Saturday, October 26, 2013

သြ၀ါဒကထာ

၁။ ယစ်မသည် ဥအတွက်အသေခံသည်။
၂။ စာမရီသားကောင်သည် အမြီးအတွက် အသေခံသည်။
၃။ ရဟန်းသည် သီလအတွက် အသေခံသည်။
၎။ သစ်ပင်အားနည်းလျှင် လေမုန်တိုင်း တိုက်လှဲသည်။
၅။ ရဟန်းသမာဓိနည်းလျှင် ကိလေသာမုန်တိုင်း တိုက်လှဲသည်။

၆။ စိတ်သည် တောမျောက်ကဲ့သို့ လော်လည်ဧ။် ။ အလိုမလိုက်ရာ။
၇။ ကာလကို လူ-မစားလျှင် လူကို ကာလ စားသည်။
၈။ သည်းခံခြင်း လက်နက်ဆောင်လျှင် ဒေါသမီး မလောင်။
၉။ တုတ်လက်နက်ဆောင်လျှင် ခွေးဟောင်သည်။
၁၀။ ဦးခေါင်းပြောင်ရိတ်ခြင်းသည် မာနကိုလည်း ရိတ်သည်မည်ဧ။် ။

၁၁။ ဦးချိုကျိုးသော နွားသည် မာနလည်းကျိုးသည်။
၁၂။ မြွေဆိုး ပါးပျဉ်းထောင်လျှင် လူရိုက်ခံရသည်။
၁၃။ ရန်မထောင်မှ ရန်အောင်သည်။ ရန်ထောင် ရန်လှောင်မိတတ်သည်။
၁၄။ ရန်မလိုမှ ရန်ပြိုသည်။ ရန်လို ရန်ပိုတတ်လှသည်။
၁၅။ သလေးနှံ အဆံမရှိခင် ထောင်သည်။ အဆံပြည့်လျှင် ညွတ်သည်။
၁၆။ ဂါရ၀ကင်းသူ ဂုဏ်သတင်းမပြူ။ နွားစာငုတ်တိုနှင့်တူသည်။
၁၇။ သူတစ်ပါးလှေကို ဖာနိုင်လျှက် မိမိလှေကို မဖာလျှင် ရေနစ်တတ်သည်။
၁၈။ ဥဒေါင်းငှက် အက ကောင်းသော်လည်း စအိုပေါ်၍ အဆိုအမည်ခံရသည်။
၁၉။ ရေကန်၌ မှော်ကိုဖယ်၍ သောက်ရေခတ်ရသည်။
၂၀။ မသူတော်၌ အပြစ်ကိုဖယ်၍ ဂုဏ်ကောင်းရှာရသည်။

၂၁။ တုံးတတားလျှောက်စဉ် အရပ်တစ်ပါးမကြည့်နှင့် ချောက်သို့ကျလိမ့်မည်။
၂၂။ သံသရာတံတားလျှေက်စဉ် သူတစ်ပါးအပြစ်မကြည့်နှင့် သံသရာချောက်သို့ ကျလိမ့်မည်။
၂၃။ တရားပွဲကား လူကျဲတဲ၊ ရပ်ရွာပျော်ပွဲ တသဲသဲ။
၂၄။ ရိုသေစွာ ခစားလျှင် မင်းခစားပင် မင်းကိုနိုင်သည်။
၂၅။ အဆင်းလှလျှင် အိမ်သူဇနီးပင် လင်ကိုနိုင်သည်။
၂၆။ ကျင့်ဝတ်မချွှတ်လျှင် တပည့်ပင် ဆရာကိုနိုင်သည်။
၂၇။ မြင်းနိုင်လို ဇက်ဆွဲ၊ လှေနိုင်လို တက်ဆွဲ၊ ဆရာနိုင်လို ကျင့်ဝတ်ရိုသေမြဲ။
၂၈။ အပြစ်ပြ၍ ဆုံးမသူကို ရွှေအိုးပေးသူဟု ဆည်းကပ်ရမည်။
၂၉။ ပန်းပဲဆရာ အထုမခံသော သံတုံး လက်နက်မဖြစ်။
၃၀။ ကျောက်ဆစ်ဆရာ အဖြတ်မခံသော ကျောက်တုံး အရုပ်မဖြစ်။

၃၁။ ဆရာကောင်းအဆုံးအမ မခံသောတပည့် သူကောင်းမဖြစ်။
၃၂။ ရေနက်ရာသို့ ပြေးဝင်သော ငါး ကျီးငှက်အစာမဖြစ်။
၃၃။ အဆုံးအမသို့ ပြေးဝင်သောတပည့် မာရ်နတ်အစာမဖြစ်။
၃၄။ နွားကျောင်းသားသည် နွား-ခြင်မကိုက်အောင် မီးခိုးတိုက်သည်။
၃၅။ ဆရာသည် တပည့် ကိလေသာခြင် မကိုက်အောင် တရားမီးခိုးတိုက်သည်။
၃၆။ မြေခွေးသည် ခြင်္သေ့စားကြွင်းဖြင့် မာန်တက်သည်။

၃၇။ ပုထုဇဉ်သည် အရိယာစားကြွင်းဖြင့် မာန်တက်သည်။
၃၈။ ဖားငယ်သည် ဆောင့်ကြောင့်ထိုင်လျှက် ခြင်္သေ့မာန်တက်လျှက် ကျီးချီသောအခါ ပီယတ်ပီယတ်မြည်သည်။
၃၉။ ပုထုဇဉ်သည် လာတ်ပေါလျှင် သူဌေးမာန်တက်လျှက် ဖျားနာသောအခါ တအင်အင်ညည်းသည်။
၄၀။ ကြာပင်အောက်ကဖား ကြာဝတ်ဆံမစား ရွှံ့စားသည်။
ပိတုံးကား အဝေးမှကြာဝတ်ဆံ လာစားသည်။

၄၁။ သာသနာတွင်းသား သာသနာဝတ်ဆံမစားလျှင် ပိတုံးအား ရှက်သင့်သည်။
၄၂။ သစ်ပင်ကြီးသည် ခုတ်လှဲသူကို မလှဲမချင်း အရိပ်ဖြင့် အေးစေဧ။် ။
၄၃။ နံ့သာတုံးသည် မီးရှို့သူကို မကျွှမ်းမခြင်း အနံ့ဖြင့် မွှေးစေဧ။် ။
၄၄။ သူတော်ကောင်းသည် ညှင်းဆဲသူကိုသော်လည်း မသေမချင်း အကျိုးဆောင်ဧ။် ။
၄၅။ တောမီးသည်သစ်ရွက်ခြောက်ကို လောင်လွယ်ဧ။် ။ သစ်ရွက်စိုကို မတတ်နိုင်။
၄၆။ မသူတော်မီးသည် မေတ္တာခန်းသူကို လောင်လွယ်ဧ။် ။ မေတ္တာဖြန်းသူကို မတတ်နိုင်။
၄၇။ ဆေးဆရာသည် လူနာနှင့်ပြိုင်၍ အသက်မထွက်ကောင်း။
၄၈။ အကောင်းသည် အရူးနှင့်ပြိုင်၍ အ၀တ်မလစ်ကောင်း။
၄၉။ သူတော်ကောင်းသည် မသူတော်နှင့်ပြိုင်၍ ဒေါသမဖြစ်ကောင်း။
၅၀။ ကျားကြောက်၍ ပြေးစဉ် ခွေးဟောင်သည်ကို အရေးမယူရ။

၅၁။ ငရဲကြောက်၍ သီလစောင့်စဉ် မသူတော်ညှင်းသည်ကို အရေးမယူရ။
၅၂။ ရန်သူကို မီးခဲ ကိုင်ပစ်လျှင် မိမိလက် ရှေးဦးစွာ လောင်ဧ။် ။
၅၃။ ရန်သူကို အမျက်ထွက်လျှင် မိမိဂုဏ် ရှေးဦးစွာ ပျက်၏ ။
၅၄။ ရန်သူလာဆဲ၍ ပြန်ဆဲလျှင် မိမိလည်း အရှက်ကွဲ၏ ။
၅၅။ မာရ်နတ်ပစ်သော လက်နက်သည် သည်းခံသော ဘုရားရှေ့၌ ပန်းကုံးအသွင်ဖြင့် အဖူးအမျှော်ဝင်ဧ။် ။
၅၆။ သမုဒ္ဒရာရေ မီးကြောင့် မကျွှမ်း၊ မြင်းမိုရ်တောင် လေကြောင့် မလှုပ်၊ ကျောက်ခဲ ရေကြောင့် မကြေ၊ သူတော်ကောင်း မသူတော်ကြောင့် မတုန်လှုပ်။

၅၇။ မသူတော် အမျက်ကြောင့် သူတော်ကောင်းဂုဏ်ပျက်မခံ။
၅၈။ သူတော်ကောင်း အမျက်ထွက်လျှင် မသူတော် အလိုပြည့်သည်။
၅၉။ ရန်သူညှင်းဆဲခြင်းသည် မိမိ၏ ရှေးကံ ရှေးဥစ္စာပင်တည်း။
၆၀။ မိမိကံကြောင့် မိမိ ဒုက္ခတွေ့သည် ဘယ်သူမပြု မိမိမှု။

၆၁။ ညဥ့်အခါ သားကို ခွေးထင်၍ သတ်သော အဘသည် သား၏ ရန်သူလော။
၆၂။ သစ်ပင်မှ ကျသေလျှင် သစ်ပင်သည် ထိုသူ၏ ရန်သူလော။
၆၃။ စစ်သူရဲသည် ပြင်ပရန်သူကို နိုင်သော်လည်း အတွင်း ရန်သူမှ ရှုံး၏ ။
၆၄။ အမျက်ထွက်သူကို အမျက်မထွက်သူ အမြဲ နိုင်၏ ။
၆၅။ မကောင်းပြောသူကို အကောင်းပြောသူ အမြဲ နိုင်၏ ။

၆၆။ စေးနှဲသူကို ပေးကမ်းသူ အမြဲ နိုင်၏ ။
၆၇။ မုသားဆိုသူကို သစ္စာဆိုသူ အမြဲ နိုင်၏ ။
၆၈။ သိကြားမင်း လက်နက်ကား မိုးကြိုး။
၆၈။ ယမမင်း လက်နက်ကား မျက်စောင်း။
၆၉။ ဝေဿ၀ဏ် လက်နက်ကား အစွယ်။
၇၀။ မသူတော်လက်နက်ကား ဒေါသ။

၇၁။ သူတော်ကောင်း လက်နက်ကား ခန္တီ။(သည်းခံခြင်း)
၇၂။ ဗီလုံးငှက်သော်လည်း ကျွဲခြေရာခွက်ကို အမှီရလျှင် ဂဠုန်နှင့်တူ၏ အန္တရာယ်မရှိ။
၇၃။ ပုထုဇဉ်သော်လည်း သီလရှိလျှင် အရိယာနှင့်တူ၏ ။ အပါယ်မရောက်။
၇၄။ ရေရှိမှ ကြာပွားသည် သီလရှိမှ သမာဓိ များသည်။
၇၅။ ဗဟုဿုတရှိလျှက် သီလမရှိလျှင် ရေမတည်သော ကန်နှင့်တူ၏ ။

၇၆။ ပညာရှိလျှက် သီလမရှိလျှင် အသီးမရှိသော သစ်ပင်နှင့်တူ၏ ။
၇၇။ သီလရှိမှ ဒါနနှင့် ဘာဝနာအကျိုးပေးသန်သည်။
၇၈။ ပင်လယ်ကူးလိုလျှင် လှေသင်္ဘောတည်။ နတ်ပြည်တက်လိုလျှင် သီလလှေကားထောင်။
၇၉။ ပင်လယ်ကူးလိုလျှင် သင်္ဘောလုံအောင်ဖာ။သံသရာကူးလိုလျှင် သီလလုံအောင်ဖာ။
၈၀။ လောကီဥစ္စာစောင့်လျှင် တစ်သက်ချမ်းသာဧ။် ။

၈၁။ သီလစောင့်လျှင် ဘ၀အဆက်ဆက် ချမ်းသာဧ။် ။
၈၂။ ဆီမီးသည် လင်းခိုက် လူလယ်တင့်၏ ။ ငြိမ်းလျှင် မှောင်၏ ။ ညှော်နံ့ထွက်၏ ။
၈၃။ သီလသည် စောင့်ထိန်းခိုက် လူလယ်တင့်၏ ။ ပျက်လျှင် မှောက်၏ ။ ညှော်နံ့ထွက်၏ ။
၈၄။ တောအုပ်၌ မိဘကင်းသော သားသမီး ကျားစာဖြစ်၏ ။
၈၅။ သာသနာ၌ ဩ၀ါဒကင်းသော ရဟန်း မာရ်နတ်အစာဖြစ်၏ ။
၈၆။ ပေါက်ဖက်သော်လည်း မြလေးပန်းမှီ၍ လူဦးခေါင်းထက် ရောက်သည်။
၈၇။ မြေခွေးသော်လည်း ခြင်္သေ့မင်းခစား၍ ကျားမကိုက်နိုင်။
၈၈။ သူကန်းသော်လည်း ခြေသံနားထောင်လျှက် လိုရာအရပ် ရောက်သေးသည်။
၈၉။ ခြင်္သေ့သည် ကျားကိုနိုင်၏ ကိုယ်တွင်း ခွေးလေးသန်းကို မနိုင်။
၉၀။ မသူတော်သည် သူတော်ကောင်းကိုနိုင်၏ ။ ကိုယ်တွင်းအကုသိုလ်ကို မနိုင်။

၉၁။ ကျင်ကြီးသည် နွေးသည်ဖြစ်စေ အေးသည်ဖြစ်စေ အဆင်းလှသည်ဖြစ်စေ မလှသည်ဖြစ်စေ ရွံဘွယ်သာတည်း။
၉၂။ မသူတော်သည် အမျက်ထွက်သည်ဖြစ်စေ မထွက်သည်ဖြစ်စေ စကားလှသည်ဖြစ်စေ မလှသည်ဖြစ်စေ ရွံဘွယ်သာတည်း။
၉၃။ မီးခဲသည် ပူသောအခါ လက်လောင်၏ အေးသောအခါ လက်မဲ၏ ။
၉၄။ မသူတော်သည် ဒေါသအခါ ကြောက်စရာ လောဘအခါ ရွံစရာဖြစ်၏ ။
၉၅။ ခွေးရူးကိုက်လျှင် ထိုသူရူး၏ ။ ထိုသူကိုက်လျှင် နောက်လူ ရူး၏ ။
၉၆။ ခွေးရူးသည် လူကောင်းအဆက်ဆက်ကို ရူးစေ၏ ။

၉၇။ မသူတော်သည် လူကောင်းအဆက်ဆက်ကို ယုတ်မာစေ၏ ။
၉၈။ ပဒုမ္မာကြာရိုးသည် ထက်ပိုင်းပြတ်သော်လည်း အမျှင်မပြတ်။
၉၉။ သူတော်ကောင်းသည် အဆက်ပြတ်သော်လည်း မေတ္တာမပြတ်။
၁၀၀။ အဆင်းမှီ၍ အကျင့်ပျက်လျှင် ထိုအဆင်းသည် ရွံဘွယ်တည်း
၁၀၁။ပညာမှီ၍ မာန်တက်လျှင် ထိုပညာသည် ရွံဘွယ်တည်း။

ပထမရွှေကျင်ဆရာတော်ကြီးရဲ့ ဩ၀ါဒကို ပြန်လည်မျှဝေပါတယ်၊ အဆုံးအမ လမ်းညွှန်မှုကို လက်ခံနိုင်သည့် သောဝစဿတာ မင်္ဂလာနဲ့ ပြည့်စုံနိုင်ပါစေလို့ ဆန္ဒမွန်ပြုပါတယ်။ ။

သြ၀ါဒ

၁။ လောကမှာ နာမည်ကြီး ဥစ္စာပေါတယ် အောင်မြင် ကျော်ကြားတယ် ဆိုတာ အလကား၊ သေတော့ ကိုယ့်ရဲ့ သီလ သမာဓိ ကိုယ်ကျင့်သိက္ခာတွေကိုပဲ အားကိုးစရာ ရှိတယ်၊

၂။ သာသနာဆိုတာ ဘုရားအဆုံးအမ ကိုခေါ်တယ်၊ ဘုရား အဆုံးအမ ဆိုတာကလဲ အနှစ်ချုပ်လိုက်ရင် သီလ သမာဓိ ပညာ သုံးပါးပဲ ရှိတယ်၊
၃။ ကိုယ်သိမ်မွေ့ပါ၊ နှုတ်ပြော ချိုသာပါ၊ စိတ်က ဖြောင့်မတ်ပါ၊

၎။ မိဘတွေက သားသမီးတွေကို အမွေပေးတယ် ဆိုတာ ကိုယ်က ဘုရင်ဖြစ်လျင် ဘုရင့်စီးစိမ်၊ သူဋ္ဌေးဖြစ်လျင် သူဋ္ဌေးစီးစိမ်၊ အနေနဲ့ တစ်ဘ၀ စာပဲ ပေးနိုင်ကြတယ်၊ ဗုဒ္ဓအမွေကတော့ တသံသရာလုံး ကောင်းဖို့ ညွှန်ပေးနိုင်ခဲ့တယ်။
၅။ သံသရာ ဆိုတာ သေပြီးမှ တဘ၀ ကူးတာ မဟုတ်ဘူး၊ နာမ်ရုပ်တွေ အဆက်မပြတ် ဖြစ်ပျက်နေတာကို ခေါ်တာပါ။

၆။ တစ်ဘ၀ ၏ ကိုယ့်အဖြစ်ကို မကြည့်ပါနှင့်၊ တစ်သံသရာ လုံးရဲ့ ကိုယ့်အဖြစ်ကို မြင်အောင် ကြည့်ပါ။
၇။ သတ္တ၀ါတွေဟာ ဒုက္ခရောက်တာကို ပြောနေကြတယ်၊ သွားနေတာက ဒုက္ခလမ်းပဲ၊ ဒီတော့ ဒုက္ခကြားက ဒုက္ခလောင်းဟာ ဒုက္ခကိုပဲ တွေ့ရတာပေါ့။

၈။ သံဝေဂ မပါလျင် တရားမရှာလေနဲ့၊ ရမှာ မဟုတ်ဘူး။
၉။ သတ္တ၀ါတွေဟာ ဒုက္ခ မရောက်သေးသမျှ မကြောက်ကြဘူး။
၁၀။လောကကြီးမှာ ဘယ်လောက် ကြီးကျယ် အောင်မြင် ကျော်ကြားနေပါစေ၊ သေခါနီးမှ မျက်ရည် လည်ရရင် လူဖြစ်ရှုံးတာပါပဲ။

၁၁။ အမှတ်မဲ့ နေသူရဲ့ စိတ်ဟာ အကုသိုလ်ဖက် သွားနေသလို အကုသိုလ်တွေ အကျိုးပေးဖို့အတွက်လဲ ထိုသူ့မှာ အဆင်သင့် ရှိနေတတ်တယ်။
၁၂။ဘုန်းကံ ဆိုတာ ရှေးက ပါခဲ့ပေမယ့် ယခု ဘ၀ ကြိုးစားမှု့ကလဲ ရှိရတယ်၊ စင်စစ်တော့ ကံ ဆိုတာ ရေလာ မြောင်းပေး လုပ်မှလည်း ကောင်းကျိုး ရှိရာ ကောင်းကျိုးလာပြီး မကောင်းမှု့ရှိရာ မကောင်းကျိုး လာမှာပဲ၊

၁၃။ စိတ်နေ စိတ်ထား ဆိုတာ သေးသိမ်တဲ့ နေရာမှာ နေပြီး သေးသိမ်တဲ့ အလုပ်တွေကို မြင်နေ ကြားနေရရင် ကိုယ့်စိတ်ကလဲ သေးသိမ်လာပြီး ကြီးကျယ်တဲ့ အလုပ်ကို မြင်ရ ကြားနေရမှ ဓာတ်ကူး ပြီး ကြီးကျယ်လာတတ်တယ်၊
၁၄။ လူတွေဟာ ကိုယ့်ဥာဏ်က မမှီလျင် သူတပါး သိတာတွေကိုလဲ မယုံကြည်ကြ အမှန် မထင်တတ်ကြဘူး၊
၁၅။ သူများ အပြစ်ကို မကြည့်ပါနဲ့၊ ကိုယ့်အပြစ် ကို မြင်အောင် ကြည့်ပါ၊

၁၆။ အရာရာမှာ ပထမ ဗဟုဿုတ ရှိဖို့၊ ဒုတိယ သတိထားဖို့၊ တတိယ မှန်သလား မမှန်သလား စုံစမ်းဖို့ နဲ့ စတုတ္ထက ၀ီရိယ နဲ့ အလုပ် လုပ်နေဖို့ပဲ၊
၁၇။ သန့်ရှင်းတဲ့ နား အကြားများတယ်၊
ကြည်လင်တဲ့ မျက်စိ အမြင် များတယ်၊
စင်ကြယ်တဲ့ စိတ်က အသိများတယ်၊

၁၈။လောကကြီးမှ ဂုဏ် ရှိဖို့ထက် ရှိပြီး ဂုဏ်ကို ထိမ်းသိန်း နိုင်ဖို့က ပိုခက်တယ်၊
၁၉။ ကိုယ့်ကို ပတ်ဝန်းကျင်က မချစ်ရင်တောင် မမုန်း ကြဖို့က ပိုအရေးကြီးတယ်၊
၂၀။ ကိုယ့်ကိုယ်ကို အထင်ကြီး စိတ်ကြီး ၀င်နေလျင် သူတပါးကို အထင်သေးတာ သဘာဝ ပဲ၊ ဒါကို သတိထားစေချင်တယ်။

မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ

မှတ်သားစရာ သြ၀ါဒ

၁။ လောကမှာ အချစ်ဆုံးသော အရာသည် ဒုက္ခအပေးဆုံးပဲ၊ ချစ်စရာ တစ်ခုရှိလျင် ဒုက္ခတစ်ခု၊ ချစ်စရာများလျင် ဒုက္ခများတယ်၊ ချစ်စရာ မရှိလျင် ဒုက္ခ မရှိတော့ဘူး မှတ်ပါ။

၂။ စိတ်ကြီးဝင်ပြီး အောက်ခြေလွတ်နေတယ် ဆိုတာ ဟိုလူကိုငေါက်၊ ဒီလူကို ငေါက်နဲ့ တချို့များ ပိုက်ဆံပေါလို့ ၊ အာဏာရှိလို့ ရာထူးကြီးလို့ အဖက်မလုပ်ပဲ ဘ၀င်လေဟပ်နေကြတာပဲ။ အဲဒါ စိတ်ကြီးဝင်တာ မဟုတ်ဘူး၊ သံသရာမှာ အောက်ကျ နောက်ကျ ဖြစ်ဖို့အတွက် စိတ်ကလေးဝင်တာ၊ အဲဒီလို စိတ်မျိုး မမွေးမိစေနဲ့။

၃။ လူတွေဟာ သာသနာရဲ့ အနှစ် သီလ သမာဓိ ပညာကို မကြည်ညိုတတ်ကြပဲ ကျောင်းကောင်း ကန်ကောင်းတွေမှပဲ ကြည်ညိုတတ်ကြတယ်၊

၎။ လောကမှာ ဒါန ရှိမှ လူချစ်ခင်တယ်၊ သီလ ရှိမှ လူကြည်ညို ခံရတယ်၊ ပညာတတ်မှ လေးစား ကြပြန်တယ်။

၅။ ပညာ ဆိုတာ စာပေကိုသာ ပြောတာမဟုတ်ဘူး၊ သူ့အရွယ် နှင့် အသက်မွေးဝမ်းကျောင်း ဆိုင်ရာ လက်မှု့အတတ် အားလုံး ပါဝင်တယ်၊

၆။ ဆရာ ဆိုတာ တပည့်ကို တော်တော်များများမြင်မှ ဆရာလုပ်ရတယ်၊ ဘယ်သူ ဟာ ဘယ်လို အရည်အချင်း ရှိတယ် ဆိုတာ မြင်၇တယ်။ တချို့ တပည့်တွေဟာ ဆရာထက် အရည်အချင်း ပိုသေးတယ်၊ ဘယ်လောက်ပင် ဥာဏ်ကောင်းနေပါစေ ဆရာက မကောင်းလျင် လုံးလည်လိုက်ပြီး မတိုးတက်တော့ဘူး။

၇။ လူတွေဟာ ကောင်းကျိုးကိုသာ မျှော်ကြတယ်၊ ကောင်းတာကိုပဲ ခံစားချင်ကြတယ်၊ အကြောင်းကောင်းအောင်တော့ မလုပ်ချင်ကြဘူး၊ အကြောင်းမကောင်းလျင်တော့ အကျိုးလဲ ခံစားရမှာ မဟုတ်ဘူး၊

၈။ ယခု ဘုန်းကြီးတို့ သာသနာမှာ ငွေ ကုန်တွေ များနေတယ်၊ ဘုရားပွဲ အလှူပွဲ ကထိန်ပွဲ တွေမှာ မလိုအပ်တဲ့ ပျော်ပွဲ ရွှင်ပွဲတွေ များနေပြီး သုံးဖြုန်းနေကြတာပဲ။

၉။ အလှူလုပ်တဲ့ အခါမှာ လူချီးမွမ်း ခံချင်တာ လောဘ၊ ဂုဏ်လိုချင်တာ လောဘ၊ နတ်ပြည်ရောက်ချင်တာလဲ လောဘပဲ။

၁၀။ သူတော်ကောင်း ဆိုတာ သူများနဲ့ ဆက်ဆံလျင် ကိုယ်က အနာခံရတယ်၊ လောဘ ဒေါသတွေကို တတ်နိုင်သမျှ လျော့ချ ထားရတယ်။

၁၁။ သံသရာ အရှည် နှင့် ပုထုဇဉ် အရူး -
ခရီးက ရှည်၊ အရူးတွေ၊ စာရေ ( ရိက္ခာ )က သိုး၊ အဖော် ဆိုးသနင့်၊ အမျိုးမျိုး ကာမဂုဏ် အာရုံတွေ အလွန်နောက်တာကြောင့်၊ အပါယ်ဘုံ ခါခါ ရောက်သော်လည်း လွတ်မြောက်ဖို့ ဝေး။

(က) သံသရာ ခရီးက အလွန် ရှည်၏။
(ခ) ခရီးသွားသူတွေက အရူးအနှမ်းတွေသာ၊
(ဂ) သူတို့၏ ဂုဏ် ပကာသန ဒါန သီလ ဘာဝနာ စားနပ် ရိက္ခာသည် နိဗ္ဗာန် မရောက်ခင် ပုပ်သိုးလိမ့်မည်။
(ဃ) သူတို့၏ အဖော်ကား အမြဲပါနေသော တဏှာ ဖြစ်၏။
(င) ထို့ကြောင့် အပါယ်ငရဲ ရောက်သော်လည်း တဏှာ မပျောက်သောကြောင့် သံသရာမှ လွတ်မြောက်ဖို့ အဝေးကြီး ဖြစ်နေ၏။

၁၂။ ကုသိုလ် အကုသိုလ် ဘာကိုပဲဖြစ်ဖြစ် လုပ်မိတဲ့ အခါ သေးငယ်တယ်၊ အကျိုးပေးမှာ မဟုတ်ဘူးလို့ အထင်မသေးကြနဲ့။ တံစက်မြိတ် အောက်မှာ ချထားတဲ့ ရေအိုးစရည်းကြီးဟာ တစက်ချင်း ကျသော်လည်း မကြာမီ ပြည့်လာသလို နောင်တချိန်မှာ အကျိုးပေးမှာပဲ။

၁၃။ မွေးနေ့ ဆိုတာ အသက်ကြီးလာတဲ့ အထိမ်းအမှတ် ဖြစ်တယ်၊
ငါသည် တနှစ်ပို၍ သေဖက် နီးလာပြီ လို့ ဆင်ခြင်ရမယ်၊ အောက်က လင်္ကာလေးကို မရသေးရင် ရအောင် ရွတ်ပြီး မရဏာ နုဿတိ ဘာဝနာဖြစ်အောင် ရွတ်ပါ၊

ငါနှင့် ရွယ်တူ ငါ့အောက်လူ ကြီးသူသေကြ များလှပြီ၊
ခဏမစဲ အိုစမြဲ၊ ကိုယ်လဲ သေဘက် နီးခဲ့ပြီ၊
မသေရမီ ပါရမီ ငါသည် ဖြည့်မှ သင့်တော့မည်၊
အနိစ္စ အနိစ္စ၊ ဒုက္ခ ဒုက္ခ၊ အနတ္တ အနတ္တ။

၁၄။ သီလ မကောင်းဘဲ ဘာဝနာကို တက်ဖို့ စိတ်မကူးနဲ့၊
သီလ မကောင်းရင် ဒါနတောင် မသန့်ရှင်းဘူး၊
သူများအထင် မသေးအောင် ဂုဏ်ရှိအောင် ပြုတဲ့ ဒါနဟာ အလွန်ညံ့တဲ့ ဒါနဖြစ်တယ်။

၁၅။ မင်းစည်းစိမ် ကို မင်းရဲ့သားက စိတ်ကူးတယ်၊ သူတောင်းစားက စိတ်မကူးပါ၊ ရဟန္တာ အဖြစ်ကို သူတော်ကောင်းကသာ စိတ်ကူးတယ်၊ သူယုတ်မာက သတိပင် မရပါ။

တောင်မြို့ မဟာဂန္ဓာရုံ ဆရာတော် ဘုရားကြီး၏ သြ၀ါဒများကို ကောင်းနိုးရာရာ သင့်သလို ဖော်ပြပါသည်။

Wednesday, October 23, 2013

"ရုန်းရင်းကန်ရင်း"



လေထန်တိုင်းသာ ပွင့်ကြွေပါမူ
ဘယ်မှာ ပန်းများကျန်မည်နည်း။

လှိုင်းပုတ်တိုင်းသာ ကမ်းပြိုပါမူ
ဘယ်မှာ မြေကြီးကျန်မည်နည်း။

ကျရှုံးတိုင်းသာ ငိုရပါမူ
ဘယ်မှာ မျက်ရည်ကျန်မည်နည်း။

အမှောင်တ၀က် လင်းတ၀က်သည်
တရက်တခါ ကြုံမြဲသာတည့်။

အရှုံးတစ်လှည့် နိုင်တစ်လှည့်မှာ

မျက်လှည့်ပမာ တွေ့မြဲသာတည်း။

ဘ၀သည်ကား တိုက်ပွဲများပင်
လှုပ်ရှားရသော လူ့ရွာတောဝယ်
လင်းသောမှောင်သော အောင်သောရှုံးသော
မုန်းသောချစ်သော သစ်သောဟောင်းသော
ကောင်းသောဆိုးသော ညှိုးသောလန်းသော
ကြမ်းသောနုသော ပူသောအေးသော
စောကြောစိတ်ဖြာ မနေသာပေ
လဲရာကထ ကျရာကတက်
ပျက်ရာကဆောက် ရှေ့သို့လျှောက်၍
ရောက်ရာဘ၀ အားမာန်ပြရင်း
ရုန်းရကန်ရ မည်တကား။ ။



အေးငွေ
ငွေတာရီမဂ္ဂဇင်း
၁၉၇၀ပြည့်၊ ဧပြီလထုတ်

အိမ်ရိုက်သံ


ဒီစာလေး ဖတ်ပေးပါအုံး၊ သိပ်ကောင်းတဲ့ စာလေးပါ၊ သူငယ်ချင်းတစ်ယောက်ဆီကရတာပါ၊ ဒီစာလေးဖတ်ပြီး ဒဏ်ရာတွေများရှိနေလို့ ပျောက်ခဲ့မယ်ဆိုရင်………
ဒီစာလေးကိုကျေးဇူးပြုပြီး ဆုံးအောင်ဖတ်ပေးပါ….

ဟိုတုန်းက အင်မတန်မှ စိတ်တို၊ စိတ်ဆတ်တဲ့ ကောင်လေး တစ်ယောက်ရှိသတဲ့။ တစ်နေ့ကျတော့ သူ့အဖေက ကောင်လေးကို အိမ်ရိုက်သံတစ်ထုပ် ပေးလိုက်ပြီး ပြောပါတော့တယ်။
မင်းတစ်ခါ စိတ်တိုတိုင်း သံတစ်ချောင်းကိုနောက်ဖေး က ၀င်းထရံတိုင်မှာ သွားရိုက်ချေကွာတဲ့။
အဖေက အဲဒီလိုပြောပြီး သံထုပ်ကိုပေးလိုက်တဲ့ ပထမနေ့မှာ ကောင်လေးဟာ ၀င်းထရံတိုင်မှာ သံပေါင်း ၃၇ ချောင်းရိုက်သွင်း ဖြစ်သွားတယ်။ အဲဒီလိုနဲ့သူစိတ်တိုတိုင်း သံလေးတွေကို ၀င်းထရံမှာ ရိုက်ရင်းရိုက်ရင်း ကောင်လေးဟာ သူ့စိတ်သူ ထိန်းနိုင်လာသတဲ့။ သံရိုက်ချက်တွေဟာလည်း တစ်နေ့ထက်တစ်နေ့ ကျဲလာခဲ့တယ်။
ဒီလိုနဲ့ ကောင်လေးဟာ ၀င်းထရံမှာ သံပြေးရိုက်တာထက်စာရင် ဒေါသဖြစ်နေတဲ့ စိတ်ကိုထိန်းရတာ ပိုလွယ်မှန်း သဘောက်ပေါက်လာတော့တယ်၊ အဆုံးမှာ ကောင်လေးဟာ စိတ်မတိုပဲနေ နိုင်တဲ့နေ့ကို ရောက်လာရော၊ ကောင်လေးက ပြေးပြီး သူ့အဖေကို သတင်း သွားပို့တယ်…. အဖေရေ… သားတော့ စိတ်ကို ထိန်းနိုင်သွားပြီဗျ။
အဲ့ဒီလိုကျတော့ သူအဖေက တစ်မျိုးခိုင်းပြန်ရော…၊
မင်းကိုယ်မင်း ဒေါသမဖြစ်အောင်တစ်နေကုန် ထိန်းနိုင်ပြီဆိုတာနဲ့ အဲ့ဒီသံတွေကို ပြန်နုတ်ဦးကွာ။ တစ်နေ့ထိန်းနိုင်ရင် ညအိပ်ခါနီး တစ်ချောင်းနှုန်းနဲ့ နှုတ်နော်လို့ မှာလိုက်သတဲ့။ ရက်တွေကြာလာတော့ ကောင်လေး က သူ့အဖေကိုပြောနိုင်သွားတယ်။ အဖေရေ သားရိုက်ခဲ့တဲ့ သံတွေ အားလုံး ကိုနှုတ်ပြီးသွားပြီ၊ တစ်ချောင်းမှ မကျန်တော့ဘူး။
သည်အခါ အဖေလုပ်တဲ့သူက သားရဲ့လက်ကို ဆွဲပြီး သားရိုက်ခဲ့တဲ့ ၀င်းထရံဆီကို ခေါ်သွားတယ်၊
တော်တယ်ငါ့သားလို့လည်း ဆိုပါတယ်။
ဒါပေမယ့် သားသေချာကြည့်စမ်း။ ၀င်းထရံတိုင်မှာ အပေါက်တွေဖြစ်ကျန်ခဲ့တယ်နော်။ ဒီဝင်းထရံတိုင်တွေက အရင်တုန်းက လို ချောချောမွေ့မွေ့ မဟုတ်တော့ဘူးဆိုတာ သားမြင်တယ် မဟုတ်လား။
အေး သားက စိတ်တိုတိုနဲ့ ပါးစပ်က ပြောချလိုက်တဲ့အခါ တစ်ဖက်သားဆိုတဲ့ ၀င်းထရံတိုင်မှာ အခုလို အမာရွတ်တွေထင်ကျန်ရစ်ခဲ့တတ်တယ် သားရယ်။
အဲဒီလိုပဲ လူတစ်ယောက်ကို သားက ဓါးနဲ့ထိုးလိုက်တယ်။ ပြီးရင် ဓါးပြန်နှုတ်ပြီး ရှိခိုးတောင်ပန်တယ်ဆိုပါစို့။ သားဘယ်နှစ်ခါဘဲ ရှိခိုးတောင်းပန်ပါစေ။ ဒဏ်ရာနဲ့ အမာရွတ်တွေကတော့ မလွဲမသွေ ကျန်ခဲ့မှာပဲ ငါ့သားရယ်….တဲ့။
တကယ်တော့ မိတ်ဆွေသူငယ်ချင်းတွေဆိုတာ အဖိုးတန်တဲ့ ရတနာတွေပါပဲ။ သူတို့ဟာ ငါတို့တွေကို ပျော်ရွှင်ရယ်မောစေတယ်။ အားပေးကူညီတယ်။ ဒုက္ခ၊ သုခတွေကို လည်း မျှဝေခံစားကြတယ်။ ရင်ဖွင့်သမျှကို ဂရုစိုက်နားထောင်ပေးတယ်။ ဒါကြောင့် တစ်ခုခုဆို စိတ်လိုက်မာန်ပါ မလုပ်နဲ့။ သူတို့ကို သံနှုတ်ရာကျန်ခဲ့တဲ့ ၀င်းထရံတွေအဖြစ် မရောက်ပါစေနဲ့။ ကိုယ့်မိတ်ဆွေ သူငယ်ချင်းတွေကို ကိုယ်က ဘယ်လောက်ဂရုစိုက် ကြောင်း သူတို့ကိုလည်း သူတို့ရဲ့ မိတ်ဆွေတွေအပေါ် ဂရုစိုက်လာ အောင် လုပ်ပေးသင့် ကြောင်းပြောကြားပေးပါ။
ဒါကြောင့် ကိုယ်တိုင်က သူငယ်ချင်းကောင်း မိတ်ဆွေကောင်းအဖြစ် သတ်မှတ်ထားတဲ့သူတွေဆီကို ဒီပုံပြင်လေးကို လက်ဆင့်ကမ်းပါ။ ယုတ်စွအဆုံး ဒီစာလေးကို ပို့လိုက်တဲ့သူဆီ ဒီအတိုင်း ပြန်ပို့နိုင်ပါသေးတယ်။ ကိုယ်ပို့လိုက်တဲ့ စာ ကိုယ့်ဆီပြန်ရောက်လာရင် ကိုယ့်မှာ မိတ်ဆွေကောင်းတွေ ရှိနေတာကို အလိုလို ခံစားနိုင်မှာပါ။
(ဒီစာအုပ်နာမည်က နေပျော်တဲ့ဘ၀၊ ကြည်မြတဲ့ဘ၀င်၊ ရွှင်လန်းတဲ့စိတ် ဖြစ်ပါတယ်။ ရေးတဲ့သူက ဆရာအတ္တကျော်ပါ။)
'ဆုထိုက်'ဆီမှ ကူးယူပါသည်

ဂုဏ်တော်ကွန်ချာ




၁။သော ဘဂဝါ ဣတိပိ အရဟံ
အရဟံ ဝတ သော ဘဂဝါ
အရဟန္တံ သရဏံ ဂစ္ဆာမိ
အရဟန္တံ သိရသာ နမာမိ
ပထမော ဝဇိရပါကာရော
သောဘဂဝါ ဣတိပိ အရဟံ။

၂။သော ဘဂဝါ ဣတိပိ သမ္မာ သမ္ဗုဒ္ဓေါ
သမ္မာ သမ္ဗုဒ္ဓေါ ဝတ သော ဘဂဝါ
သမ္မာ သမ္ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
သမ္မာ သမ္ဗုဒ္ဓံ သိရသာ နမာမိ
ဒုတိယော ဝဇိရပါကာရော
သော ဘဂဝါ ဣတိပိ သမ္မာ သမ္ဗုဒ္ဓေါ။

၃။သော ဘဂဝါ ဣတိပိ ဝိဇ္ဇာစရဏ သမ္ပန္နော
ဝိဇ္ဇာစရဏ သမ္ပန္နော ဝန သော ဘဂဝါ
ဝိဇ္ဇာစရဏ သမ္ပန္တံ သရဏံ ဂစ္ဆာမိ
ဝိဇ္ဇာစရဏ သမ္ပန္တံ သိရသာ နမာမိ
တတိယော ဝဇိရပါကာရော
သော ဘဂဝါ ဣတိပိ ဝိဇ္ဇာစရဏ သမ္ပန္နော။

၎။သော ဘဂဝါ ဣတိပိ သုဂတော
သုဂတော ဝတ သော ဘဂဝါ
သုဂတံ သရဏံ ဂစ္ဆာမိ
သုဂတံ သိရသာ နမာမိ
စတုတ္ထေ္ထာ ဝဇိရပါကာရော
သော ဘဂဝါ ဣတိပိ သုဂတော။

၅။သော ဘဂဝါ ဣတိပိ လောကဝိဒူ
လောကဝိဒူ ဝတ သော ဘဂဝါ
လောကဝိဒုံ သရဏံ ဂစ္ဆာမိ
လောကဝိဒုံ သိရသာ နမာမိ
ပဉ္စမော ဝဇိရပါကာရော
သော ဘဂဝါ ဣတိပိ လောကဝိဒူ။

၆။သော ဘဂဝါ ဣတိပိ အနုတ္တရော ပုရိသဒမ္မသာရထိ
အနုတ္တရော ပုရိသဒမ္မသာရထိ ဝတ သော ဘဂဝါ
အနုတ္တရံ ပုရိသဒမ္မသာရထိံ သရဏံ ဂစ္ဆာမိ
အနုတ္တရံ ပုရိသဒမ္မသာရထိံ သိရသာ နမာမိ
ဆဋ္ဌမော ဝဇိရပါကာရော
သော ဘဂဝါ ဣတိပိ အနုတ္တရော ပုရိသဒမ္မသာထိ။

၇။သော ဘဂဝါ ဣတိပိ သတ္ထာဒေဝ မနုဿာနံ
သတ္ထာဒေဝ မနုဿာနံ ဝတ သော ဘဂဝါ
သတ္ထာရံ ဒေဝ မနုဿာနံ သရဏံ ဂစ္ဆာမိ
သတ္ထရံ ဒေဝ မနုဿာနံ သိရသာ နမာမိ
သတ္တမော ဝဇိရပါကာရော
သော ဘဂဝါ ဣတိပိ သတ္တာဒေဝ မနုဿနံ။

၈။သော ဘဂဝါ ဣတိပိ ဗုဒ္ဓေါ
ဗုဒ္ဓေါ ဝတ သော ဘဂဝါ
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဗုဒ္ဓံ သိရသာ နမာမိ
အဋ္ဌမော ဝဇိရပါကာရော
သော ဘဂဝါ ဣတိပိ ဘဂဝါ။

၉။သော ဘဂဝါ ဣတိပိ ဘဂဝါ
ဘဂဝါ ဝတ သော ဘဂဝါ
ဘဂဝန္တံ သရဏံ ဂစ္ဆာမိ
ဘဂဝန္တံ သိရသာ နမာမိ
နဝမော ဝဇိရပါကာရော
သော ဘဂဝါ ဣတိပိ ဘဂဝါ။

၁၀။သော ဘဂဝါ ဣတိပိ လောကဝိဒူ
လောကဝိဒူ ဝတ သော ဘဂဝါ
လောကဝိဒုံ သရဏံ ဂစ္ဆာမိ
လောကဝဒုံ သိရသာ နမာမိ
ပဉ္စမော ဝဇိရပါကာရော
သော ဘဂဝါ ဣတိပိ လောကဝိဒူ။

၁၁။သော ဘဂဝါ ဣတိပိ သုဂတော
သုဂတော ဝတ သော ဘဂဝါ
သုဂတံ သရဏံ ဂစ္ဆာမိ
သုဂတံ သိရသာ နမာမိ
စတုတ္ထော ဝဇိရပါကာရော
သော ဘဂဝါ ဣတိပိ သုဂတော။

၁၂။သော ဘဂဝါ ဣတိပိ အနုတ္တရော ပုရိသဒမ္မသာရထိ
မနုတ္တရော ပုရိသဒမ္မသာရထိ ဝတ သော ဘဂဝါ
အနုတ္တရံ ပုရိသဒမ္မသာထိံ သရဏံ ဂစ္ဆာမိ
အနုတ္တရံ ပုရိသဒမ္မသာရထိံသိရသာ နမာမိ
ဆဋ္ဌမော ဝဇိရပါကာရော
သော ဘဂဝါ ဣတိပိ အနုတ္တရော ပုရိသဒမ္မသာရထိ။

၁၃။သော ဘဂဝါ ဣတိပိ ဝိဇ္ဇာစဏ သမ္ပန္နော
ဝိဇ္ဇစရဏ သမ္ပန္နော ဝတ သော ဘဂဝါ
ဝိဇ္ဇာစရဏ သမ္ပန္တံ သရဏံ ဂစ္ဆာမိ
ဝိဇ္ဇာစရဏ သမ္ပန္တံ သိရသာ နမာမိ
တတိယော ဝဇိရပါကာရော
သော ဘဂဝါ ဣတိပိ ဝိဇ္ဇာစရဏ သမ္ပန္နော။

၁၄။သော ဘဂဝါ ဣတိပိ သတ္ထာဒေဝ မနုဿာနံ
သတ္ထာဒေဝ မနုဿာနံ ဝတ သော ဘဂဝါ
သတ္ထာရံ ဒေဝ မနုဿာနံ သရဏံ ဂစ္ဆာမိ
သတ္ထာရံ ဒေဝ မနုဿနံ သိရသာ နမာမိ
သတ္တမော ဝဇိရပါကာရော
သော ဘဂဝါ ဣတိပိ သတ္ထာဒေဝ မနုဿာနံ။

၁၅။သော ဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ
သမ္မာသမ္ဗင်္ီုဒ္ဓေါ ဝတ သော ဘဂဝါ
သမ္မာသမ္ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
သမ္မာသမ္ဗုဒ္ဓံ သိရသာ နမာမိ
ဒုတိရော ဝဇိရပါကာရော
သော ဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ။

၁၆။သော ဘဂဝါ ဣတိပိ ဗုဒ္ဓေါ
ဗုဒ္ဓေါ ဝတသော ဘဂဝါ
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဗုဒ္ဓွ သိရသာ နမာမိ
အဋ္ဌမော ဝဇိရပါကာရော
သော ဘဂဝါ ဣတိပိ ဗုဒ္ဓေါ။

၁၇။သော ဘဂဝါ ဣတိပိ အရဟံ
အရဟံ ဝတ သော ဘဂဝါ
အရဟန္တံ သရဏံ ဂစ္ဆာမိ
အရဟန္တံ သိရသာ နမာမိ
ပထမော ဝဇိရပါကာရော
သော ဘဂဝါ ဣတိပိ အရဟံ။

၁၈။သော ဘဂဝါ ဣတိပိ ဘဂဝါ
ဘဂဝါ ဝတ သော ဘဂဝါ
ဘဂဝန္တံ သရဏံ ဂစ္ဆာမိ
ဘဂဝန္တံ သိရသာ နမာမိ
နဝမော ဝဇိရပါကာရော
သော ဘဂဝါ ဣတိပိ ဘဂဝါ။

“ နားလည်မှုဆိုတာ ”


နားလည်မှုဆိုတာ ကိုယ်ချင်းစာတတ်မှုပါပဲ။
ကိုယ်မှန်တယ်ထင်ပြီး တဖက်သားကိုမငဲ့ညှာ
တတ်တာဟာ နားလည်မှုမရှိတာပဲပေါ့။

သူ့နေရာမှာငါဆိုရင်ဘယ်လိုခံစားရမလဲလို့
နေရာချင်းလဲပြီးခံစားကြည့်စေချင်တယ်။
အဲဒီအခါကြရင်တော့ -
နားလည်မှုဆိုတာဘာလဲလို့ သဘောပေါက်
သွားမယ်ထင်ပါတယ်။
နားလည်မှုဆိုတာကလည်း နားလည်ပေးခြင်တဲ့
စေတနာက လည်းရှိဦးမှနားလည်ပေးနိုင်မှာပါ။

နားလည်မှုဆိုတာစိတ်ရဲ့အဆင့်အတန်းမြင့်တဲ့
အရည်အချင်းတစ်ခုဖြစ်ပါတယ်။
နားလည်မှုပေးနိုင်တဲ့သူဟာ တုန့်ပြန်မှုကောင်းဖို့
နားလည်ပေးခြင်းမဟုတ်ပါ။ နားလည်မှုဆိုတဲ့စကား
လုံးမှာကိုပဲ မျှော်လက့်ချက်မပါဘူးဆိုတာ
နားလည်ရပါမယ်။

- ဆရာတော် အရှင်ဝိလာသဂ္ဂ (ဗောဓိမြိုင်သစ္စာရွေပြည်
ဓမ္မရိပ်သာ)

ဒိဋ္ဌိဇုကမ္မအကြောင်း

ဒိဋ္ဌိဇုကမ္မအကြောင်း" အယူဖြောင့်မှန်ခြင်းကို “ဒိဋ္ဌိဇုကမ္မ”ဟုခေါ်၏။ (ဒိဋ္ဌိ = အယူ + ဥဇုကမ္မ = ဖြောင့်မှန်မူ။) အယူဟူသည် အသိဉာဏ်တည်း။ ထိုအသိဉာဏ်က လမ်းမှန်ကျနေလျှင် သမ္မာဒိဋ္ဌိ (မှန်ကန်သောအယူ) ဖြစ်၏။ ထို အသိဉာဏ်က မှားယွင်းနေလျှင် မိစ္ဆာဒိဋ္ဌိ (မှားသောအယူ) ဖြစ်၏။ အောက်ပါအချက်များ၌ မိမိအသိဉာဏ် ဘယ်လိုဖြစ်သလဲဟု စဉ်းစားပါ။ ၁။ ကုသိုလ်ကံ၊ အကုသိုလ်ကံ။ ၂။ ထိုကံများ၏ ကောင်းကျိုး၊ မကောင်းကျိုး။ ၃။ ထိုကံများကြောင့် ရောက်ရသည့် ဤဘ၀၊ နောက်ဘ၀။ ၄။ နတ်များ၊ ဗြဟ္မာများ။ ၅။ ကောင်းမွန်စွာ ကျင့်ကြံ၍ ဈာန် အဘိညာဉ်ရသူ သို့မဟုတ် ရဟန္တာ ဖြစ်သူများ။ အထက်ပါ အချက် ၅-ချက်ကို လေးလေးနက်နက် စဉ်းစားသောအခါ “ရှိနိုင်သည်၊ ရှိထိုက်သည်၊ ရှိရမည်” ဟု အသိဉာဏ်ဖြစ်လျှင် သမ္မာဒိဋ္ဌိတည်း။ ဤသမ္မာဒိဋ္ဌိကိုပင် “ဒိဋ္ဌိဇုကမ္မ”ဟု လည်းကောင်း၊ “ကမ္မသကတာဉာဏ်”ဟု လည်းကောင်း ခေါ်၏။ (ကမ္မ = ကံ + သက=ကိုယ့်ဥစ္စာ + တာ = ဖြစ်ပုံကို + ဉာဏ် = သိခြင်း။ မိမိပြုသော ကုသိုလ်ကံ အကုသိုလ်ကံသာလျှင် မိမိနောက်သို့ လိုက်ပါသော ကိုယ်ပိုင်ဥစ္စာ ဖြစ်ပေသည်ဟု သိတတ်သောဉာဏ်ကို `ကမ္မသကတာဉာဏ်´ဟု ခေါ်သည်။) ထိုပြခဲ့သော အချက် ၅-ချက်ကို လေးနက်စွာ စဉ်းစားသောအခါ “မရှိနိုင်၊ မရှိထိုက်”ဟု ယူနေလျှင်မိစ္ဆာဒိဋ္ဌိ ဖြစ်တော့၏ ထိုသို့ “ကံ-ကံ၏ အကျိုးမရှိ”ဟု ယူသော မိစ္ဆာဒိဋ္ဌိကြောင့်ပင် တိရစ္ဆာန် သတ္တ၀ါတွေကို သတ်ဖြတ်နိုင်ကြ၏။ ကံကြောင့် ရောက်ရသော ဤဘ၀ နောက်ဘ၀ မရှိဟု ယူသောကြောင့်ပင် ကမ္ဘာလောကနှင့် သတ္တ၀ါတွေကို တစ်စုံတစ်ဦးသော တန်ခိုးရှင်က ဖန်ဆင်းထားသည်ဟု အယူရှိကြသည်။ ငါတို့၏ ဗုဒ္ဓရှင်တော်ကို ရာဇ၀င်နှင့်တကွ ထင်ရှားသိအပ်သကဲ့သို့ ထိုတန်ခိုးရှင်ဆိုသော ပုဂ္ဂိုလ်ကို ယခုလူတို့ သိနိုင်ကြပါ၏လော။ "ဗုဒ္ဓဘာသာဝင်ဖြစ်မူ" ဒိဋ္ဌိဇုကမ္မကို သမ္မာဒိဋ္ဌိဟု ဆိုခဲ့ပြီ။ ထို သမ္မာဒိဋ္ဌိ အယူရှိကြသူတိုင်းလည်း ဗုဒ္ဓဘာသာဝင် မဟုတ်နိုင်သေး။ အခြားသောလူမျိုးတို့သည် ကံ-ကံ၏ အကျိုးကို ယုံကြည်ကြပေ၏ သို့သော် ဗုဒ္ဓဘာသာဝင်များ မဟုတ်ကြ။ ဘုရား တရား သံဃာကို ယုံကြည်၍ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ”ဟု ပါဠိလိုဖြစ်စေ၊ “ဘုရားကိုးကွယ်ပါ၏။ တရားကိုးကွယ်ပါ၏။ သံဃာကိုးကွယ်ပါ၏”ဟု မြန်မာလိုဖြစ်စေ ရွတ်ဆိုမှသာ “ဗုဒ္ဓဘာသာဝင်ဖြစ်သူ = သရဏဂုံ တည်သူ” ဟုခေါ်နိုင်သည်။ ဤသို့ ရတနာ ၃-ပါးကို ကိုးကွယ်ရာတွင် ဂုဏ်ကို မသိဘဲ (ကလေးများကဲ့သို့) မိရိုးဖလာ ယုံကြည်ရုံသာ ယုံကြည်၍ ကိုးကွယ်လျှင်လည်း ဗုဒ္ဓဘာသာဝင် ဖြစ်နိုင်ပေသည်သာ။ "ဒိဋ္ဌိဇုကမ္မဖြစ်ဖို့ အချက်များ" သမ္မာဒိဋ္ဌိဟုလည်းကောင်း၊ ကမ္မသကတာဉာဏ်ဟုလည်းကောင်း၊ ဤဘ၀ နောက်ဘ၀ စသည်များကို မိမိဘာသာ စဉ်းစားကြံစည်နေသောအခါလည်းဖြစ်၏။ ဒါနပြုခါနီး၊ သီလဆောက်တည်ခါနီးဝယ် “ဤဒါန... ဤသီလသည် ကုသိုလ်ကံတည်း။ ဤကုသိုလ်ကံသည် နောက်နောင် ဘ၀တို့၌ ကောင်းကျိုးချမ်းသာကို ပေးနိုင်သည်”ဟု သတိရသော အခါ၌လည်း ဤ ဒိဋ္ဌိဇုကမ္မကုသိုလ် ဖြစ်၏။ ကံ-ကံ၏ အကျိုးကို ယုံယုံကြည်ကြည်နှင့် ဒါန သီလစသော ကုသိုလ်များကို ပြုခိုက်မှာလည်း ဤဒိဋ္ဌဇုကမ္မကုသိုလ်ဖြစ်၏။ မည်သည်ကုသိုလ်မဆို ဤဒိဋ္ဌိဇုကမ္မ ကုသိုလ်ပါမှ သာ၍ အကျိုးကြီးသည်။
မဟာဂန္ဓာရုံ ဆရာတော်

ဘုရားရှင် လမ်းညွှန်တော်မူတဲ့ မဂ္ဂင် ရှစ်ပါး ဆိုတာ…




သီလပန်းတစ်ပွင့် ဖြူစင်လန်းဆန်းဖို့ (သို့မဟုတ်) သီလသိက္ခာပြည့်စုံရေးအတွက် သီလမဂ္ဂင်သုံးပါးကို ဖြည့်ကျင့်ရပါမယ်၊ မြတ်စွာဘုရားရှင်ရဲ့ ပထမဦးဆုံး ဟောကြားတဲ့ ဓမ္မစင်္ကြာ တရားတော်မှာ ရှောင်ရမယ့် အစွန်းနှစ်ပါး လျှောက်လှမ်းရမယ့် မဂ္ဂင်ရှစ်ပါး တရားတွေကို လမ်းညွှန်ပြတော်မူခဲ့တာ အားလုံးသိနားလည်ပြီး သားပါ၊ ဘုရားရှင် လမ်းညွှန်တော်မူတဲ့အတိုင်း မဂ္ဂင်ရှစ်ပါး လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနိုင်ပါမှ စတ္တာရိ အရိယသစ္စာနိ လို့ခေါ်တဲ့ သစ္စာလေးပါးကို ထိုးထွင်း သိမြင်နိုင်မှာပါ၊



သမ္မာဒိဋ္ဌိ- ကောင်းစွာ သိမြင်မှု
သမ္မာသင်္ကပ္ပ- ကောင်းစွာ ကြံစည်မှု
သမ္မာဝါစာ- ၀စီဒုစရိုက် လေးပါးက ရှောင်ကြဉ်ပြီး ကောင်းစွာ ပြောဆိုမှု
သမ္မာကမ္မ န္တ- ကာယဒုစရိုက် သုံးပါးက ရှောင်ကြဉ်ပြီး ကောင်းစွာ ပြုလုပ်မှု
သမ္မာအာဇီဝ- ကာယဒုစရိုက် သုံးပါး ၊၀စီဒုစရိုက်လေးပါးကလွတ်တဲ့ အသက်မွေးမှု
သမ္မာဝါယာမ- သမ္မပ္ပဓာန် တရားလေးပါးနဲ့ ပြည့်စုံဖို့ ကောင်းစွာ အားထုတ်မှု
သမ္မာသတိ- သတိပဋ္ဌာန်တရားလေးပါးနဲ့ ပြည့်စုံဖို့ ကောင်းစွာ အောက်မေ့မှု
သမ္မာသမာဓိ- ဥပစာရ သမာဓိ အပ္ပနာသမာဓိနဲ့ ပြည့်စုံအောင် ကောင်းစွာတည်ကြည်မှု
တို့ပဲဖြစ်ပါတယ်၊

မဂ္ဂင်ဆိုတာ သစ္စာလေးပါးတရားကို ထိုးထွင်းသိမြင်ဖို့ ကျင့်ကြံတဲ့ အကျင့်လမ်းစဉ်ရဲ့ အင်္ဂါရှစ်ပါးလို့ မှတ်သားနိုင်ပါတယ်၊ ဒီနေရာမှာ သီလပန်းတစ်ပွင့် သို့မဟုတ် သီလသိက္ခာ အကြောင်း တင်ပြဆွေးနွေးနေတာ ဖြစ်လို့ မဂ္ဂင်ထိုက်တဲ့ သီလဖြစ်ဖို့ ဘယ်လို စောင့်ထိန်းရမလဲ ဆိုတာ စဉ်းစားသင့်ပါတယ်၊ မိမိတို့ စောင့်ထိန်းနေကျ ငါးပါးသီလ ရှစ်ပါးသီလ ကိုးပါးသီလ ဆယ်ပါးသီလတွေက မဂ္ဂင်ထိုက်တဲ့ သီလတွေမဟုတ်လား လို့ တွေးစရာ မေးစရာပါ၊

စောင့်ထိန်းဆောက်တည်နေကျ ငါးပါးသီလ ကိုပဲ ကြည့်ကြစို့၊ ရှေ့သိက္ခာ သုံးပါးကို စောင့်ထိန်းလိုက်ရင် ကာယဒုစရိုက် သုံးပါးက ရှောင်ကြဉ်ပြီးသား ဖြစ်သွားတယ်၊ မုသာဝါဒ ဆိုတဲ့ သိက္ခာကို စောင့်ထိန်းလိုက်တာနဲ့ ၀စီဒုစရိုက်လေးပါးက အထူးရှောင်ကြဉ်စရာ မလိုတော့ပါဘူး၊ သုရာ မေရယ သိက္ခာပုဒ်ကတော့ ကာမဂုဏ်ကို မှားယွင်းစွာ ခံစားတာဖြစ်လို့ ကာမေသု မိစ္ဆာ စာရထဲမှာ အကျုံးဝင်သွားပါတယ်၊ ဒီနေရာမှာ ကာမဂုဏ်ဆိုတာ ၀တ္ထုကာမဂုဏ်ကို မှားယွင်းစွာ သုံးစွဲတယ်လို့ ဆိုလိုတာပါ၊

ဒီလို ငါးပါးသီလကို ဖြူဖြူ စင်စင် သန့်သန့်ရှင်းရှင်း စောင့်ထိန်းသူဟာ အသက်မွေးမှုလဲ စင်ကြယ်လာမှာ သေချာလှပါတယ်၊ ဒါဆိုရင် ငါးပါးသီလကို လုံခြုံစွာ စောင့်ထိန်းသူဟာ သီလမဂ္ဂင်ကို ဖြည့်ကျင့်နေတာလို့ ပြောနိုင်တယ်၊ ဘုရားရှင် ဟောကြားတဲ့ စာပေတွေမှာ သီလနဲ့ပတ်သက်ပြီး သုံးတဲ့နေရာမှာ အာဒိဗြဟ္မစရိယက သီလ- မြတ်သော အရိယာမဂ်အကျင့်ရဲ့ အစဦးဆုံး သီလ လို့ သုံးပါတယ်၊ အာဒိဗြဟ္မစရိယက သီလဆိုတာ ယနေ့ခေတ်မှာ ထင်ရှားတဲ့ အာဇီဝမဋ္ဌမက သီလကို ပြောတာပါ၊ မိစ္ဆာဇီဝ- မှားယွင်းတဲ့ အသက်မွေးမှုမှ ရှောင်ကြည်ခြင်းလျှင် ရှစ်ခုမြောက်ရှိသော သီလ လို့ ဆိုလိုပါတယ်၊ အာဇီဝမဋ္ဌမက သီလရှစ်ပါး ဆိုတာ တခြားမဟုတ်ပါဘူး.. ကာယဒုစရိုက် သုံးပါး ၀စီဒုစရိုက်လေးနဲ့ မိစ္ဆာဇီဝ တစ်ပါး ဒီရှစ်ပါးကို အာဇီဝမဋ္ဌမက သီလ လို့ခေါ်တာပါ၊ ဒီလိုဆိုတော့ မဂ္ဂင်ထိုက်တဲ့ သီလဖြစ်ဖို့ ကာယဒုစရိုက် သုံးပါး ၀စီဒုစရိုက်လေးပါးနဲ့ မိစ္ဆာဇီဝ-အသက်မွေးမှု မှားခြင်း ဆိုတာကို ရှောင်ကြဉ်လိုက်ရင် မဂ္ဂင် သီလဖြစ်သွားပါတယ်၊ မဂ္ဂင် ကျင့်စဉ် အနေနဲ့ သီလကို ပြောပြတာပါ၊

ပါရမီထိုက်တဲ့ သီလဖြစ်ဖို့လဲ ဒီအတိုင်းပါပဲ ၊ ပါရမီမှာ အဆင့် သုံးဆင့်ရှိပါတယ်၊ ရိုးရိုးပါရမီ် အဆင့်မြင့် ဥပပါရမီနဲ့ အမွန်မြတ်ဆုံး ပရမတ္ထပါရမီ ဆိုပြီး သုံးမျိုးကွဲပြား ပါတယ်၊ ဒီနေရာမှာ သီလ ကို ရိုးရိုး စောင့်ထိန်းရင် သီလ ရိုးရိုးပါရမီ ပါ၊ ကိုယ့်ရဲ့ လက်တွေကို ဖြတ် ခြေတွေကိုဖြတ် ကျောက်ကပ်တွေထုတ်ပေမယ့် ကိုယ့်ရဲ့ သီလကို ဆက်ပြီး စောင့်ထိန်းတာက အဆင့်မြင့် သီလဥပပါရမီပါ၊ အသက်ကိုစွန့်ပြီး စောင့်ထိန်းတဲ့ သီလကိုတော့ အမွန်မြတ်ဆုံး သီလ ပရမတ္ထပါရမီ လို့ ခေါ်ပါတယ်၊ ကိုယ့်အသက် သေချင် သေသွားပါစေ ကိုယ့်စောင့်ထိန်းတဲ့ သီလ ကိုယ်ကျင့်တရားကို မစွန့်လွှတ်တဲ့ သူမျိုးပေါ့၊

ဘုရားလောင်းရဲ့ ဖြစ်တော်စဉ်တွေမှာ ဒါန အရာပဲဖြစ်ဖြစ် သီလအရာပဲ ဖြစ်ဖြစ် ဥာဏ်ယှဉ်ပြီး ပါရမီ မြောက်ဖြစ်အောင် စောင့်ထိန်းလာတာကို လေ့လာ တွေ့ရှိနိုင်ပါတယ်၊

ဒီလို မဂ္ဂင်ထိုက်တဲ့ သီလ၊ ပါရမီ မြောက်တဲ့သီလ သစ္စာတရားတို့ရဲ့ လမ်းစဖြစ်တဲ့သီလကို ဖြူဖြူ စင်စင် ကြိုးစားစောင့်ထိန်းရင် မိမိတို့ရှာဖွေနေတဲ့ သစ္စာရှာပုံတော်ခရီးက ဖြောင့်ဖြူးမှာဖြစ်သလို တကယ်လို့ ဒီဘ၀မှာ သစ္စာတရားကို ရှာမတွေ့သေးဘဲ သံသရာမှာ ကျင်လည်ရအုံးမယ်ဆိုရင်….

၁။ သီလပြည့်စုံသူဟာ မမေ့မလျော့ ကြိုးစားတဲ့အတွက် စည်းစိမ် ဥစ္စာများ ရရှိခြင်း၊
၂။ မိမိရဲ့ ကိုယ့်ကျင့်တရားကောင်းမွန်တဲ့ သတင်းဟာ နေရာတိုင်းကို ပြန့်နှံခြင်း၊
၃။ ဘယ်နေရာ ဘယ်ပရိသတ်တွေဆီကို သွားသွား ကြည်လင်ရွှင်ပြ ရဲတင်းစွာ သွားလာနိုင်ခြင်း၊
၎။ မတွေ မဝေသေရခြင်း၊(ကြည်ကြည်လင်လင် သေရခြင်း)
၅။ သေပြီးနောက် နတ်ပြည်ရောက် ရခြင်း- စတဲ့ အကျိုးထူးတွေကို ခံစားရမယ်လို့ ဘုရားရှင်
ဟောပြတော်မူတယ်၊ မွေးဖွားလာရင် သေရမှာ သေချာပါတယ်၊ မသေခင် ကြားကာလ လေးတစ်ခုမှာ ကောင်းသတင်းတွေ ကောင်းတဲ့လုပ်ရပ်တွေ ချန်ထားနိုင်အောင် ကြိုးစားရပါတယ်၊ ဆရာတော်ကြီး တစ်ပါး အမိန့်ရှိသလို "များများလည်းယူသွား များများလည်းချန်ထားနိုင်အောင် တန်ဖိုးရှိတဲ့ လူ့ဘ၀လေးကို အကျိုးကျိုးရှိရှိ အသုံးချနိုင်အောင် ကြိုးစားကြပါစို့.." အတိုင်း လူ့ဘ၀လေး ရရှိခိုက် အကျိုးရှိတဲ့ လုပ်ငန်းစဉ်တွေလုပ်ဖို့ လိုအပ်လှပါတယ်။

ဘုရားရှင် ဟောပြနေတာကတော့…
တောင်ဇလပ်ပန်း ကြက်ရုံးပန်း စံပယ်ပန်းတို့ရဲ့ ရနံ့ဟာ လေညာကို မရောက်နိုင်၊
သူတော်တို့ရဲ့ သီလရနံ့ ကသာ လေအောက် လေညာပျံ့နှံ့ပြီး အရပ်မျက်နှာတိုင်း ဂုဏ်သတင်းမွှေး ပါတယ် -တဲ့။ သင်းပျံ့တဲ့ မွှေးကြိုင်တဲ့ ဂုဏ်သတင်းအတွက် သီလပန်းတစ်ပွင့်ကို အမြဲလန်းဆန်းအောင် ကြိုးစားစောင့်ရှောက်ရင်း ပန်ဆင်ကြရမှာဖြစ်ပါတယ်။ ။

ဗာဟိယ! သင်သည် ကုသိုလ်တရားတို့၏ အစကို ဖြည့်ကျင့်လော့၊
ကုသိုလ်တရားတို့၏ အစကား အဘယ်နည်း၊ ကောင်းစွာစင်ကြယ်သော
သီလနှင့် ဖြောင့်မှန်သော အယူပေတည်း။
ဗာဟိယ ! အကြင်အခါ၌ သင့်အား သီလလည်း စင်ကြယ်၏၊အယူလည်းဖြောင့်မှန်၏၊
ထိုအခါ သင်သည် သီလကိုမှီ၍ သီလ၌တည်၍ သတိပဋ္ဌာန်လေးပါးကို ပွားများလေလော့။

(မဟာဝဂ္ဂသံယုတ်၊ ဗာဟိယသုတ်)

သီလ ပန်းတစ်ပွင့်ရဲ့ သဘောတရားတွေကို အဖြူဖက်ကနေ ချဉ်းကပ်ပြီး တင်ပြခဲ့တယ်၊ ဒီနေ့တော့ အမည်းရောင်ဖက်နေ ချဉ်းကပ်ပြီး ဖော်ပြလိုတယ်၊ စိတ်အဆင့်ဆင့် မြင့်တက်ရေး သစ္စာတရားကို ဥာဏ်နဲ့ရှာဖွေရေး လမ်းစဉ်မှာ သီလပန်းတစ်ပွင့် အမြဲလန်းဆန်းဖို့ တကယ့်ကို အရေးကြီးလှပါတယ်၊ ကိုယ်စောင့်ထိန်းထားတဲ့ သီလ ညှိုနွမ်း ပေါက်ပျက် ကြောင်ကြားသွားပြီဆိုရင် သီလပျက်စီးဖို့ သေချာသလောက်ရှိပါပြီ၊

ဒီနေရာမှာ ကိုယ့်စောင့်ထိန်းထားတဲ့ သီလ သိက္ခာပုဒ်တွေ အားလုံးကို လွန်ကျူးဖောက်ဖျက်မှ သီလညှိုးနွမ်းတယ်လို့ ခေါ်ဆိုတာ မဟုတ်ဘဲ အစ သိက္ခာပုဒ်နဲ့ အဆုံးသိက္ခာပုဒ်ကို လွန်ကျူးရင်ပဲဖြစ်ဖြစ် အလယ်သိက္ခာပုဒ်တွေကို ဖောက်ဖျက်ရင်ပဲဖြစ်ဖြစ် ကွက်ကျော်လွန်ကျူးမိရင်ပဲ ဖြစ်ဖြစ် အစဉ်အတိုင်း နှစ်ပါး သုံးပါးကို လွန်ကျူးရင်ပဲဖြစ်ဖြစ် ကိုယ်စောင့်ထိန်းနေတဲ့ သီလဟာ ညှိုနွမ်းသွားပါတယ်၊ ဒီလို ကိုယ်အမူအရာ နှုတ်အမူအရာတွေကို မစောင့်စည်းဘဲ အရှက် အကြောက်ကင်းမဲ့စွာ ဒုစရိုက်တွေကို ပြုမိ ပြီဆိုရင်တော့ သီလဟာ လုံးဝပျက်စီးတော့မှာပါ။


ဒီလို သီလညှိုးနွမ်းစေတဲ့အကြောင်းနဲ့ဆက်စပ်ပြီး စာပေတွေမှာ ဖော်ပြတဲ့ မေထုန်ငယ်(၇)ပါး ကိုပြောပြလိုတယ်၊ သစ္စာရှာပုံတော် ခရီးမှာ ကိုယ့်ကိုယ်ကို မလိမ်တမ်း မညာတမ်း စစ်တမ်းထုတ်သင့်တဲ့ အချက်တွေလို့လဲ ပြောနိုင်ပါတယ်၊ အခုဖော်ပြတဲ့ (၇)ချက်ဟာ ကိုယ်စောင့်ထိန်းနေတဲ့ သီလ သို့မဟုတ် ကို ညစ်နွမ်းစေတဲ့ အရာတွေပါ၊ ဒါတွေကတော့

၁။ ရေမွှေးဆွတ်ဖြန်းခြင်း သနပ်ခါးလိမ်းခြင်း ပေါင်ဒါမုန့် စတဲ့ အမွှေးအကြိုင်တွေနဲ့
ပွတ်သပ် လိမ်းကျံရတာကို သာယာ ကြည်နူး ကျေနပ်ခြင်း၊

၂။ ရယ်ရွှင်စရာ ဟာသများနဲ့ ရယ်မော ပျော်ရွှင် မြူးတူး ကစားခြင်း၊

၃။ ဆန့်ကျင်ဘက် လိင်ရှိတဲ့ပုဂ္ဂိုလ်တွေရဲ့ အသံကို နားထောင် သာယာခြင်း၊

၎။ စောင့်စည်းဆင်ခြင်မှုမရှိဘဲ ဆန့်ကျင်ဘက် လိင်ရှိတဲ့ ပုဂ္ဂိုလ်ကို ကြည့်ရှုခြင်း၊

၅။ အရင်ခံစားခဲ့ဖူးတွေ ကာမဂုဏ်ကို အာရုံပြုပြီး သာယာခြင်း၊

၆။ သူတစ်ပါးတို့ ခံစားနေသည့် ကာမဂုဏ်အမှုများကို အာရုံပြုပြီး သာယာခြင်း၊

၇၊ မိမိကျင့်တဲ့ သီလအကျင့်မြတ်ဟာ နတ်ဘ၀ နတ်စည်းစိမ် မင်းဘ၀ မင်းစည်းစိမ်
ရမှာပဲလို့ တောင့်တသာယာခြင်း တို့ပဲဖြစ်ပါတယ်၊

ဒါကြောင့်ဘုရားရှင်က သီလဟာ သတိပဋ္ဌာန်တရား အားထုတ်ရာ သစ္စာရှာဖွေရာမှာ ဘယ်လောက်အရေးကြီးလဲဆိုတာ သိစေချင်လွန်းလို့ ဗာဟိယကို မိန့်တော်မူတာက

ဗာဟိယ! သင်သည် မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ လျှောက်ချင်တယ်ဆိုရင် ကုသိုလ်တရားတို့၏ အစကိုဖြည့်ကျင့်လော့၊
ကုသိုလ်တရားတို့၏ အစကား အဘယ်နည်း၊ ကောင်းစွာစင်ကြယ်သော
သီလနှင့် ဖြောင့်မှန်သော အယူ၊ မှန်ကန်သော အမြင်ပဲဖြစ်တယ်။
ဗာဟိယ ! အကြင်အခါ၌ သင့်အား သီလလည်း စင်ကြယ်၏၊ အယူလည်းဖြောင့်မှန်၏၊
ထိုအခါ သင်သည် သီလကိုမှီ၍ သီလ၌တည်၍ သတိပဋ္ဌာန်လေးပါးကို ပွားများလေလော့- လို့ မိန့်တော်မူတာပါ၊ အလယ်အလတ် လမ်းစဉ်လို့ခေါ်တဲ့ မဂ္ဂင်ရှစ်ပါးရဲ့ ခေါင်ချုပ် သတိပဋ္ဌာန်တရား ကျင့်ကြံပွားများရာမှာ ညစ်နွမ်းခြင်းမရှိ လန်းဆန်းခြင်း ပကတိရှိတဲ့ သီလပန်းတစ်ပွင့် ပန်ဆင်လျက် မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူစင်သောစိတ်ကို ထားနိုင်အောင် ကြိုးစားကြပါစို့။ ။


ကျမ်းကိုး ….ရတနာ့ဂုဏ်ရည် (တောင်မြို့ဆရာတော်ဘုရားကြီး)

Posted by ကဝိရနံ့ရှင်
— with Aye ThiDa.
Like · · Share · 15 hours ago

Wednesday, October 16, 2013

"စကြာဝဠာတစ်ခုလုံး ကိုးကွယ်မည့်ဘာသာ"




နောင်တစ်ချိန်တွင် စကြာဝဠာတစ်ခုလုံး ကိုးကွယ်ကြသည့် ဘာသာတစ်ရားတစ်ခု ဖြစ်ပေါ်လာလိမ့်မည်။ထိုဘာသာတစ်ရားသည် တစ်ယူသန်ဝါဒ၊တရားသေ၀ါဒများကိုလည်း ရှောင်လွဲနိုင်လိမ့်မည်။

သဘာဝတရားနှင့် ဘာသာတရားနှစ်ခုလုံးကို လွှမ်းခြုံမိသည့်ထိုဘာသာတရားသည် ရုပ်နာမ်တရားကိုကိုယ်တွေ့ခံစားသိမြင်မှုနှင့် အဓိပ္မါယ်ပြည့်ဝသည့် ပေါင်းစည်းညိညွတ်မှုအပေါ်မှာ အခြေခံလိမ့်မည်။ထိုအချက်အလက်များကို ဗုဒ္ဓဘာသာက အဖြေထုတ်ပေးလိမ့်မည်။

အကယ်၍သာ ခေတ်သစ်သိပ္ဖံနည်းကျလိုအပ်ချက်များကို အဖြေထုတ်ဖြည့်ဆည်းပေးနိုင်မည့် ဘာသာတရားတစ်ခုရှိလာမည်ဆိုလျှင် ထိုဘာသာတရားသည် ဗုဒ္ဓဘာသာပဲဖြစ်လိမ့်မည်။
"ကမ္ဘာကျော် သိပ္ဖှံဆရာကြီး ဒေါက်တာအဲလဘတ် အိုင်စတိုင်း"



"ဘယ်အရာမှဗုဒ္ဓဘာသာတရားတော်ထက်ပို၍ မသာလွန် မကောင်းမြတ်"


ဗုဒ္ဓဘာသာဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ ကျွန်ုပ်သည်ကမ္ဘာပေါ်ရှိ ဘာသာတရားအားလုံးကို လေ့လာခဲ့ပြီးဖြစ်ဧ။် လှပတဲ့အရာမှာရော၊ ပြည့်စုံကုံလုံတဲ့အရာမှာပါ ဗုဒ္ဓဘာသာရဲ့ အမှန်တရားအရိယသစ္စာလေးပါးနဲ့ မဂ္ဂင်ရှစ်ပါးဆိုတဲ့ အကျင့်လမ်းစဉ်ထက်ပို၍သာလွန်ကောင်းမြတ်တဲ့အရာ တစ်ခုမျှမတွေ့ပါ။ ထိုလမ်းစဉ်နှင့်အညီ ကိုယ်ဘ၀ကို ပုံဖော်ရေးအတွက်ကျွန်ုပ် ကျေနပ်ရောင်ရဲပါဧ။်။
(ပါမ္ခောရိုက်-စ် ဒေးဗစ်)



"လူ့ဘာသာတရား"


ကောင်းကင်ထက်မှာ နေလရှိနေသရွေ့ မြေကမ္ဘာပေါ်မှာ လူသားတွေတည်ရှိနေသရွေ့ ကာလပတ်လုံး ဗုဒ္ဓဘာသာရှိနေမှာပါ။
အကြာင်းမူရင်းသည်လူ့ဘာသာတရားဖြစ်နေသောကြောင့်ပါပဲ။
(သီရီလင်္ကာ ၀န်ကြီးချူပ်ဟောင်း ဘဒ္ဒရာနှိုက်)



"မူဝါဒဖြင့်နေရသော ဘ၀"


ဗုဒ္ဓဘာသာသည် စည်းမျဉ်းဥပဒေဖြင့် နေထိုင်ရသောဘ၀မဟုတ်၊ မူဝါဒဖြင့်နေထိုင်ရသောဘ၀ဖြစ်ဧ။်။
အကျိုးဆက်အားဖြင့် သည်းခံရေးဘာသာတရားတစ်ခုဖြစ်ဧ။် ။
ယင်းသည် နေမင်းအောက်ရှိ စိတ်ကောင်းစေတနာ အရှိဆုံးစနစ်တစ်ခုဖြစ်ပါသည်။
(ခရစ်ယာန်ဘုန်းတော်ကြီး ဂျိုးဇတ်ဝိန်း)



"အမြင့်မြတ်ဆုံးလူသား"


သင်သည်အကယ်၍ အမြင့်မြတ်ဆုံး လူသားတစ်ယောက်ကို တွေ့မြင်လိုပါက သူဖုန်းစားတို့ အ၀တ်သင်္ကန်းကို ၀တ်ရုံဆင်မြန်းထားသော (သာကီဝင်မင်းသား) ဘုရင်တစ်ပါးကို ကြည့်လိုက်ပါ။ သူဧ။် ကြည်ညိုလေးစားဖွယ် စင်ကြယ်သန့်ရှင်းမှုသည်လူ့လောကတွင် ကြီးမြတ်လှပါပေဧ။်။
(မူဆလင် ကဗျာဆရာ - အပ္ဖ္ဒဒူလ် အတာဟီယ)



"မြတ်ဗုဒ္ဓဧ။် ပဋိသေ၀၀ိဿဇ္ဖနာ"


ဥပမာအားဖြင်ဆိုရသော် အိလက်ထရွန်ဧ။် အနေအထားသည် တစ်မျိုးတစ်စားတည်းလောဟု မေးလာခဲ့သော် မဟုတ်ဟုဆိုရပါမည်။အိလက်ထရွန်ဧ။် အနေအထားသည် အချိန်နှင့်အတူ ပြောင်းလဲနေပါသလောဟု မေးလာခဲ့သော် မဟုတ်ဟုဆိုရပါမည်။

သေသည့်နောက်ကာလ၌ အတ္တ၏ အခြေအနေနှင့် ပတ်သတ်၍ အမေးခံလာရသည့်အခါ အထက်ပါအဖြေမျိုးကို ဗုဒ္ဓကပေးတော်မူခဲ့၏။
သို့သော်ယင်းအဖြေမျိုးသည် ဆယ့်ခုနှစ်၊ ဆယ့်ရှစ်ခုနှစ် သိပ္ဖံပညာ၏ အစဉ်အလာနှင့် ယဉ်ပါးခြင်းမရှိသေးချေ။
(ဂျောရောဘတ် အိုပင်ဟိုးမား)




အခုလောက် ရာစုနှစ်ပေါင်းများစွာ ရှည်လျားကြာမြင့်လာခဲ့သည့် အချိန်ကာလကြီးတလျှောက်လုံး အချုူပ်အခြာအာဏာပိုင်စိုးလာသောဗုဒ္ဓဘာသာဝင်များက အခြားဘာသာဝင်များကို သတ်ဖြတ်ကွတ်မြတ်သည်ဟူသော မှတ်တမ်းမှတ်ရာဟူ၍ ရှည်လျားကြာမြင့်လှသည့်ဗုဒ္ဓဘာသာသမိုင်းကြောင်းတွင် ကျွန်ုပ်မတွေ့ရပါချေ။
(ပါမောက္ခ ရိုင်းစ် ဒေးဗစ်)္မ္စ္မ္န္က္ဆ္ဆ္တ္ဌ္ဌ္လ



ဤအရာတွင် မြတ်ဗုဒ္ဓသည် ထာဝရတည်ရှိသော သစ္စာတရားတို့၏ တန်ဖိုးကို တိတိလင်းလင်း ရှင်းပြတော်မူသည့်အပြင် အန္ဒိယနိုင်ငံ၏ကိုယ်ကျင့်တရားကိုပါ တိုးတက်မြင်းမားစေခဲ့၏။ မြတ်ဗုဒ္ဓသည် ကမ္ဘာလောကကြီးအား ပေးအပ်ထားသည့် အကြီးမြတ်ဆုံးသော သူတော်စင် ပညာရှိ လူ့ဂဂေးကြီးတစ်ဦးဖြစ်ပါပေ၏။
(အနောက်တိုင်းသားဦးဆောင်တွေးခေါ်ရှင် အယ်လ်ဘတ်စဆိတ်စာ)



ကမ္ဘာစိတ်ပိုင်းယဉ်ကျေးမှုနှင့် စစ်မှန်သောရုပ်ပိုင်းယဉ်ကျေးမှုတို့ ထွန်းကားရေးအတွက် လူ့သမိုင်းကြောင်းရှိ အခြားသောသြဇာအာဏာထက် ဗုဒ္ဓဘာသာတရားတော်က ပို၍လုပ်ဆောင်ထားပါပြီ။
(အိပ်ခ်ျဂျီဝဲလ်)



ခေတ်သစ်သိပ္ဖံပညာ၏ လိုအပ်ချက်များနှင့် ရင်ဆိုင်ယှဉ်ပြိုင်မည့် ဘာသာတရားတစ်ခု ရှိသည်ဆိုပါလျှင် ယင်းသည်ဗုဒ္ဓဘာသာပင်လျှင်ဖြစ်ရပါမည်။
(အယ်လ်ဘတ် အိန်းစတိန်း)



"အမှန်မြင်သူ၏စကား"


သင်ဟာတက္ကသိုလ်က ဘွဲ့ကောင်းကောင်းတစ်ခု(သို့) ကားသစ်တစ်စီး (သို့) အသံအလွန်ကောင်သည့် စတိရီယို ကတ်ဆတ်တစ်လုံးဒါမှမဟုတ် ကမ္ဘာဘယ်အရပ်ဒေသမဆို လွတ်လွတ်လပ်လပ်သွားလာနိုင်တဲ့ အခွင့်အရေးဆိုတာတကယ်ပဲကျေနပ်မှုပေးနိုင်ပါတယ်လို့သင်ဆိုမယ်ဆိုပါတော့ ။ဒါဆိုရင် ကျွန်မပြောချင်ပါတယ်။

အနောက်နိုင်ငံသားတွေဟာ ဒါတွေကိုကြိုးစားရယူရင်းနဲ့ပဲ ၀မ်းနည်းမှု၊ စိုးရိမ်ပူပန်ရမှုတွေ တွေကြုံနေရပါတယ်။ ဒါကြောင့်ဒိလို တပ်မက်မှုအဖုံဖုံကို လေးလေးနက်နက်စဉ်းစားသုံးသတ် လေ့လာကြည့်စေချင်ပါတယ်။ဒါပေမဲ့ ကျွန်မဟာအဲ့ဒီကျင့်စဉ်များကို အားရကျေနပ်မှု မရှိခဲ့ပါဘူး။

၁၉၇၆-ခုနှစ် ဇူလိုင်လမှာ ဗုဒ္ဓဘာသာတရားရိပ်သာတစ်ခုမှာ မြတ်ဗုဒ္ဓရဲ့ သစ္စာလေးပါးတရားနဲ့ လက္ခာရေးသုံးပါးအကြောင်းကို ပတမဆုံးနာကြားရပါတယ်။အဲ့ဒီအချိန်ကစပြီး မြတ်ဗုဒ္ဓဟောကြားတဲ့ တရာတော်မှလွဲ၍ဘယ်အတွေးအခေါ် အယူအဆကိုမှ အားရကျေနပ်မှုမရှိခဲ့ပါ။
ဘာဘရာဂျင်နပ်စ်(အမေရိကန်)


(မေတ္တာရှင် -ရွှေပြည်သာ)
ကမ္ဘာ့ပညာရှင်တို့၏ ဗုဒ္ဓဘာသာအပေါ်အမြင်
အရှုံးမရှိသော ဒဿန

ဧကောဓမ္မော။




အမှန်အားဖြင့် သိစရာဟူသမျှသည် အရေအတွက်အားဖြင့် 'အများ'ဖြစ်သော်လည်း အရည်အချင်းအားဖြင့် 'တစ်ခု' တည်းသာ ဖြစ်၏။ယင်းကိုပင် 'ဧကောဓမ္မော' ဟူ၍ ဆိုကြ၏။

တစ်ခုတည်းသော တရား"ဧကောဓမ္မော" ဟူသည်မှာ သမုဒယသစ္စာ သို့မဟုတ် နိရောဓသစ္စာပင်ဖြစ်၏။

အနေကဇာတိသံသာရံချီ ဂါထာ၌သမုဒယသစ္စာကိုပင်
တစ်ခုတည်းသော တရား "ဧကောဓမ္မော"အဖြစ်ဖော်ပြထားသည်ကို တွေ့ရ၏။

အမှန်အားဖြင့်လည်း သမုဒယသစ္စာကို မြင်ပါမှ နိရောဓသစ္စာကို မြင်နိုင်မည် ဖြစ်၏။ နိရောဓသစ္စာကိုမြင်လျှင်တပြိုင်နက်တည်း သစ္စာလေးပါးလုံးကို မြင်ပြီးဖြစ်၏။

ထို့ကြောင့် အရေအတွက်အားဖြင့်သစ္စာလေးပါးကို မြင်ခြင်းဟူသည်အရည်အချင်းအားဖြင့် သမုဒယသစ္စာ သို့မဟုတ် နိရောဓသစ္စာကို မြင်ခြင်းပင်ဖြစ်ပါ၏။

သို့ဖြစ်၍ သစ္စာလေးပါးကို မြင်ခြင်းကိုပင်" ဧကောဓမ္မော " ကို မြင်ခြင်းဟူ၍ဆိုရ၏။

(အာ နန္ဒ ထေ ရ ပ ဥှာ ဝ တ္ထု)

ဦီးရွှေအောင်၏ ဓမ္မပဒ ကောက်နုတ်ချက်စာစုများ မှ။

ယမမင်း တောင့်တသောဆုတောင်း (၅) ချက်



ယမမင်းသည် သူတော်ကောင်းကြီးဖြစ်ပြီး ငရဲပြည်သို့ ရောက်လာသော သူများကို လူ့ဘ၀ တစ်လျှောက်လုံး ဘာကုသိုလ်မှ မပြုဘဲ မေ့လျောနေသူများ အားတွေ့ မြင်ရသောအခါ သံဝေဂ ရကာ အောက်ပါ တောင့်တချက် ငါးမျိုးကို တောင့်တသည်။

(၁) ယမမင်းကြီးက လူဖြစ်ရင်ကောင်းမှာဘဲ ဟုတောင့်တသည်။
(၂) လူဖြစ်ရင်လည်း ဘုရားနှင့် တွေ့ ရပါစေဟု တောင့်တသည်။
(၃) ဘုရားနဲ့တွေ့ ရင်လည်း ဘုရားနားမှာ အလုပ်အကျွေးပြု ပြီး နီးကပ်စွာ ချဉ်းကပ်နိုင်ပါစေ ဟု တောင့်တသည်။
(၄) ဘုရား၏ တရားကို နာကြားရပါစေ ဟု တောင့်တသည်။
(၅) တရားနာပြီးနောက် တရားသိရပါစေဟု တောင့်တသည်။

ယခု အခါ မိမိတို့မှာ ယမမင်းလိုချင်နေသော တောင့်တချက်ကို ပိုင်ဆိုင်ပြီးသူများ ဖြစ်နေကြသည်။

ဘုရား သာသနာနှင့် တွေ့ ပြီး ၊ ဘုရား၏ တရားကို ဘုရားသားတော် များထံမှ ကြားနာနေကြရသည်။

ဘုရားနဲ့ တန်းတူ ဆည်းကပ်နိုင်သောသံဃာ တော်များကို အနီးကပ် ဆွမ်းကျွေး လှူဒါန်းခွင့်၊ တရားမေးလျှောက်ခွင့်များပါ ရရှိနေပါသည်။

နာကြားရသောအတိုင်း လိုက်နာကျင့် ကြံ ပါက တရားရနိုင်သော ဘ၀ကို လည်း အမှန်တကယ် ပိုင်ဆိုင်ထားသောကြောင့် မိမိရောက်ရှိနေသော အနေအထားနှင့် ဘ၀ကို တန်ဖိုးထားကာ မိုးရွာတုန်းရေခံ ပြီး ဘ၀ ဇာတ်သိမ်း ချုပ်ငြိမ်းကာ သာသနာတော်ကို တန်ဖိုးထားလေးစားနိုင်ကြပါစေ။


နတ်ရေကန်ဆရာတော် တရားမှ

Thursday, October 10, 2013

ကုသိုလ်ကောင်းမှု ကြိုတင်ပြု။


အိုရမည့်ဘေး မရောက်သေး
မျှော်တွေးဆင်ခြင်ပါ။
မအိုရခင် ကောင်းမှုပင်
ကြိုတင်ပြုထားပါ။

နာရမည့်ဘေး မရောက်သေး
မျှော်တွေးဆင်ခြင်ပါ။
မနာရခင် ကောင်းမှုပင်
ကြိုတင်ပြုထားပါ။

သေရမည့်ဘေး မရောက်သေး
မျှော်တွေးဆင်ခြင်ပါ။
မသေရခင် ကောင်းမှုပင်
ကြိုတင်ပြုထားပါ။........

သဒ္ဓါလွန်လျှင်ကွန့်၏။
ပညာလွန်လျှင်ဆွံ့၏ ။
ဝီရိယလွန်လျှင်ပြန့်၏။
သမာဓိလွန်လျှင်တွန့်၏။
သတိသာလျှင် လွန်သည်မရှိ
လိုသည်သာတည်း။

သဒ္ဓါနှင့် ပညာ
ဝီရိယနှင့် သမာဓိကို
မျှတ စေကာ အားထုတ်ရာ၏ဟု
ဗုဒ္ဓဘုရားရှင် ဟောကြားအပ်သည်နှင့်
အညီ သိက္ခာသုံးရပ်အကျင့်မြတ်ကို နေ့ညမခြား ကျင့်ကြိုးစား ပွားများနိုင်ကြပါစေသောဝ်။.................

ရတနာ လင်္ကာရ ဆရာတော်။

မေ့ခြင်း(၃) မျိုး


၁။ အမေ့ကြီး မေ့နေတာရယ်

၂။ အသင့် အတင့် မေ့နေတာရယ်

၃။မမေ့သင့်တာကို မေ့နေတာရယ်။ ဟူ၍ မေ့ခြင်း သုံးမျိုးရှိတယ်။

၁။ အမေ့ကြီးမေ့နေတယ်ဆိုတာ-
----------------------------------
ဒုစရိုက်မှုတွေပြုနေတဲ့ ပုဂ္ဂိုလ်တွေပါဘဲ။
အထက်တန်းကျကျ နေထိုင်ချင်ကြတဲ့ အတွက်
ဒုစရိုက်မှုတွေ မရှောင်ဘဲ အသက်မွေးပြီး နေတဲ့ ပုဂ္ဂိုလ်တွေက အမေ့ကြီးမေ့နေကြတာဖြစ်တယ်။
ကွယ်လွန်ရင် အပါယ်ငရဲရောက်သွားပါမယ်။
အပါယ်သံသရာသို့ မြုပ်ကျသွားလိမ့်မယ်။

(ဒုစရိုက်သာ ပြုလုပ်ခါ နေတာမေ့သည်မည်။)

၂၊ အသင့်အတင့် မေ့နေတယ်ဆိုတာ-
-------------------------------------------
လောကီအာရုံ ကာမဂုဏ်တွေမှာ စိတ်ညွတ်တာများနေတယ်၊
အာရုံငါးပါးဖြစ်တဲ့ အဆင်း အသံ အနံ့ အရသာ အတွေ့အထိ တွေမှာခံစားဖို့သာ စိတ်ကညွတ်တာ များနေတယ် ဆိုလို့ရှိရင်လည်း မေ့ခြင်းတစ်မျိုးဘဲ။
လောကီ အာရုံ ကာမဂုဏ်မှာ စိတ်တွေများသွားရင်
ဒီဖက် လောကုတ္တရာအာရုံ၊ တရားဓမ္မအာရုံတွေ နည်း
သွားရင် ထိုပုဂ္ဂိုလ်ဟာ ဒုတိယဘ၀စသည်မှာ ဘဝ
သံသရာ၌ နစ်မြုပ်သွားနိုင်တယ်။

(ကာမဂုဏ်မှာ၊ စိတ်ညွတ်တာ၊ နေတာမေ့သည်မည်။)

၃။ မမေ့သင့်တာကို မေ့နေတယ်ဆိုတာ
-------------------------------------------
ဝိပဿနာတရား အားထုတ်နေတဲံ့ ပုဂ္ဂိုလ်သည်ပင်လျှင်
တစ်ခါတစ်ခါမေ့ပြီး အမှတ်တွေလွတ်ပြီးတော့ နေမိ
တတ်တယ်။ဒီမေ့ခြင်းကတော့ အပါယ်မလားနိုင်ပါဘူး။
အမှတ်ကျဲလို့ တရားအတက်နှေးတာ တရားထူးတရား
မြတ်ရတာနှေးသွာခြင်းသာဖြစ်ပါတယ်။အမှတ်သတိ
တွေ အမြဲကပ်နေရမယ်။ဒီလိုမေ့ခြင်းမျိုးမမေ့ရအောင်
မြတ်စွာဘုရားက

”မမေ့ကြနဲ့၊မမေ့ကြနဲ့၊ကျင့်ကြ၊ အားထုတ်ကြ”

လို့ဟော်တော်မူပါတယ်၊ အဓိပ္ပါယ်က သာမန် ဒါန သီလ၊ သမထ ကုသိုလ်လောက်နဲ့ လူ့စည်းစိမ် နတ်စည်းစိမ်၊ဗြဟ္မာစည်းစိမ်လောက်နဲ့ မေ့မနေကြနဲ့၊ အပါယ်သံသရာမှ လွတ်အောင် ကိုယ်အား ဥာဏ်အား ရှိသမျှ ရှုမှတ်ပြီးနေကြ၊ အမှတ်သတိဖြင့် မပြတ် မလပ် ရှုမှတ် နေကြပါလို့ ဟော်တော် မူရင်းဖြစ်တယ်။

(သဒ္ဓမ္မရံသီရိပ်သာ ဆရာတော်ဘုရားကြီး)

ဆုံးမသွန်သင်ခြင်း နှင့် ပြစ်တင်ကဲရဲ့ ခြင်း


ဆုံးမသွန်သင်ခြင်းကို အပြစ်မှ ကင်းလွတ်စေလိုတဲ့
ကုသိုလ်စေတနာက ပံ့ပိုးပါတယ်။
ပြစ်တင်ကဲ့ရဲ့ ခြင်းကိုတော့ အရှက်တကွဲ အကျိုးနည်း
ဖြစ်စေချင်တဲ့ အကုသိုလ် စေတနာက ပံ့ပိုးပေးပါတယ်။
ဒါကြောင့်…
ဆုံးမသွန်သင်ခြင်းနဲ့ ပြစ်တင်ကဲ့ရဲ့ ခြင်းဟာ
ဆီနဲ့ရေလို ကွာခြားပါတယ်။

မေတ္တာရှင် ( ရွှေပြည်သာ ) ဆရာတော်

ဖြေလျှော့လိုက်ကြစို့

သံသရာခရီးရှည်ကြီးကို တစ်ယောက်တည်းလျှောက်လှမ်းလို့

ရတာမဟုတ်တော့လည်း အပေါင်းအဖော်မိတ်ဆွေဆိုတာတွေနဲ့

မလွဲမသွေဆုံစည်းကြရမှာပါပဲ။

တွေ့ခိုက်ဆုံခိုက် လက်တွဲခိုက်မှာ

သံယောဇဉ်နှောင်ကြိုးမပါတဲ့ မေတ္တာစိတ်သန့်သန့်လေးနဲ့

သူ့တာဝန်ကိုယ့်တာဝန်ကျေပွန်စွာ ချစ်ခင်ကြင်နာလိုက်ကြမယ်ဆိုရင်

ဘ၀ခရီးဖော်တွေနဲ့ မလွှဲမရှောင်သာလမ်းခွဲကြရတဲ့အခါ

ဝမ်းနည်းပူပန်နေစရာမလိုတော့ပါဘူး။

နှုတ်ဆက်ထွက်ခွာသူနဲ့ လက်ပြကျန်ရစ်ခဲ့သူ

ဘယ်သူပိုဝမ်းနည်းရပါသလဲ။

ထွက်ခွာသူက ပိုသံယောဇဉ်ကြီးရင်

သူပိုဝမ်းနည်းရမှာပါ။

ကျန်ရစ်ခဲ့သူက ပိုသံယောဇဉ်ကြီးရင်

သူပိုဝမ်းနည်းရမှာပါ။

နှစ်ယောက်လုံး ညီတူသံယောဇဉ်ကြီးရင်တော့

နှစ်ယောက်လုံးညီတူဝမ်းနည်းရမှာပေါ့။

လမ်းခွဲမှာဝမ်းနည်းစရာမလိုအောင်

သံယောဇဉ်နှောင်ကြိုးတွေကို

အတတ်နိုင်ဆုံး ဖြေလျှော့လိုက်ကြစို့လားကွယ်။

အရှင်ဆန္ဒာဓိက( ရွှေပါရမီတောရ )

အရှင်ဆန္ဒာဓိက၏ လမ်းခွဲတာဝမ်းနည်းစရာလား စာအုပ်မှ။

လိုက်နာဖို့

လူ့ပြည်တွင် အကောင်းဆုံးနှင့် အလှပဆုံးသော
အသွင်အပြင်ကား ရိုးသားဖြောင့်မတ်ခြင်းနှင့်
ယဉ်ကျေးခြင်း အမူအရာပင် ဖြစ်ပေသည်။
အထူးသဖြင့် ကြမ်းတမ်းရိုင်းပျသောအမူအရာ ၊
ဆန်းပြားလွန်းသော အမူအရာ၊ ဣနြေ္ဓမဲ့လွန်းသော အမူအရာ
မျိုးကို တစ်ကြိမ်တစ်ခါမျှ မပြုမိစေရန်သတိပြု ရှောင်ရှားရာသည်။

( တောင်တန်းသာသနာပြုဆရာတော်ဘုရားကြီး )

'အကြောင်းကို ရှာကြည့်တတ်ရမယ်။




စေတနာက လောဘနဲ့ တွဲရင်
ငါရဖို့ချည်းဖြစ်လာတတ်တယ်။

နောက် အဲဒီစေတနာကပဲ
ဒေါသနဲ့တွဲလိုက်ရင်
သတ်ဖြတ်ဖို့ဖြစ်တတ်တယ်။

မောဟနဲ့တွဲ လိုက်ပြန်တော့
ပညာမဲ့တာတွေဖြစ်လာတယ်။

မကောင်းတာတွေ
ဘာကြောင့်ဖြစ်လာလဲမေးရင်
စေတနာနဲ့မကောင်းတဲ့
အကြောင်းသုံးပါးတွဲမိလို့…ဒါပဲ…


လောဘနည်းအောင်ကျင့်ရင်
သူများ အတွက်ဆောင်ရွက်တတ်လာတယ်။

ဒေါသနည်းအောင်ကျင့်သုံးရင် ငြိမ်းချမ်းရေးဖြစ်တယ်။

မောဟနည်းအောင်ကျင့်ရင်တော့
ပညာတတ်တွေဖြစ်လာကြမယ်။

ကောင်းတာတွေဘာကြောင့်ဖြစ်ဆိုရင်
စေတနာနဲ့ကောင်းတဲ့.
အကြောင်းသုံးပါးပေါင်းမိလို့.. ဒါပဲ…..။


သီတဂူဆရာတော်ဘုရားကြီး။

Wednesday, October 9, 2013

. သာသနာ့ အာဇာနည် . . . "

.

ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။

သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။

မြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။

သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။

မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။

တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင်ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။

မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။

ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။

မပျံလွန်မီ အချိန်ထိ ဘာသာ သာသနာအကျိုး ဆောင် ရွက်တော်မူခဲ့သူ……။

(၃၁) ဘုံ ဝေနေယျာတို့ အပေါ်တွင် မေတ္တာတရား လွန်စွာ ကြီးမားသူ……။

တိပိဋက ဓရ ဆရာတော် ကိုယ်တိုင် ဖြစ်တော်မူပြီး များပြားစွာသော တိပိဋက ဆရာတော်များ မွေးထုတ်ပေးခဲ့သူ……။

အနာဂတ် သာသနာအကျိုး ရည်မျှော်၍ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး နှင့် ရန်ကုန်) တို့အား တည်ဆောက်ကာ မျိုးစေ့များ ကြဲပေးတော်မူခဲ့သူ……။

များပြားလှစွာသော သာသနာရေး၊ အမျိုးသားရေး တို့ကို ရွက်ဆောင်တော်မူခဲ့သော မင်းကွန်းဆရာတော် ဘုရားကြီးအား ရှိခိုး ပူဇော်အပ်ပါသည်။

Aye Chan Mon မှ မှီငြမ်း ဖြည့်စွက်ပါသည်။

မပေါင်းသင်းထိုက်သူ



အခြေမရှိ ဇာတိမကောင်း ပလောင်းပလဲ အပေါ်ချွဲနှင့် မမြဲနှုတ်လွှာ ဝါစာဆန်းပြား ချောစားတက်စွာ သူယုတ်မာကို မေတ္တာရှောင်ရှက် ပေါင်းဖက်တူရော မနှီးနှောနှင့်။

(မဃဒေဝ-၃၈၄)

မေတ္တာသုံးမျိုး


ငွေငတ်လျက် မေတ္တာငတ်သူ တစ်မျိုး၊
ငွေရှိလျက် မေတ္တာငတ်သူ တစ်မျိုး၊
မေတ္တာရလျက် ငွေငတ်သူ တစ်မျိုး။
(ရေပြာစမ်း ဆရာတော်)

တုန်းလေးတုန်း


ကျင့်ပုံ ကျင့်နည်း ဘုရားဟော တရားတွေကလည်း အဆင်သင့်၊ နည်းပေးလမ်းပြလုပ်မယ့် သံဃာတော်တွေကလည်း အဆင့်သင့်၊ ဒီထက် ပြည့်စုံစရာ မရှိတော့ဘူး။
တို့ထဲက ဒကာ၊ ဒကာမတွေက ဘယ်တော့ ကျင့်ကြံမှာတုန်းဗျာ။
လူ့ဘ၀ရောက်တုန်း၊
သာသနာလည်း ပွင့်တုန်း၊
တရားပြပေးမယ့်သူ ရှိတုန်း၊
ကျန်းမာရေးလည်း ကောင်းတုန်း၊
ဒီတုန်းလေးတုန်းကို တိုင်ထောင်ပြီး အိမ်တစ်ဆောင်လောက် မဆောက်နိုင်ရင် ဘယ်လိုနေပြီး ဘယ်လိုသေကြမှာပါလိမ့်ဗျာ။
( မဟာဗောဓိမြိုင် ဆရာတော် ဘုရားကြီး)

ခုကောင်းမှ နောင်ကောင်း

ဘာ့ကြောင့် ညာ့ကြောင့် အနှောင့်မတွယ်။
ကိုယ့်တွက် ကိုယ်ရေး ကြံတွေးပါကွယ်။
ခုဘ၀ကောင်းမှ နောင်ကောင်းကြမယ်။
နောင်ခါမှ နောင်တရတတ်တယ်။
(၀န်းသို၊ ခန္တီးဆရာတော် ဘုရားကြီး)

သင်ဆဲတာကို ငါဘုရားမယူ

  • တစ်ခါက ပုဏ္ဍားက ဘုရားကို စေတ၀န်ကျောင်းရှေ့မှာ နေ့တိုင်းလာဆဲတယ်။
  • ကြာတော့လည်း သူ့ဘာသာသူ ရပ်သွားတယ်။
  • ဒီလောက်ဆဲနေတာ ဘာကြောင့် ဘာမှပြန်မပြောတာလဲလို့ ဗုဒ္ဓကိုမေးတယ်။
  • ဗုဒ္ဓက – အသင် ပုဏ္ဍား ငါဘုရားဥပမာပေးမယ်။ သင်က လက်ဆောင်တစ်ခုပေးချင်လို့ ယူလာတယ်။ ယူလာတဲ့ပစ္စည်းကို ပေးတာ ငြင်းလို့ရှိရင် လက်ဆောင်ကဘယ်သူ့ဆီမှာရှိနေမလဲ။
  • ပုဏားကြီးက ကိုယ်လက်ထဲမှာပဲ ရှိနေမှာပါတဲ့။ အဲ့ဒီလိုပဲ သင်ဆဲတာကို ငါဘုရားမယူဘူးတဲ့။
  • ဒါ့ကြောင့် ကိုယ်က ယူလိုက်လို့ ခံနေရတာပါနော်။
  • ကိုယ်စိတ်ဆင်းရဲမှုဖြစ်ရတာဟာ ကိုယ့်ဘက်ကပူးပေါင်းဆောင်ရွက်မှု ပါနေတယ်ဆိုတာကို သဘောပေါက်ဖို့ လိုပါနေတယ်ဆိုတာကို သဘောပေါက်ဖိုတယ်။
  • ဒုက္ခဖြစ်လာဖို့ မိမိကိုယ်တိုင်က ပူးပေါင်းဆောင်ရွက်နေတယ်။ ဒါကို သဘောပေါက်ရင် အင်မတန်ကောင်းတယ်။
  • ဒါ့ကြောင့် တရားအားထုတ်ပြီးတော့ ကိုယ့်စိတ်ကို ကိုယ်ကြည့်ပြီးတော့ မိမိကိုယ်ကို အဲ့ဒီလိုဒုက္ခမရောက်အောင် မတိုးတက်အောင် မကြီးပွားအောင် လုပ်နေတာတွေကို မြင်ပြီးတော့ ရပ်တန့်လိုက်မယ် ဖယ်ရှားလိုက်မယ်ဆိုရင် ကိုယ့်ဘ၀မှာ ပိုချောလာပါလိမ့်မယ်။

ကိုယ်နှင့် ကိုယ်သာပြိုင်

အပြိုင်အဆိုင် လောကကြီးမှာ ရောက်နေတော့ ကိုယ်လည်း ပြိုင်ပွဲဝင်နေရမှာပဲ။ ပြိုင်တဲ့အခါ ပြိုင်တတ်ဖို့ လိုတယ်။ မနေ့က ငါ၊ ဒီနေ့ ငါ မှန်စက် ငါ၊ ဒီနှစ် ငါ ပိုတော်လာအောင် ပြိုင်ရမယ်။ သူများနဲ့ မပြိုင်နဲ့။ ကိုယ်နဲ့ ကိုယ်သာပြိုင်။ (ဓမ္မဒူတဆရာတော်ကြီး)

ခင်ပွန်းကျင့်ဝတ် (၅)ပါး


မထီမဲ့ကင်း အပ်နှင့်း ဥစ္စာ မိစ္ဆာ မမှား ၀တ်စားဆင်ယင် မြတ်နိုးကြင် ငါးအင်လင်ကျင့်ရာ။ မိမိဇနီးအား မထီလေးစား မပြုခြင်း။ မိမိရှာဖွေရသမျှ ဥစ္စာများကို ပေးအပ်ခြင်း၊ အခြားမိန်းမများနှင့် ဖောက်ပြားကျူးလွန်မှု မရှိခြင်း၊ အ၀တ်အစားများကို ၀ယ်ခြမ်းဆင်ယင်ပေးခြင်း မြတ်နိုးကြင်နာခြင်း။ (လောကနီတနှင့် သိဖွယ်မှတ်ရာများ စာအုပ်မှ-)

ဇနီးကျင့်ဝတ် (၅) ပါး


အိမ်တွင်းမှုလုပ်၊ သိမ်းထုပ်သေချာ၊ မိစ္ဆာကြဉ်ရှောင်၊ လျော်အောင်ဖြန့်ချိ၊ ပျင်းရိမမူ၊ ၀တ်ငါးဆူ၊ အိမ်သူ ကျင့်အပ်စွာ။ (၁) အိမ်တွင်းအမှုလုပ်ငန်းများကို လုပ်ကိုင်စီမံခြင်း၊ (၂) ခင်ပွန်းအပ်နှင်းသော ဥစ္စာပစ္စည်းများကို စနစ်တကျ သေသေချာချာ သိမ်းဆည်းထားခြင်း၊ (၃) မိမိခင်ပွန်းမှတပါး အခြားယောကျာ်းများနှင့် မဖောက်ပြန် မမှားယွင်းခြင်း၊ (၄) မိမိဘက်ဆွေမျိုး၊ ခင်ပွန်းဘက်ဆွေမျိုးများကို မျှမျှတတ ဝေငှပေးကမ်းခြင်း၊ (၅) လုပ်ငန်းကိစ္စများ ဆောင်ရွက်ရန် မပျင်းရိဘဲ လုံ့လ၀ီရိယရှိခြင်း။

Friday, October 4, 2013

ကမ္မဿကတဥာဏ်

ဒါနလုပ်ရင် အကျိုးပေးတယ်။ သီဆောက်တည်လို့ရှိရင် အသက်
ရှည်တယ်။နတ်ပြည်ရောက်တယ်လို့ ဤမျှလောက် သိတဲ့ဥာဏ်
သည် ကမ္မဿကတဥာဏ်။ ဒီဥာဏ်ကို သာသနာပဥာဏ်လို့
မှတ်လိုက်စမ်းပါ။သေသေချာချာစဉ်းစားပါနော်။ ကိုယ်ဘယ်အခြေ
အနေဆိုက်နေတယ်။ ဒို့ဟာ သာသနာတွင်းတော့ မွေးဖွားကြပါရဲ့။
ဥာဏ်က ဒီဥာဏ်မျှ ဆုံးနေမယ်ဆိုရင်ဖြင့် သာသနာပ ဥာဏ်ထဲမှာ
ပဲ သက်ဝင်နေတယ်။

သစ္စာနုလောမိကဥာဏ်
---------------------------
ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ခန္ဓာငါးပါးရှိတဲ့ အနက်က ဖြစ်ပြီးပျက်တဲ့
အနိစ္စကလေးတွေ သိတဲ့ဥာဏ် ၊ ဖြစ်ပြီးပျက်တဲ့ ဒုက္ခကလေးတွေ
သိတဲ့ဥာဏ် ၊ ဖြစ်ပြီးပျက်တဲ့ အနတ္တကလေးတွေ သိတဲ့ဥာဏ်က
သစ္စာနုလောမိကဥာဏ် ။ဒါက သာသနာတွင်းမှာ ပေါ်လာတဲ့ ဥာဏ်။

ဒါဖြင့် တိုတိုမှတ်ကြပါစို့ဆိုတော့ …
ကောင်းတာလုပ် ကောင်းကျိုးပေးတယ်။မကောင်းတာလုပ်
မကောင်းကျိုးပေးတယ်ဆိုတာသိတဲ့ဥာဏ်သည် သာသနာပဥာဏ်။

ခန္ဓာကိုယ်ထဲ၌ ဝေဒနာလေးတွေ ပေါ်လိုက်ပျောက်သွားလိုက်။
သြော်… ဝေဒနာက္ခန္ဓာကလေးတွေ ဖြစ်ပျက်ပါလား…။စိတ်က
လေးတွေ ပေါ်လိုက် ဖြစ်ပြီး ပျက်သွားလိုက် ။ ဒါလေးတွေ ကြည့်
တတ်တဲ့ ဥာဏ်ကတော့ သစ္စာနုလောမိကဥာဏ်လို့ ခေါ်ပါတယ်။

ဒါဖြင့် တကာ တကာမတွေသည် ဝိပဿနာအလုပ်ကို ဆရာ့ဆီမှာ
နည်းကျကျမလုပ်လို့ရှိရင်ဖြင့် သာသနာပဥာဏ်နဲ့ပဲ နေပြီး သာသ
နာပဥာဏ်နဲ့ပဲ သေကြလိမ့်မယ်။သာသနာတွင်းဥာဏ်မရောက်
တော့ သစ္စာမသိ သစ္စာမသိတော့ မဂ်ဥာဏ်မရ မဂ်ဥာဏ်မရတော့
နိဗ္ဗာန်မရောက် နိဗ္ဗာန်အာရုံမပြုနိုင် ဒီလိုဖြစ်နေတော့…
တကာ တကာမတွေ ……
သာသနာပဥာဏ်လေးနဲ့ လမ်းမဆုံးပါနဲ့။သာသနာတွင်းဥာဏ်
ကလေးကိုလဲ ကြိုးစားလိုက်ပါဆိုတာကို တိုက်တွန်းလိုက်ပါတယ်။

( မိုးကုတ်ဆရာတော်ဘုရားကြီး )

ခွင့်လွှတ်တယ်ဆိုတာ



ခွင့်လွှတ်တယ်ဆိုတာ အနိုင်ယူလိုက်တာလည်း မဟုတ်ဘူး။ အရှုံးပေးလိုက်တာလည်း မဟုတ်ဘူး။ အထက်စီးက နေတာလည်း မဟုတ်ဘူး။ အောက်ကျို့တာလည်း မဟုတ်ဘူး။ ခွင့်လွှတ်လိုက်တာ ကိုယ့်ကိုယ်ကိုကိုယ် လွတ်လပ်မှု ပေးလိုက်တာပဲ။ ကိုယ့်စိတ်ကို ငြိမ်းချမ်းခွင့် ပေးလိုက်တာပဲ။ ခွင့်လွှတ်တယ်ဆိုတာ ဘေးလူမြင်ကောင်း ကြားကောင်အောင် လုပ်တဲ့အလုပ် မဟုတ်ဘူး။ ကိုယ့်စိတ်ထဲမှာတကယ် လွတ်လပ်မှု ရသွားအောင် တကယ် ငြိမ်းချမ်းသွားအောင် လုပ်တဲ့အလုပ် ဖြစ်တယ်။

ရန်ငြိုးဖွဲ့နေရတာ မုန်တီးနေရတာ မကျက်သေးတဲ့ဒဏ်ရာဟောင်းတွေကို ပြုစုနေရတာနဲ့ ကုန်နေရတဲ့အင်အားတွေကို ပိုပြီးတော့ ကောင်းတဲ့နေရာမှာ အသုံးပြုနိုင်အောင် လွတ်လပ်အောင် လုပ်တာဟာ ခွင့်လွှတ်တာပဲ။ ခွင့်လွှတ်နိုင်တာဟာ အလွန်ကြီးမားတဲ့ စွမ်းအားတစ်မျိုး ဖြစ်တယ်၊ ကြီးမားတဲ့စွမ်းအင် ဖြစ်တယ်။ ခွင့်လွှတ်တယ်ဆိုတာ စိတ်ဓာတ်ရောအသိဥာဏ်ပါ ကြီးမားတဲ့သူရဲ့ လုပ်ရပ်ဖြစ်တယ်။ ခွင့်မလွှတ်နိုင်တာဟာ စိတ်ဓာတ်အင်အား အသိဥာဏ်အင်အား နဲသေးတဲ့သူရဲ့ အလုပ်ဖြစ်တယ်။

ခွင့်လွှတ်တယ်ဆိုတာ စာရင်းဟောင်းတွေကို ရှင်းပစ်လိုကတာဘဲ။ ငါ ဒီခွင့်မလွှတ်နိုင်ခြင်းဆိုတဲ့ ခံစားမှုထဲမှာ ထောင်ကျခံပြီးတော့ မနေတော့ဘူး။ ကိုယ့်ကိုယ်ကိုကိုယ် ထောင်ချထားတာပဲ ဆိုတာကို မြင်ဖို့လိုတယ်။ အဲဒီလို မြင်ပြီးတော့ ကိုယ့်ထောင်တံခါးကိုကိုယ် ဖွင့်ပြစ်လိုက်တာပဲ။ ဒီဒေါသစိတ်ကလေးဟာ မကျေနပ်တဲ့ အတွေးကလေးပဲ ဒေါသစိတ်ကလေးပါ ငါ မဟုတ်ဘူး သူသဘာဝနဲ့သူပဲ။ အဲဒီလိုစိတ်ကလေးကို ငါ မဟုတ်တဲ့စိတ်ကလေးအနေနဲ့ ဒေါသစိတ်ကလေးအနေနဲ့ မြင်တတ်သွားပြီဆိုရင် ခွင့်လွတ်ရတာ ပိုလွယ်သွားတယ်။

ဆရာတော်ဦးဇောတိက ( မဟာမြိုင်တောရ )

ဥစ္စာပျောက်က ကုသိုလ် ရ



{၁}

“ ဆရာတော် ... နာရီကြီး „ဘယ်ရောက်သွားသလဲ ဘုရား .."

“ ညက ဒကာ နှစ်ယောက် ..လာယူသွားကြတယ်ကွ. "

“ ဆရာတော် သူခိုးလာခိုးသွားတာ ..ဖြစ်မှာပါ. ဆရာတော် „မသိလိုက်ဘူးလား. ဘုရား. "

“ သိပါတယ်ကွ. သူတို့က. မမီမကမ်းနဲ့. ဖြုတ်နေသံကြားလို့. မတော် လွတ်ကျလို့ ... မင်းတို့နိုးကုန်ရင်. နာရီလည်း ..အကောင်းမရ „ ဒုက္ခလည်း ...ရောက်ကြမှာစိုးလို့. „ပလ္လင်နောက်မှာ. ခွေးခြေရှိတယ်လို့တောင်. ပြောလိုက်သေးတယ် .„ "

“ ဆရာတော်နှယ် ... သူခိုးပဲ „ဘာလို့ပြောလိုက်ရတာလဲ .. „လှူပစ်လိုက်တယ်ဆိုတာကမှ ဟုတ်သေးတယ် .."

“ ထူးပါဘူးကွာ ... „သူတို့လာယူတော့လည်း .. „ကိုယ်က. သွားလှူရ. သက်သာသွားပေါ့ ... „ညကြီးမင်းကြီး. သူများမသိအောင်. လာယူတော့ ... ပုဂ္ဂိုလ် အယုတ်အမြတ်ကလဲ.
မရွေးရတော့ဘူးပေါ့ ... ။ "

"* အောင်ခြင်းရှစ်ပါးဆရာတော် ။
( အမရပူရမြို့ ) ။
•••••••••••••••••••••••••••••••••••••••••

{၂}

“ ဆရာတော် ... „တပည့်တော်လှူထားတဲ့. ရေဒီယိုကြီးလည်း. မမြင်ပါလား ... „ဘယ်နေရာ သွားထားပါလဲ ဘုရား "

“ ဘယ်မှ. သွားမထားပါဘူး. „သူ့ပိုင်ရှင်က ယူသွားတယ် ... "

“ အို .. ဆရာတော်ကလည်း .. „ဘယ်ကလာ. ပိုင်ရှင်ရှိဦးမှာလဲ ... „တပည့်တော်တို့က ဆရာတော်ကို. လှူထားတာပဲ .. ဆရာတော်ပိုင်တဲ့ ..ပစ္စည်းပေါ့ .."

“ ငါမပိုင်လို့ပေါ့ကွာ ... „ငါပိုင်ရင်. ပစ္စည်းက ငါ့အနားမှာ. ရှိမှာပေါ့ .. ခုတော့. „သူ့ပိုင်ရှင်အနား. ရောက်သွားပြီ .."

“ ဆရာတော်ကလည်း. ဝေ့လည်လည်. ပြောနေပြန်ပါပြီ .. „သူခိုး ခိုးသွားတာ. မဟုတ်လားဘုရား.. „ ဒါဆို ..ဆရာတော်. ရေဒီယို ဆုံးပြီပေါ့ .. "

“ မဆုံးပါဘူးကွာ ... „ဆုံးတယ်ဆိုတာ. မီးလောင်သွားတာတို့. မြစ်ထဲ. ပင်လယ်ထဲကျသွားတာတို့လို ...ဘယ်သူမှ. သုံးခွင့်မရတာမှ. ဆုံးတာ.. „ ခုဟာက ...တစ်နေရာမှာ. ..သုံးလို့ရနေဦးမှာပါ ... ။ ". "

* နတ်မှီတောရ ဆရာတော်ဘုရားကြီး
(. တောင်တွင်းကြီးမြို့ ) ။
•••••••••••••••••••••••••••••••••••••••••

{၃}.

“ ဆရာတော် လုပ်ပါဦးဘုရား . „ဒုက္ခတော့ ရောက်ကုန်ပြီ. ...ရဲတိုင်မှ ဖြစ်တော့မယ်. "

“ ဘာတုန်းဟ. ကပ္ပိယရဲ့ ... „မင်းဟာ. အရင်းမပါ. အဖျားမပါ ...ပြူတူးပြာတာနဲ့ တိုးတိုးသက်သာ. ပြောစမ်းပါ .. "

“ ဆရာ့တော်ပစ္စည်းတွေ ညက ..သူခိုး. ခိုးသွားပြီ. ဘုရား ...ဒါကြောင့် ... ပုလိပ် ( ရဲ ) ကို တိုင်မှ. ဖြစ်မယ်လို့. ပြောတာပါ ဘုရား ... "

“ ကပ္ပိယ. ကိုယ့်ပစ္စည်း သူများအခိုးခံရတယ်ဆိုတာ ... „ကိုယ်ကလည်း. သူများပစ္စည်း ...ခိုးခဲ့ဘူးလို့ ဖြစ်မှာပေါ့ဟဲ့ ... „သံသရာမှာ. ကိုယ်ပြုခဲ့တဲ့ ...မကောင်းမှုဟာ .. တစ်ချိန်ချိန်မှာ. တူသောအကျိုး ပြန်ပေးတတ်တာ ..ဓမ္မတာပဲ .. အသာနေပါ. ကပ္ပိယရယ်. မင်းလုပ်လိုက်မှ ..ငါ သံသရာမှာ သူခိုး ဖြစ်ခဲ့ဖူးတာ. လူသိကုန်ပါ့မယ် ... ။ ".

"* မဟာစည်ဆရာတော်ဘုရားကြီး ။
•••••••••••••••••••••••••••••••••••••••••

* တရားမသိသူများအတွက် ..
ဥစ္စာပျောက်လျှင်. ငရဲရောက်ရ၏ ။

* တရားသိသူများအတွက်ကား ...
ဥစ္စာပျောက်တိုင်း ကုသိုလ်ရရ၏ဟူသော…
အတွေးလေး. ရနိုင်ကြပါစေ ။

* ဓမ္မဘေရီဆရာတော်. *

{ မထေရ်မြတ်တို့စကားဝိုင်းစာအုပ်မှ}

Wednesday, October 2, 2013

တရားဟော / တရားနာ



တရားဟောပြီး သူတစ်ပါး နားမလည်ပါက တရားနာသူမှာ ကျေးဇူးမများဘူး။

တရားဟောတတ်ဖို့ရာ ခဲယဉ်သလို တရားနာတတ်ဖို့လည်း ခဲယဉ်းပါတယ်။

ဘုရားရှင်တွေ ပွင့်တိုင်း တရားတွေကို ဟောတော်မူကြတယ်။ဘုရားရှင်တို့ရဲ့ တရားဟော မကောင်းလို့ မဟုတ်။ကိုယ်က တရားမနာတတ်ကြလို့ တရားမရကြ၊ နိဗ္ဗာန်မရခဲ့ ကြတာဖြစ်တယ်။

တရားပွဲတစ်ပွဲမှာ တရားဟောသူထက် တရားနာသူက ပိုခက်တယ်။ တရားဟောသူက သုတ္တန်ဖြစ်စေ၊ ရုပ်နာမ်ဖြစ်စေ၊
ဇာတ်ဝတ္ထုဖြစ်စေဟောပြကြရာ တရားနာသူက အားလုံး အစအဆုံး မှတ်မိဖို့ရာခဲယဉ်းတယ်။

ကိုယ်ကြိုက်သည့် အဓိပ္ပာယ် တစ်ပုဒ် နှစ်ပုဒ်လောက်ကိုသာ နာယူမှတ်သားကာ ပြန်ခဲ့ကြရတယ်။တရားနာသူချင်း တူပေမဲ့ ကုသိုလ်ရတာချင်း မတူကြ။

တရားနာတတ်သူက ပိုပြီး ကုသိုလ်ရပြီး တရားမနာတတ်သူက ကုသိုလ်အရ နည်းတယ်။တရားနာပြန်တော့လည်း နားလည်သည့်အတိုင်း ကျင့်ဖို့က ပိုခဲယဉ်းတယ်။

တရားဟောသူကလည်း သူတစ်ပါး နားလည်ဖို့ထက် နားထောင်ကောင်းဖို့ ဂရုစိုက်တတ်ကြတယ်။ ကိုယ်ဟောသည့် တရားကို ကိုယ်တိုင်ကျင့်ဖို့ သတိမရတတ်ကြဘူး။

( စံကင်းဆရာတော်ဘုရားကြီး )

credit Nyan Bawa.

နိဗ္ဗာန်နှင့် မေထုန်။


ဘုရားစသား အရိယာများ၏
နောက်ဆုံးပန်းတိုင်ကား နိဗ္ဗာန်။

သတ္တဝါအစားစားတို့၏
နောက်ဆုံးပန်းတိုင်ကား မေထုန်။

နိဗ္ဗာန်သည်
မည့်သည့်ကိလေသာနှင့်မျှ မရောယှက်ရာ။

မေထုန်ကား
ကိလေသာအားလုံးတို့၏ နားသက်ရာ။

ဤသို့လျှင် မိုးနှင့်မြေ
ခြားနားလျှက်ရှိချေရာ
ဘုရား ၊ တရား ကျင့်ပွားလိုပါသည်။့

အရိယာတို့သာသိအပ်သော
သစ္စာတရား မျက်မှောက် ပြုလိုပါသည်။

သင် ထိုစကား သင့်မယား
ဘေးနားထား ပြောနေသမျှ
မီးဖိုကြား ကားယားခွထိုင်လျက်
ရေတောင်းနေသူနှင့် ဘာမျှမခြားနား။

( မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး )

"နာ ကျင် တတ် သူ" နှင့် "ကြင် နာ တတ် သူ"



-ဤလောက၌"နာကျင်တတ်သူ"ကိုပင်
်"နာကျင်လွယ်သူ" နှင့် "နာကျင်စေတတ်သူ"ဟ
ုနှစ်မျိုးထပ်မံခွဲနိုင်ပေ သေး သည်။

အချို့သောသူများသည် အခြားသူအတွက် သာမန်စကားမျှဖြစ်သော်လည်း ထိခိုက်ရှလွယ်၍အကြီးအကျယ် ဒါဏ်ရာရလွယ်၏။
ထိုသူတို့ကို "နာကျင်လွယ်သူ"ဟု မှတ်ရပေလိမ့်မည်။ထိုသူတို့နှင့်တွေ့လျှင် စကားပြောပို၍ သတိထား ဆင်ခြင်သင့် ပေသည်။

အချို့သော ပုဂ္ဂိုလ်များမှာမူ---တဖက်သားနားခါးအောင်ပြောတတ်သော ညင်ဆိုးများ ပါလာတတ်ကြသည်။တစ်ဖက်သားကို မခံသာအောင် ဖိနှိပ်ပြောလိုက်ရမှ အိပ်ပျော် စားဝင်သောသူတို့လည်း လောကမှာရှိတတ်ကြသေးသည်။
ထိုသူများကိုတော့ "နာကျင်အောင်ပြောတတ်သူ"
ဟုမှတ်ရပေလိမ့်မည်။

နာကျင်အောင်ပြောတတ်သောသူသည်လည်း သူတစ်ပါး ကိုယ့်ကြောင့် နာကျင်မှု မဖြစ် စေရန် စကားကိုသတိထား ဆင်ခြင်၍ ပြောသင့်ပေသည်။

အကောင်းဆုံးပြောနည်းမှာ---

ကြင်နာစွာ စကားကို ချိုချိုသာသာ သူတစ်ဖက်သား နားဝင် အောင် ပြောသင့်လှပေသည်။

ထိုသူတို့၏ စကားများသည်ဘုရားရှင် ဟောကြားခဲ့သော……

၁။နေလာ-- အပြစ်မရှိ

၂။ကဏ္ဏသုခါ--နားချမ်းသာ၏

၃။ပေမနီယာ--ချစ်ခင်မြတ်နိုးဖွယ်ရှိ၏

၎။ဟဒယင်္ဂမာ-နှလုံးသို့ သက်ဝင်၏

၅။ပေါရီ---လိမ္မာသောမြို့ကြီး သူ/သားတို့ကဲ့သို့

၆။ဗဟုဇနကန္တာ- လူအများနှစ်သက်အပ်၏။

၇။ဗဟုဇနမနာပါ-လူအများ၏စိတ်နှလုံးကို သိမ်းကြုံးပွားစေတတ်၏။
ဟူသောစကားနှင့်ပြည့်စုံသူတို့သည
်"ကြင်နာတတ်သူများ"ဖြစ်သည်။

ကြင်နာတတ်သူဖြစ်ရန် လိုအပ်ပါသည်။
(ဒီ။၁။၆၀။ဒီ။၃။၁၄၁)

ကြင်နာတတ်သူများ ဖြစ်ကြပါစေ။
စေတနာ မေတ္တာဖြင့် ဒေဝီခင်။

လယ်တီဆရာတော်ကြီး၏သြဝါဒ။




တရားအားထုတ် ရာတွင် တရားဆိုသည်ကားသမထတရားပင်ဖြစ်စေ။ဝိပဿနာတရားပင်ဖြစ်စေ သ ဘောအကျဆုံး စိတ်ဥာဏ်အရှင်းဆုံးဖြစ်သော တရားတစ်ခုခုကိုသာ ရှာကြံ၍ မိမိရရအားထုတ် ရာသည်။

ဟိုတရားက ကောင်းလိမ့်ထင် ဒီတရားကကောင်းလိမ့်ထင်။ ဟိုတရားအား အားထုတ်လိုက်အုန်းမှ ဒီတရားအား အားထုတ်လိုက်ဦးမှစသည်ဖြင့်
ဓမ္မဝိဘက်ဖြစ်တတ်ကြသည်။

မည်သည့်ကမ္မဋ္ဌာန်းမဆို အားထုတ် ရာ၏။စရိုက်ပဓာနမဟုတ် စိတ်ဥာဏ် ရှင်းလင်း၍ ထင် လွယ် မြင် လွယ် သိလွယ်သည်သာလျှင် ပဓာနဖြစ်သည် တစ်ထစ်ချမမှတ်ယူအပ်။


* နင် သာ သတိထား *

မ ကွေ့မ ထောင့်
လမ်းဖြောင့်တရား
တွေ့ပါသားနှင့်
အများမူးတိုင်း
နင် မရူးနဲ့
ထူးသည့်အခါ
ဝိပဿနာကို
ခါခါပွားမှ
သွားသည့်သံသရာ
အစဉ်ပါမည်
နင် သာသတိထား။


* နင် ဝယ်သတိထား *

ဒိဋ္ဌိသက္ကာယ
မကွာသမျှ
လေးဝအပါယ်
ရောက်အုံးမယ်
နင် ဝယ်သတိထား။

* ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး။


ဝဋ်ကို မ တောင့်တဘဲပြုသော
အလိုမပါဘဲပြုသော
ဒါန သီလ သမထဘာဝနာ တို့ကား
နိဗ္ဗာန်ရောက်ကြောင်း
အ ထောက်အပံ့များချည်းဖြစ်ကြပါသည်။

ကုသိုလ်ပန်းကုံး သီကုံးပါ။



ပန်းသည် သည်
ပန်းပုံတွင်းမှ များစွာသော
ပန်းတို့ကို
သီကုံးဘိသကဲ့သို့
သတ္တဝါတို့သည်
ဘဝပန်းရုံမှ များစွာသော ကုသိုလ်ပန်းကုံးတို့ကို
ပြုအပ်ပါ၏။

''အကျဉ်းအားဖြင့် ဆိုရလျှင်
လောကသည် ပန်းဥယျာဉ်ဖြစ်၏။
ဘဝသည် ပန်းရုံဖြစ်၏။
ဘဝပန်းရုံမှ
အကုသိုလ်ပန်းများ မပွင့်ပဲ
ကုသိုလ်ပန်းများသာ ပွင့်အောင်ကြိုးပမ်းရ၏။

အကုသိုလ်ပန်းများ ပွင့်လျှင်
ဘဝသည် ''ဒုက္ခ''ဖြစ်၏။

ကုသိုလ်ပန်းများ ပွင့်လျှင်
ဘဝသည် ''ဒုက္ခနိရောဓ'' ဖြစ်၏။

ဒုက္ခနိရောဓ ဟူသည်
''သန္တိသုခ'' ပင်ဖြစ်ပါ၏။

ဆရာကြီးဦးရွှေအောင် (ဓမ္မပဒ)

မယ်တော်မာယာ၏ အံ့ဖွယ် ၁၂ ပါး

။ ၁။ တကွမ်းစားအိုးမှ ဘယ်အခါမျှ ထမင်းမလျော့သောအိုးကို ရရှိခြင်း ၂။ အနာနှိပ်စက်သူအား ကိုင်တွယ်လျှင် အနာပျောက်ကင်းခြင်း ၃။ အလိုရှိမှု ကိုင်တွယ်သော ၀တ္ထုမှန်သမျှ ရွှေဖြစ်ခြင်း ၄။ မျိုးစေ့ သစ်စေ့ကို စိုက်လျှင် ချက်ချင်း သီးပွင့်ခြင်း ၅။ ရေ အလိုရှိက တောင်ထိပ်က ရေထွက်ခြင်း ၆။ အစာလိုက တောင်စောင့်နတ်၊ မြို့စောင့်နတ်တို့က ပေးခြင်း ၇။ အ၀တ်လိုက နတ်တို့ကပေးဆက်ရခြင်း ၈။ အိပ်သော် နတ်မင်းရှစ်ယောက် အမြဲစောင့်ရှောက်ခြင်း ၉။ လမ်းသွားရာတွင် ဗကနတ်တို့က စောင့်ရှောက်ခြင်း ၁၀။ ပူအိုက်သည်ရှိသော် နတ်တို့က ရေလာဆက်ခြင်း ၁၁။ ချမ်းအေးသော် နတ်တို့ကပုဆိုးဆက်ခြင်း ၁၂။ အလှူဒါန ပြုလိုမူ ရတနာမိုး ရွာချခြင်းတို့ ဖြစ်ပါတယ်။ သုခမှတ်စုမှ ကူးယူဖော်ပြပါသည်။