Wednesday, January 29, 2014

ဆင် ခြင် မှု အ ပ္ပ မာ ဒ။


တစ်ခါတုန်းက ဗာရာဏသီပြည်မှာ .
".အနိဝတ္တ..".လို့ အမည်ရတဲ့ ဗြဟ္မဒတ်မင်းတစ်ပါး အုပ်ချုပ်ခဲ့ဖူးပါတယ်..။ အဲဒီမင်းက စစ်တိုက်ထွက်ပြီဆိုရင် တစ်ဖက်ရန်သူကို အနိုင်မရမချင်း..... အလုပ်တစ်ခုလုပ်ပြီဆိုရင်လည်း မပြီးမချင်း.... နောက်ဆုတ်လေ့မရှိလို့  သူ့ ကို အားလုံးက ..."...အနိဝတ္တ.."...."...နောက်ပြန်မဆုတ်သူ."...လို့  ခေါ်ကြပါတယ်..။

တစ်နေ့ တော့ တောထဲကိုဥယျာဉ်ကစားထွက်တော့ တောမီးလောင်နေတာကို
တွေ့ လိုက် ရပါတယ်..။ တောမီးက မြက်သစ်ရွက် အစိုအခြောက် အားလုံးကို လောင်မြိုက်တဲ့နေရာမှာ.နောက်မဆုတ်ဘဲ..ရှေ့ ကိုသာတိုးတိုးပြီး
လောင်မြိုက်သွားပါတယ်..။

ဒါကိုမြင်တော့ အနိဝတ္တမင်းရဲ့ သန္တာန်မှာ ဆင်ခြင်မှု အပ္ပမာဒ ၀င်လာပါတယ်..။
...."..သြော်...ဒီတောမီးဟာ လောင်စာတွေကို နောက်မဆုတ်တမ်း ၀ါးမြိုလောင်မြိုက်ပစ်သလို ဇာတိ ဇရာ အစဖြာတဲ့ မီးဆယ့်တစ်ပါးဟာလည်း သတ္တ၀ါအားလုံးကို ဆင်းရဲဒုက္ခတွေ အကြီးအကျယ်ပေးပြီး နောက်မဆုတ်တမ်း ၀ါးမြို လောင်မြိုက်နေတာပါလား..။

ဘယ်တော့များမှ ငါလည်း ဒီဆင်းရဲ ဒုက္ခတွေ နောက်ဆုတ်သွားအောင် ကိလေသာလောင်စာတွေကို အရိယာမဂ်ဥာဏ်မီးနဲ့  နောက်မဆုတ်တမ်း လောင်မြိုက်ပစ်နိုင်ပါ့မလဲ...။ ...."


နည်းနည်းလေးဆက်သွားတော့ မြစ်ထဲမှာတံငါသည်တွေငါးဖမ်းနေတာ
တွေ့ ရပြန်ပါတယ်..။ ပိုက်ကွန်ထဲ ဖမ်းမိပြီးသား ငါးကြီးတစ်ကောင် ပိုက်ကွန်ကို ဖြတ်ဖေါက်ပြီး ထွက်ပြေးသွားတဲ့အတွက် .....
.....
"...ဟာ .....ငါးကြီး ထွက်ပြေးသွားပြီဟေ့......."..
လို့  ၀ိုင်းအော်သံကို ကြားလိုက်ရတဲ့ အခါမှာလည်း အနိဝတ္တမင်းရဲ့  သန္တာန်မှာ ဆင်ခြင်မှု အပ္ပမာဒ ၀င်ရောက်လာပြန်ပါတယ်..။
....

"... သြော်....ဒီငါးကြီး ပိုက်ကွန်ကို ဖြတ်ဖောက်ပြီး ထွက်ပြေးသွားသလိုပဲ ငါလည်း ဘယ်တော့များမှ တဏှာ ဒိဋ္ဌိပိုက်ကွန်ကို အရိယမဂ်ဥာဏ်နဲ့  ဖြတ်ဖောက်ပြီး မငြိမကပ် လွတ်လပ်စွာ ထွက်ပြေးလွတ်မြောက်နိုင်ပါ့မလဲ....။...".

ဆင်ခြင်မှု အပ္ပမာဒရဲ့  အစွမ်းကြောင့် သံဝေဂဥာဏ်အထွတ်အထိပ်ကို ရောက်ရှိသွားတဲ့ အနိဝတ္တမင်းဟာ မင်းစည်းစိမ်ကိုစွန့်  ရဟန်းပြုပြီး ရှုမှတ်မှု အပ္ပမာဒနဲ့  ၀ိပဿနာတရား ဆက်လက်အားထုတ်လိုက်တာ သိပ်မကြာခင်မှာပဲ ရဟန္တာဖြစ်ပြီး ပစ္စေက ဗောဓိဥာဏ်ပါ ယှဉ်တွဲရတဲ့အတွက် ပစ္စေကဗုဒ္ဓါ အရှင်မြတ်ကြီး တစ်ဆူ ဖြစ်သွားခဲ့ပါတယ်..။

ကိုယ့်ရဲ့  ပတ်ဝန်းကျင်မှာ နေ့ စဉ်နဲ့ အမျှ ကြုံတွေ့ နေရတဲ့ အဖြစ်အပျက်တွေ ...အာရုံတွေဟာ ဆင်ခြင်မှု အပ္ပမာဒကောင်းတဲ့သူတစ်ယောက်အဖို့  တန်ဖိုးမဖြတ်နိုင်တဲ့ တရားဓမ္မ အနှစ်တွေချည်းပါပဲ ...။

အရာရာကို သတိနဲ့  ကြည့်တတ်ဖို့  ...ဥာဏ်နဲ့ မြင်တတ်ဖို့  ....အရေးကြီးပါတယ်..။ အဲဒီလို ကြည့်တတ် မြင်တတ်ဖို့  ပါရမီ ဓာတ်ခံနဲ့  တရားဓမ္မ ဗဟုသုတတော့ လိုအပ်သလို....ဆုံးဖြတ်ချက်မှန်ကန်ဖို့ လည်း လိုအပ်တာပေါ့..။


........အရှင်ဆန္ဒာဓိက.......

No comments: