(၁)မြေ၌နင်းသော် ညီညွတ်သောခြေ
ဖဝါးတော်အပြင်နှင့်အလယ် (၂)နှစ်ဖက်သောဖဝါးတော်၌ ကွက်စက်လက္ခဏာတော်များရှ (၃)ရှေလျှားသော ဖနောင့်တော်ရှိ၏ (၄)ရှေသွယ်သော ခြေ၊လက်ချောင်း တို့ရှိ၏ (၅)နူးညံ့သိမ်မွေ့သော ခြေ၊လက်ဖ ဝါးတော်များရှိ၏ (၆)လေသွန်နန်းတံခါး၌ စိုက်စီထား အပ်သောရွှေပွတ်လုံး(ဇာလီ) ကဲ့သို့ ညီညွတ်စွာ အကြားမထင် ခြေ၊လက်ချောင်းတော်များ (၇)မြူအညစ်ကြေးမတွယ် စဉ်းငယ် မြင့်သော ခြေဖမျက်တော်ရှိ၏- (ခြေမျက်စိ) (၈)ဧဏီမည်သောသားကောင်၏သ လုံး မြင်းခေါင်းနှင့်တူသော မြင်းခေါင်းရှိ၏(ခြေသလံ ရင်းအဖျားတပြေးညီပြည့်ဖြ (၉)ရပ်တော်မူလျက်ကပင် ကိုယ်တော် ကိုမကိုင်းမညွှတ်ဘဲလက်ဖဝါ ဖက်ဖြင့် ပုဆစ်ဒူးဝန်းတော်နှစ်ဖ ကိုသုံးသပ်ထိတွေ့တော်မူ (၁ဝ)ဆဒ္ဒန်ဆင်မင်းပမာ အအိမ်ဖြင့်ဖုံး ထားသောယောင်္ကျားနိမိတ်ရှိ (၁၁)သိင်္ဂီနိက် ရွှေစင်အဆင်းကဲ့သို့အ ရေတော်ရှိခြင်း (၁၂)သိမ်မွေ့သောအရေတော် လက္ခဏာတော်ကြောင့် မြူအညစ် ကြေးတို့မလိမ်းကပ်နိုင်ြ (၁၃)မွေးညင်းတွင်းတစ်တ မွေးညင်းတစ်ပင်စီသာပေါက (၁၄)မျက်နှာတော်ကို မော်ဖူးသည့်ပမာ အထက်သို့သာ အဖျားကော့သော မွေးညင်းတော်ရှိခြင်း (၁၅)ဗြဟ္မာမင်းကိုယ်ကဲ့သို သောကိုယ်တော်ရှိခြင်း (၁၆)ခြေ/ နှစ်ဖက် လည်ကုပ်တော်တို့၌ပြည့် ဖြိုးသောအသားတော်ရှိခြင် (၁၇)ခြင်္သေ့မင်း၏ ရှေပိုင်းကိုယ်ကဲ့သို့ ပြည့်သောကိုယ်ထည်ရှိခြင (၁၈)ရွှေပျဉ်ချပ်ပမာ ခါးတော်မှ လည် ကုပ်တော်ထိပြည့်သောကျေ တော်ရှိခြင်း (၁၉)အရပ်တော်နှင့်အလံတေ သဖြင့် ပညောင်ပင်အဝန်းကဲ့သို့ လုံးချောသောကိုယ်တော်ရှ (၂ဝ)ညီညာလုံးဝန်းသည့်လည် တော်ရှိခြင်း (၂၁)ခြင်္သေ့မင်း၏မေးကဲ့သိ မည့်အရိပ်သွေးတဲ့)မေးတေ (၂၂)နှမ်းစေ့ခန့်မျှငယ် ကိုလည်းတကိုယ်လုံးပျံ့အေ နိုင်၏(၇ဝဝဝ သောအရသာကြော တို့အဖျားခြင်းအဖျားခြင်း မှာစွပ်လျှက်ရှိသောကြော (၂၃)သွားတော်(၄ဝ)အပြည့်ပ (၂၄)လွှဖြင့်ဖြတ်သကဲ့သို့ သွားတော် များညီခြင်း (၂၅)မကျဲ မကွာညီညာစေ့သောသွား တော်ရှိခြင်း (၂၆)သောကြာကြယ်ပမာဖြူဝင် ရောင်လက်နေသော စွယ်တော် လေးချောင်းပါရှိခြင်း (၂၇)ရှည်လျှား နူးညံ့ ကျယ်ပြန့်သော လျှာတော်ရှိခြင်း (၂၈)ဗြဟ္မာမင်းကဲ့သို့အင်္ဂါ( ပြည့်စုံသောအသံရှိခြင်း (၂၉)ကြည်ညိုဖွယ်မျက်လုံး (၃ဝ)ဖွားသစ်စနွားငယ်မျက် နူးညံ့ပျိုနုသောမျက်မွေး (၃၁)မျက်မှောင်(မျက်ခုံး အလယ်ချက်၌ ဥဏ္ဏလုံ မွေရှင် တော်ပေါက်ရောက်ခြင်း (၃၂)နဖူးတော်ဝယ် ပင်ကိုပကတိအား ဖြင့်သင်းကျစ်ရွှေပြားကပ် သကဲ့သို့ သင်းကျစ်တော်အသွား လွှာပါရှိခြင်း။ (စသည်တို့မှာ မဟာပုရိသလက္ခ ဏာတော်(၃၂)ပါးတို့ဖြစ်၏) အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသီဟဗလ(ပါဠိပါရဂူ) ထီးလှိုင်ကျောင်း၊ရမည်း ရေးသားပြုစုခဲ့သည့် ဗုဒ္ဓဂေါတမ၏ ဗုဒ္ဓဝင် အကျဉ်းမှရယူမျှဝေပါ၏။ |
Sunday, September 22, 2013
မြတ်ဗုဒ္ဓ၏(၃၂)ပါးသော လက္ခဏာတော်ကြီးများ
* ဗြဟ္မာစိုရ် စည်းဝိုင်း *
လူတိုင်းကို မေတ္တာထားပါ...
မေတ္တာ ထားဖို့လုံးဝမရ နိုင်ရင်ကော...
ဘယ်လိုလုပ်မလဲ??
လူတိုင်းကို ဂရုဏာထားပါ
ဂရုဏာ ထားဖို့လုံးဝမရ နိုင်ရင်ကော...
ဘယ်လိုလုပ်မလဲ??
လူတိုင်းအပေါ် မုဒိတာပွားပါ
မုဒိတာပွား ဖို့လုံးဝမရ နိုင်ရင်ကော...
ဘယ်လိုလုပ်မလဲ??
လေ့လာလေလေ ပိုလေးနက်လေလေပါ
ဘယ်အရာကိုမဆို အစွန်းရောက် မသွားဖို့ဟာလည်းပဲ အင်မတန် အရေးကြီးပါတယ်။
မေတ္တာ ဂရုဏာတွေဟာ တခါတလေကျရင်
လွန်မှန်းမသိလွန်သွားတတ်ပြန်ရော။
မေတ္တာ လွန်တော့ တဏှာ လောဘ ရာဂ တွေဖြစ်တတ်သလို
ဂရုဏာလွန်ပြန်ရင်တော့ သောကတွေ ဒေါသတွေနဲ့ရင်ဆိုင်တွေ့ကြုံ ရတတ်ပြန်တယ်။
အဲဒီလို ဗြဟ္မာစိုရ် တရား မရှိခြင်းနှင့် ပိုလွန်းခြင်း ဆိုတဲ့ အစွန်းနှစ်ဖက်ကို ထိန်းချုပ်ဖို့အတွက် စည်းဝိုင်းလေးတစ်ခု
ကတော့ ဥပေက္ခာတရားပါပဲ။
အလေးနက်ဆုံး နဲ့ အသိမ်မွေ့ဆုံးတရားလို့
လည်းဆိုချင်ပါတယ်။ အရာရာကို ကိုယ်နဲ့မဆိုင်သလို လျစ်လျူရှုထားရမယ်လို့
မဆိုလိုတဲ့ တရား မှန်းကိုတော့ အတပ်ပြောရဲပါတယ်။
တခါတလေကျရင် ကိုယ်က ဘယ်လိုမှမေတ္တာ ဂရုဏာ မုဒိတာ မထားနိုင်တဲ့ လူတွေနဲ့လည်း ဆုံခဲ့ဖူးပါတယ်။ အကုသိုလ်ကြီးမှန်းသိလျက်နဲ့ ဘယ်လိုမှ
မေတ္တာထားလို့ မရတဲ့အတွက် ကိုယ့်ကိုယ်ကိုတောင် အပြစ်တင်မိတာတွေလည်း ရှိခဲ့ဖူးပါတယ်။
တကယ်တော့ စည်းဝိုင်းထဲမှာနေဖို့ မေ့ခဲ့တာတွေပါ။
မေတ္တာထားမရတော့ဘာဖြစ်လဲ
ဒေါသဖြစ်နေမဲ့အစား ဥပေက္ခာပြုလိုက်ပေါ့။
တခါတခါကျပြန်ရင်တော့လည်း
အရမ်းဒုက္ခရောက်နေသူ ကိုယ်ကကူညီလို့လည်းမရနိုင် မတတ်နိုင်သူတွေကို တွေ့ပြန်တော့လည်း
မနေနိုင်မထိုင်နိုင်အောင် သနားဂရုဏာသက်ပြီး သူတို့အတွက် ပူဆွေးသောကတွေဖြစ်ပြန်ရော။ အဲဒါတွေစဉ်းစားမိလို့ ဒီအကြောင်းအရာလေး ရေးဖြစ်တာပါ။
ဘယ်လိုစဉ်းစားမိသလဲဆိုတော့ တစ်စုံတစ်ယောက်ကို ဂရုဏာသက်ပြီး သောကဖြစ်နေချိန်မှာပေါ့...
ဘုရားဟောထားတဲ့ ဗြဟ္မာစိုရ်တရားဆိုတာ ကုသိုလ်တရားဖြစ်ခြင်းအကြောင်းအရင်းတွေပါ။ ဘာကြောင့်ငါကပူဆွေး ဝမ်းနည်းခြင်းဖြစ်နေရတာလဲ လို့ပေါ့။
သေချာပြန်စဉ်းစားကြည့်လိုက်မှ ကျနော်ထားတဲ့ ဂရုဏာက စည်းလွတ်ဝါးလွတ်ဖြစ်နေတာကို။ ဥပေက္ခာ အဝန်းအဝိုင်းထက်ကျော်လွန်နေတော့
သောကတွေဖြစ်ရတာပေါ့။
ဒါတွေက ကျနော့်ခံစားချက်တွေအရင်းခံပြီး
အဖြေရှာရင်းရလာတဲ့ အပိုင်းအစလေးတွေပါ။ မှန်ချင်မှလည်းမှန်နိုင် မှာပါ။
ဒီလိုမျိုး အကြောင်းရင်းကို သိရပြီးတဲ့အချိန်ကစပြီး စိတ်တော့ အရင်ကထက်စာရင် နည်းနည်းပိုထားတတ်လာတော့ အမှန်ပဲ။
ကိုယ်မုန်းတဲ့ သူတွေနဲ့ တွေ့ကြုံ ဆက်ဆံနေရတယ်။
စည်းဝိုင်းထဲမှာနေဖို့ တိုက်တွန်းလိုက်တယ်။
ဘာမှ မတတ်နိုင်တဲ့ အကြောင်းအရာ အဖြစ်အပျက်တွေလည်း တွေ့ကြုံ ရတယ်။
စည်းဝိုင်းထဲမှာနေဖို့ တိုက်တွန်းလိုက်တယ်။
ဥပေက္ခာ ဆိုတဲ့စည်းဝိုင်းပေါ့။
သာမာန်လူသားတစ်ယောက်ဖြစ်တဲ့အတွက် စည်းကျော်တာတွေလည်းရှိနေဆဲဆိုတာတော့ ပြောစရာတောင် မလိုလောက်ပါဘူး။
တခါတစ်ရာ ကြိုးစားလို့ တစ်ခါအောင်မြင်ရင်လည်း တစ်ခါပေါ့။
လောကကြီး အေးချမ်းသာယာဖို့ အတွက်
ဒီတရားလေးပါးကို ကိုယ်စီကိုယ်ငှ ကျင့်သုံး
ဆောက်တည်နိုင်ကြပါစေခင်ဗျာ။
Tuesday, September 17, 2013
နောင်တဆယ်ပါး
ပြည်ဗာရာဏ မြို့မစည်ပင်
ဇနသန္တ မည်ရဘုရင်
အလောင်းတော်မြတ် မိန့်မှတ်ပြည်တွင်
ဟောဖော်ကြား ဆယ်ပါးနောင်တပင်။
(၁) "ငယ်စဉ်ပညာ မသင်ခြင်း"
~~~~~~~~~~~~~~~~~~~
ငယ်စဉ်ကာလ သိပ္ပများစွာ
မသင်မကြား မှတ်သားမရှာ
စီးပွားရေး၌ ဝန်လေးနောင်ခါ
ပူကြောင့်ကြ နောင်တဖြစ်တတ်စွာ။
(၂) “စီးပွားမစုခြင်း”
~~~~~~~~~~~~~~~~~~~
ကံအားဉာဏ်အား စီးပွားနုပျို
ရှိပါလျက်သား စီးပွားမသို
မရှာမှီးပဲ သက်ကြီးရွယ်အို
နောင်တကြီး ပူမီးဆိုက်လို့ဖို။
(၃) “သူတစ်ပါးသားမယား ပြစ်မှားခြင်း”
~~~~~~~~~~~~~~~~~~~~~~~~~
အရွယ်ရှိတုန်း ရယ်ပြုံးပျော်ပျော်
မိတ်ကောင်းဆွေကောင်း မပေါင်းမဖေါ်
သူ့မယား၌ မှောက်မှားချွတ်ချော်
စိုးရိမ်ရ နောင်တအပူပေါ်။
(၄) “သူတစ်ပါးချစ်ခြင်း ဖျက်စီးခြင်း”
~~~~~~~~~~~~~~~~~~~
သူနှစ်ဦးတို့ အထူးခုံမင်
ချစ်ခင်အေးချမ်း အကျွမ်းတဝင်
ကွဲပြားစေသော ကုန်းချောမိလျှင်
မှားလေစွ နောင်တပူဖို့ပြင်။
(၅) “သူတစ်ပါးအသက် သတ်ခြင်း”
~~~~~~~~~~~~~~~~~~~
မညှာရက်စက် သူ့သက်ဇီဝေ
မျက်မာန်ကြမ်းကြုတ် သတ်ပုတ်မိချေ
နောင်ခါကျတော့ တွေးဆပူစေ
မှားလေခြင်း ပူပြင်းနောင်တတွေ။
(၆) “မပေးလှူခြင်း”
~~~~~~~~~~~~~~~~~~~
ဥစ္စာဓန လောက်ငကုံလုံ
သုံးဆောင်ဖွယ်များ ထင်ရှားအစုံ
ပေါကြွယ်ဋ္ဌေးလည်း မပေးလှူတုံ
နောင်ခါကြ နောင်တယူဖို့ကြုံ။
(၇) “မိဘအား မလုပ်ကျွေးခြင်း”
~~~~~~~~~~~~~~~~~~~
ကျေးဇူးကြီးလှ မိဘနှစ်ဆူ
ကျွေးရေးမွေးရေး အလေးမမူ
လုပ်ကျွေးနိုင်သား ပစ်ထားသောသူ
စိတ်သာချ ဒိဋ္ဌနောင်တပူ။
(၈) “မိဘစကား နားမထောင်ခြင်း”
~~~~~~~~~~~~~~~~~~~
ငယ်ရွယ်ခိုက်မို့ အမိုက်တွင်တွင်
မိဘစကား ထောင်နားမဝင်
ထင်ရာစိုင်းလို့ ထင်တိုင်းပျော်ရွှင်
နောင်ခါရောက် စိတ်နောက်နောင်တပင်။
(၉)“ပညာရှိနှင့် မပေါင်းခြင်း”
~~~~~~~~~~~~~~~~~~~
ပညာရှိပေါင်း သူကောင်းသူတော်
ဆည်းကပ်ချိန်လည်း မှီဝဲမပျော်
လိမ္မာကင်းလို့ မှုခင်းကြုံသော်
နောင်တကြီး ဖိစီးပူဖို့နော်။
(၁၀) “ကုသိုလ်ကောင်းမှု မရှိခြင်း”
~~~~~~~~~~~~~~~~~~~
ကုသိုလ်သိုက်မျိုး စိုက်ပျိုးထူထောင်
များအောင်ပေါင်းစု ကောင်းမှုမဆောင်
မျက်နှာလွှဲလို့ အမြဲသွေရှောင်
နောင်ခါကျ နောင်တပူမီးလောင်။
နောင်တ ဆယ်ပါး တရားကြည်ညို
စွဲယူကြပ်ကြပ် သိအပ်သကို
စိတ်ဝယ်စွဲလို့ အမြဲပိုက်သို
ကြဉ်ရှောင်ကြ နောင်တပူမီးကို။
ဇနသန္တ မည်ရဘုရင်
အလောင်းတော်မြတ် မိန့်မှတ်ပြည်တွင်
ဟောဖော်ကြား ဆယ်ပါးနောင်တပင်။
(၁) "ငယ်စဉ်ပညာ မသင်ခြင်း"
~~~~~~~~~~~~~~~~~~~
ငယ်စဉ်ကာလ သိပ္ပများစွာ
မသင်မကြား မှတ်သားမရှာ
စီးပွားရေး၌ ဝန်လေးနောင်ခါ
ပူကြောင့်ကြ နောင်တဖြစ်တတ်စွာ။
(၂) “စီးပွားမစုခြင်း”
~~~~~~~~~~~~~~~~~~~
ကံအားဉာဏ်အား စီးပွားနုပျို
ရှိပါလျက်သား စီးပွားမသို
မရှာမှီးပဲ သက်ကြီးရွယ်အို
နောင်တကြီး ပူမီးဆိုက်လို့ဖို။
(၃) “သူတစ်ပါးသားမယား ပြစ်မှားခြင်း”
~~~~~~~~~~~~~~~~~~~~~~~~~
အရွယ်ရှိတုန်း ရယ်ပြုံးပျော်ပျော်
မိတ်ကောင်းဆွေကောင်း မပေါင်းမဖေါ်
သူ့မယား၌ မှောက်မှားချွတ်ချော်
စိုးရိမ်ရ နောင်တအပူပေါ်။
(၄) “သူတစ်ပါးချစ်ခြင်း ဖျက်စီးခြင်း”
~~~~~~~~~~~~~~~~~~~
သူနှစ်ဦးတို့ အထူးခုံမင်
ချစ်ခင်အေးချမ်း အကျွမ်းတဝင်
ကွဲပြားစေသော ကုန်းချောမိလျှင်
မှားလေစွ နောင်တပူဖို့ပြင်။
(၅) “သူတစ်ပါးအသက် သတ်ခြင်း”
~~~~~~~~~~~~~~~~~~~
မညှာရက်စက် သူ့သက်ဇီဝေ
မျက်မာန်ကြမ်းကြုတ် သတ်ပုတ်မိချေ
နောင်ခါကျတော့ တွေးဆပူစေ
မှားလေခြင်း ပူပြင်းနောင်တတွေ။
(၆) “မပေးလှူခြင်း”
~~~~~~~~~~~~~~~~~~~
ဥစ္စာဓန လောက်ငကုံလုံ
သုံးဆောင်ဖွယ်များ ထင်ရှားအစုံ
ပေါကြွယ်ဋ္ဌေးလည်း မပေးလှူတုံ
နောင်ခါကြ နောင်တယူဖို့ကြုံ။
(၇) “မိဘအား မလုပ်ကျွေးခြင်း”
~~~~~~~~~~~~~~~~~~~
ကျေးဇူးကြီးလှ မိဘနှစ်ဆူ
ကျွေးရေးမွေးရေး အလေးမမူ
လုပ်ကျွေးနိုင်သား ပစ်ထားသောသူ
စိတ်သာချ ဒိဋ္ဌနောင်တပူ။
(၈) “မိဘစကား နားမထောင်ခြင်း”
~~~~~~~~~~~~~~~~~~~
ငယ်ရွယ်ခိုက်မို့ အမိုက်တွင်တွင်
မိဘစကား ထောင်နားမဝင်
ထင်ရာစိုင်းလို့ ထင်တိုင်းပျော်ရွှင်
နောင်ခါရောက် စိတ်နောက်နောင်တပင်။
(၉)“ပညာရှိနှင့် မပေါင်းခြင်း”
~~~~~~~~~~~~~~~~~~~
ပညာရှိပေါင်း သူကောင်းသူတော်
ဆည်းကပ်ချိန်လည်း မှီဝဲမပျော်
လိမ္မာကင်းလို့ မှုခင်းကြုံသော်
နောင်တကြီး ဖိစီးပူဖို့နော်။
(၁၀) “ကုသိုလ်ကောင်းမှု မရှိခြင်း”
~~~~~~~~~~~~~~~~~~~
ကုသိုလ်သိုက်မျိုး စိုက်ပျိုးထူထောင်
များအောင်ပေါင်းစု ကောင်းမှုမဆောင်
မျက်နှာလွှဲလို့ အမြဲသွေရှောင်
နောင်ခါကျ နောင်တပူမီးလောင်။
နောင်တ ဆယ်ပါး တရားကြည်ညို
စွဲယူကြပ်ကြပ် သိအပ်သကို
စိတ်ဝယ်စွဲလို့ အမြဲပိုက်သို
ကြဉ်ရှောင်ကြ နောင်တပူမီးကို။
နိဗ္ဗာန်ကိုဘယ်လိုသွားရောက်နိုင်ပါသလဲ?
ပုဏ္ဏားကြီး အမေး၊ မြတ်ဗုဒ္ဓဖြေ
အရှင်ဂေါတမ၊ နိဗ္ဗာန်ဆိုတာရှိသလား
ရှိပါတယ်-ပုဏ္ဏားကြီး
အရှင်က နိဗ္ဗာန်ရှိတဲ့နေရာကို သိပါသလား
သိပါတယ်
နိဗ္ဗာန်ရောက်ကြောင်း အကျင့်မြတ်ဆိုတာ ရှိပါသလား
ရှိပါတယ်-ပုဏ္ဏားကြီး
အဲဒါကို အရှင်ဂေါတမက ဟောနိုင်ပါသလား
ဟောနိုင်ပါတယ်
အရှင်ဂေါတမ ဟောပြပေးတာကို နာရသူတိုင်း အဲဒီနိဗ္ဗာန်ဆီ
ရောက်ပါသလား
ရောက်တဲ့သူတွေလဲ ရှိပါတယ်၊ မရောက်တဲ့သူတွေလဲ ရှိပါတယ်
ဘယ်လိုဖြစ်လို့လဲ-အရှင်ဂေါတမ မရောက်တဲ့သူတွေက ဘာဖြစ်လို့
မရောက်ကြတာလဲ
မြတ်ဗုဒ္ဓအမေး ပုဏ္ဏားကြီး အဖြေ
ပုဏ္ဏားကြီး-သာဝတ္ထိမြို့ဆိုတာ ရှိပါသလား
ရှိပါတယ်၊ အရှင်ဂေါတမ
သာဝတ္ထိမြို့ရှိတဲ့နေရာကို သင်သိပါသလား
သိပါတယ်၊ အရှင်ဂေါတမ
သာဝတ္ထိမြို့သို့ ရောက်စေနိုင်တဲ့လမ်းကရော ရှိသလား
ရှိပါတယ်- အရှင်ဂေါတမ
အဲဒီလမ်းကို ပုဏ္ဏားကြီးက ပြောပြပေးနိုင်ပါသလား
ပြောပြပေးနိုင်ပါတယ်-အရှင်ဂေါတမ
ပုဏ္ဏားကြီးပြောပြတာကို သိတဲ့သူတိုင်း သာဝတ္ထိမြို့သို့ ရောက်ပါ
သလား
ရောက်တဲ့သူတွေလဲ ရှိတယ်၊ မရောက်တဲ့သူတွေလဲ ရှိပါတယ်
ဘယ်လိုဖြစ်လို့လဲ- ပုဏ္ဏားကြီး
တပည့်တော် နားလည်သွားပါပြီ အရှင်ဘုရား။ ပြောပြပေးထားတဲ့
အတိုင်း သေချာမှတ်သားပြီး သေချာလိုက်နာပြီး သွားသူတွေပဲ ရောက်ပါ
တယ် အရှင်ဘုရား
http://www.sbay-student.org/
www.dhammaanalysis.multiply.com/
နိဗ္ဗ္ဗာန် ဟူသည်
နိဗ္ဗာန် သည် အဘိဓမ္မာ တွင် အသင်္ခတ ဓမ္မအစစ်အမှန်ဖြစ်ပါတယ်။ ယင်း အစစ်အမှန် တရားကို အမျိုးမျိုးသော အဓိပ္ပါယ် ဖွင့်ဆိုမှုများကြောင့်လည်း နိဗ္ဗာန် အယူအဆသည် ဗုဒ္ဓဘာသာလောကတွင် သာမက အခြား အတွေးအခေါ်ပညာရှင်များ ၊ ဘာသာဝင်များ ကြားတွင်ပါ စိတ်ဝင်စားစရာ ထင်ရှားလာရပါတယ်။ သို့သော် ရှိသမျှသော သမိုင်း တလျှောက် အဓိပ္ပါယ် ဖွင့်ဆိုမှုများသည် နိဗ္ဗာန် ဟူသည်မည်သည့် အရာဖြစ်ကြောင်း တိကျရှင်းလင်းသော အဖြေသို့ မရောက်ခဲ့ကြပါ။ ထိုသို့ ဖြစ်ရခြင်းမှာ -
၁။ ကျမ်းပြုသူ အသုံးပြုသော ဘာသာစကားတွင် ကန့်သတ်ချက်ရှိနေသောကြောင့်
ဖြစ်သည် ။
၂။ ကျမ်းပြုသူ ကိုယ်တိုင် နိဗ္ဗာန် ကို မျက်မှောက်ပြုသည်အထိ ကျင့်ကြံအားထုတ်မှု
မရှိသောကြောင့် ဖြစ်သည်။
၃။ ကျင့်ကြံအားထုတ်သော်လည်း နိဗ္ဗာန်နှင့် ထပ်တူထပ်မျှ နှိုင်းယှဉ်ပြစရာ မည်သည့်
အရာမှ မရှိသောကြောင့်လည်း ဖြစ်ပါသည်။
နိဗ္ဗာန် ဟူသည် ပါဠိစာလုံး နိဗ္ဗာန ဟူသော ပုဒ်မှ လာသည် ။ ငြိမ်းသတ်သည် ဟု ဆိုလိုသည် ။ ထို့ကြောင့် လောဘ၊ဒေါသ၊မောဟ မီးများကို ငြိမ်းသတ်နိုင်ခြင်းသည် နိဗ္ဗာန်ဖြစ်သည် ။ (ရတန သုတ်တွင် တွေ့နိုင်သည်။)
တဖန် နိဗ္ဗာန ဟူသော ပုဒ်သည် ပါဠိဘာသာ နိ နှင့် ၀ါန ကို ပေါင်းထားခြင်းဖြစ်သည် ။ နိ - မရှိ၊ လွတ်မြောက်ခြင်း ၊ ထွက်ခွာခြင်း ။ ၀ါန - တဏှာ ။ နိဝါန = နိဗ္ဗာန = တဏှာမရှိခြင်း ၊ တဏှာမှ ကင်းလွတ်ခြင်း ဖြစ်သည်။
ဗုဒ္ဓဘာသာအရ နိဗ္ဗာန် နှစ်မျိုးရှိသည်။
၁။ သဥပါဒသေသ နိဗ္ဗာန်
၂။ အနုပါဒသေသ နိဗ္ဗာန် တို့ဖြစ်သည်။
သဥပါဒသေသ နိဗ္ဗာန်
မသေမှီ ဤရုပ်နာမ် ဖြစ်သော ဤခန္ဓာကိုယ်ကြီးရှိနေစဉ် အတောအတွင်း ရသော နိဗ္ဗာန်ကို သဥပါဒသေသ နိဗ္ဗာန်ဟု ခေါ်သည်။
၁။ ပထမမဂ်ဥာဏ်ရသော သောတာပန်သည် သောတာပန်ကို မြင်အပ်၊ ရအပ်သော
သဥပါဒသေသ နိဗ္ဗာန် ကိုရ၏။
၂။ ဒုတိယမဂ်ဉာဏ်ရသော သကဒါဂါမ်သည် သကဒါဂါမ်ကို မြင်အပ်၊ ရအပ်သော
သဥပါဒသေသ နိဗ္ဗာန် ကိုရ၏။
၃။ တတိယမဂ်ဉာဏ်ရသော အနာဂါမ်သည် အနာဂါမ်ကို မြင်အပ်၊ ရအပ်သော
သဥပါဒသေသ နိဗ္ဗာန် ကိုရ၏။
အနုပါဒသေသ နိဗ္ဗာန်
သေပြီးနောက် ဘ၀မကူးတော့ပဲ ရအပ်သော နိဗ္ဗာန်ကို အနုပါဒသေသ နိဗ္ဗာန်ဟု ခေါ် သည်။ စတုတ္ထမဂ်ဉာဏ်ရသော ရဟန္တာသည် သဥပါဒသေသ နိဗ္ဗာန်ကိုရ၍ မသေမှီ ခန္ဓာရှိစဉ် အတောအတွင်း နိဗ္ဗာန်သန္တိသုခ ချမ်းသာကြီးကို (၇)ရက်ထိ မစား၊ မသောက်၊ မအိပ်ပဲ ၀င်စား၍ နေနိုင်၏။ သေသောအခါ ခန္ဓာပြန်မရတော့ပဲ ဘ၀တစ်ဖန် ပြန်မဖြစ် တော့သည့် အနုပါဒသေသ နိဗ္ဗာန်ကို စံဝင်နိုင်ကြရပါသည်။ နိဗ္ဗာန်နှင့် ပတ်သက်၍
မိလိန္ဒမင်းနှင့် အရှင်နာဂသိန် တို့၏ အမေး အဖြေ
ထေရ် - မင်းကြီး ၊ကောင်းကင်နှင့် နိဗ္ဗာန် သည် ထင်ရှားရှိ၏ ။ သို့သော် တစုံတရာသော အကြောင်းကြောင့်မျှ မဖြစ်။
မင်း - ဒီလိုဆို အရှင်ဘုရားသည် မရှိသောတရားကို နိဗ္ဗာန် ဟု ညွှန်ပြမိလေပြီ။
ထေရ် - မင်းကြီး နိဗ္ဗာန် ဟူသည် ရှိ၏ ။ မနောဝိညဉ်ဖြင့် သိအပ်၏ ။ စင်ကြယ်မြင့်မြတ် သော ၊အနှောက် အယှက် အပိတ်အပင် ကင်းသော ၊ ကာမဂုဏ် အာမိသ ကင်းသော စိတ်ဖြင့် ကောင်းစွာကျင့်သော အရိယာတို့သည် နိဗ္ဗာန် ကို သိနိုင် ၊မြင်နိုင်သည်။
မင်း - အရှင်ဘုရား၊ နိဗ္ဗာန်သည် မရှိတရား မဟုတ်လျှင် နိဗ္ဗာန်ကို ဥပမာဖြင့် ပြတော်မူပါ ။ နိဗ္ဗာန် ဟူသည် အဘယ်လို့နည်း ။
ထေရ် - မင်းကြီး ၊ လေဆိုသော အရာ သည် ရှိသည် မဟုတ်လော ။
မင်း - ရှိပါသည် ၊ အရှင် ။
ထေရ် - လေသည် အဆင်း ၊ ပုံသဏ္ဍာန် အကြီးအသေး အရှည် အတို မည်သို့ ရှိပါသနည်း ။
မင်း - လေကို ညွှန်ပြ ၊ဖော်ပြရန် မဖြစ်နိုင်ပါ ။
ထေရ် - သို့ဆိုလျှင် လေမရှိသလော ၊ လေသည် မရှိတရားလော။
မင်း - လေသည် ရှိပါ၏ ။ လေကို ညွှန်ပြ ရန်တော့ မစွမ်းပါ ။သို့သော် လေရှိသည်ကို နှလုံးသား၌ သိနေပါသည် ။ နှာသီးဝ၌ တိုးနေပါသည် ။ထိုတိုးသော လက္ခဏာ အားဖြင့် လည်း သိပါသည်။
ထေရ် - မင်းကြီး နိဗ္ဗာန် သည်လည်း ထိုသို့ပင် ဖြစ်၏။ ငြိမ်းချမ်းမှုရရှိသော လက္ခဏာ အားဖြင့် ထင်ရှားရှိကြောင်းသိရာ၏။ လေကဲ့သို့ပင် အဆင်းအားဖြင့် ၄င်း ၊ ပုံသဏ္ဍာန် အားဖြင့် ၄င်း ညွှန်ပြရန် မဖြစ်နိုင်ပါ။
မင်း - လက်ခံပါပြီ ဘုရား ။ ဆက်၍မေးလိုသည်မှာ နိဗ္ဗာန် သည် တည်ရာအရပ် ရှိပါသလော။
ထေရ် - မင်းကြီး ၊ နိဗ္ဗာန် သည် တည်ရာအရပ် မရှိပါ။
မင်း -နိဗ္ဗာန် သည် တည်ရာအရပ် မရှိငြား ၊ နိဗ္ဗာန် သည် မရှိနိုင် ၊ နိဗ္ဗာန် ကို မည်ကဲ့သို့ မျက်မှောက်ပြုနိုင်သနည်း။
ထေရ် - မင်းကြီး ၊ နိဗ္ဗာန် သည် အမြဲအစွဲတည်နေရာ အရပ်မရှိသော်လည်း နိဗ္ဗာန် သည် ရှိ၏ ။ ကောင်းစွာကျင့်ကြံ နှလုံးသွင်းမှုဖြင့် နိဗ္ဗာန် ကို မျက်မှောက်ပြုနိုင်၏။ ဥပမာ - မီးသည် ထင်ရှားရှိ၏ ။ထိုမီး၏ အမြဲအစွဲတည်နေရာ အရပ်သည် မရှိသကဲ့သို့ ဖြစ်၏။ ကျောက်ခဲ နှစ်လုံး ခတ်မှ ၊ ၀ါးနှစ်လုံးပွတ်မှ မီးဖြစ်လာ ၊ ရလာသကဲ့သို့ ဖြစ်၏။ ထို့အပြင် စကြဝတေးမင်းတို့ ရရှိအပ်သော စကြာရတနာ ၊ မိဘုရားရတနာ ၊ သူကြွယ် ရတနာ ၊ ဆင်ရတနာ ၊မြင်းရတနာ စသော ရတနာ (၇)ပါးတို့ သည်လည်း တည်နေရာ မထင်ရှားပေ ။ မင်းကျင့်တရားကောင်းမွန်သူထံသို့ ကပ်ရောက်လာကြကုန်၏ ။ ထို့အတူ သင့်တော် သော နှလုံးသွင်းမှုဖြင့် ကျင့်ကြံအားထုတ်သူတို့ သာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြကုန် ၏။
ထိုသည်ကို လေ့လာကြည့်ပါက နိဗ္ဗာန်သည် အရှိတရားဖြစ်သည်။ သို့သော် ဘုံ၊ ဗိမ္မာန် ဖြင့် တည်ရှိနေသောအရာမဟုတ်ပါ။ နိဗ္ဗာန်ကို ဥာဏ်ဖြင့်သာ မြင်နိုင် မျက်မှောက်ပြုနိုင်စွမ်း ရှိသော အရာဖြစ်ပါသည်။
အမှန်မြင်၍ အမြင်မှန်နိုင်ကြပါစေ။
မင်း - လက်ခံပါပြီ ဘုရား ။ ။
နိဗ္ဗာန်
နိဗ္ဗာန်ဆိုသည်မှာ ဗုဒ္ဓဘာသာဝင်များ၏ အစွန်းစွန် ဘာသာရေးရည်မှန်းချက်ဖြစ်ပေသည်။ မဟာယာန နှင့် ထေရ၀ါဒ ဟူ၍ဂိုဏ်းကြီး နှစ်ခုကွဲသကဲ့သို့ နိဗ္ဗာန်နှင့် ပတ်သက်သော အယူအဆမှာလည်း ကွဲပြားသည်။ မဟာယာန ကျမ်းများတွင် နိဗ္ဗာန်ကို သုခချမ်းသာတို့ဖြင့် ပြည့်စုံသည့် ဘုံဗိမာန်အဖြစ်လည်းကောင်း၊ သံသရာကိုယ်၌ကပင် နိဗ္ဗာန်ဖြစ်သည် ဟူ၍လည်းကောင်း ကွဲပြားသော အယူအဆများ၊သဘောတရားများကို တင်ပြထားသည်။ သို့သော် ထေရ၀ါဒတွင်မူ ဆရာစဉ်ဆက် နှင့် ကျမ်းဂန်များတွင် နိဗ္ဗာန်သည် တည်နေရာဘုံအဖြစ် မယူဆ၊မသတ်မှတ်သင့်ကြောင်း၊ သံသရာနှင့် ဆက်စပ်မှုကင်းမှ သာလျှင် နိဗ္ဗာန်ဖြစ်ကြောင်း အစရှိသဖြင့် တိကျစွာရှင်းလင်းပြဆိုထားပေသည်။
ထေရ၀ါဒ ဗုဒ္ဓကျမ်းဂန်အရ ၃၁-ဘုံ၌ ရှိကြသော သတ္တဝါတို့သည် သံသရာလည်ကြရာတွင် ၃၁-ဘုံမှ စိတ်၏ လုံးဝ ချမ်းသာရာဖြစ်သော ကိလေသာများမှ လွတ်ကင်းရာကို နိဗ္ဗာန်ဟု ခေါ်သည်။ နိဗ္ဗာန်တွင် လူတို့၏ ဒုက္ခအားလုံးမှ ကျွတ်ငြှိမ်းပြီး နိဗ္ဗာန် သို့ရောက်ရှိပြီးနောက် သံသရာ အသစ်တဖန်ပြန်လယ်ခြင်း မရှိတော့ပေ။
နိဗ္ဗာန်သည် ကောင်းဘုံကဲ့သို့ နေရာအဖြစ် မရှိပေ။ နိဗ္ဗာန်သည် ဥပခါပြုခြင်းကဲ့သို့ သံသရာ နှင့်ဆန့်ကျင်ဖတ်ဖြစ်သည်။
နိဗ္ဗာန်၏ ဂုဏ်ပုဒ်များ
1. မာန်မယစ်ရာ နိဗ္ဗာန်။ (မဒနိမ္မဒနော)
2. တဏှာမွတ်သိပ်ခြင်းကို ပယ်ဖြောက်ရာ နိဗ္ဗာန်။ (ပိပါသ၀ိနယော)
3. ကာမဂုဏ် အာလယကို အကြွင်းမဲ့ခွာရာ နိဗ္ဗာန်။ (အာလယသမုဂ္ဃါဋော)
4. ၀ဋ်သုံးပါးမှ ကင်းပြတ်ရာ နိဗ္ဗာန်။ (၀ဋ္ဋုပစ္ဆေဒေါ)
5. တဏှာကုန်ငြိမ်းရာ နိဗ္ဗာန်။ (တဏှာက္ခယော)
6. ရာဂကင်းလွတ်ရာ နိဗ္ဗာန်။ (၀ိရာဂေါ)
7. တဏှာ၏ချုပ်ရာ နိဗ္ဗာန်။ (နိယောဓော)
8. အမြဲခိုင်ခန့်သော နိဗ္ဗာန်။ (ဓုဝံ)
9. အိုခြင်းမရှိသော နိဗ္ဗာန်။ (အဇရံ)
10. သံသရာချဲ့တတ်သော တရားမရှိသော နိဗ္ဗာန်။ (နိပ္ပပဉ္စံ)
11. မဖောက်မပြန် မှန်ကန်သော နိဗ္ဗာန်။ (သစ္စံ)
12. သံသရာ၏ ဟိုမှာဘက်ကမ်းဖြစ်သော နိဗ္ဗာန်။ (ပါရံ)
13. ဉာဏ်နုံ့သူတို့ အလွန်မြင်နိုင်ခဲသော နိဗ္ဗာန်။ (သုဒုဒ္ဒသံ)
14. ကိလေသာကင်းဝေး ချမ်းအေးသော နိဗ္ဗာန်။ (သိဝံ)
15. သေခြင်းကင်းရာ နိဗ္ဗာန်။ (အမတ)
16. ငြိမ်းချမ်းရာ ဘေးကင်းရာ နိဗ္ဗာန်။ (ခေမံ)
17. သင်္ခါရကင်းဖွယ် အံ့ဖွယ်သူရဲ မဖြစ်ဖူးသော နိဗ္ဗာန်။ (အဗ္ဘုတံ)
18. ဘေးမရှိသော နှောက်ယှက်ပုပန်ခြင်းကင်းရာ နိဗ္ဗာန်။ (အနီတိကံ)
19. ၀ဋ်ဆင်းရဲမှ စောင့်ရှောက်ရာ နိဗ္ဗာန်။ (တာဏံ)
20. ဘေးရန်လွတ်ရှောင်း ပုန်းအောင်းရာ နိဗ္ဗာန်။ (လေဏံ)
21. သြဂမလွှမ်းသော ကျွန်းတည်းဟူသော နိဗ္ဗာန်။ (ဒီပံ)
22. ကိလေသာမှ စင်စစ် စင်ကြယ်သော နိဗ္ဗာန်။ (၀ိသုဒ္ဓိ)
23. သူတော်ကောင်းတို့ တောင့်တအပ်သော နိဗ္ဗာန်။ (၀ရံ)
24. သိမ်မွေ့နူးညံ့သော နိဗ္ဗာန်။ (နိပုဏံ)
25. အကြောင်းတရား မပြုပြင်အပ်သော နိဗ္ဗာန်။ (အသင်္ခတ)
26. ကိလေသာမှ လွတ်သော နိဗ္ဗာန်။ (မောက္ခော)
27. အထူးသဖြင့် ချီးမွမ်းအပ်သော နိဗ္ဗာန်။ (သေဋ္ဌော)
28. အတုမရှိ အလွန်မြတ်သော နိဗ္ဗာန်။ (အနုတ္တရော)
29. လောကသုံးပါး၏ ဆုံးရာ နိဗ္ဗာန်။ (လောကဿန္တော)
နိဗ္ဗာန်၏ ဂုဏ်ကျေးဇူးတို့ကို သိအောင်ပြု၍ အဖန်ဖန် နှလုံးသွင်းရာ၏၊ ဆင်ခြင်အောက်မေ့ရာ၏၊ ဤသို့ နိဗ္ဗာန်၏ဂုဏ်တို့ကို အသီးသီး ဆင်ခြင် အောက်မေ့သည်ရှိသော် အလွန် စိတ်ကြည်လင်၏၊ ဉာဏ်ကြီးထွား၏၊ စိတ်အေးချမ်းတည်ကြည်၏၊ ဥပစာရ ဈာန်ကိုရ၏။
နိဗ္ဗာန်အကြောင်း
July 28, 2010
By admin
“ … နိဗ္ဗာန်၏ တည်ရာအရပ် မရှိ။ ဒီစကားက သိပ်ကောင်းတယ်။ အခု ပြောကြတာက နိဗ္ဗာန်လို့ ပြောလိုက်ရင် နိဗ္ဗာန်ရောက်တယ်လို့လည်း ပြောလေ့ရှိကြတယ်။ နိဗ္ဗာန်ရတယ်လို့လည်း ပြောလေ့ရှိကြတယ်။
ရောက်တယ်ဆိုတဲ့ စကားထဲမှာ ဘာပါနေသလဲဆိုတော့ နိဗ္ဗာန်ဟာ ရောက်စရာနေရာတစ်ခု, ဘုံတစ်ခု, ဌာနတစ်ခုလို့ စိတ်က ထင်,ထင်နေတတ်တယ်။ ဘယ်သူပဲဖြစ်ဖြစ် များသောအားဖြင့် အဲသလိုချည်း ထင်တတ်ကြတယ်။
ဒီနေရာမှာ မိလိန္ဒမင်းကြီးက မေးတယ်။ နိဗ္ဗာန်ရဲ့တည်ရာ အရပ် ရှိပါသလားတဲ့။ မရှိဘူးလို့ ရှင်နာဂသိန်က ဖြေတယ်။
ဒါကြောင့်မို့ နိဗ္ဗာန်ဟာ အရှေ့မှာ ရှိတယ်၊ အနောက်မှာ ရှိတယ်၊ တောင်မှာ ရှိတယ်၊ မြောက်မှာ ရှိတယ်၊ အထက်မှာ ရှိတယ်၊ အောက်မှာ ရှိတယ် … ဘယ်လိုမှ ပြောလို့ မရဘူး။ ဘယ်နေရာ နိဗ္ဗာန်ရှိတယ်ဆိုတာ ပြောလို့ မရဘူး။
ကိလေသာချုပ်ငြိမ်းခြင်းသဘောကို ဘယ်နေရာမှာ ရှိတယ်လို့ ပြောလို့ မရဘူး။ ညွှန်ကြားလို့ မရဘူး။ ဒါကြောင့်မို့ တည်ရာအရပ်ရယ်လို့ မရှိဘူး။
ဒါကြောင့်မို့ နိဗ္ဗာန်လို့ ပြောလိုက်ရင် ဘုံတစ်ခုအနေမျိုး မမြင်မိစေနဲ့။ ရောက်စရာဌာနတစ်ခုအနေနဲ့ မမြင်မိစေနဲ့။ အဲဒါ အရေးကြီးတယ်။ နိဗ္ဗာန်ဟာ သဘောတရားတစ်ခုပဲ။”
(အရှင်သီလာနန္ဒာဘိဝံသ)
+++++
၂၀၁၀ ခုနှစ် ဇူလိုင်လ ၂၄ ရက် စနေနေ့တွင် လောကချမ်းသာဘုရားကျောင်း၌ အရှင်သီလာနန္ဒာဘိဝံသ၏ အဘိဓမ္မာပို့ချချက်သင်တန်း၊ အပတ်စဉ် (၄၂) နိဗ္ဗာန်အကြောင်းပို့ချချက်ကို နာယူ သင်ယူကြရ၏။
သင်တန်းတွင် လောကချမ်းသာဘုရားကျောင်းသို့ ခေတ္တရောက်ရှိနေသော ဓမ္မဘေရီဆရာတော် အရှင်ဝိရိယ (တောင်စွန်း)က နိဗ္ဗာန်အကြောင်း နာရီဝက်ခန့် ဟောကြား ပို့ချပေး၏။
ဒေးဒရဲကျောင်းဆရာတော်ကြီး၏ ပေါင်းမြက်များ ရှင်းလင်းပြီး၍ ပေါ်လာသော မြေကွက်ဥပမာ၊ ဝါးချက်မင်းကျောင်းဆရာတော်ကြီး၏ ကိုယ်တိုင် ကျင့်ကြံ အားထုတ် နိဗ္ဗာန်ကို မျက်မှောက်ပြုပြီးမှ နှစ်ဦး ပြန်ဆုံ၍ ရှင်းရမည့်တရား ဥပမာများဖြင့် ကိလေသာရှင်းမှ ပေါ်လာသော တရား၊ ရှင်းနိုင်သူ၏ သန္တာန်တွင် ပေါ်သည့် လွတ်မြောက်မှု သဘော၊ ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ – သစ္စာလေးပါး သိမြင်၍ အရိယာအဖြစ်သို့ ရောက်ပြီးသော သူတော်ကောင်းကြီးတို့သာ ကိုယ်စီကိုယ်င သိနိုင် ခံစားနိုင်သည်ဟူသော တရားတော်မြတ်၏ ဂုဏ်တော်မြတ်နှင့်အညီ သိနိုင်သည့် သဘောဖြစ်ကြောင်း ရှင်းပြ ဟောပြောသွား၏။
+++++
နိဗ္ဗာန်
နိဗ္ဗာန = နိ + ဝါန
နိ = ထွက်မြောက်
ဝါန = တဏှာ
ဝါနဟု ဆိုအပ်သော တဏှာမှ ထွက်မြောက်တတ်သောကြောင့် နိဗ္ဗာန်ဟု ခေါ်သည်။
ထွက်မြောက်ဟူသည် အာရုံပြု မခံရခြင်းကို ဆိုလိုသည်။
နိဗ္ဗာန်သည် မဂ်ဉာဏ် ၄-ပါးဖြင့် မျက်မှောက်ပြုထိုက်သော တရားဖြစ်သည်။
မဂ်ဖိုလ်တို့၏ အာရုံဖြစ်သည်။
နိဗ္ဗာန်ကို အမျိုးမျိုးဟောကြားထားချက်များမှ ထင်ရှား အတွေ့ရများသည့် အချက်များမှာ -
နိဗ္ဗာန်ဟူသည်
(၁) တဏှာ၏ အကြွင်းမဲ့ ကုန်ရာကုန်ကြောင်း/ကုန်ခြင်း (တဏှာယ အသေသ ဝိရာဂနိရောဓ) ဖြစ်၏။
မဟာစည်ဆရာတော်ဘုရားကြီးက တဏှာ၏ အကြွင်းမဲ့ ကုန်ခြင်း ချုပ်ခြင်းဆိုသည်ကို ပိုပြီး နှစ်သက်၏။
ဓမ္မစကြာတွင် … ယေ တဿာယေဝ တဏှာယ အသေသဝိရာဂနိရောဓော စာဂေါ ပဋိနိဿဂ္ဂေါ မုတ္တိ
အနာလယော … ဆိုပြီး အထပ်ထပ် ဟော၏။
‘အနာလယော’၊ ‘စာဂေါ’၊ ‘ပဋိနိဿဂ္ဂေါ’ စသည့်ပုဒ်များ၏ အနက်အဓိပ္ပာယ်မှာ တစ်ခုနှင့်တစ်ခု
သိပ်မကွာလှပေ။
(၂) တဏှာကုန်ရာကုန်ကြောင်း/ကုန်ခြင်း (တဏှက္ခယ) ဖြစ်၏။
တဏှက္ခယဟု ပါဠိပုဒ်ဖြင့် ဟောခြင်းလည်း ရှိ၏။ အဓိပ္ပာယ်အတူတူပင် ဖြစ်၏။
(၃) ရာဂ၊ ဒေါသ၊ မောဟတို့ ကုန်ရာကုန်ကြောင်း/ကုန်ခြင်း (ရာဂက္ခယ၊ ဒေါသက္ခယ၊ မောဟက္ခယ) ဖြစ်၏။
ကိလေသာတို့ ကုန်ရာကုန်ကြောင်းကို ဆို၏။ ပါဠိတော်တို့တွင် ရာဂက္ခယသည် နိဗ္ဗာန်၊
ဒေါသက္ခယသည် နိဗ္ဗာန်၊ မောဟက္ခယသည် နိဗ္ဗာန်ဟု ဟောထားချက်များ ရှိ၏။
(၄) ဘဝချုပ်ရာချုပ်ကြောင်း/ချုပ်ခြင်း (ဘဝနိရောဓ) ဖြစ်၏။
ဘဝမရှိတော့ခြင်း၊ နောက်ထပ်မဖြစ်တော့ခြင်း ချုပ်ခြင်းကိုလည်း နိဗ္ဗာန်ဟု ခေါ်၏။
(၅) ဆင်းရဲချုပ်ရာချုပ်ကြောင်း/ချုပ်ခြင်း (ဒုက္ခနိရောဓ) ဖြစ်၏။
အမှန် ၄-ပါးတွင် တတိယသစ္စာကို ဒုက္ခနိရောဓဟု ခေါ်၏။
ဒုက္ခကုန်ရာ နေရာတစ်မျိုးသဘော … စသည် ဥပမာအမျိုးမျိုး တင်စား ပြောနေခြင်းသာ ဖြစ်ပြီး
နိဗ္ဗာန်သည် နေရာ ဘုံ ဌာနတစ်ခု မဟုတ်ပေ။
ရာဂ၊ ဒေါသ၊ မောဟ သို့မဟုတ် ကိလေသာတို့ ကုန်ငြိမ်းသည့် သဘောသာ ဖြစ်၏။
(၆) မည်သည့်အကြောင်းကမျှ မပြုလုပ်အပ်သော တရား (အသင်္ခတ) ဖြစ်၏။
ကံ, စိတ်, ဥတု, အာဟာရ ဟူသော အကြောင်းတရား ၄-ပါးက ရုပ်ကို ပြုပြင်သကဲ့သို့ နိဗ္ဗာန်မှာ
ပြုလုပ်အပ်သော အကြောင်းတရား မရှိ။
နိဗ္ဗာန်သည် တရားအားထုတ်ခြင်း၏ အကျိုး မဟုတ်။ မဂ်ဉာဏ်၏ အကျိုး မဟုတ်။
အာရုံကို အကြောင်းဆိုသော အနေဖြင့် (ပါဠိလို ပစ္စယသဒ္ဒါအနေဖြင့် သုံး၏။) ပြောလျှင်မူ နိဗ္ဗာန်သည်
အကြောင်းထဲ ပါနိုင်၏။
အထူးသဖြင့် နိဗ္ဗာန်သည် အကျိုး မဟုတ်။
သူ့အလိုလို သူ့ဟာသူ ထင်ရှားရှိနေသော တရားသာ ဖြစ်သည်။
(၇) ကိလေသာမှ လွတ်မြောက်ရာ လွတ်မြောက်ကြောင်း/လွတ်မြောက်ခြင်း (မုတ္တိ၊ ဝိမုတ္တိ) ဖြစ်၏။
ကိလေသာမှ လွတ်ခြင်း၊ ကိလေသာအာရုံနယ်ပယ် အပြင်ဘက်ရောက်ခြင်း ဖြစ်၏။
မုတ္တိဟုလည်း သုံး၏။ ဝိမုတ္တိဟုလည်း သုံး၏။
(၈) ကျွန်းသဖွယ်ဖြစ်သော တရား (ဒီပ) ဖြစ်၏။
သမုဒ္ဒရာ ပင်လယ်ထဲ မျောနေ ဒုက္ခရောက်နေသူအတွက် ကျွန်းကို မှီခိုပြီး အသက်ရှင်ရသကဲ့သို့
သံသရာထဲ မျောနေသူတို့အတွက် နိဗ္ဗာန်ကို ကျွန်းသဖွယ် တင်စားခြင်း ဖြစ်၏။
(၉) လဲလျောင်းရာဖြစ်သော တရား (တာဏ) ဖြစ်၏။
အားကိုးရာအဖြစ်ကို ဆိုလို၏။
(၁၀) ပုန်းအောင်းရာဖြစ်သော တရား (လေဏ) ဖြစ်၏။
နိဗ္ဗာန်ဟူသော ပုန်းအောင်းရာကို ရလျှင် သံသရာဘေးဒုက္ခမှ လွတ်ခြင်းကို ဆို၏။
(၁၁) မှီခိုရာဖြစ်သော တရား (ပရာယဏ) ဖြစ်၏။
နိဗ္ဗာန်ကို တကယ်တွေ့မှ၊ နိဗ္ဗာန်ကို အာရုံပြုနိုင်သော စိတ်များ မိမိသန္တာန်မှာ ဖြစ်မှ အပါယ်ဘေး
သံသရာဘေးဒုက္ခတို့မှ လွတ်မြောက်သော အားထားမှီခိုရာအစစ် ဖြစ်ကြောင်းကို ဆို၏။
(၁၂) အမှန်တရား (သစ္စ) ဖြစ်၏။
နိဗ္ဗာန်ကို သစ္စာတရားဟုလည်း ခေါ်၏။
အမှန်တရား ၄-မျိုးဖြစ်သော ဆင်းရဲအမှန်တရား၊ ဆင်းရဲကြောင်းအမှန်တရား၊ ဆင်းရဲချုပ်ရာ
နိဗ္ဗာန်အမှန်တရား၊ ဆင်းရဲချုပ်ရာရောက်ကြောင်းဖြစ်သော အကျင့်အမှန်တရားမှ အမှန်တရား တစ်ခု
ဖြစ်၏။
(၁၃) ချမ်းသာခြင်းတရား (သုခ) ဖြစ်၏။
နိဗ္ဗာနံ ပရမံ သုခံ – နိဗ္ဗာန်သည် အမြတ်ဆုံး ချမ်းသာဟု ဓမ္မပဒတွင် ဟောထား၏။
(၁၄) ငြိမ်းချမ်းခြင်းတရား (သန္တိ) ဖြစ်၏။
ခံစားမှုမပါသော ငြိမ်းအေးခြင်း ဖြစ်၏။
(၁၅) မွန်မြတ်သောတရား (ပဏီတ) ဖြစ်၏။
(၁၆) မြဲသောတရား (ဓုဝ) ဖြစ်၏။
တရားတွေထဲမှာ မြဲသည်ဟူ၍ နိဗ္ဗာန်သာ ရှိ၏။
(၁၇) မသေရာတရား (အမတ) ဖြစ်၏။
ဥပါဒ်-အဖြစ်မရှိ၍ ဘင်မရှိ။ သေခြင်းကင်းသော တရား ဖြစ်၏။
(၁၈) မိမိထက်သာသောတရား မရှိသော တရား (အနုတ္တရ) ဖြစ်၏။
အမြတ်ဆုံးတရားဟု ဆို၏။
(၁၉) နက်နဲသော တရား (ဂမ္ဘီရ) ဖြစ်၏။
နိဗ္ဗာန်ကို အမှန်းအဆဖြင့် မမြင်နိုင်ဘဲ မဂ်ဉာဏ် ဖိုလ်ဉာဏ် တကယ်ရမှ မြင်နိုင်သဖြင့် နက်နဲသော
တရားဟု ဆို၏။

လောကရဲ့ဒဏ် ကြံ့ကြံ့ခံ
လောကဓံတရားရှစ်ပါးဖြစ်သည့်
လာဘ်ရခြင်း၊ လာဘ်မရခြင်း၊ အခြွေအရံပေါခြင်း၊ အခြွအရံ မရှိခြင်း၊
အချီးအမွမ်းခံရခြင်း၊ အကဲ့ရဲ့ခံရခြင်း၊
ချမ်းသာနှင့်ပြည့်စုံစွာနေနိုင်ခြင်း၊ ဆင်းရဲခြင်းနှင့်
ရင်ဆိုင်ရခြင်းစသည့် လောကဓံတရားများသည် မလွတ်မလပ် ဒလစပ် ကြုံတွေ့ရသည်မှာ
လောက၏ ဖြစ်စဉ်ဓမ္မတာပင်ဖြစ်ပေသည်။ ထိုသို့ အကောင်းလောကဓံ၊ အဆိုးလောကဓံ
တစ်လှည့်စီ ရိုက်ခတ်နေကြရာ အကောင်းနှင့် ကြုံတွေ့ရလို့လည်း မမြောက်ကြွရာ၊
အဆိုးနှင့် ကြုံတွေ့ရလို့လည်း စိတ်ဓာတ်မကျလေရာ။
အသိနဲ့ အကျင့်
အကျင့်မပါသော အသိတရားများက မိမိကိုယ်ကို ဖျက်ဆီးဖို့သာ ဖြစ်နေတတ်၏။
အသိကိုလိုက်မကျင့်လျှင်နောက်ဆုံး၌သိသလိုလိုမသိသလိုလိုနှင့် မသိသည်သာလျှင်
ဖြစ်သွားတတ်သောကြောင့် အသိနှင့်အကျင့် ထပ်တူကျစေရန် ၀ိဇ္ဇာစရဏ သမ္ပန္နော-
အသိရောအကျင့်ပါပြည့်စုံတော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီးကဲ့သို့ကျင့်ကြံပွါးများအားထုတ်ကြရာ၏။
Monday, September 16, 2013
စေတနာကောင်းမှ လာဘ်ရ၏
ဆင်းရဲသား ပုဏ္ဏား တစ်ဦးသည် ပေါက်ပင်ကြီး၏ ခြေရင်း အမှိုက်သရိုက်များကို ခုတ်ထွင်ရှင်းလင်း၏၊
ပန်း၊ ဆီမီး၊ အမွှေးတိုင်များဖြင့်လည်း ပူဇော်၏၊ ထို့နောက်...
“ချမ်းသာစွာ အိပ်ရပါ၏လော...ဟု ဆိုလျှက် ပြန်သွား၏”
တစ်နေ့ ပုဏ္ဏားအိုတစ်ဦး ရောက်လာ၏၊
အို ပုဏ္ဏားငယ် စိတ်မရှိ ကြားမှုမရှိသည့် ပေါက်ပင်ကို အဘယ်ကြောင့် ပူဇော်ရသနည်း...ချမ်းသာစွာ အိပ်ရပါ၏လော-ဟု မေးရသနည်း၊
အဘပုဏ္ဏား
အကျွန်ုပ်သည် ချမ်းသာလို၍ ပူဇော်ခြင်း ဖြစ်ပါသည်၊ ဤအပင်၌ နတ်များရှိ၏၊
ထိုအခါ ပုဏ္ဏားအိုသည်
ဖန်ဆင်းထားသော ပုဏ္ဏားအိုအသွင်မှ နတ်အသွင် ပြလိုက်သည်၊
ပုဏ္ဏားငယ် ငါသည် ဤအပင်စောင့် နတ်ဖြစ်၏၊ မကြောက်လင့်...သင့်အား ဥစ္စာတို့ကို ငါပေးအံ့။
ထိုသို့ပြောဆိုကာ ပျောက်ကွယ်သွား၏။
မကြာမီ ပုဏ္ဏားငယ်သည် အိမ်အောက်မှ ရွှေအိုးများကို တူးဖော်ရရှိ၏၊
ထို့ကြောင့် မိမိလည်း သုံးစွဲ၊ အလှူအတန်းလည်းလုပ်၊ သီလလည်း ဆောက်တည်ကာ ထာဝရချမ်းသာသွား ခဲ့ပေသည်။ စေတနာကောင်း၍ ပုဏ္ဏားငယ်မှာ လာဘ်ဥစ္စာများ ရရှိခြင်း ဖြစ်ပါသည်။
(စတုတ္ထနိပါတ် ပလာသဇာတ်)
Subscribe to:
Posts (Atom)