Friday, November 9, 2012

လောကဓံ တရားရှစ်ပါး


 ဖုဌဿ လောက ဓမ္မေဟိ  စိတ္တံယဿ နကမ္ပတိ။  လောကဓံ တရား ရှစ်ပါးနုင့်တွေ့ကြုံရင်ဆိုင်ရ၍ ဘ၀၏ အတက်အကျ  ကောင်းခြင်း ဆိုးခြင်းများ နုင့်ပါတ်သက်၍ မတုန်မလှုပ် ရပ်တည် နေနိုင်ခြင်းသည် ကောင်းမြတ်သော မင်္ဂလာတစ်ပါးဖြစ်ပါသည်။
To Stand steadfastly with an unshaken mind when one is confronted with the ups and downs of life associated with the eight worldly conditions is a noble blessing.
ဒီလောကဓံ တရား ရှစ်ပါးဆိုတာကတော့
(၁) လာဘ  ... ပစ္စည်းဥစ္စာရခြင်း
 (၂) အလာဘ.. ပစ္စည်း ဥစ္စာမရခြင်း
(၃) ယသ ...     အခြွေအရံပေါများခြင်း
(၄)အယသ .  .အခြွေအရံမရှိခြင်း
(၅)နိန္ဒာ...        အကဲ့အရဲ့ခံခြင်း
(၆) ပသံသာ..  အချီးမွမ်းခံရခြင်း
(၇) သုခံ..        ချမ်းသာခြင်း
(၈) ဒုက္ခံ .......  ဆင်းရဲခြင်း ။
 The eight worldly condition are;
(1) Labha ....= Gain
(2)Alabha.....= Loss
(3)Yassa..,,,,.= Fame
(4) Ayassa....= Dishonour
(5) Ninda......= Blame
(6) Pasansa...= Praise
(7) Sukha......= Well being
(8) Dukkha...= Misery.
ဟောဒီလောကဓံတရား ရှစ်ပါးနှင့် ကြုံတွေ့တဲ့အခါ ဘယ်တော့မှ စိတ်ကို မတုန်ပါစေနှင့်.။ ။ ။ ဘ၀ကို  ရိုးရိုးသားသား အေးအေးဆေးဆေး နှင့်သာ နေတတ်ထိုင်တတ်ဖို့သာ အဓိက အရေးကြီးပါတယ်။ဘ၀ကို အကောင်းဆုံးဖြစ်အောင် နေသွားနိုင်ကြပါစေလို့.......မျှော်လင့်ရင်း ပြန်လည်ကာ မျှဝေပေးလိုက်ပါတယ်....။

သတ္တ၀ါတို့ကို လောင်ကျွမ်းပျက်စီး ဆင်းရဲစေတတ်သော တရား (၁၁) ပါး


(၁) ရာဂမီး (လောဘမီး) - တပ်နှစ်သက်ရသဖြင့် ပူလောင်ခြင်း။
(၂) ဒေါသမီး - အမျက်ထွက်၊ စိတ်ဆိုးရသဖြင့် ပူလောင်ခြင်း။
(၃) မောဟမီး - အဟုတ်အမှန်ကို မမြင်မသိရသဖြင့် ပူလောင်ခြင်း။


(၄) ဇာတိမီး - ပဋိသန္ဓေနေရမှု၊ ဘ၀အသစ်၌ ဖြစ်ရသဖြင့် ပူလောင်ခြင်း။
(၅) ဇရာမီး - အိုမင်းရသဖြင့် ပူလောင်ခြင်း။
(၆) မရဏမီး - သေပျက်ရသဖြင့် ပူလောင်ခြင်း။
(၇) သောကမီး - စိုးရိမ်ကြောင့်ကြရသဖြင့် ပူလောင်ခြင်း။
(၈) ပရိဒေ၀မီး - ငိုကြွေးရသဖြင့် ပူလောင်ခြင်း။
(၉) ဒုက္ခမီး - ဒုက္ခဆင်းရဲကြောင့် မသာယာသဖြင့် ပူလောင်ခြင်း။
(၁၀) ဒေါမနဿမီး - စိတ်ကိုမှီ၍ မသာယာသဖြင့် ပူလောင်ခြင်း။
(၁၁) ဥပါယာသမီး - ပြင်းစွာပူပန်မှု၊ ဆို့တက်မေ့မြောသွားမှုများ ဖြစ်သဖြင့် ပူလောင်ခြင်း။

 

မိထွေးတော်ဂေါတမီပြောပြခဲ့သော ရဟန်းမယ်တော်ဘဝ

မိမိ၏ရင်၌ဖြစ်သောသားကိုဖြစ်စေ၊ သူတစ်ပါးရင်၌ဖြစ်သောကိတ္တိမသားကိုဖြစ်စေ သာမဏေဘ၀မှ   မြင့်မြတ်သောရဟန်းအဖြစ်သို့ ရောက်ရှိအောင် ထောပ်ပံ့ချီးမြှောက်ပေးသော, ရဟန်းများအပေါ် ပစ္စည်းလေးပါးဖြင့် ထောက်ပံ့လှူဒါန်း၍ ပုနောပသမ္ပဒသိက္ခာထပ်မင်္ဂလာ ပြုလုပ်ပေးသော အမျိုးသမီးများကို ရဟန်းမယ်တော် ,ရဟန်းဒါယိကာမ, ရဟန်းအမ ဟုခေါ်ဝေါ်ကြပါတယ်။  

  • မြတ်ဗုဒ္ဓအလောင်းလျာသိဒ္ဓတ္ထမင်းသားသူငယ်လေးကိုကိုယ်တိုင် နို့ချိုတိုက်ကျွေး ကျွေးမွေး ပြုစုလာခဲ့သောမိထွေးတော်ဂေါတမီကဘိက္ခုနီမ (ရဟန်းမိန်းမ) ဘ၀ဖြင့် သားတော်ဘုရားရှင်အား လျောက်ထားခဲ့သောစကားတစ်ခွန်းရှိပါတယ်။ ဘာလဲဆိုတော့ …               
         ရညောမာတာမဟေသီတိ၊   သုလဘံနာမမိတ္ထိနံ၊
          ဗုဒ္ဓမာတာတိယံနာမံ၊ ဧတံပရမဒုလ္လဘံ။
                                                           (အပ၊၂၊၂၀၉)

အဓိပ္ပါယ်က…."သားတော်ဘုရား………တပည့်တော်တို့ အမျိုးသမီးတွေဟာ ဘ၀သံသရာမှာ အဖန်ဖန် အထပ်ထပ် ကျင်လည်ခဲ့ရစဉ် လူမိန်းမသားဘ၀ကို ဘ၀ပေါင်းများစွာ အကြိမ်ပေါင်းများစွာ ရရှိခဲ့ပါတယ် ဘုရား ။ အဲဒီဘ၀တွေထဲမှာ ဘုရင့်မယ်တော်ဘ၀နုင့် မိဘုရားကြီးဆိုတဲ့ ဘ၀တွေကို အခက်ခဲ့မရှိဘဲ အလွယ်တကူ ရရှိခဲ့ပါတယ် ဘုရား ။  ဒါပေမဲ့ဘုရားရှင်ရဲ့ မယ်တော် ဘ၀မျိုးကို ရရှိဖို့ကတော့ အင်မတန်ခက်ခဲ့လှပါတယ်ဘုရား”    ဟုလျှောက်ထားခြင်းဖြစ်ပါတယ်။
မိထွေးတော်ဂေါတမီလျှောက်ထားချက်မှာအလွန်ပင် မှန်ကန်လှပါသည်။ ဘုရားတစ်ဆူတစ်ဆူ ပွင့်တော်မူဖို့ရန် အနည်းဆုးံလေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလကြာညောင်းလှပါပေ၏။ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းကိုသင်္ချာအနေအားဖြင့် ရေတွက်ကြည့်မယ်ဆိုပါကတစ်သင်္ချေလျှင်  တစ်နောက်ကသုညအလုးံ (၁၄၀) ရှိပြီးလေးသင်္ချေမှာလေးနောက်ကသုညအလုးံ (၁၄၀) ရှိပေမည်။  လေးသင်္ချေ နှင့် ကမ္ဘာတစ်သိန်းကာလကြာမှဘုရားတစ်ဆူပွင့်တော်မူခြင်းကြောင့် ……….
                 “တစ်ဆူသာရ ၊ နှစ်မဏ္ဍ၊ ၀ရ သုးံဆူသာ၊
                   သာရမဏ္ဍ လေးဆူပြ၊ ဘဒ္ဒ ငါးဆူသာ”
ဟုဆိုသည့်အတိုင်း ဘုရားတစ်ဆူသာပွင့်သောကမ္ဘာကိုသာရကမ္ဘာ၊  ဘုရားနှစ်ဆူသာပွင့်သော ကမ္ဘာကိုမဏ္ဍကမ္ဘာ၊ ဘုရားသုးံဆူသာပွင့်သောကမ္ဘာကို ၀ရကမ္ဘာ၊ ဘုရားလေးဆူသာပွင့်သော ကမ္ဘာကိုသာရမဏ္ဍကမ္ဘာ၊ ဘုရားငါးဆူပွင့်သော ကမ္ဘာကိုဘဒ္ဒကမ္ဘာ ဟုခေါ်ဝေါ် ကြပါတယ်။ ဘုရားငါးဆူထက်ပိုလွန်၍ကားပွင့်တော်မူရိုးထုးံစံမရှိပါ။
ဘုရားအမျိုးအစားများမှာလည်း-
          (၁) ပညာဓိကဘုရား၊
          (၂) သဒ္ဓါဓိကဘုရား၊
          (၃) ၀ီရိယာဓိကဘုရား ဟူ၍သုးံမျိုးရှိပါတယ်။
နံပါတ်တစ်ဖြစ်တဲ့ ပညာဓိကဘုရားဆိုတာကတော့- ဘုရားဖြစ်ရန် ပညာကိုအဓိကထား၍ လေးသင်္ချေနဲ့  ကမ္ဘာတစ်သိန်း အလောင်းတော်ဘ၀နဲ့ ပါရမီဖြည့်ကျင့်ပြီးမှ ဘုရားအဖြစ်ကို ရရှိတော်မူသော ဘုရားကိုခေါ်ပါတယ် ။
နံပါတ်နှစ်ဖြစ်တဲ့ သဒ္ဓါဓိကဘုရားဆိုတာကတော့-ဘုရားဖြစ်ရန် သဒ္ဓါကိုအဓိကထား၍ ရှစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်းပါရမီဖြည့်ကျင့်ပြီးမှ ဘုရားအဖြစ်ကိုရရှိတော်မူသောဘုရားကိုခေါ်ပါတယ်။
နံပါတ်သုးံဖြစ်တဲ့ ၀ီရိယာဓိကဘုရား ဆိုတာကတော့-ဘုရားဖြစ်ရန် ၀ီရိယကို အဓိကထား၍ တစ်ဆယ့်ခြောက် သင်္ချေနဲ့  ကမ္ဘာတစ်သိန်းပါရမီ ဖြည့်ကျင့်ပြီးမှ ဘုရားအဖြစ်ကို ရရှိတော်မူသောဘုရားကိုခေါ်ပါတယ်။ ဂင်္ဂါဝါဠု သဲစုမကပွင့်တော်မူကြကုန်သောဘုရားရှင်တို့၏ အဆုးံအမတရားတော်သည်ကား အနှစ်ချုပ်အားဖြင့်-
                       “ သဗ္ဗပါပဿ အကရဏံ၊ ကုသလ ဿူပသမ္ပဒါ။
                         သစိတ္တ ပရိယောဒါပနံ၊ ဧတံဗုဒ္ဓါန သာသနံ”။
                                       (ဓမ္မပဒ၊၁၈၃)
To refrain from all evil, to do what is good. To purify the mind. This is the teaching of all Buddha.
       “မကောင်းမူများ၊ ရှောင်ရှားပယ်လေ၊   ကောင်းမူတရား၊ ဖြစ်ပွါးစုံစေ။
        မိမိစိတ်ဓါတ်၊ ဆွတ်ဆွတ်ဖြူစေ၊  ဤသုးံပါးဘုရားတိုင်းဆုးံမလေ”
ဆိုသည်နှင့် အညီလူသားတိုင်းအတွက် နားအလည်ဆုံးဝေါဟာရနုင့် ရှင်းပြရလျှင်(၁) ယုံကြည် ထိုက်သူဖြစ်အောင် မကောင်းမူ(အကုသိုလ်)ကင်းပြီး ရိုးသားရမယ်။
 (၂) အားကိုး ထိုက်သူဖြစ်အောင် ကောင်းမူ (ကုသိုလ်) ဆောင်ပြီး ကြိုးစားရမယ်။ (၃) လေးစားထိုက်သူဖြစ်အောင် ကိုယ်ကျိုးမငဲ့ကွက်ဘဲစင်ကြယ်စေရမယ် လို့ထင်ပါတယ်။ ဒါတွေဟာဘုရားရှင်တိုင်းရဲ့ အဆုးံအမ တရားတော်တွေပါပဲ။

ဒါကြောင့် “ဗုဒ္ဓုပ္ပါဒေါဒုလ္လဘောလောကသ္မိံ " လောက၌ ဘုရားအဖြစ်ကိုရဖို့ရန်မှာခက်ခဲ့သလို ထိုခက်ခဲ့သောဘ၀မျိုး၏မယ်တော်ဘ၀(ဗုဒ္ဓမာတာဘ၀)မျိုးကိုရရှိရန်လည်းအလွန်ပင်ခက်ခဲလှပါတယ်။
ထို့အတူပဗ္ဗဇိတဘာဝေါ ဒုလ္လဘောဟုဆိုသည့်အတိုင်း ရဟန်းဘ၀ကို ရဖို့ရန်မှာလည်း အလွန်ပင်ခက်ခဲလှပါပေ၏။ မြတ်ဗုဒ္ဓကိုယ်တော်တိုင် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကာလပတ်လုးံဒါန-စသောပါရမီ (၁၀)-ပါး၊ အပြား(၃၀)၊ ငါးသွယ်သောစာဂ၊ စရိယ-(၃)ပါးတို့ကိုဖြည့်ကျင့်ခဲ့စဉ် ဘုရားအလောင်းတော်ဘ၀ဖြင့် ရဟန်းဘ၀ကို ကိုးကြိမ်သာရရှိတော်မူခဲ့ပါတယ်။
အဲဒီဘ၀များမှာ ……..
(၁)  ကောဏ္ဍည မြတ်စွာဘုရားလက်ထက်မှာဂေါတမဘုရားလောင်းတော်ဟာ ၀ိဇိတာဝီ
       စကြာဝတေးမင်းဖြစ်ပြီးရဟန်းပြုခဲ့ရပါတယ်။
 (၂) မင်္ဂလ မြတ်စွာဘုရားလက်ထက်မှာတော့ ဂေါတမဘုရားလောင်းတော်ဟာသုရုစိပုဏ္ဏားဖြစ်ပြီး
      ရဟန်းပြုခဲ့ရပါတယ်။
(၃) သုမေဓာ မြတ်စွာဘုရားလက်ထက်တွင် ဂေါတမဘုရားလောင်းတော်ဟာဥတ္တရပုဏ္ဏားဖြစ်ပြီး
      ရဟန်းပြုခဲ့ရပါတယ်။
(၄) သုဇာတ မြတ်စွာဘုရားလက်ထက်မှာဂေါတမဘုရားလောင်းတော်ဟာစကြာမင်းဖြစ်၍
      ရဟန်းပြုခဲ့ရပါတယ်။
 (၅) ဖုဿမြတ်စွာဘုရားလက်ထက်မှာဂေါတမဘုရားလောင်းတော်ဟာ ၀ိဇိတာဝီမင်းဖြစ်၍
      ရဟန်းပြုခဲ့ရပါတယ်။
(၆) ဝေဿဘူ မြတ်စွာဘုရားလက်ထက်တွင်တော့ ဂေါတမဘုရားလောင်းတော်ဟာ
     သုဒဿနမင်းဖြစ်၍ ရဟန်းပြုခဲ့ရပါတယ်။
 (၇) ကကုသန် မြတ်စွာဘုရားလက်ထက်မှာဂေါတမဘုရားလောင်းတော်ဟာခေမမင်းဖြစ်၍
      ရဟန်းပြုခဲ့ရပါတယ်။
(၈) ကောဏာဂုံ မြတ်စွာဘုရားလက်ထက်မှာဂေါတမဘုရားလောင်းတော်ဟာပဗ္ဗတမင်းဖြစ်၍
     ရဟန်းပြုခဲ့ရပါတယ်။
(၉) ကဿပမြတ်စွာဘုရားလက်ထက်မှာတော့ ဂေါတမ ဘုရားလောင်းတော်ဟာ
      ဇောတိပါလပုဏ္ဏားဖြစ်၍ ရဟန်းပြုခဲ့ရပါတယ်။

ထိုခက်ခဲသောရဟန်းဘ၀ကိုရရှိခဲ့စဉ် ရဟန်းမယ်တော်ဖြစ်ဖို့ရန်မှာလည်းအလွန်ပင်ခက်ခဲလှပါတယ်။
ရဟန်းဘ၀ဆိုသည်မှာလည်းသာမဏေ(ကိုယ်ရင်)ဘ၀မှတစ်ဆင့် တက်လှမ်းလာရသောကြောင့် သာမဏေများမရှိလျှင် ရဟန်းတော်များမရှိနိုင်၊ ရဟန်းတော်များမရှိလျှင်ကား ဆရာတော်ကြီးများမှာ အဘယ်မှာလျင်ရှိနိုင်ပါမည်နည်း။
 မြတ်စွာဘုရားရှင်သည်  လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တ၀ါ အပေါင်းတို့အား(၄၅)-၀ါ ကာလပတ်လုးံ တရားရေအေးအမြိုက်ဆေးကိုတိုက်ကျွေးဆုးံမတော်မူခဲ့ပြီးမဟာသက္ကရာဇ်(၁၄၈)-ခု၊ ဥတုဂိမန္တ  နွေလရာသီ၊ကဆုန်လပြည့် ၊ အင်္ဂါနေ့တွင်တော့ကုသိနာရုံမြို့အ၀င် မလ္လာမင်းတို့ရဲ့ အင်ကြင်း ဥယျာဉ် အတွင်းမှာပရိနိဗ္ဗာန်စံတော်မူခဲ့ပါတယ်။ အဲဒီနောက် လောကလူသားများအနေဖြင့် ဘုရားရတနာ ၊ တရားရတနာ၊ သံဃာရတနာရယ်လို့ မှန်ကန်စွာသိလာရခြင်းဟာလည်းရဟန်းတော်တွေရဲ့ ကျေးဇူးကြောင့်သာ ဖြစ်ပါတယ်။
သာမဏေ ဘ၀,  ရဟန်းဘ၀တို့ဟူသည်မှာကား လွယ်မယောင်နဲ့ ခက်၏၊ တိမ်မယောင်နဲ့ နက်၏။ လွယ်လွယ်လေးနဲ့ ပင်ပန်း၏။ ဟုပညာရှိဆရာတော်များရေးသားထားသည် ကိုစာပေထဲမှာဖတ်ရူရပြီး ဘ၀တစ်သက်လုးံ ရှင်ရဟန်းဘ၀ဖြင့် ရေရှည်ပျော်မွေ့ဖို့ ဆိုသည်မှာလည်း မလွယ်ကူလှပါ။
ထိုသို့ခက်ခဲလှသလို..သာမဏေများအပေါ် အသက် (၂၀) ပြည့်လျှင် မြင့်မြတ်သော ရဟန်းဘ၀သို့ရောက်ရှိအောင်မြှင့်တင်ပေးပြီး, ပစ္စည်းလေးပါးတို့ဖြင့် အမြဲမပြတ် ထောက်ပံ့ လှူဒါန်းတဲ့ရဟန်း မယ်တော်ဘ၀၊ရဟန်းတော်များအပေါ် ပစ္စည်းလေးပါးတို့ဖြင့် ထာဝရထောက်ပံ့၍ ပုနောပသမ္ပဒသိက္ခာထပ်မင်္ဂလာပြုလုပ်ပေးကြသော ရဟန်းမယ်တော်ဘ၀,ရဟန်းဒါယိကာမဘ၀, ရဟန်းအမဘ၀အဖြစ်ကို ရရှိရန်မှာလည်းရတောင့်ရခဲ ကြုံတောင့်  ကြုံခဲလှသော ဘ၀မျိုး အမှန် ပင်ဖြစ်ပါကြောင်း-
“စကြာဝတေးမင်း၏ မယ်တော်ဖြစ်ဖို့ကားလွယ်ကူ၏။ ဘုရားရှင်၏ မယ်တော်၊ရဟန်းမယ်တော်၊ ရဟန်းဒါယိကာမ၊ ရဟန်းအမ ဖြစ်ဖို့ကားအလွန်တရာမှ ခဲယဉ်းလှပါ၏”
ဟူသောမိထွေးတော် ဂေါတမီ၏ သားတော် ဘုရားရှင်အပေါ် လျောက်ထားချက် စကားလေးကို ရင်ဝယ်ပိုက်လျက် မြတ်ဘုရားသာသနာတော်နှင့်ကြုံခိုက် ဗုဒ္ဓဘာသာဝင် အမျိုးကောင်းသမီးများအနေနဲ့ ရဟန်းမယ်တော်ဘ၀, ရဟန်းအမဘ၀ကို ရယူသောအားဖြင့် ရရှိလာတဲ့လူ့ဘ၀ကို  ကျေနပ်နှစ်သိမ့်နိုင်ကြပါစေလို့......

သောဏနန္ဒဇာတ်တော်လာ မိဘဂုဏ်ရည် (၁၂) ပါး


(၁) မိဘတို့သည် သားသမီးအပေါ်မေတ္တာထားသောကြောင့် “ဗြဟ္မာ”မည်ပါတယ်။
(၂) ငယ်စဉ်ကတည်းက ဒီလိုစား၊ ဒီလိုသွား ဒီလိုနေ စသဖြင့် သင်ကြားပြသပေးသောကြောင့် “ လက်ဦးဆရာ” ဖြစ်ပါတယ်။
(၃)မိဘတို့သည် ရပ်ဝေးတွင် စီးပွါးရှာ၍ သားသမီးကိုကျွေးမွေးသည်။ သားသမီးတို့ကလည်း ထိုသို့ပြန်လည် လုပ်ကျွေးထိုက်သော “အာဟုနေယျ” ပုဂ္ဂိုလ်ဖြစ်ပါတယ်။
(၄)သားသမီးများရှာဖွေထားသည်ကို  မပျောက်ပျက်အောင် တိုးတက်အောင်စောင့်ရှောက်ပေးသော “ပုဗ္ဗဒေ၀တာ” ပုဂ္ဂိုလ်ဖြစ်ပါတယ်။
(၅) သားသမီးများမမွေးခင်ကတည်းက ကြိုတင်ချစ်ခင်လွန်းသောကြောင့်  “သုဟဒ” ပုဂ္ဂိုလ်ဖြစ်ပါတယ်။
(၆)လူဖြစ်အောင်မွေးဖွားပေးခဲ့သော မိခင်၏ဂုဏ်ကို “ဇနေတ္တိ” ဟုခေါ်ပါတယ်။
(၇)နို့ချိုတိုက်ကျွေးခဲ့သော မိခင်၏ ဂုဏ်ကို “ပေါသက” ဟုခေါ်ပါတယ်။
(၈)ယုယကြင်နာစွာ မွေးဖွားပေးခဲ့သော မိခင်၏ဂုဏ်ကို “ပေါသေန္တ”ဟုခေါ်ပါတယ်။
(၉) မိဘတို့သည် သားသမီးများကို အမြဲတစေစောင့်ရှောက်နေတတ်သောကြောင့် “အာပါဒက”ဟုခေါ်ပါတယ်။
(၁၀)လောကအကြောင်း၊လူအကြောင်းကိုသူတို့သိသမျှ သားသမီးများသိရအောင် ပြောပြတတ်သောကြောင့် “ဒေဿတာရ” မည်ပါတယ်။
(၁၁) သားသမီးများနားဝင်အောင် ချော့မော့ပြောပြတတ်သောကြောင့် “တောသယန္တိ”ဟုခေါ်ပါတယ်။
(၁၂) ကိုယ်သုးံဖို့ရှာဖွေထားသော ပစ္စည်းများကို ကိုယ်ကိုယ်တိုင်မသုးံရက်၊ မစားရက်ဘဲ သားသမီးများအတွက် ချန်ထားတတ်သောကြောင့်  “ဂေါပယန္တိ” ဟုခေါ်ပါတယ်။
ဤဂုဏ်ရည်များသည် မိဘတို့က သားသမီးအပေါ် မည်မျှကောင်းကြောင်း ထင်ရှားစေသော ဂုဏ်ရည်များ ဖြစ့်ပါသောကြောင့် သားသမီးတိုင်း မိဘကျေးဇူးကိုသိတတ်နားလည်နိုင်တတ်ကြပါစေလို့….မျှော်လင့်ရင်း.......ပြန်လည်ကာ မျှဝေလိုက်ရပါတယ်...။

Sunday, November 4, 2012

ပုဂ္ဂလိကဒါနနှင့်သံဃိကဒါန

အလှူလုပ်ကြပြီဆိုလျှင် သံဃာကို ရည်မှန်းပြီး လှူဒါန်းကြ
ပုဂ္ဂိုလ်ကို ရည်မှန်းပြီးတော့ ပုဂ္ဂလိက လှူဒါန်းတာထက်
သံဃာကို ရည်မှန်းပြီး သံဃိက လှူဒါန်းတာက ပိုပြီးမြတ်တာပေါ့။
ဘာလို့လဲဆိုတော့ သံဃိကဆိုတာ ဘုရားရဟန္တာ အရှင်မြတ်ကြီးတွေက စပြီးတော့
တစ်သာသနာလုံးရှိ ရဟန်းသံဃာတွေနဲ့ ဆိုင်သွားလို့ပဲ။
ပုဂ္ဂိုလ်ကိုရည်မှန်းပြီး လှူဒါန်းတာက
သူ့ရဲ့ သီလ၊ သမာဓိ အင်အားရှိသလောက်ပဲ အကျိုးပေးရမယ်။
သီလ သမာဓိ ရှိချင်လည်း ရှိမယ်၊ မရှိလည်းပဲ ဖြစ်ချင်ဖြစ်မယ်။ စိတ်မချရဘူးပေါ့။
လုံးလုံး အကျိုးမရတာတော့ မဟုတ်ပါဘူး။ ထိုက်သလောက်ရမယ်။
သံဃိက လှူဒါန်းတာကတော့ စိတ်ချရတယ်။
ဒီအထဲက ဘုရားရဟန္တာ အရှင်မြတ်ကြီးတွေပါ ပါနေတာကိုး။

(အရှင်ဇနကာဘိဝံသ)

 တစ်ခါတုန်းက ဘဒ္ဒါနဲ့သုဘဒ္ဒါဆိုပြီးညီမနှစ်ယောက်ရှိပါတယ်။  ဘဒ္ဒါက အိမ်ထောင်သည်ဖြစ်ပါတယ်၊ဒါပေမယ့် သားသမီး မထွန်းကားပါဘူး။ သူကစဉ်းစားတယ်- ငါတို့မရှိတဲ့နောက်မှာ ငါတို့ရဲ့စီးပွားဥစ္စာတွေကို အမွေဆက်ခံမည်သူ ရှိမှာမဟုတ်ဘူး၊ မရှိရင်တော့ အားလုံးပျက်စီးကုန်လိမ့်မယ် လို့စဉ်းစားပြီး ညီမဖြစ်သူ သုဘဒ္ဒါကို သူ့ယောကျာ်းနှင့်လက်ထပ်ပေးလိုက်ပါတယ်။
အစ်မဖြစ်သူ ဘဒ္ဒါကလည်းသူ့ညီမကို ဆုံးမပါတယ်၊ ဒါနပြုဖို့၊ သီလဆောက်တည်ဖို့၊ ဘာဝနာပွားဖို့စသည့်ဖြင့်ပေါ့။ ညီမဖြစ်သူကလည်း လိုက်နာပါတယ်။ တနေ့တော့ သုဘဒ္ဒါကဆွမ်းကပ်ချင်တဲ့စိတ်ဖြစ်ပေါ်လာပါတယ်။ ဒီလိုနဲ့ အိမ်ကိုကြွလေးရှိတဲ့ အရှင်ရေ၀တကို လျှောက်ထားပါတယ်။ အရှင်ရေ၀တကလည်း သုဘဒ္ဒါ ဆွမ်းကပ်မယ်ဆိုရင် ပုဂ္ဂလိကမကပ်နဲ့ သံဃိကကပ်(သံဃာကိုရည်မှန်းပြီးကပ်)ပါလို့ မိန့်လိုက်ပါတယ်။

ရဟန်းဘ၀ ဘေးလေးဝ

မြတ်ဗုဒ္ဓက ရဟန်းတော်တွေကိုခေါ်ပြီးဆုံးမပါတယ်။ ချစ်သားတို့ရေ.. ရေသို့ သက်ဆင်းသောသူ လေးပါးသောဘေးကို တွေ့ရပါလိမ့်မယ်။ အဲဒါတွေကတော့-
(၁) လှိုင်းတံပိုးဘေး၊ [Fear of waves]
(၂)မိကျောင်းဘေး၊(Fear of crocodiles]
(၃)၀ဲဘေး၊[Fear of whirlpools]
(၄)ငါးမန်းဘေး [Fear of sharks] တို့ပဲဖြစ်ပါတယ်။ ထိုနည်းတူစွာပါပဲ၊ သာသနာ့ဘောင်မှာ ရဟန်းပြုသောအချို့သောပုဂ္ဂိုလ်တို့လဲ ဤဘေးလေးပါးကို တွေ့ရပါလိမ့်မယ်။
       (၁) ချစ်သားတို့- လှိုင်းတံပိုးဘေးဟူသည် တချို့က သဒ္ဓါတရားဖြင့်ရဟန်းပြုလာကြတယ်။ သာသနာ့ဘောင်ရောက်တော့ ရဟန်းအချို့က” င့ါအရှင် သင်သည် ဤသို့ရှေ့သို့တက်ရမယ်၊ ဤသို့တစောင်းကြည့်ရမယ်၊ ဤသို့ကွေးရမယ်၊ ဤသို့ဆန့်ရမယ်၊ ဤသို့ဒုကုဋ် သပိတ်သင်္ကန်းကို ဆောင်ရမည်”ဟုပြောဆိုကြပါတယ်။  သာသနာ့ဘောင်ဝင်လာသောရဟန်းသည် သူက ငါ့တို့ထက်ငယ်တာကို ငါ့လာပြီးဆုံးမရမလား၊ ငါလူ့ဘ၀တုန်းက ငါကသာ ဆုံးမခဲ့ရတာပါ၊ အခုတော့ ကိုယ့်ထက်ငယ်တဲ့သူကလဲ ဆုံးမနေတယ်၊ ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုပြီ ရဟန်းသိက္ခာကိုစွန့်ပြီးလူထွက်ပါတယ်။ ထိုသို့သောသဘောကိုပင် လှိုင်းတံပိုးဘေးဟု ငါဘုရားပြောခြင်းဖြစ်ပါတယ်။ [လှိုင်းတံပိုးဘေးဟူသည် ပြင်းထန်သော အမျက်ဒေါသ၏အမည်ဖြစ်ပါတယ်။]
ဒီနေရာမှာ စကားစပ်တာနဲ့ ရဟန်းအမျိုးအစားငါးမျိုးရှိကြောင်းကို အကျဉ်းမျှ တစ်ခါတည်းဖော်ပြချင်ပါသေးတယ်။
(i)           သဒ္ဓါပဗ္ဗဇိတ [Enter monkhood because of faith]- ဘုရားတရားသံဃာတည်းဟူသော ရတနာသုံးပါးအပေါ်မှာ ယုံကြည်မူဖြင့် သာသနာ့ဘောင်သို့ဝင်ရောက်လာသောရဟန်းကို သဒ္ဓါပဗ္ဗဇိတရဟန်းဟုခေါ်ပါတယ်။
(ii)          ပညာပဗ္ဗဇိတ[Enter monkhood due to wisdom]- မြတ်ဗုဒ္ဓစာပေတွေကို လေ့လာရရင်သိပ်ကောင်းမှာပဲစသည့်ဖြင့်ပညာဖြင့်ဆင်ခြင်းစဉ်းစားပြီးသာသနာ့
ဘောင်သို့ဝင်ရောက်လာသောရဟန်းကို ပညာပဗ္ဗဇိတရဟန်းဟုခေါ်ပါတယ်။
(iii)         ဘယပဗ္ဗဇိတ[Enter monkhood because of fear]- လူ့ဘ၀မှာစားဝတ်နေရအဆင်မပြေမူတို့ကြောင့်လည်းကောင်း၊ အပြစ်များစွာကိုကျူးလွန်ပြီး ထောင်ဘေးမှလွတ်စေချင်ခြင်းကြောင့်လည်းကောင်းစသည့်ဖြင့် အဲဒီဘေးရန်တွေကိုကျော်ဖြတ် နိုင်ရန်ဆိုတဲ့စိတ်ကူးနဲ့သာသနာ့ဘောင်ကိုဝင်ရောက်လာသောရဟန်းကို ဘယပဗ္ဗဇိတရဟန်းဟုခေါ်ပါတယ်။
(iv)         မိရိုဖလာပဗ္ဗဇိတ[Enter monkhood due to tradition]- ငါ့မိသားစုမှာ ဘယ်သူကရဟန်းဝတ်တယ်၊ ငါလဲရဟန်းဝတ်ရင်ကောင်းမယ်၊ မိရိုဖလားအဆက်ပြတ်သွားလို့မဖြစ်ဘူးစသည့်ဖြင့်သာသနာ့ဘောင်ကိုဝင်ရောက်လာသူကို မိရိုဖလာပဗ္ဗဇိတရဟန်းဟုခေါ်ပါတယ်။
(v)          ဒုလ္လဘပဗ္ဗဇိတ[Enter monkhood because he wishes to attain what is difficult to attain]- ရဟန်းဘ၀ကရခဲတယ်၊ ရဟန်းလေးတော့ ပြုဦးမှ၊ ရခဲသောရဟန်းဘ၀မှာ ရခဲသောမြတ်ဗုဒ္ဓစာပေတွေကိုလေ့လာဦးမှဆိုပြီး သာသနာ့ဘောင်ကိုဝင်ရောက်လာသူကို ဒုလ္လဘပဗ္ဗဇိတရဟန်းဟုခေါ်ပါတယ်။
           (၂)ရဟန်းတို့-မိကျောင်းဘေးဟူသည် တချို့က သဒ္ဓါတရားနဲ့ရဟန်းဝတ်လာတယ်၊ သာသနာ့ဘောင်ရောက်တော့ ရဟန်းမိတ်ဆွေများက “ဒီအစာကို စားရမယ်၊ ဒီအစာကိုမစားရပါ၊ ဒီဟာကို သုံးဆောင်ပါ၊ ဟိုဟာကိုတော့မသုံးဆောင်ပါနှင့်၊ ဒီဟာကိုလျက်ပါ၊ ဟိုဟာကိုတော့ မလျက်ပါနှင့်၊ ဒီဟာကိုသောက်ပါ၊ဟိုဟာကိုတော့မသောက်ပါနှင့်၊ အပ်တာကိုပဲစားပါ၊ မအပ်တာတွေကိုမစားပါနှင့်၊ မနက်စာနှင့်နေ့ခင်းစာကိုပဲစားပါ၊ ညစာကိုတော့မစားပါနှင့်စသည့်ဖြင့်ပြောကြားပါတယ်။ သာသနာ့ဘောင်ရောက်လာသောသူသည် ငါတို့လူ့ဘ၀တုန်းက စားချင်တဲ့အချိန်စားတယ်၊ သောက်ချင်တဲ့အချိန်သောက်တယ်၊ ငါတို့လုပ်ချင်တိုင်းမှမလုပ်ရတာဆိုပြီ ရဟန်းဘ၀ကိုစွန့်ပြီး လူထွက်ပါတယ်။ ထိုသို့သောသဘောကိုပင် မိကျောင်းဘေးဟု ငါဘုရားပြောခြင်းဖြစ်ပါတယ်။ (မိကျောင်းဘေးဟူသည် ၀မ်းရေးကို ကြောင့်ကြစိုက်ခြင်း၏အဖြစ်ဖြစ်ပါတယ်)

ဆန္ဒတွေပြည့်ဝစေချင်


“ပူဇော်ထိုက်သူကို ပူဇော်ခြင်းသည်မင်္ဂလာမည်ပေ၏။” သံသရာတကွေ့မှာ အတူဆုံခွင့်ရသည့်အလျောက် မိမိနှင့်ဆိုင်ရာဆိုင်ရာ မိဘ,ဆရာသမား,ဆွေမျိုးများကိုလိုက်ကန်တော့ကြမည့်နေ့လေးပါ။ နေ့ထူးနေ့မြတ်လေးပါ။ ဒီလိုနေ့လေးမှာ ဓမ္မမိတ်ဆွေတွေကိုလည်း မြတ်ဗုဒ္ဓဓမ္မဖြင့် ဓမ္မစကားလက်ဆောင်ပါးချင်မိတယ်။ သုတ္တန်တွေအများကြီးရှိသည်ထဲမှာ အောက်ပါသုတ္တန်လေးကို ကောက်နုတ်ကာရေးချမိလိုက်တယ်။
မြတ်ဗုဒ္ဓက သင်ဖြစ်ချင်ဆုံးဆန္ဒလေးခုရှိကြောင်းဟောထားတယ်၊ ဟုတ်မဟုတ်ကို သံသယကင်းစွာ မိမိကိုယ်တိုင်းမေးကြည့်လိုရတယ်။ အဲဒါတွေကတော့-
၁။ တရားနှင့်အညီ စည်းစိမ်တို့ကိုရချင်တယ်။
၂။အဆွေအမျိုး,အဆွေခင်ပွန်းတို့နှင့်အခြံအရံများချင်တယ်။
၃။အသက်ရှည်စွာနေချင်တယ်။
၎။ခန္ဓာကိုယ်ပျက်စီး၍သေပြီးသည်မှနောက်၌ ကောင်းသောသုဂတိဘ၀ကိုရောက်ချင်တယ်။
ဤတရားလေးပါးကို လောကလူသားတိုင်း မြတ်နိုးကြတယ်၊ ဖြစ်ချင်ကြတယ်၊ ပြည့်ဝချင်ကြတယ်၊ဒါပေမယ့် လူသားတိုင်းမရရှိကြဘူး၊ရခဲတယ်။ ဒီအလိုရှိအပ်၊မြတ်နိုးအပ်သောအကျိုးတရားလေးပါးကိုရချင်တယ်ဆိုရင် အကြောင်းတရားလေးပါး သင့်ဘ၀မှာပိုင်ဆိုင်ထားရမယ်။ မြတ်ဗုဒ္ဓက ဒီအကြောင်းတရားလေးပါးရှိရင် သင်အလိုရှိအပ်တဲ့အရာတွေပြည့်စုံပါလိမ့်မယ်တဲ့။ အဲဒါတွေကတော့-

၁။ သဒ္ဓါတရားနှင့်ပြည့်စုံခြင်း၊
၂။ သီလနှင့်ပြည့်စုံခြင်း၊
၃။စွန့်ကြဲမှု စာဂနှင့်ပြည့်စုံခြင်း၊
၎။ ပညာနှင့်ပြည့်စုံခြင်းတိုပင်ဖြစ်ပါတယ်။
၁။သဒ္ဓါတရားနှင့်ပြည့်စုံခြင်းဟူသည်-ဘုရား,တရား,သံဃာတည်းဟူသောရတနာသုံးပါးအပေါ်၌သံသယကင်းစွာအကြွင်းမဲ့ယုံကြည်ခြင်းမျိုးကို သဒ္ဓါတရားနှင့်ပြည့်စုံခြင်းဟုဆိုလိုခြင်းဖြစ်ပါတယ်။
၂။သီလနှင့်ပြည့်စုံခြင်းဟူသည်- ငါးပါးသီလဆောက်တည်ခြင်း,ဥပုထ်သီလဆောက်တည်ခြင်းမျိုးကို သီလနှင့်ပြည့်စုံခြင်းဟုဆိုလိုခြင်းဖြစ်ပါတယ်။
၃။စွန့်ကြဲခြင်းစာဂနှင့်ပြည့်စုံခြင်းဟူသည် ၀န်တိုခြင်းအညစ်အကြေးကင်သောစိတ်ရှိတယ်၊ လွတ်လွတ်စွန့်ကြဲတယ်၊ စွန့်ကြဲမှု၌မွေ့လျော်တယ်၊ တောင်းသော်လည်းပေးဖို့အဆင်သင့်ဖြစ်တယ်၊ ပေးကမ်းမှုကိုနှစ်သက်တယ်၊ အဲဒီလိုမျိုးပြည့်စုံနေခြင်းကိုစွန့်ကြဲခြင်းစာဂနှင့်ပြည့်စုံခြင်းဟုဆိုလိုပါတယ်။
၎။ပညာနှင့်ပြည့်စုံခြင်းဟူသည်- လုပ်သင့်လုပ်ထိုက်တာတွေကိုလုပ်တယ်၊ သမထတရား,၀ိပဿနာတရားတို့၌ မပြတ်အောက်မေ့ဆင်ခြင်လေ့ကျက်တယ်။ အမြဲမမြတ်တရားတော်ကိုအောက်မေ့ဆင်ခြင်ခြင်းကိုပင် ပညာနှင့်ပြည့်စုံခြင်းဟုဆိုလိုခြင်းပါ။
ဒီတော့-ဓမ္မမိတ်ဆွေအားလုံး ယနေ့ပြုသမျှတွေကိုထောက်ဆကြည့်မယ်ဆိုရင် မိမိဟာ ရတနာသုံးပါးအပေါ်ယုံကြည်ခြင်းနှင့်ပြည့်စုံနေတယ်။ သီလနှင့်လည်းပြည့်စုံနေတယ်။ စွန့်ကြဲခြင်းစာဂနှင့်လည်းပြည့်စုံနေတယ်။ လုပ်သင့်လုပ်ထိုက်တာတွေကိုလုပ်နေတဲ့အချိန်လေးဖြစ်တဲ့အတွက် ပညာနှင့်လည်းပြည့်စုံနေပါတယ်။ ဤတရားလေးပါးနှင့်ပြည့်စုံနေပြီဆိုမှတော့ မိမိဖြစ်ချင်တဲ့ဆန္ဒတွေ ပြည့်ဝတော့မှာသေချာပါတယ်။ မိမိကိုယ်ကို ၀မ်းသာပီတိဖြစ်ရမယ်၊ ပြုသမျှကုသိုလ်ကို ယခုမြတ်ဗုဒ္ဓချမှတ်သော တရားတော်နှင့်ညီမညီ၊ညီတယ်ဆိုရင်တော့ သင်ဖြစ်ချင်တဲ့ဆန္ဒတွေပြည့်ဝမှာပါ၊ လိုအပ်နေသေးတယ်ဆိုရင် ဖြည့်ယူတတ်ရမယ်။ ဒါဆိုရင်သင့်ဆန္ဒတွေပြည့်ဝသွားမှာသေချာပါတယ်။
စာဖတ်သူအားလုံး ဤအကြောင်းတရားလေးပါးကို အခါအားလျော်စွာပြုကျင့်နိုင်ပြီး ဖြစ်ချင်တဲ့ဆန္ဒတွေလည်း ပြည့်စုံနိုင်ကြပါစေဟု သီတင်းကျွတ်လပြည့်နေ့မှာအထူးဓမ္မလက်ဆောင်စကားပါးလိုက်ရပါတယ်..။ ဓမ္မဖြင့်ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ..။ စင်ကြယ်သောစိတ်ဖြင့် အပြစ်ကင်းသောအမှုများကို လုပ်ဆောင်နိုင်ကြပါစေ..။ ဒီစာလေးကိုဖတ်ပြီး ဓမ္မအသိများရရှိကြပါစေ..ရသည့်အလျောက်ကျင့်နိုင်ကြပါစေ..ကျင့်သည့်အလျောက် မဂ်ဖိုလ်နိဗ္ဗာန်၏ အထောက်အပံ့ကောင်းများဖြစ်ပါစေဟုဆန္ဒတစ်ခုထပ်မံပြုရင်နိဂုံးချုပ်လိုက်ရပါတော့တယ်။
ကျမ်းကိုး။         ။အင်္ဂုတ္တိုရ်ပါဠိတော်၊ပတ္တကမ္မ၀ဂ်၊ပတ္တကမ္မသုတ်။  
                                                                            လပြည့်ဝန်း (သာစည်) မှ 

ရဟန်းတွေ့လျှင် ကုသိုလ်ဝင်

သီလရှိသောရဟန်း(virtuous person) အိမ်ကိုကြွသောအခါ အိမ်၌ လူတို့သည် အကျိုးတရားငါးပါးဖြစ်ပွားစေပါတယ်..။
၁။ သီလရှိသောရဟန်း အိမ်သို့ကြွသောအခါ လူတို့သည် ဖူးမြင်ရ၍ စိတ်ကြည်လင်သောအခါ ထိုအိမ်သည် နတ်ပြည်၌ဖြစ်စေတတ်သော အကျင့်ကို ကျင့်သည်မည်ပါတယ်.။ ဒါဆိုရင် မြတ်ဗုဒ္ဓဒေသနာတော်ကို opposite အနေဖြင့်စဉ်းစားကြည့်မယ်ဆိုရင် သီလမရှိသောရဟန်း အိမ်သို့ကြွလာသောအခါ ဖူးမြင်ရ၍ စိတ်မကြည်မလင်ဖြစ်သောအခါ ထိုအိမ်သည် ငရဲပြည်၌ ဖြစ်စေတတ်သောအကျင့်ကို တိုးပွားစေမယ်လို့ပြောလိုက်တာနဲ့အတူတူပါပဲ..။ ရဟန်းတစ်ပါးကြွလာသောအခါ မိမိဘက်က နှလုံးသွင်းတတ်ဖို့ရယ်..အမြင်ရှင်းဖို့ရယ်ပဲလိုပါတယ်..။ ဘယ်လိုနှလုံးသွင်းရမလဲ..ဘယ်လိုအမြင်ရှင်း ရမလဲဆိုရင် “ငါ့အိမ်ကို ဦးဇင်းလေးကြွလာတယ်၊ ဆရာတော်ကြီးကြွလာတယ်..ဒါဟာငါ့အိမ်အတွက် အကျိုးတရားငါးပါးဖြစ်ထွန်းစေမည့်လက္ခဏာတွေပဲ..၊ ရဟန်းတော်တွေဆိုတာလောဘ,ဒေါသ,မောဟကင်းအောင် မြတ်ဗုဒ္ဓတရားတော်ကို ကျင့်ကြံကြိုးကုတ်နေသော မြင့်မြတ်သော သူတော်ကောင်းကြီးတွေပါလို့အမြင်ရှင်းနှလုံးသွင်းပြီး ကုသိုလ်ကိုအရယူလိုက်ပါ..။” အဲဒီလိုအမြင်ရှင်းနှလုံးသွင်းပြီးကုသိုလ်ကောင်းမူကိုအရယူလိုက်ပါ..။
၂။သီလရှိသောရဟန်း အိမ်ကိုကြွသောအခါ လူတို့သည် ခရီးဦးကြိုဆိုကြ,ရှိခိုးကြ,နေရာထိုင်ခင်း ပေးကြသောအခါ ထိုအိမ်သည် မြင့်မြတ်သော အမျိုး၌ ဖြစ်စေတတ်သောအကျင့်ကိုကျင့်သည်မည်ပါတယ်..။ Opposite အနေဖြင့်တွေးမယ်ဆိုရင် တွေးကြည့်လို့ရပါတယ်..။ မိမိဘာသာတွေးယူကြည့်ပါလေ..။ အကယ်၍ မိမိအိမ်ကို ဦးဇင်းတစ်ပါး ဆရာတော်တစ်ပါးကြွလာသောအခါ ခရီးဦးကြိုဆို နေရာခင်းပေးခြင်းဖြင့် ကုသိုလ်ယူလိုက်ပါ..။ စကားစပ်လို့ ကြားညှပ်ပြောချင်တာလေးတစ်ခုက မိမိခရီးသွားတဲ့အခါမှာ bus ကားပေါ်မှာပဲဖြစ်ဖြစ်.. ရထားပေါ်မှာပဲဖြစ်ဖြစ်နေရာမရသော ရဟန်းတစ်ပါးကိုမြင်ပါကနေရာဖယ်ပေးခြင်းဖြင့်လည်း ကုသိုလ်တစ်ခုကိုအရယူလိုက်ပါ..။ ဒါမျိုးကုသိုလ်ကတော့ စေတနာဓာတ်ခံတော်တော်လေးကောင်းမည့်သူလောက်မှသာ ယူလေ့ယူထရှိကြမှာပါ..။ ဘာပဲဖြစ်ဖြစ် မိမိက ကုသိုလ်ယူချင်တယ်ဆိုရင် ယူတတ်လိုက်ဖို့ပါပဲ..။ဦးဇင်းတို့ ခရီးသွားတဲ့အခါတွေမှာလည်း ကုသိုလ် ယူတက်သူ တွေ့ရသလို ကုသိုလ် မယူတက်တွေလည်း အများအကြီးတွေ့ခဲ့ရပါတယ် ....အားလုံးပဲ ကုသိုလ်ယူတက်ကြပါစေ ယူနိုင်ကြပါစေလို့ မျှော်လင့်ရင်း.......။