Thursday, January 9, 2014

ဗုဒ္ဓ၏ နောက်ဘ၀အယူအဆ ”


နောက်ဘ၀ရှိသည်ဟု ယုံကြည်သူသည် မကောင်းကျိုးခံစားရမည်ကို ကြောက်သဖြင့် မကောင်းမူမှန်သမျှ မလုပ်ဖြစ်တော့ပေ။ ကောင်းကျိုးခံစားရမည်ကိုသိသဖြင့် ကောင်းမှုမှန်သမျှ ပြုလုပ်ဖြစ်၏။


ကောင်းတာမှန်သမျှလုပ်ဖြစ်ခြင်း၊ မကောင်းတာမှန်သမျှရှောင်ကြဉ်နိုင်ခြင်းတို့ကြောင့် ပညာရှိသူတော်ကောင်းတို့၏အချီးအမွမ်းကိုခံရခြင်းသည် နောက်ဘ၀ရှိသည်ဟု
ယုံကြည်သူများ ယခုဘ၀ခံစားရသော သေချာပေါက်ကောင်းကျိုးဖြစ်၏။


သေပြီးသည့်နောက်တွင်လည်း နောက်ဘ၀ရှိခဲ့လျှင်ကောင်းတာကို လုပ်ခဲ့သည့်အတွက် ကောင်းသောဘုံသို့
သာရောက်ရမည်ဖြစ်၏။ နောက်ဘ၀မရှိခဲ့လျှင်လည်း သူ့အတွက်ဘာမှမဆုံးရှုံးပေ။


နောက်ဘ၀ကိုလက်မခံသောသူသည်ကား မကောင်းမူမှန်သမျှကို ရဲရဲဝံ့ဝံ့လုပ်ရဲ၏။ ကောင်းမူကုသိုလ်ကိုကား အားနာပါးနာပင် မလုပ်ချင်။ ထို့ကြောင့် ပညာရှိသူတော်ကောင်းတို့၏ကဲ့ရဲ့၊ ရှုတ်ချခံရခြင်းသည် နောက်ဘ၀လက်မခံသူတို့ ယခုဘ၀ခံစားရသော သေချာပေါက် ဆိုးကျိုးဖြစ်၏။


သေပြီးနောက်၊ နောက်ဘ၀မရှိခဲ့လျှင် တော်ပါသေး၏။နောက်ဘ၀ရှိခဲ့လျှင်ကား သူသည် မကောင်းမူကိုသာလုပ်ခဲ့သောကြောင့် မကောင်းသောဘုံကို ရောက်ရမည်ဖြစ်၏။
ထို့ကြောင့် နောက်ဘ၀ကို မယုံကြည်သူသည် ပစ္စက္ခ၊သံသရာ နှစ်မျိုးလုံး နစ်နာ၏။ -


( အပဏ္ဏကသုတ် )-

အရှင်ဇ၀န (မေတ္တာရှင်-ရွှေပြည်သာ )

No comments: