Wednesday, January 29, 2014

စိတ်ကို အလှဆင်... လောကကို အလှပြင်


ကျေးဇူးတင်တတ်တဲ့ စိတ်ဟာအလွန်လှပပြီး လောကကို ကောင်းကျိုးပြုတတ်ပေမယ့်..
အပြစ်တင်တတ်တဲ့ စိတ်ကတော့ အလွန်အကျည်းတန်ပြီး လောကကို ပျက်ဆီးစေတတ်ပါတယ်...။

တစ်စုံတစ်ယောက်က မိမိကောင်းကျိုလေး တစ်ခုကို ဆောင်ရွက်ပေးတဲ့ အခါ အသိမှတ်ပြုပြီး " ကျေးဇူးတင်လိုက်တာ" လို့ ရင်ထဲက နှစ်နှစ်ကာကာပြောလိုက်တဲ့ အခါ နှစ်ဦးစလုံးရဲ့ ရင်မှာ အလှတွေဝေသွားတော့တာပါပဲ...အဲဒီလှတဲ့ စိတ်လေးနဲ့ ဆက်လက်ပြီး ပတ်သက်တော့မယ့် သူတို့ရဲ့ လောကဟာလည်း လှနေတော့မှာ အသေအချာပါ...။

တစ်စုံတစ်ခုသော ချို့ယွင်းချက်တွေ့ရင် ကူညီဖြေရှင်းပေးဖို့ ...သည်းခံဖို့ စိတ်မကူးပဲ ..." ညံ့လိုက်တာ...ဆိုးလိုက်တာ" ... လို့ အပြစ်တင်လိုက်တဲ့အခါ ထိုသူနှစ်ဦးလုံးရဲ့ စိတ်တွေမှာ အလွန်အရုပ်ဆိုးတဲ့ ဒေါသတွေ စွန်းထင်းသွားပါပြီ... အဲဒီညစ်ပေစွန်းထင်းနေတဲ့ စိတ်နဲ့ ဆက်လက် ပတ်သက်တော့မယ့် သူတို့ လောကဟာလည်း အကျည်းတန်သွားတော့မှာ အသေချာပါပဲ...။

အထင်ရှားဆုံး ဥပမာ တစ်ခုကတော့ မြန်မာ နိုင်ငံက လိုင်းကားတွေ ... တက္ကစီသမားတွေဟာ သူတို့ ဘဝတူ ကားသမားတွေ အပေါ်မှာ သည်းမခံကြပါဘူး... သိပ်ပြီး အပြစ်တင်တတ်ကြပါတယ်...။

ကားသမားတစ်ယောက်က အမှားလေး တစ်ခုလုပ်မိလိုက်တာနဲ့...* သြော်...ငါတို့ ဘဝတူတွေပဲ...ဒါမျိုးကဖြစ်တတ်ပါတယ်လေ* ...လို့ သည်းခံရမယ့် အစား...

* နားမလည်ဘူးလား... ဘယ်လိုတွေ လုပ်နေတာလဲ...ကားမမောင်းတတ်ရင် မမောင်းနဲ့* ... စသည်အားဖြင့် ငါ..မိုးမွှန်အောင် ဆဲတော့တာပါပဲ...။

ဆဲဆို အပြစ်တင်လိုက်တဲ့ သူရဲ့ စိတ်လည်း ညစ်ပေသွားပါပြီ... ဆဲဆိုခံလိုက်ရတဲ့ သူရဲ့ စိတ်ကတော့ ပိုလို့တောင်ဆိုးပါတယ်...

အဲလိုနဲ့ သူတို့လောကဟာ တစ်ဆင့်တစ်ဆင့် ညစ်ပေရင်း...ညစ်ပေရင်းနဲ့... အကျည်းတန်အရုပ်ဆိုးတဲ့ လောကဆိုတဲ့ နာမည်ကို ရလာပါတော့တယ်....။

ဒါကြောင့်ပဲ ... ၂၀၁၃ နှစ်အတွင်း ရန်ကုန်မြို့ ဧရိယာတစ်ခုထဲမှာတင် ကားမတော်တဆမှု ၂၉၇၉ ခု ဖြစ်ခဲ့ပါတယ်တဲ့...။ (၂၀၁၂ ထက် ၈၀၀ ကျော် စံချိန်ချိုးခဲ့ပါတယ်)

လူ့အသက်ပေါင်း သုံးရာကျော် ပျက်စီပြီး... နှစ်ထောင်ကျော် ဒဏ်ရာ အနာတရတွေဖြစ်ခဲ့ပါတယ်...တဲ့။

ဒီဆိုးကျိုးတွေရဲ့ ရာနှုံးတော်တော်များများက စောစောက ပြောခဲ့တဲ့ အပြစ်တင်တတ်တဲ့ စိတ်နဲ့ အကျည်းတန်မှုတွေပါပဲ...။

ရွှေဘုန်း 27.1.2014

အရှင်တေဇာနန္ဒ (စေတနာပန်းခင်းဆရာတော်)

No comments: