Saturday, January 4, 2014

** ယမမင်း တောင့်တသော ဆုတောင်း (၅) ချက် **


ယမမင်းသည် သူတော်ကောင်းကြီးဖြစ်ပြီး ငရဲပြည်သို့ ရောက်လာသော သူများကို လူ့ဘ၀ တစ်လျှောက်လုံး ဘာကုသိုလ်မှ မပြုဘဲ မေ့လျောနေသူများအားတွေ့ မြင် ရသောအခါ သံဝေဂ ရကာ အောက်ပါ တောင့်တချက် ငါးမျိုးကို တောင့်တသည်။

၁) ယမမင်းကြီးက လူဖြစ်ရင်ကောင်းမှာဘဲ ဟုတောင့်တသည်။

၂) လူဖြစ်ရင်လည်း ဘုရားနှင့် တွေ့ ရပါစေဟု တောင့်တသည်။

၃) ဘုရားနဲ့တွေ့ ရင်လည်း ဘုရားနားမှာ အလုပ်အကျွေးပြု ပြီး နီးကပ်စွာ ချဉ်းကပ်နိုင်ပါစေ ဟု တောင့်တသည်။

၎) ဘုရား၏ တရားကို နာကြားရပါစေ ဟု တောင့်တသည်။

၅) တရားနာပြီးနောက် တရားသိရပါစေဟု တောင့်တသည်။

ယခု အခါ မိမိတို့မှာ ယမမင်းလိုချင်နေသော
တောင့်တချက်ကို ပိုင်ဆိုင်ပြီးသူ များ ဖြစ်နေကြသည်။

ဘုရား သာသနာနှင့် တွေ့ ပြီး ၊ ဘုရား၏ တရားကို ဘုရား သားတော် များထံမှ ကြားနာနေကြရသည်။

ဘုရားနဲ့ တန်းတူ ဆည်းကပ်နိုင်သော သံဃာတော်များကို အနီးကပ် ဆွမ်းကျွေး လှူဒါန်းခွင့်၊ တရားမေးလျှောက်ခွင့်များပါ ရရှိနေပါသည်။

နာကြားရသောအတိုင်း လိုက်နာကျင့်ကြံပါက တရားရနိုင်သော ဘ၀ကိုလည်း အမှန်တကယ် ပိုင်ဆိုင်ထားသောကြောင့် မိမိရောက်ရှိနေသော အနေအထားနှင့် ဘ၀ကို တန်ဖိုးထားကာ မိုးရွာတုန်းရေခံ ပြီး ဘ၀ဇာတ်သိမ်း ချုပ်ငြိမ်းကာ သာသနာတော်ကို တန်ဖိုးထားလေးစားနိုင်ကြပါစေ။

နတ်ရေကန်ဆရာတော်၏ တရားတော်ကို ကိုးကားကာ ပြန်လည် ရေးသား ဖော်ပြပါသည်။
*****************************************

အားကိုးစရာများ


**ခရီးတွင်ဘို့အတွက် မိမိ၏ ခြေထောက်ကို .. အားကိုးရမယ်..

အလုပ်တွင်ဘို့အတွက် မိမိ၏ လက်ကို .. အားကိုးရမယ်..

အမြင်ကျယ်ဘို့အတွက် မိမိ၏ မျက်လုံးကို .. အားကိုးရမယ်..

အသိဥာဏ် ရင့်ကျက်ဘို့ မိမိ၏ ( စိတ် ) ဥဏှောက်ကို .. အားကိုးရမယ်..

ကံ အကျိုးပေးခွင့်သာဘို့အတွက် မိမိ၏ ဥာဏ်နှင့်ဝီရိယကို .. အားကိုးရမယ်..


လောက၌ စီးပွါးဥစ္စာ မတည်ကြောင်း အပေါက်တို့သည် ခြောက်ပါးတို့တည်း၊

၁။ပျင်းရိခြင်းလည်းကောင်း၊

၂။မေ့လျှော့ခြင်းလည်းကောင်း၊

၃။ထကြွလုံ့လ မရှိခြင်း လည်းကောင်း၊

၎။မစောင့်စည်းခြင်းလည်းကောင်း၊

၅။အအိပ်ကြူးခြင်းလည်းကောင်း၊

၆။အလုပ်၌ မမွေ့လျှော်ခြင်းလည်းကောင်း၊

ဤသို့ ထိုခြောက်ပါးသောအပေါက်တို့ကို အချင်းခပ်သိမ်းပိတ်ဆို့ရာ၏။


အကြင်သူသည် ကဲ့ရဲ့သင့်သူကို ချီးမွမ်း၏၊
အကြင်သူသည်ကား ချီးမွမ်းသင့်သူကို ကဲ့ရဲ့၏။

ထိုသူသည် ပါးစပ်ဖြင့် အပြစ်ကို ဆည်းပူးသည်မည်၏။ထိုအပြစ်ကြောင့် ချမ်းသာကို မရနိုင်။


သီရိမင်္ဂလာ မှ အဆိုအမိန့်များ (အနှိုင်းမဲ့စာတိုပေစများ)

No comments: