Thursday, July 24, 2014

(သီတဂူဆရာတော်ကြီး၏ထေရုပ္ပတ္တိ)


သီတဂူဆရာတော် ဦးဥာဏိဿ     ရ  (၁၉၃၆-) မြန်မာသက္ကရာဇ် ၁၂၉၈ - ခု၊ တပါင်းလပြည့်နေ့၌ အဖ ဦးမောင်ညို၊ အမိ ဒေါ်သန်းတင်တို့က ပဲခူးတိုင်း၊ ပြည် မြို့နယ် စီရင်စု၊ သဲကုန်းမြို့နယ် ပုတီးကုန်းမြို့တွင် ဖွားမြင်သည်။ အသက်(၇)နှစ်အရွယ်တွင် သဲကုန်းမြို့တပ် အလယ်တန်းကျောင်းတွင် စတင်ပညာသင်ကြားခဲ့။ အသက်(၁၅)နှစ်အရွ ယ်တွင် ရှင်သာမဏေပြုခဲ့။ သက္ကရာဇ်-၁၃၁၈ - (သာသနာနှစ်-၂၅၀၀ ပြည့်နှစ်) နယုန်လဆန်း(၄)ရက်နေ့ အသက်(၁၉)နှစ်အရွယ်တွင် သဲကုန်းမြို့၌ ရဟန်းပြု။ ရှင်သာမဏေပြုချိ န်မှစ၍ ပိဋကတ် အခြေခံကျမ်းစာများကို သဲကုန်းမြို့တပ် အလယ်တန်း ကျောင်း ဆရာတော်ထံ၌ ပြည့်စုံအောင် သင်ကြားခဲ့သည်။ ၁၃၂၂ - ဓမ္မာစရိယတန်းအော င်။ ရန်ကုန်မြို့၊ တာမွေသိမ်ကုန်းတိုက် မန္တလေးမြို့အနော က်ခင်မကန်တိုက်၊ စကု တိုက်၊ တောင်သမန်တိုက်၊ မိုးကောင်းတိုက်၊ ဝေယံဘုံသာတိုက်၊ ဘုရားကြီးတိုက်၊ ရွှေရေးဆောင်တိုက်များတွင် အဆင့်မြင့် ပိဋကတ်ကျမ်းစာများကို သင်ကြားခဲ့။ ၁၃၂၃-၂၆ - ရန်ကုန်မြို့၊ ကမ္ဘာအေး သံဃာ့တက္ကသိုလ်တွင် သာသနာပြု ပညာရပ်များသင်ကြားခဲ့။ ၁၃၂၆-၂၇ - ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့ -ဘီ၊ဘီအမ်အေကောလိပ် (မြန်မာဗုဒ္ဓဘာသာ၊ သာသနာပြု ကျောင်း)တွင် ပရဟိတ လုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်ခဲ့။ ၁၃၂၉ - ၁၃၃၃ - စစ်ကိုင်းတောင် အနီးစခန်းဆရာတော်ထံ၌ ပိဋကတ်ကျမ်းစာများကို (၅)နှစ်တိုင်တိုင် အင်္ဂလိပ်ဘာသာဖြင့် သင်ကြားခဲ့။ ၁၃၃၄ - ၃၇ - (၄)နှစ်တိုင်တိုင် မွန်ပြည်နယ်၊ ပေါင်မြို့နယ် သပိတ်အိုင်တောရစခန်း၌ ဧကစာကျင့်သုံးကာ ဓုရ နှစ်ပါးမပြတ် အားထုတ်ခဲ့။ ၁၃၃၈ - စစ်ကိုင်းတောင်၊ သဒ္ဓမ္မသီတဂူချောင်ကို စတင်တည်ဆောက်ခဲ့။ ၁၃၄၂ - ၄၇ - စစ်ကိုင်းတောင် ချောင်ပေါင်း(၉၀ ၀)ခန့်အတွက်-သီတဂူရေအလှူတော် စီမံကိန်းကို ဆောင်ရွက်ခဲ့။(တစ်နေ့လျှင် ရေဂါလံ ၅-သိန်းခန့်ပေးဝေလျှက်ရှိ။ ဧရာဝတီမြစ်အတွင်းမှရေကို စစ်ကိုင်းတောင်ရိးပေါ်အရောက် ဆောင်ရွက်ရခြင်းဖြစ်။) ၁၃၄၇ - ၀ါခေါင်လပြည့်နေ့ မှစ၍ သီတဂူ အာယုဒါနဆေးရုံကို တည်ဆောက်။ (တစ်လလျှင် ပျမ်းမျှကုန်ကျ စရိတ် ကျပ်သိန်း(၂၀)ခန့်ဖြင့် ဆေးဝါးကုသဒါနပြု လျှက်ရှိ။) ၁၃၅၁ - ဆေးရုံပြီးမြောက်။ (ကုတင်-၁၀၀ဆန့် ကျပ်-သိန်း၅၀၀ကျော်ကုန်။) ဆရာတော်ဘုရားကြီးသည် ရေအလှူတော်၊ အာယုဒါနအလှူတော်သာမက ပညာရေး၊ လူမှုရေး၊ မိဘမဲ့ကလေးငယ်များ စောင့်ရှောက်နိုင်ရေး အတွက်ပါ သိန်းပေါင်းများ စွာ လှူဒါန်းလျက်ရှိ။ ဆရာတော်ကြီးသည် မြန်မာပြည်တွင်း ကျန်းမာရေး၊ ပညာရေးနှင့် ဧရာဝတီအလှူတော်လုပ်ငန်များကို လုပ်ဆောင်ခဲ့သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ဆယ်စုနှစ်များစွာကတည်းက ဆရာတော်ကြီး၏ ရေအလှူတော်၊ ဆေးရုံနှင့် ဆေးအလှူတော် လုပ်ငန်းများမှာ ကြည်နူးဖွယ်ရာ ဖြစ်သည်။ ဆားတောင်၊ သီပေါ၊ ကလေး၊ နတ်မောက်၊ ပန်းတနော်၊ ထားဝယ်၊ မင်းတပ် (ချင်းပြည်နယ်)နဲ့ မြိုင်ကြီးငူ (ကရင်ပြည်နယ်) တို့၌ ဆေးရုံများတည်ဆောက်နေသည်။ ဆေးရုံ ၈ရုံ ရှိပြီး ဆေးရုံတရုံကို ကျပ်ငွေ သိန်း ၁၀၀၊ ဆေးပစ္စည်း သိန်း ၁၅၀ ကုန်ကျမှာဖြစ်သည်။ မျက်စိအလင်းရရန် ခွဲစိတ်ကုသပေးနေပြီး ပြည်သူ ၁ သောင်းခွဲ ရှိသည်။ နှစ်စဉ် ၁ သောင်းခွဲ အလင်းရဖို့ လုပ်ပေးနေခြင်း ဖြစ်သည်။ ပြည်ပသာသနာပြုခရီး ၁၉၈၁(ခရစ်နှစ်) - ထိုနှစ်မှစ၍ နိုင်ငံပေါင်းများစွာသို့ အကြိမ်ကြိမ်သွားရောက်သာသနာပြုခဲ့ ။ အင်္ဂလန်၊ အမေရိကန်၊ အိန္ဒိယနိုင်ငံတို့တွင် ၀ါကပ်ဆိုခဲ့။ အမေရိကန်ပြည်ထောင်စု နက်ရှ်ဗီးမြို့၌ ၀ါဆိုစဉ် တက္ကသိုလ် ကောလိပ်များတွင် ဗုဒ္ဓဒေသနာကမ္မဌာန်း၊ သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါးတို့ကို အမေရိကန်လူမျိုးများအား သင်ကြား ပို့ချဟောကြားခဲ့၊ ပြည်ပတွင်လည်း ဒါနပြုခဲ့၊ ပြည်ပမှမျက်စိကုဆရာဝန်ကြီးများအား ဖိတ်ကြား၍ ဝေဒနာရှင်များ အား အာယုဒါနဆေးရုံတွင် ခွဲစိတ်ကုသပေးခဲ့။ သက္ကရာဇ်-၁၄၅၄ - ၀ါဆိုလပြည့်နေ့တွင် အမေရိကန်ပြည်ထောင်စု၊ တက္ကဆပ်ပြည်နယ်၊ အော်စတင်မြို့တွင် ရဟန်းတော်(၅)ပါး၊ လူပုဂ္ဂိုလ်(၁၅)ယောက်တို့ဖြင့် ထေရ၀ါဒဓမ္မအသင်းကို တည်ထောင်ခဲ့၊ ဓမ္မပြန့်ပွားရေး ဆောင်ရွက်ခဲ့။ ထိုသင်တန်းတွင် နက်ရှ်ဗီးမြို့၊ ဗန်ဒါဗစ်တက္ကသိုလ်၌ ကျောင်းသား၊ ကျောင်းသူများအား ပို့ချခဲ့။ ထိုဟောပြောချက်မှ ဓမ္မအနှစ်စာတမ်းပေါင်း (၁၅)ခု ပေါ်ထွက်ခဲ့။ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ခရစ်နှစ်-၁၉၉၁ - ၄င်းနှစ်မှစတင်၍ သဒ္ဓမ္မသီတဂူချောင်တွင် ကမ္ဘာ့ဗုဒ္ဓတက္ကသို လ်ဖွင့်လှစ်၍ ပိဋကတ် ကျမ်းစာ၊ ဗုဒ္ဓသာသနာ့သမိုင်း၊ သာသနာပြုနည်း၊ ကမ္မဌာန်းတရားများအား ရဟန်းတော်၊ သာမဏ၊ သီလရှင် နှင့် လူပုဂ္ဂိုလ်များအားပို့ချပေးခဲ့။ ထိုတက္ကသိုလ်မှ B.A, M.A, Ph.D-ဘွဲ့များအပ်နှင်းနိုင်ခဲ့။ ခရစ်နှစ်-၁၉၉၄ - အမေရိကန်ပြည်ထော င်စု၊ အော်စတင်မြို့၌သီတဂူ ဗုဒ္ဓ၀ိဟာရကျောင်းတိုက် တည်ထောင် ခဲ့။ ထိုကျောင်းမှ ၂-လ တစ်ကြိမ်၊ အင်္ဂလိပ် မြန်မာနှစ်ဘာသြာ ဖင့် ဗုဒ္ဓ၊ ဓမ္မစာစောင်များထုတ်ဝေခဲ့။ ဓမ္မသင်တန်း များပို့ချခဲ့။ ၂၀၀၂ - ကမ္ဘောဒီးယားနိုင်ငံတွင်ကျင်းပသည့် ဗုဒ္ဓသာသနာညီလာခံ၌ နိုင်ငံခြားသားများအား ဓမ္မစာပေပို့ချခဲ့။ ဂျပန်၌တည်ဆောက်မည့် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓတက္ကသိုလ်၏ အကြီးအကဲအဖြစ် ခန့်အပ်။ အစိုးရက ဆက်ကပ်သည့် ဘွဲ့များ ၁၉၉၃ - မဟာဓမ္မကထိက ဗဟုဇနဟိတဓရဘွဲ့ ၁၉၉၅ - အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့ ၁၉၉၆ - အဂ္ဂမဟာပဏ္ဍိတဘွဲ့ ၂၀၀၂ - ရန်ကုန်တက္ကသိုလ်မှ ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ Doctor of Literature (Hononur-Causa) ၂၀၀၉တွင် "အဂ္ဂမဟာဂန္တ၀ါစကပဏ္ဍိတဘွဲ့" တို့ကို ဆက်ကပ်ပူဇော်ခဲ့။ ၂၀၁၀ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆ ဂုဏ်ပြုချီးမြှင့်ခြင်း အစီအစဉ်၏ နောက်ဆုံးဆန်ကာတင် ပုဂ္ဂိုလ် ၅ဦးတွင် ပါဝင်ပြီး ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုမှတ်တမ်း လွှာနှင့် အလှူငွေ အမေရိကန်ဒေါ်လာ ၁ ထောင်ကို ရရှိသည်။ ရေးသားပြုစုခဲ့သည့် စာပေများ ၁။ပုဏ္ဏောဝါဒ သုတ္တန်(၁၉၉၇) ၂။ဒါရုက္ခန္ဓောပမာ သုတ္တန်(၂၀၀၁) ၃။ဝေဒနာနုပဿနာ သတိပဌန်တရားတော် (၂၀၀၂) ၄။လမ်းရိုးဟောင်းတွင် ဆင့်ကာထွင်(ရွှေကျင်ဆရာတော်ကြီးဘ၀ဖြစ်စဉ်အကျဉ်း)(၂၀၀၂) ၅။စကားလေးခွန်းတရားတော်(ရဌပါလသု တ်အနှစ်ချုပ်)(၂၀၀၃) ၆။လောကမျက်လုံး ကွယ်ပျောက်ခြင်း တရားတော် ၇။တက္ကသိုလ်တရားတော်(၂၀၀၄) ၈။ဗုဒ္ဓနှင့်ဗုဒ္ဓ ၀ါဒ(၂၀၀၄) ၉။မမေ့အပ်သောလေးနေရာ(သံဝေဇနိယသု တ္တန်တရားတော်) ၁၀။ဝေဒနာကိုသည်းခံခြင်း တရားတော်(မဟာပရိနိဗ္ဗာနတရားတော်) ၁၁။ကဿပဂုဏ်ရည် တရားတော် ၁၂။သံဃာ့ဂုဏ်ရည်တရားတော် ၁၃။ပညာရှိတစ်ဆူကို ပူဇော်ခြင်းတရားတော် ၁၄။သာသနာပြု သူရဲကောင်းတရားတော် ၁၅။သိကြားမင်းရေးသော ခန္တီစာတမ်းတရားေ တာ် ၁၆။ကုမုဒြာတွေပွ င့်တဲ့ည တရားတော် ၁၇။ဘ၀တန်ဖိုး တရားတော်(၂၀၀၄) ၁၈။သစ္စာနှင့်မေတ္တာတရားတော်(၂၀၀၄) ၁၉။ယုံအသင်း၏ယုံမင်းတရားတော်(သသ ပဏ္ဍိတဇာတ်)(၂၀၀၃) ၂၀။နိယာမနှင့် အနတ္တလက္ခဏသုတ်တရားတော် ၂၁။မေတ္တာသုတ်တရားတော် ၂၂။ညီတော်အာနန္ဒာ ဆရာတော်ကြီးသည် မြန်မာသက္ကရာဇ်၁၃ ၃၄ -ခု၊ ၀ါဆိုလပြည့်နေ့မှစ၍ (၃၄)နှစ်ကျော်တိုင် နှစ်စဉ် တရားပွဲ ပေါင်းများစွာ ဟောကြားခဲ့ပြီး လက်ရွေးစဉ် တရားပုဒ်ရေ(၇၀)ေ ကျာ်ကို သီတဂူစာစဉ်များအဖြစ် ထုတ်ဝေပြီး ဖြစ်ပါသည်။

Sunday, July 20, 2014

"တရားရှာ ကိုယ်မှာတွေ့"


ဒကာတို့ တရားရှာတယ် တရားရှာတယ်ဆိုတာ . .
တခြားသွားရှာနေရတာ မဟုတ်ဘူး။
ကိုယ့်ခန္ဓာကိုယ်မှာ တရားတွေ ပြည့်နေတာပဲ။
ခန္ဓာမှာ တရားရှာရတယ်။

ကိုယ့်ခန္ဓာကို ဉာဏ်နဲ့စိုက်ကြည့်ရင်
ရုပ်နာမ်တွေဟာ နာရီ မိနစ် စက္ကန့်မစဲ တဖွဲဖွဲ ဖြစ်ပျက်နေတယ်။
ဥဒယဗ္ဗယဉာဏ် အမြင်သန်မှ ကောင်းတယ်။

လူတွေက ရိပ်သာသွား တရားအားထုတ်ကြ ..,
ဘုန်းကြီးက မသွားရဘူးလို့ မဆိုလိုပါဘူး။ သွားရပါတယ်။
သွားပြီးတော့ စကားများနေတာတော့ မကောင်းဘူး။
တကယ်တရားကို မိမိရရအားထုတ်မှ ကောင်းတယ်။

( အရှင်ဇနကာဘိဝံသဆရာတော်ဘုရားကြီး )

အပါယ်တံခါး ပိတ်ချင်ရင်



အပါယ်တံခါးပိတ်ချင်ရင် ဘယ်လိုလုပ်ရမလဲ။
အပါယ်တံခါးပိတ်ဖို့အတွက် ဘာလုပ်ရမလဲ။
ဘာနဲ့မှ အပါယ်တံခါး ပိတ်လို့ရမလဲ။

ဒီနေရာမှာ စဉ်းစားရမယ်၊ ကုသိုလ်ကောင်းမှုလုပ်ပြီး အပါယ်က လွတ်သွားတဲ့ ပုဂ္ဂိုလ်တွေ မရှိနိုင်ဘူးလား။

ဆိုပါစို့ ဒါနကောင်းမှုလုပ်တယ်၊ သီလဆောက်တည်တယ်၊ ကမ္မဋ္ဌာန်းဘာဝနာ ပွားများအားထုတ်တယ်၊ သို့သော် သောတပန်ဆိုတဲ့ အဆင့်မရောက်ဘူး။ အဲဒီ ပုဂ္ဂိုလ် အပါယ်မလွတ်ဘူးလား လို့ပြောရင်
လွတ်နိုင်ပါတယ်လို့ပဲ ဖြေရမယ်။ သို့သော် guarantee တော့မရှိဘူး။

`အပါဒါန်ပါဠိတော်´ မှာဆိုရင် အမျိုးကောင်းသား တစ်ယောက်ဟာ ဘုရားတစ်ဆူကို ပန်းပွင့်လေး တစ်ပွင့် လှူလိုက်တာနဲ့ (၉၁)ကမ္ဘာ အပါယ်မလားဘဲနဲ့ နောက်ဆုံးကျတော့ အဲဒီပန်းလှူတဲ့ ကုသိုလ်ကို အကြောင်းပြုပြီး ရဟန္တာ ဖြစ်ပြီးတော့ ပရိနိဗ္ဗာန်စံသွားတယ်။ ဒါက guarantee ရှိလားဆိုတော့ guarantee ရှိလို့ပြောတာ မဟုတ်ဘူး။

အပါယ်တံခါးတော့ ပွင့်နေတယ်။ ပွင့်တိုင်းကျတာမှ မဟုတ်ဘဲကိုး။ တံခါးပွင့်နေတိုင်း ဒီတံခါးပေါက်ကထွက်တာ ဟုတ်ရဲ့လား။ အေး တံခါးကတော့ ပွင့်ချင်ပွင့်နေမှာပဲ။ သို့သော် တံခါးထဲ မဝင်လို့ရှိရင်တော့ မရောက်ဘူးပေါ့။

ကုသိုလ်ကောင်းမှုလုပ်နေတဲ့ ပုဂ္ဂိုလ်တွေဟာ သာမာန်ကုသိုလ်တွေနဲ့ အပါယ်တံခါး ပိတ်တယ်လို့ ပြောလို့မရဘူး။ အာမခံချက် မရှိဘူး။ သို့သော် အပါယ်ကိုကျမှာလားလို့ မေးရင် ကျချင်မှကျမယ်ပေါ့။ ဘယ်သူက ဆွဲတင်တုန်းဆိုရင် ကုသိုလ်ကံတွေက ဆွဲတင်ပေးနေမှာ။ ဒါလည်း အင်မတန် အခြေအနေကောင်းနေမှ။ အခြေအနေ မကောင်းရင် မရဘူး။

ကဲ ခုနက ပန်းလေးတစ်ပွင့် လှူတာနဲ့  (၉၁)ကမ္ဘာ အပါယ်မလားဘူး ဆိုတာ ဒီပန်းလေး တစ်ပွင့်ဆိုတဲ့ ကုသိုလ်ကောင်းမှုကနေပြီးတော့ ကယ်သွားတာလားဆိုတော့ ဒီလိုတွက်လို့မရဘူး။

ဘယ်လိုယူရမတုန်းဆိုရင် ဘုရားကို ရည်စူးပြီးတော့ ပန်းလေးတစ်ပွင့် လှူတာကို အကြောင်းပြုပြီးတော့ ကောင်းတဲ့ဘုံဘဝ ရောက်သွားတယ်။ ကောင်းတဲ့ဘုံဘဝ ရောက်တဲ့ခါ ကုသိုလ်တွေ ဆက်လုပ်တယ်။ နောက်ဘဝလည်း ကုသိုလ်တွေ ဆက်ဆက်လုပ်တယ်။ ကုသိုလ်တွေ ဆက်ဆက်လုပ်သွားလို့ အပါယ်မကျတာ။

ဒီဘဝမှာ ပန်းလေးတစ်ပွင့်လှူထားတယ်။ ကောင်းတဲ့ဘုံဘဝ ရောက်သွားတယ်။ မေ့မေ့လျော့လျော့
နေပြီးတော့ အကုသိုလ်တွေ လုပ်မယ်ဆိုရင် ငရဲကျမှာပဲလေ။

ပန်းလေးတစ်ပွင့် လှူတာနဲ့ ဒီကုသိုလ်ကနေ ကယ်သွားတယ်ဆိုတာက ဒီကုသိုလ်ရဲ့ စွမ်းရည်သတ္တိကို ဖော်ပြတဲ့အနေနဲ့ ဟောတာနော်။ တကယ် အဓိပ္ပါယ်ယူရမှာက ပန်းလေးတစ်ပွင့် လှူလိုက်လို့ ကောင်းတဲ့ဘုံဘဝ ရောက်သွားတယ်။ အဲဒီ ကောင်းတဲ့ဘုံဘဝ ရောက်တဲ့အခါ ကုသိုလ်တွေ ဆက်ပြီးလုပ်တယ်။ လုပ်သည့်အတွက်ကြောင့် ကောင်းတဲ့ဘုံက ကောင်းတဲ့ဘုံကို ရောက်ပြီးတော့ နောက်ဆုံးမှာ ဘုရားနဲ့တွေ့လို့ ရဟန္တာဖြစ်ပြီး ပရိနိဗ္ဗာန်စံတာပဲ။ ဟောဒီလို အဓိပ္ပါယ်မျိုးကို ဆိုလိုတယ်။

ဒါကြောင့်မို့ ကုသိုလ်ကံတွေဆိုတာ အားကိုးထိုက်ပါတယ်။ အားမကိုးထိုက်ဘူး မဟုတ်ဘူး။ သို့သော် အပါယ်တံခါး ပိတ်သလားလို့မေးရင်တော့ အပါယ်တံခါး ပိတ်တယ်ဆိုတာ နိဗ္ဗာန် တံခါးဖွင့်နိုင်မှ အပါယ်တံခါး ပိတ်တယ်လို့ ဒီလိုမှတ်ရမယ်။

ကဲ ဒါဖြင့် နိဗ္ဗာန် တံခါးကို ဘာနဲ့ ဖွင့်မလဲ။ နိဗ္ဗာန်တံခါး ဖွင့်ချင်တယ် ဆိုလိုရှိရင်တော့။ ဝိပဿနာနဲ့ပဲ ဖွင့်လို့ရတယ်။ နိဗ္ဗာန်တံခါးဟာ ဝိပဿနာနဲ့ပဲ သွားရမယ်။ ဝိပဿနာကျင့်စဉ် မကျင့်ဘဲနဲ့ နိဗ္ဗာန်တံခါး ဖွင့်တယ်ဆိုတာ လောကမှာ မရှိဘူးတဲ့။

(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ )

အခုလုပ်

ဝိပဿနာ မလုပ်သေးတာဖြင့် သေရတာ အားမရသေးလို့လား မေးဖို့ပဲရှိတော့တယ်။

ခင်များတို့ အင်မတန် ကိုယ်ကျိုးနည်းမှာစိုးလို့ ဒီအလုပ်ကို ခိုင်းနေတာမှတ်ပါ။ ခင်များတို့က မသိလို့အေးအေးနေတာ.... တော်ကြာခင်များ တို့ တွေ့ရမဲ့ဒုက္ခက မသေးဘူးနော်။

"ဆုတောင်းပြည့် ဘုရား မကယ်နိုင်ဘူး။"

ဖြေးဖြေးမှဆိုတဲ့ ဆင်ခြေပေးနေလို့ကတော့ ငရဲမျိုးစေ့ကြီးပွားပါရစေဆိုတာနဲ့ အတူတူပဲ။

(ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီး)

~ရူးကြောင်မူးကြောင်မလုပ်ပါနဲ့~~~

~

ကုသိုလ်ကံနဲ့ သေရင်

ကောင်းရာသုဂတိရောက်ရ၊

အကုသိုလ်ကံနဲ့ သေရင်

မကောင်းရာဒုဂ္ဂတိရောက်ရတဲ့

ရိုးရိုးရှင်းရှင်း သဘာဝနိယာမကြီးကို

ချိုးဖောက်ပြီး

ယမမင်းကြီးဆီမှာ အယူခံဝင်ရတဲ့

ငရဲသားတွေဟာ လူ့ဘ၀တုန်းက

ဘယ်လိုလူစားမျိုးတွေလဲဆိုရင်

“ရူးကြောင်မူးကြောင်” လူစားမျိုးတွေပါ။

“စိတ်ကောင်းထားရင်ပြီးတာပဲ၊

ဘာကုသိုလ်မှ ထွေထွေထူးထူး

လုပ်နေစရာမလိုပါဘူး”

ဆိုတဲ့လူစားမျိုးတွေ

“တို့က တရားအားမထုတ်ပေမယ့်

ဘယ်သူ့ကိုမှ မဟုတ်တာမလုပ်ဘူး။

ကိုယ့်ဘာသာကိုယ် အေးဆေးပဲ”

ဆိုတဲ့လူစားမျိုးတွေ

“တို့က ဘာကုသိုလ်မှ မလုပ်ပေမယ့်

ဘာအကုသိုလ်မှ မလုပ်တဲ့အတွက်

သေရင် ကောင်းရာရောက်မှာပဲ”

ဆိုတဲ့လူစားမျိုးတွေ၊

“ဒီဘ၀ဘာလုပ်လုပ် သေရင်ပြီးတာပဲ”

ဆိုတဲ့လူစားမျိုးတွေဟာ

“ရူးကြောင်မူးကြောင်” လူစားမျိုးတွေပါပဲ။

(ဆရာတော်အရှင် ဆန္ဒာဓိက ရဲ့စိတ်အားဖြည့်

ဓမ္မနှင်းပွင့်စာအုပ်ကနေ ကူးယူဖော်ပြပေးပါတယ်)

ဆရာတော်ကြီးများ၏ မှတ်သားဘွယ်ရာ သြဝါဒကထာများ



တို့ဒကာတွေ စိတ်ဒုက္ခရောက်နေတဲ့အခါ စိတ်မငြိမ်မသက် ဖြစ်နေတဲ့အခါ သေသေချာချာ ဆန်းစစ်ကြည့်ကြ၊ ကိုယ့်စိတ် မငြိမ်မသက် ဖြစ်နေရင် တခုခုကို မှီထားမိလို့ပဲဆိုတာ ပေါ်ကြပလား၊
ဥပမာ-သစ်တုံးကို မှီထားရင် သစ်တုံးလှုပ်ရင် ကိုယ်ပါလှုပ်မယ်၊ သစ်တုံးလှုပ်တာနဲ့ မှီတဲ့သူပါ လှုပ်တာ။ အဲဒါ မှီထားလို့သာ လှုပ်တာ။ တခြားစီနေရင် မလှုပ်ပါဘူး။ သဘောပေါက်ကြပလား။ ဒီဥပမာအတိုင်းပဲ။ တို့ဒကာတွေ စိတ်မချမ်းမသာ ကိုယ်မချမ်းမသာ ဖြစ်နေရင် ရှိနေရင် တခုခုကို မှီနေလို့ပဲလို့ ဆုံးဖြတ်ချက်ချ။

(မိုးကုတ်ဆရာတော်ကြီး ဦးဝိမလ)

"စေတနာ"



စေတနာက လောဘနဲ့တွဲရင်
ငါရဖို့ချည်းဖြစ်လာတတ်တယ်။

အဲဒီစေတနာကပဲ ဒေါသနဲ့တွဲလိုက်ရင်
သတ်ဖြတ်ဖို့ဖြစ်တတ်တယ်။

မောဟနဲ့တွဲ လိုက်ပြန်တော့
ပညာမဲ့တာတွေဖြစ်လာတယ်။

မကောင်းတာတွေဘာကြောင့်ဖြစ်လာလဲမေးရင်
စေတနာနဲ့ မကောင်းနဲ့
အကြောင်းသုံးပါးတွဲမိလို့…ဒါပဲ…။

လောဘနည်းအောင်ကျင့်ရင်
သူများ အတွက်ဆောင်ရွက်တတ်လာတယ်။

ဒေါသနည်းအောင်ကျင့်သုံးရင်
ငြိမ်းချမ်းရေးဖြစ်တယ်။

မောဟနည်းအောင်ကျင့်ရင်တော့
ပညာတတ်တွေဖြစ်လာကြမယ်။

ကောင်းတာတွေဘာကြောင့်ဖြစ်ဆိုရင်
စေတနာနဲ့ ကောင်းတဲ့..
အကြောင်းသုံးပါးပေါင်းမိလို့.. ဒါပဲ…..။

(သီတဂူဆရာတော်ကြီး)