ့ အဲဒါ‌တွေ‌ကြောင့်‌ ဖြစ်‌လာတဲ့ သံ‌ယောဇဉ်‌အမျှက်‌‌တွေဟာ စိတ်‌နှလုံး အညစ်‌အ‌ကြေး‌တွေပါ ။ အကုသိုလ်‌‌ တွေပါ ။

ပညာက အဲဒီသံ‌ယောဇဉ်‌ အညစ်‌အ‌ကြေး‌ တွေကို ဖယ်‌ရှားပစ်‌တယ်‌ ။ ပညာနဲ့ အညစ်အကြေး မဖယ်‌နိုင်‌ရင်‌ဆင်းရဲဒုက္ခ ‌ရောက်‌‌ နေမှာပဲ ။ ချမ်းသာသုခနဲ့ ‌ဝေးတယ်‌ ။

သီလ ၊သမာဓိ ၊ပညာ‌တွေကို အ‌‌လေ့အကျင့်‌ ပြုလုပ်‌တာဟာ ဓမ္မရဲအနှစ်‌ သာရကို ဆုတ်‌ကိုင်‌မိ‌အောင်လုပ်‌တာ ဖြစ်‌ပါတယ်‌ ။ ချမ်းသာသုခကို ရ‌အောင်‌ပြု လုပ်‌တာ ဖြစ်‌ပါတယ်‌ ။

လက်‌တစ်‌ဖက်‌ဖြင့်‌ ၊ တစ်‌ဘက်‌ကို‌
ခြေတစ်‌ဖက်‌ဖြင့်‌ ၊‌ခြေတစ်‌ဘက်‌ကို‌
ဆေး‌ကြောရာသကဲ့သို့ ၊

ပညာကို သီလဖြင့်‌ ‌ဆေး‌ကြောရာ၏ ။
သီလကို ပညာဖြငိ့ ‌ဆေး‌ကြောရာ၏ ။

အကြင်‌ပုဂ္ဂိုလ်‌၌ သီလရှိ၏ ။
ထိုပုဂ္ဂိုလ်‌၌ ပညာရှိ၏ ။

အကြင်‌ပုဂ္ဂိုလ်‌၌ ပညာရှိ၏ ။
ထိုပုဂ္ဂိုလ်‌၌ သီလရှိ၏ ။

သီလရှိ‌သောသူ၌ ပညာရှိ၏ ။
ပညာရှိ‌သောသူ၌ သီလရှိ၏ ။

သီလရှိ‌သောသူ၌ သီလရှိ၏ ။
သီလနှင့်‌ပညာကို‌လေက၌ အမြတ်‌ဆုံးဟု ဆိုအပ်‌၏ ။

သု‌တေသီဘုန်း‌မြင့်‌‌သွေး ၏ ဘဝကို‌ကောင်းကျိုး‌ပေး‌သော
လူ့သီလဗုဒ္ဓ၏သြ၀ါဒ
(‌သောဏဒဏ္ထသုတ်‌ ၊
သီလက္ခန္ဓဝဂ်‌ ၊ဒီဃနိကာယ်‌)

Saturday, January 4, 2014

"အောင်ရာအောင်ကြောင်း"


*ဥတ္တမံ-ကိုယ့်ထက်မြတ်သောသူကို၊ အတ္တနိဝါတေန- ကိုယ်ကို နှိမ်ချသဖြင့်၊နိဇ္ဇယေ-အောင်ရာ၏။

*သူရံ-ရဲရင့်သောသူကို၊ ဘေဒေသင်၊စွဲသဖြင့် နိဇ္ဇယေ-အောင်ရာ၏။

*နိစံ-ကိုယ့်အောက်နိမ့်သောသူကို၊အပ္ပကာဒါနေန-တစ်စိုးတစ်စီပေးသဖြင့် နိဇ္ဇယေ-အောင်ရာ၏။

*သမံ-ကိုယ်နှင့်တူသောသူကို၊ ဝါယောမေန-လုံ့လပြုသဖြင့်၊ဂုယေ-အောင်ရာ၏။

( လောကနိတိ)

နိဗ္ဗာန်ခရီးကို တားမြစ်ပိတ်ပင်တတ်သော နီဝရဏတရား (၆) ပါး။



နိဗ္ဗာန်ခရီးကို တားမြစ်ပိတ်ပင်တတ်သော နီဝရဏတရား (၆) ပါးမှာ…

၁။ ကာမစ္ဆန္ဒနီဝရဏ = ကာမဂုဏ် (၅) ပါးတို့၌ တပ်မက်ခြင်း။

၂။ ဗျာပါဒနီဝရဏ = အမျက်ထွက်ခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၊ ခိုက်ရန်များခြင်း။

၃။ ထိနမိဒ္ဓနီဝရဏ = ငိုက်မြည်းခြင်း။

၎။ ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ = ပျံ့လွင့်ခြင်း၊ အဖန်တလဲလဲ စိုးရိမ်ခြင်း။

၅။ ၀ိစိကိစ္ဆာနီဝရဏ = အာရုံကို မဆုံးဖြတ်နိုင်ခြင်း၊ ယုံမှားသင်္ကာ ရှိခြင်း။

၆။ အ၀ိဇ္ဇာနီဝရဏ = သစ္စာလေးပါး ပဋိစ္စသမုပ္ပါဒ် တရားစုကို မသိသော မောဟ တို့ဖြစ်ပါတယ်။

{ဒဂုန်-ဦးထွန်းမြင့် တည်းဖြတ်သော သုခမှတ်စုမှ ကောက်နုတ်ရေး
သားပါသည်။ }

** ယမမင်း တောင့်တသော ဆုတောင်း (၅) ချက် **


ယမမင်းသည် သူတော်ကောင်းကြီးဖြစ်ပြီး ငရဲပြည်သို့ ရောက်လာသော သူများကို လူ့ဘ၀ တစ်လျှောက်လုံး ဘာကုသိုလ်မှ မပြုဘဲ မေ့လျောနေသူများအားတွေ့ မြင် ရသောအခါ သံဝေဂ ရကာ အောက်ပါ တောင့်တချက် ငါးမျိုးကို တောင့်တသည်။

၁) ယမမင်းကြီးက လူဖြစ်ရင်ကောင်းမှာဘဲ ဟုတောင့်တသည်။

၂) လူဖြစ်ရင်လည်း ဘုရားနှင့် တွေ့ ရပါစေဟု တောင့်တသည်။

၃) ဘုရားနဲ့တွေ့ ရင်လည်း ဘုရားနားမှာ အလုပ်အကျွေးပြု ပြီး နီးကပ်စွာ ချဉ်းကပ်နိုင်ပါစေ ဟု တောင့်တသည်။

၎) ဘုရား၏ တရားကို နာကြားရပါစေ ဟု တောင့်တသည်။

၅) တရားနာပြီးနောက် တရားသိရပါစေဟု တောင့်တသည်။

ယခု အခါ မိမိတို့မှာ ယမမင်းလိုချင်နေသော
တောင့်တချက်ကို ပိုင်ဆိုင်ပြီးသူ များ ဖြစ်နေကြသည်။

ဘုရား သာသနာနှင့် တွေ့ ပြီး ၊ ဘုရား၏ တရားကို ဘုရား သားတော် များထံမှ ကြားနာနေကြရသည်။

ဘုရားနဲ့ တန်းတူ ဆည်းကပ်နိုင်သော သံဃာတော်များကို အနီးကပ် ဆွမ်းကျွေး လှူဒါန်းခွင့်၊ တရားမေးလျှောက်ခွင့်များပါ ရရှိနေပါသည်။

နာကြားရသောအတိုင်း လိုက်နာကျင့်ကြံပါက တရားရနိုင်သော ဘ၀ကိုလည်း အမှန်တကယ် ပိုင်ဆိုင်ထားသောကြောင့် မိမိရောက်ရှိနေသော အနေအထားနှင့် ဘ၀ကို တန်ဖိုးထားကာ မိုးရွာတုန်းရေခံ ပြီး ဘ၀ဇာတ်သိမ်း ချုပ်ငြိမ်းကာ သာသနာတော်ကို တန်ဖိုးထားလေးစားနိုင်ကြပါစေ။

နတ်ရေကန်ဆရာတော်၏ တရားတော်ကို ကိုးကားကာ ပြန်လည် ရေးသား ဖော်ပြပါသည်။
*****************************************

အားကိုးစရာများ


**ခရီးတွင်ဘို့အတွက် မိမိ၏ ခြေထောက်ကို .. အားကိုးရမယ်..

အလုပ်တွင်ဘို့အတွက် မိမိ၏ လက်ကို .. အားကိုးရမယ်..

အမြင်ကျယ်ဘို့အတွက် မိမိ၏ မျက်လုံးကို .. အားကိုးရမယ်..

အသိဥာဏ် ရင့်ကျက်ဘို့ မိမိ၏ ( စိတ် ) ဥဏှောက်ကို .. အားကိုးရမယ်..

ကံ အကျိုးပေးခွင့်သာဘို့အတွက် မိမိ၏ ဥာဏ်နှင့်ဝီရိယကို .. အားကိုးရမယ်..


လောက၌ စီးပွါးဥစ္စာ မတည်ကြောင်း အပေါက်တို့သည် ခြောက်ပါးတို့တည်း၊

၁။ပျင်းရိခြင်းလည်းကောင်း၊

၂။မေ့လျှော့ခြင်းလည်းကောင်း၊

၃။ထကြွလုံ့လ မရှိခြင်း လည်းကောင်း၊

၎။မစောင့်စည်းခြင်းလည်းကောင်း၊

၅။အအိပ်ကြူးခြင်းလည်းကောင်း၊

၆။အလုပ်၌ မမွေ့လျှော်ခြင်းလည်းကောင်း၊

ဤသို့ ထိုခြောက်ပါးသောအပေါက်တို့ကို အချင်းခပ်သိမ်းပိတ်ဆို့ရာ၏။


အကြင်သူသည် ကဲ့ရဲ့သင့်သူကို ချီးမွမ်း၏၊
အကြင်သူသည်ကား ချီးမွမ်းသင့်သူကို ကဲ့ရဲ့၏။

ထိုသူသည် ပါးစပ်ဖြင့် အပြစ်ကို ဆည်းပူးသည်မည်၏။ထိုအပြစ်ကြောင့် ချမ်းသာကို မရနိုင်။


သီရိမင်္ဂလာ မှ အဆိုအမိန့်များ (အနှိုင်းမဲ့စာတိုပေစများ)