Thursday, May 5, 2016

ကိုယ့်ကိုယ်ကို ရှာခြင်း

 
မြတ်စွာဘုရားသည် ဣသိပတနတွင် ဓမ္မစကြာတရား ဟောကြားအပြီး ဗုဒ္ဓဂယာဘက်သို့ ပြန်ကြွလာ တော်မူသည်။ လမ်းခရီး၌ တောအုပ်တစ် အုပ်တွင်းမှ သစ်ပင်တစ်ပင်ရင်းတွင် ခေတ္တအနားယူနေစဉ် လူတစ်အုပ်

 ရောက်ရှိလာသည်။ မဟာကောသလမင်းကြီး၏ သားတော်မင်းသား သုံးဆယ်ပါဝင်သည့် ဘဒ္ဒဝဂ္ဂိယ အုပ်စုတို့ ဖြစ်သည်။
မင်းသားများ


အရှင်ဘုရား၊ အမျိုးသမီး တစ်ယောက်ကို တွေ့လိုက်ပါသလား။
ဘုရား
အသင်တို့က အမျိုးသမီးကို ဘာဖြစ်လို့ လိုက်ရှာနေကြတာ တုန်း၊ အသင်တို့ရဲ့ ပြဿ      နာက ဘာများလဲ၊ ပြောပါဦး။
မင်းသားများ
အဲဒီအမျိုးသမီးကို ဇနီးမရှိတဲ့ မင်းသားအတွက် ငှါးရမ်းလာ
ခဲ့ပြီး တောထဲကို မင်းသားများနဲ့  ဇနီးများ ပျော်ပွဲစား ထွက်ခဲ့
ကြပါတယ်။ သူဟာ လက်ဝတ်ရတနာတွေကို ယူပြေးသွား
တဲ့အတွက် လိုက် ရှာနေကြတာ ဖြစ်ပါတယ် ဘုရား။
ဘုရား
သင်မင်းသားတို့၊ အမျိုးသမီးကို လိုက်ရှာတာရယ်၊ ကိုယ့်ကိုယ် ကို ရှာတာရယ်၊ ဒီနှစ်ခုမှာ ဘယ်ဟာက ကောင်းမြတ်သလဲ။
မင်းသားများ
အရှင်ဘုရား၊ သူများကို ရှာတာထက် ကိုယ့်ကိုယ်ကို ရှာတာက ပိုကောင်းမြတ်ပါတယ်ဘုရား။
ဘုရား
အေး၊ အဲဒါဆိုရင် ထိုင်ကြ၊ ငါတရားဟောမယ်။
မြတ်စွာဘုရားသည် မင်းသားများ၏ စိတ်ဓါတ်များ ဖြူစင်သွားစေရန် မှတ်လွယ်သော တရားများကို ဦးစွာ ဟောကြားတော်မူသည်။ စိတ်
များ ကြံ့ခိုင်လာပြီဆိုမှ သစ္စာလေးပါး အမြင့်တရားကို ဆက်လက်
ဟောကြားတော့သည်။ မင်းသားများသည် ရဟန်းအဖြစ်ကို တောင်း
ဆိုကြလေရာ မြတ်စွာဘုရားက ရဟန်းခံ ပေးတော်မူလိုက်သည်။

နောင်အခါတွင် ထိုရဟန်းများ သာဝတ္ထိပြည်ရှိ မြတ်စွာဘုရားထံ လာရောက်ကြလေရာ အနမတဂ္ဂ ဒေသနာဖြင့် သံသရာဟူသည်
ငြီးငွေ့သင့်ပြီဖြစ်ကြောင်း ဟောကြားတော်မူသည်။ တရားတော်      အဆုံးတွင် အားလုံးသော ရဟန်းသုံးဆယ်သည် ရဟန္တာများဖြစ်
သွားကြလေ၏။

ဩဝါဒပါတိမောက္ခဒေသနာ သုံးဂါထာ

 
ဘုရားရှင်တိုင်း၏ အဆုံးအမတော်သည် ဘုရားရှင်၏ ဝိနည်းတော်များနှင့်အညီရဟန်းပြုထားကြသော 
တပည့်သာဝက ရဟန်းတော်များ၏ တာဝန်ဝတ္တရားများနှင့် သက်ဆိုင် သည်။ သိုႛသော်လည်း ဤအကျင့် 
တရားများသည် သာမန်ပုထုဇဉ် များအတွက်လည်း အသုံးကျလှ၏။ လူတိုင်းလူတိုင်း ဤအကျင့်တရား
များကို ရယူကျင့်သုံး၍ မိမိတိုႛ ကိုယ်တိုင် ကောင်းမွန်လာအောင် လေ့ကျင့်ယူနိုင်ပါသည်။

အခါတစ်ပါး အရှင်အာနန္ဒာမထေရ်မြတ်က တပည့်သာဝကများအတွက် ရှေးဘုရားရှင်များပြတော်မူ
ခဲ့သော အခြေခံစည်းကမ်းများသည် မြတ်စွာဘုရားကိုယ်တော်တိုင်၏ အဆုံးအမများနှင့် ထပ်တူ
ထပ်မျှတူပါ၏လောဟု မြတ်စွာဘုရားကိုမေးလျှောက်လေ၏။ ထိုအခါ မြတ်စွာဘုရားက အားလုံးသော 
ဘုရားရှင်များ  ဟောကြား တော်မူခဲ့သော အဆုံးအမစည်းကမ်းများသည် အောက်ပါဂါထာတွင်ပြ
သည့်အတိုင်း အတူတူပင်ဖြစ်လေသည်ဟု မိန်ႚတော်မူလေ၏။

ခန္တီပရမံ တပေါတိတိက္ခာ၊ 
နိဗ္ဗာနံပရမံ ဝဒန္တိ ဗုဒ္ဓါ။
န ဟိပဗ္ဗဇိတော ပရူပ ဃာတီ၊
န သမဏောဟောတိ၊
ပရံဝိဟေ ဌယန္တော။
တိတိက္ခာ-တိတိက္ခာဟုဆိုအပ်သော၊ ခန္တီ-သူတစ်ပါးတိုႛ ပြစ်မှားစော်ကား စွပ်စွဲခြင်း နှင့် အချမ်းအပူ 
စသည်ကို မျက်နှာမနွမ်း မညှိုးပန်းအောင် ခံနိုင်စွမ်းရှိခြင်းသည်၊ ပရမံ-မွန်မြတ်စွာသော၊ တပေါ-
သူတော်ကောင်းတိုႛ အကျင့် ပေတည်း။ နိဗ္ဗာနံ-တဏှာမှ လွတ်မြောက်ရာနိဗ္ဗာန်တရားကို၊ ပရမံ-အမြတ်
ဆုံးဟူ၍၊ ဗုဒ္ဓါ-ဘုရားအဆူဆူတိုႛသည်၊ ဝဒန္တိ-ဟောတော်မူကုန်၏။ ပရူပဃာတီ-တစ်ပါးသောသတ္တဝါကို သတ်ဖြတ်လေႛရှိသူသည်၊ ပဗ္ဗဇိတော-ရဟန်း သူမြတ်သည်၊ နဟောတိ-မဖြစ်နိုင်။ ပရံ-တစ်ပါးသူကို၊ 
ဝိဟေဌယန္တော-ညှဉ်းဆဲနှိပ်စက်သော သူသည်၊ သမဏော-ကိလေခပ်သိမ်းကို ငြိမ်းအေးစေတတ်
ရဟန်းမြတ်သည်၊ နဟောတိ-မဖြစ်နိုင်ပါပေ။

သဗ္ဗပါပဿ အကရဏံ၊
ကုသလဿ ဥပသမ္ပဒါ။
သစိတ္တ ပရိယော ဒပနံ၊
ဧတံ ဗုဒ္ဓါန သာသနံ။
သဗ္ဗပါပဿ-အပြစ်ရှိငြား ခပ်သိမ်းသော မကောင်းမှုများကို၊ အကရဏံ-မပြုမလုပ်ရခြင်းလည်းကောင်း၊ 
ကုသလဿ-အပြစ်ကင်းငြားကောင်းမှုများကို၊ ဥပသမ္ပဒါ-ပြည့်စုံ အောင် စုဆောင်းရခြင်းလည်းကောင်း၊ သစိတ္တပရိယောဒပနံ-မိမိစိတ်ကိုအညစ်အကြေး သုတ်သင်သန်ႛရှင်းအောင် ပြုပြင်ရခြင်းလည်းကောင်း၊ ဧတံ-မကောင်းမှုကင်းကောင်းမှုသွင်း၍ စိတ်ရင်းစင်ရိုး ဤသုံးမျိုးသည်၊ ဗုဒ္ဓါနံ-အဆူဆူသော ဘုရားရှင်
တိုႛ၏၊ သာသနံ-အဆုံးအမဩဝါဒပေတည်း။

အနုပဝါဒေါ အနုပဃာတော၊
ပါတိမောက္ခေ စ သံဝရော၊
မတ္တညုတာ စ ဘတ္တသမိံ၊
ပန္တဉ္စ သယနာသနံ၊
အဓိစိတ္တေ စ အာယောဂေါ၊
ဧတံ ဗုဒ္ဓါန သာသနံ။
အနုပဝါဒေါ-သူတစ်ပါးတိုႛကို မစွပ်စွဲရခြင်းလည်းကောင်း၊ အနုပဃာတော-သူတစ်ပါးတိုႛကို မညှဉ်းဆဲ မနှိပ်စက်ရခြင်းလည်းကောင်း၊ ပါတိမောက္ခေ-ပါတိမောက္ခ သံဝရသီလနှင့် ဣန္ဒြိယ သံဝရသီလ(၂)ပါး၌၊ 
သံဝရောစ-ထိန်းသိမ်းစောင့်ရှောက်ရခြင်းလည်းကောင်း၊ ဘတ္တသ္မိံ-ဆွမ်းခဲဖွယ်ဘောဇဉ်၌၊ မတ္တညုတာ-
ခံယူမှု သုံးဆောင်မှု ဤနှစ်ခုဝယ် အတိုင်းအရှည်ကို သိရခြင်းလည်းကောင်း၊ ပန္တဉ္စ သယနာသနံ-လူနှင့် 
ဝေးကွာ အစွန်အဖျားကျရာ ဆိတ်ငြိမ်ရာကျောင်း၌ ကိန်းအောင်းမွေႛလျော်ရခြင်း လည်းကောင်း၊ 
အဓိစိတ္တေ-သာမန်စိတ်ထက်လွန်ကဲသော သမာဓိစိတ်၌၊ အာယောဂေါ- အမြဲကြိုးကုတ်အားထုတ်ရခြင်း
လည်းကောင်း၊ ဧတံ-ဤအကျင့်တရား ၆ ပါးသည်၊ ဗုဒ္ဓါနံ-အဆူဆူသော ဘုရားရှင်တိုႛ၏၊ သာသနံ-အဆုံးအမဩဝါဒပေတည်း။

သဗ္ဗဇယ မင်္ဂလာဂါထာတော်


ဒိဝါတပတိ အာဒိစ္စော၊
ရတ္တိမာ ဘာတိ စန္ဒိမာ။
သန္နဒ္ဓေါ ခတ္တိယော တပတိ၊
ဈာယီ တပတိ ဗြာဟ္မဏော။
အထ သဗ္ဗ မဟောရတ္တိံ ဗုဒ္ဓေါ တပတိ တေဇသာ။
ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။
ဧတေန သစ္စဝဇ္ဇေန၊ ဟောတု မေ ဇယမင်္ဂလံ။

နေမင်းသည် နေ့အခါ၌သာ ထွန်းလင်း တောက်ပ၏။
လမင်းသည် ညအခါ၌သာ ထွန်းလင်း တောက်ပ၏။
ရှင်ဘုရင်သည် မင်းမြောက်တန်ဆာငါးပါး ဆင်ယင်ထားမှသာ တင့်တယ် တောက်ပ၏။
ရဟန္တာသည် ဈာန်ဝင်စား နေမှသာ တင့်တယ် တောက်ပ၏။
မြတ်စွာဘုရားရှင်သည်ကား နေ့ညအခါခပ်သိမ်း ထွန်းလင်း တင့်တယ် တောက်ပ၏။
ဤသစ္စာ စကားကြောင့် သင့်အား အခါခပ်သိမ်း ချမ်းသာခြင်းသည် ဖြစ်ပါစေသတည်း။
ဤသစ္စာ စကားကြောင့် ငါ့အား အောင်ခြင်းမင်္ဂလာသည် ဖြစ်ပါစေသတည်း။

ဓမ္မအသိပညာ

  • ဘယ်လိုပုဂ္ဂိုလ်ဖြစ်ဖြစ် တရားကတော့ အားထုတ်ရမှာပဲ။ အားထုတ်ခွင့်ကြုံတုန်း အားထုတ်ကြ၊ သာသနာ ပျက်ပြီဆိုတော့ ဝိပသာနာနဲ့ တွေ့ရတာမဟုတ်ဘူး။ ဒီတော့ပိုနစ်နာတယ်။
  • တရားအားထုတ်ဖို့တော့မအားဘူး။ မအားဘူးလို့ပြောကြတယ်။ သေချိန်ကျလာလို့ မသေချင် သေးဘူးလို့ ပြောလို့ရတာမဟုတ်ဘူး။ မအားဘူးလို့ပြောလို့ရတာမဟုတ် ဘူး။
  • တရားအားထုတ်တယ်ဆိုတာ အားနဲ့မာန်နဲ့ထုတ်ရတယ်။ မသေချာမရေ ရာ ဘူးလို့ပြောလို့ ရတဲ့အလုပ်တွေတောင်မှ ဟုတ်နိုးနိုးနဲ့ သက်စွန့်စံဖျားလုပ်နေရတာပဲ။ သေချာ ရေရာတဲ့အလုပ် ဘာပဲလုပ်စရာရှိလဲ။ ဆင်းရဲတစ်ဘဝပေါ့။ တစ်ဘဝတောင်မှ ခဏလေးပါ။
  • ထိတိုင်း ထိတိုင်းသိနေပါစေ။ ကိလေသာကြားမခိုစေနဲ့။
  • တရားအားထုတ်တယ်ဆိုတာ ထမင်းစားသလိုပဲ။ မဆာလည်းစား၊ ဆာလည်းစား။ စားကောင်း လိမ့်မယ်ထင်ပေမယ့် တကယ်စားတော့ မြိန်ချင်မှမြိန်တာ။ မကောင်းဘူးထင်လို့လဲ တကယ်စားတော့မြိန်ချင်မြိန်တာ။ ဒီတော့မထုတ်ချင်လည်း ထုတ်၊ ထုတ်ချင်လည်းထုတ်ပေါ့။
  • ဝိပသာနာ တရားအားထုတ်ရတာ အလွန်ကောင်းပါတယ်။ အဝတ်လဲပြောင်းစရာမလိုဘူး။ ဂူထဲ အောင်းစရာ မလိုဘူး။ ပုထုဇဉ်စရိုက်မူပြောင်းဖို့လိုတယ်။
  • ကိုယ့်ခန္ဓာကိုယ် ရူနေတော့ အမူ ပွေတာပေါ့။
  • မိမိခန္ဓာက ဖြစ်ပေါ်နေတဲ့ ဝေဒနာကို သည်းခံရူမှတ်နိုင်မှ ပတ်ဝန်းကျင်ရဲ့ လောကဓံကိုလဲ ခံနိုင် ရည်ရှိမှာပဲ။
  • တရားအားထုတ်တဲ့အခါ ကိလေသာ ကြာမခိုအောင် နှာသီးဝလေကို ထိတိုင်းသိနေပါစေ။ ထိတဲ့ပေါ် သတိထား၊ သတိထားရင် တရားမြင်မယ်၊ သတိမထားရင်အမှားဝင်မယ်။
  • အရိယာသူတော်ကောင်းတို့ဆိုတာ ရုပ်ရယ်၊ နာမ်ရယ်၊ တရားရယ် ဒီသုံးဦးနဲ့ပဲ အဖော်ပြုနေ တာပါ။ သူတို့မှာ ပျင်းတယ် မရှိပါဘူး။
  • လူ၏သာဓုခေါ်၊ နတ်သာဓုခေါ်လောက်နဲ့ ကျေနပ် တင်းတိမ်မနေကြနဲ့။ ဘုရား၊ ရဟန္တာ အရိယာ ပုဂ္ဂိုလ်တွေ ချီးမွမ်းတဲ့ထိ ဖြစ်ပါစေ။
  • ပထမတော့ တရားကိုလူကဦးဆောင်တယ်။ နောက်တော့ တရားကလူကိုဦးဆောင်တယ်။ အဒီအချိန်မှာ လူက တရားနောက် လိုက်ဖို့လိုတယ်။
  • ခန္ဓာကတော့သူ့တရားသူပြနေတာပဲ။ လောဘ၊ ဒေါသ၊ မောဟဖုံးနေတော့ ဘာမှမသိလိုက် ရဘူး။
  • အားကိုးမမှားစေနဲ့၊မိမိကိုယ်ကိုအားကိုးရမယ်။
  • ဘာမဆို အတွင်းက အေးနေအောင်လုပ်ရတယ်။ အပြင်က ဘယ်လောက်ပူပူ အတွင်းကအေးနေတော့ အေးတာပဲ။ အပြင်က ဘယ်လောက်အေးအေး အတွင်းကပူတော့ပူတာပဲ။
  • တရားနှင့်အိပ်စက်ခြင်း၊ တရားနှင့်နိုးထခြင်း၊ တရားနှင့်မွေ့လျော်ခြင်း၊ ဒါ အပ္ပမာဒတရားပဲ။
  • လောကီချမ်းသာက တစ်ဘဝတစ်နပ်စာ။ လောကုတ္တရာ ချမ်းသာမှ တစ်သံသရာလုံး အေးတာ။ တစ်ဘဝတစ်နပ်စာလုပ်နဲ့။ တစ်ဘဝသံသရာစာလုပ်ကြ။
  • မကောင်းတာလုပ်တာသာ ကြောက်ရမှာ။ ကောင်းတာလုပ်တာ ကြောက်စရာမလိုဘူး။ မကောင်းတာတောင် ရဲရဲလုပ်ရဲရင် ကောင်းတာလုပ်တာ ဘာမရဲစရာရှိသလဲ။
  • မဟုတ်လည်းသည်းခံ၊ ဟုတ်လည်းသည်းခံရမှာပဲ။ ခံရမည့်အတူတူတော့ အခုကတည်းက ခံလိုက်တော့ သံသရာပြတ်တာပေါ့။
  • လောဘ၊ ဒေါသ၊ မောဟ ကင်းအောင်ပြတ်အောင် လုပ်ကြ။ ဖြစ်အောင်လည်း မလုပ်နဲ့၊ ပျက်အောင်လည်း မလုပ်နဲ့။ ဖြစ်အောင်လုပ်တာ လောဘ၊ ပျက်အောင်လုပ်တာက ဒေါသ။ ဖြစ်တာပျက်တာ မသိတာက မောဟ။
  • စိတ်ကဖြတ်လို့ ပြတ်တာမဟုတ်ဘူး။ တရားကဖြတ်မှပြတ်တာ။ တရားရှိအောင် အားထုတ် ကြ။ တရားရှိတော့ တရားကပဲ ဖြတ်ပေးတယ်။ ပြတ်ပေးတယ်။ ပယ်ပေးတယ်။
  • အမြတ်ကမရူံးစေနဲ့၊ အရူံးကသာမြတ်ပါစေ။ အကုသိုလ်က ကုသိုလ်ဖြစ်ပါစေ။ ကုသိုလ်က အကုသိုလ်မဖြစ်စေနဲ့။
  • ပုထုဇဉ်တွေ မကောင်းတာလုပ်တာများ အဆန်းလုပ်မနေနဲ့။ အခုလည်း မကောင်းတာလုပ်နေသလို နောင်လည်း မကောင်းတာလုပ်နေဦးမှာပဲ။ သူတို့မကောင်းတာ ကိုယ်နဲ့ ဘာဆ်ိုင်သလဲ။ ကိုယ့်တရား ကိုယ်ရူဖို့ပဲ လိုတယ်။
  • ဘုရားစကား နားလည်အောင်လုပ်၊ ဘုရားစကားနားလည်ရင် လောကစကားတွေအားလုံး နားလည်တယ်။
  • နိဗ္ဗာန်မဂ်ဖိုရလိုကြောင်း ဆုတောင်းခဲ့တာများပြီ။ ၀ိဇ္ဇာဉာဏ်မပါ၊ ဓမ္မတာတောင်းမို့၊ အာညောင်းရုံပဲ မောဖတ်တင်မည်။ ဒါနပြုကာအခါခါတောင်းလဲ၊ ငါကောင်းချင်မှုခုခံနေသည်။ ငါတစ်လုံးပယ်ကာ၊ ကွယ်ကာပေးမှ လွန်စွာမနှေးနိဗ္ဗာန်မြင်မည်။

(ဆားတောင်ဆရာတော် ဘဒ္ဒန္တ ပညာဏိက)

Tuesday, December 1, 2015

သဒ္ဓါနှင့်ပညာ ကွာခြားပုံ

သဒ္ဓါနှင့်ပညာ ကွာခြားပုံ ယှဉ်ကြည့်လျှင်။
     သဒ္ဓါ၏ သဘောတရားကား စွန့်ကြဲပေးကမ်း လှူဒါန်းရက်ရော၏။ နောင်သံသရာမှာ ချမ်းချမ်းသာသာ ဖြစ်ဖို့ရာ အရေးကြီး၏။ အမျိုးဘာသာ သာသနာ တိုးတက်ကြီးပွားရေးကိုလေးလေးနက်နက် သတိမထားတတ်ပါ။ ပညာ၏ သဘောကား အမျိုးဘာသာ သာသနာပညာရေးကို လေးလေးနက်နက် စဉ်းစားပြီးလျှင် အကျိုးရှိလောက်မှ လှူသည်။ အကြောင်းကောင်းလျှင် အကျိုးကောင်းမည်ဟု (ကံ ကံ၏အကျိုး) ယုံကြည်ပြီးဖြစ်၍ နောက်ဘ၀၌ အကျိုးရဖို့ အရေးကို အထူးတလည် တွေးမနေတော့ပါ။         ဤသို့လျှင် သဒ္ဓါနှင့် ပညာသည် အခြေတည်က စ၍ပင် ကွာခြားချင်တိုင်း ကွာခြားနေ၏။ မြန်မာနိုင်ငံကို သဒ္ဓါမျက်စိ၊ ပညာမျက်စိဖြင့် တစ်မျိုးစီ ကြည့်ကြပေလိမ့်မည်။ သို့ရာတွင် အစုံကြည့်ခြင်း မဟုတ်ဘဲ တစ်ဖက်စီခွဲ၍ အလွန်အကဲ ကြည့်ခြင်းကား သဒ္ဓါလည်းမကောင်း၊ ပညာလည်း မကောင်းပင် မြင်တတ်ကြသည်။ နှစ်ဖက်စုံ ကြည့်တတ်မှသာ ကောင်းပါသည်။ “ သဒ္ဓါလွန်တော့ တဏှာ၊ ပညာလွန်တော့ မာယာ ” ဟု ကျမ်းလာဆိုရိုး ရှိပါသည်။ ။ {အမရပူရမြို့၊ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်     အဘိဓမ္မာမှ ကောက်နုတ်ရေးသား ပူဇော်ပါသည်။ }

“၂-ဘက်မြင်ရမယ်”


ဗုဒ္ဓမြတ်စွာက “အန္ဓသုတ္တန်”မှာ“ဒွိစက္ခု” မျက်စိ ၂-လုံးရှိတဲ့ပုဂ္ဂိုလ်ကိုအကောင်းဆုံးပုဂ္ဂိုလ်လို့ ဒီလိုဟောထားတယ်။မျက်စိ ၂-လုံးဆိုတာ လူတိုင်းလူတိုင်းမှာမျက်စိ ၂- လုံးရှိကြတယ်ပေါ့။ထို့အတူပဲ အသိဉာဏ်ကလည်း ၂-ခုရှိရမယ်။၂-ခု ရှိရမယ်ဆိုတာ ၂-ဘက်မြင်ရမယ်။တစ်ဘက်တည်း မမြင်ရဘူးလို့ ဒီလိုဆိုလိုတာ။အဲဒီတော့ ၂-ဘက်မြင်ရမယ်ဆိုတာကိုမြတ်စွာဘုရားက ရှင်းပြတယ်။■လူ့လောကမှာ လူရယ်လို့ ဖြစ်လာတဲ့အခါ-မရသေးတဲ့စည်းစိမ်ဥစ္စာတွေကို ရဖို့၊-ရလာတဲ့စည်းစိမ်ဥစ္စာတွေ တည်မြဲဖို့ ၊-တည်မြဲပြီးသား စည်းစိမ်ဥစ္စာတွေကို တိုးတက်ဖို့ ၊သိမြင်တတ်တဲ့ “အသိဉာဏ်”ဆိုတဲ့မျက်စိတစ်လုံးလည်း ရှိဖို့လိုတယ်တဲ့။ဒါက ဒီဘဝ ကောင်းကျိုးအတွက် ဖြစ်တယ်။■နောင်ဘဝ ကောင်းကျိုးအတွက်လည်းပဲကုသိုလ် အကုသိုလ်၊ အပြစ်ရှိတယ် အပြစ်မရှိဘူးဆိုတဲ့ဓမ္မအရေးနဲ့ပတ်သက်ပြီးသိတဲ့မျက်စိမျိုးဟာလည်း နောက်ထပ်လိုအပ်တယ်တဲ့။ဘာဖြစ်လို့လဲဆိုရင် တစ်ခုနဲ့တစ်ခုထိန်းညှိပြီးတော့နေရမယ်။“လောကအကျိုး”ချည်းပဲ ကြိုးစားမယ်ဆိုရင်“သံသရာအကျိုး”က လွတ်သွားမယ်။ဒါကြောင့် လောကအကျိုး၊သံသရာအကျိုး ၂-မျိုးစလုံးရဖို့အတွက် တစ်ခုနဲ့တစ်ခု ထိန်းညှိပြီးတော့ ကြိုးစားရမယ်။အသိ ၂-မျိုးနဲ့ ထိန်းမတ်ပေးရတယ်။ ဒီလိုဆိုလိုတာ။တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် လူတွေမှာစီးပွားဥစ္စာတွေ တိုးတက်လာသော်လည်းကိုယ်ကျင့်တရားက ဆုတ်ယုတ်ပျက်ပြားသွားလို့ရှိရင်ကောင်းကျိုးချမ်းသာတွေဟာလည်း တဖြည်းဖြည်းဆုတ်ယုတ်သွားနိုင်တာပါပဲ။ဒါကြောင့်မို့ စီးပွားရေးဘက်ကလည်းတိုးတက်အောင်လုပ်ရမယ်။ကိုယ်ကျင့်တရားဘက်ကလည်း တိုးတက်အောင် လုပ်ရမယ်။ဒီလိုဆိုလိုတာနော်။၂မျိုး ၂-စား တိုးတက်ကြီးပွားအောင် ကြံဆောင်သိမြင်နိုင်တဲ့အသိဉာဏ် ၂-ခုကို ဒီနေရာမှာမျက်စိ ၂-လုံးလို့ခေါ်တာ။စီးပွားရေးလည်း တိုးတက်အောင် လုပ်နိုင်ရမယ်။စီးပွားရေးမျက်စိရှိရမယ်။ဓမ္မရေးရာတွေကိုလည်း သိမြင်နိုင်တဲ့မျက်စိရှိရမယ်။ဓမ္မရေးရာမျက်စိဖြင့် စီးပွားရေးတိုးတက်လာမှုကိုအကြောင်းပြုပြီးတော့ အကျင့်စာရိတ္တတွေတိုးတက်ကောင်းမွန်လာအောင် ထိန်းညှိပြီးတော့ နေရမယ်။စီးပွားရေးမျက်စိတော့ ရှိပါရဲ့၊ဓမ္မရေးရာမျက်စိက မရှိဘူးဆိုရင် ဘာဖြစ်တတ်သလဲဆိုရင် စီးပွားရရင်ပြီးရော ဘာမဆို လုပ်မယ်ဆိုတဲ့အတွေးအခေါ်တွေ ဝင်လာတတ်တယ်။အဲဒါကို ထိန်းထားရမယ်။အဲဒီလိုထိန်းထားမှု မရှိဘူးဆိုရင် ကိုယ်ကျင့်တရားပျက်ပြားပြီးတော့ စီးပွားရေးလည်း ကျဆင်းလာတတ်တယ်။ကိုယ်ကျင့်တရား ပျက်ပြားပြီးတော့ ရလာတဲ့စီးပွားဥစ္စာဟာတည်မြဲမှုနဲ့တည်ငြိမ်မှု မရှိဘူး။ကြည့်လေ - လောကမှာ တချို့ စီးပွားဥစ္စာတွေတော့တိုးတက်လာပါတယ်။ ဒါပေမယ့်အကျင့်စာရိတ္တကျတော့ ယိုယွင်းသွားပြီး ကြာလာတဲ့အခါမှာစီးပွားဥစ္စာလည်း ပျက်စီးပြီး သွားတတ်တယ်။ဒါကြောင့်မို့လို့ Economic progress နဲ့ Spirtual progres၂-မျိုးပေါ့၊ ထိန်းညှိပြီးတော့ ထားရမယ်။ဒီ ၂-ခုကို ထိန်းညှိပြီးတော့ ထားရင်စီးပွားတိုးတက်မှုလည်း ခိုင်မြဲတယ်၊တစ်ဖက်က ကိုယ်ကျင့်တရားလည်း ခိုင်မြဲလာမယ်။စီးပွားနဲ့ကိုယ်ကျင့်တရားကို ထိန်းမယ်။ကိုယ်ကျင့်တရား နဲ့စီးပွားကို ပြန်ထိန်းမယ်။၂-ဘက် ၂-တန် ရှုမြင်တတ်တဲ့ပညာမျက်စိ ရှိရမယ်လို့မြတ်စွာဘုရားက အဲဒီသုတ္တန်မှာ ဟောထားတယ်။ဘာဖြစ်လို့လဲဆိုတော့ သံသရာထဲမှာ နေတဲ့အခါမှာလည်းပဲချမ်းသာသုခရဖို့ဆိုတာ ကောင်းတဲ့အကြောင်းတွေဆောင်ရွက်နိုင်မှ ရတာကိုး။ ။ 
【ပါမောက္ခချုပ်ဆရာတော်ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ】

“လောကကို အကျိုးပြုလိုခြင်း”


❦ကိုယ့်ကိုယ်ကို အတတ်နိုင်ဆုံးအဆင့်အတန်းမြင့်တဲ့ စိတ်နေသဘောထား နဲ့အသိဉာဏ် ရှိတဲ့ လူသားတစ်ယောက်ဖြစ်အောင်မြှင့်လိုက်ခြင်းအားဖြင့် လောကကြီးတစ်ခုလုံးကိုအကျိုးပြုလိုက်တာပဲ။❦ကိုယ့်ကိုယ်ကို နည်းမျိုးစုံနဲ့ အဖက်ဖက်ကပိုကောင်းအောင် ကြိုးစားနေတာ၊အကျင့်စာရိတ္တ၊စိတ်နေသဘောထား၊လုပ်ရည်ကိုင်ရည်ပိုကောင်းအောင် ကြိုးစားနေတာ၊ပိုပြီး ဉာဏ်ပညာ ရင့်ကျက်တဲ့သူဖြစ်အောင် ကြိုးစားတာဟာတစ်လောကလုံးကို အထိရောက်ဆုံးနည်းနဲ့ အကျိုးပြုတာပဲ။❦အကောင်းဆုံးဆိုတာ ဘာလဲဆိုတာကိုကိုယ်သိထားတဲ့ အသိဉာဏ်ပေါ်မှာ အခြေခံပြီးတော့ကိုယ့်မှာရှိတဲ့ အကောင်းဆုံးစိတ်ထားတွေ နဲ့အကောင်းဆုံး အသိဉာဏ်တွေကို ထုတ်ပြီးတော့ကိုယ့်အသိနဲ့ကိုယ်၊ကိုယ့်စိတ်ဓာတ် နဲ့ ကိုယ်၊ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် အကောင်းဆုံးကိုအားသွန်ပြီးတော့ လုပ်နေမှသာ အဲဒီလူက လူပီသတယ်။အဲဒီလိုလူဟာ လောကကိုအကျိုးပြုတယ်။❦ကိုယ့် choice နဲ့ ကိုယ် ကိုယ့်ဘ၀ကိုအကောင်းဆုံး နေသွားနိုင်တဲ့လူဟာလောကကြီးကိုလည်း အများဆုံးအကျိုးပြုတဲ့လူ ဖြစ်တယ်။❦ကိုယ့်ဟာကိုယ် စိတ်ချမ်းသာအောင် နေတတ်တာကိုကလောကကြီးရဲ့အကျိုးကို ဆောင်ရွက်ပြီးသားဖြစ်ပါတယ်။❦လောကမှာ ကြွားရရုံသဘောမျိုးနဲ့ လောကကို နေသွားတဲ့လူဟာ လောကကို အကျိုးပြုတဲ့လူမဖြစ်နိုင်ဘူး။ရိုးသားမှုအပြည့်နဲ့ ကိုယ့်ရဲ့တကယ့် အရည်အချင်း၊တကယ့်စိတ်စေတနာတွေကို ဖော်ထုတ်ပြီးတော့အသုံးချနေတဲ့သူသာလျှင် လူ့လောကကိုတကယ်အကျိုးပြုတဲ့လူ ဖြစ်မယ်။❦အဆင့်မြင့်တဲ့ ခံယူချက်ရှိမှ၊ပြတ်သားတဲ့မူရှိမှ၊ရိုးသားမှုရှိမှ အများအကျိုးကိုထိထိရောက်ရောက် ဆောင်ရွက်နိုင်မယ်။ဒါမှလည်း ခေါင်းဆောင်ကောင်း ဖြစ်မယ်။❦ငါမသေချင်ဘူး၊ငါမသေချင်သေးဘူးဆိုတာကအသက်မသေရုံလေး နေချင်တယ်လို့ ဆိုလိုတာမဟုတ်ဘူး။ငါလုပ်နိုင်သမျှ အကောင်းဆုံးတွေကို အများဆုံးလုပ်မယ်ဆိုတဲ့စိတ်နဲ့ မသေချင်တာ။ငါဟာလောကကြီးအတွက် ၀န်ထုပ်ကြီး ဖြစ်မနေရဘူး။❦သူ့ဉာဏ်ကို သူ ထုတ်မသုံးပဲနဲ့ တစ်ယောက်ယောက်ကခိုင်းတာကို မျက်စိမှိတ်ပြီးတော့ လုပ်တဲ့သူမျိုးဖြစ်သွားအောင်သူ့ကို ပုံသွင်းလိုက်မယ်ဆိုရင် သူ့ကိုလည်းဖျက်ဆီးရာရောက်သလို၊လောကကြီးကိုပါ ဖျက်ဆီးရာရောက်သွားတယ်။❦အာဟာရချို့တဲ့ရင် ခန္ဓာကိုယ် ထွားသင့်သလောက်မထွားနိုင်တော့ဘူး။ အဲသလိုပဲ စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေ မရရင်လည်း စိတ်ဟာ မထွားနိုင်တော့ဘူး။စိတ် လူစဉ် မမီတော့ဘူး၊စိတ်အားနည်းနေမယ်။စိတ်ဓာတ် ကျနေမယ်။သူ့ ဉာဏ် နဲ့သူ ဘာမှမစဉ်းစားတော့ဘူး။မဆုံးဖြတ်တော့ဘူး။“ဘာလုပ်ရမယ် ဆိုတာ ပြောပါ၊ပြောတဲ့အတိုင်း လုပ်ပါ့မယ်” ဆိုတဲ့လူ ဖြစ်သွားရော။ခလုပ်နှိပ်လိုက်ရင် နှိပ်တဲ့ အတိုင်းလုပ်တဲ့“စက်ရုပ်” ဖြစ်သွားရော။အဲဒီလိုလူတွေ များလာရင် လူ့အသိုင်းအ၀ိုင်းကြီးမတိုးတက်နိုင်တော့ဘူး။ကိုယ်ပိုင်ဉာဏ်လည်း မရှိတော့ဘူး။ကိုယ်ပိုင်စိတ်ဓာတ်လည်း မရှိတော့ပဲနဲ့ခိုင်းတာကိုလုပ်တဲ့လူတွေ များလာရင်လူ့အသိုင်းအ၀ိုင်းဟာ မတိုးတက်တော့ဘူး။ခိုင်းမှ လုပ်တဲ့လူ၊“ကိုယ့်စိတ်ကူးနဲ့ ကိုယ် စဉ်းစဉ်းစားစားလေးကောင်းအောင် လုပ်လိုက်ပါ” ဆိုရင်မလုပ်တတ်တော့တဲ့သူတွေ များနေရင်လူ့ အသိုင်းအ၀ိုင်းကြီး မတိုးတက်နိုင်ဘူး။လောကကို အကျိုးပြုတဲ့လူတွေ များများဖြစ်ပေါ်လာဖို့အရေးကို လေးလေးနက်နက် စဉ်းစားစေချင်တယ်။ဒါ့ကြောင့် အကောင်းဆုံးစိတ်ထားတွေ နဲ့အကောင်းဆုံးအရည်အချင်းတွေကို အများဆုံးထွက်ပေါ်လာအောင် ဘယ်လိုလုပ်ပေးရမလဲဆိုတာကို ပညာရေး ရှုထောင့်ကနေလည်း ကြည့်ရမယ်။ဘာသာရေး ရှုထောင့်ကနေလည်း ကြည့်ရမယ်။စီးပွားရေး မှာတောင်မှ လူတွေရဲ့ အသိဉာဏ် နဲ့စိတ်ထားတွေ မြင့်မားရေးဘက်ကိုပါထည့်စဉ်းစားတဲ့ စီးပွားရေးပဲ ဖြစ်ရမယ်။ကိုယ့်အားကိုယ်ကိုးတဲ့လူ၊ကိုယ့်အရည်အချင်းနဲ့ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်တဲ့လူတွေများများဖြစ်လာအောင် စဉ်းစားပေးရမယ်။❦လူတွေကို ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိအောင်၊ကိုယ့်ကိုယ်ကိုအထင်သေးအောင်တစ်နည်းနည်းနဲ့လုပ်လိုက်မယ်ဆိုရင် အဲဒီလူရဲ့ဘ၀ကိုဖျက်ဆီးလိုက်သလို ဖြစ်သွားပြီးတော့ လူ့အသိုင်းအ၀ိုင်းကြီးကိုသူ့အနေနဲ့ အကျိုးပြုနိုင်တဲ့ စွမ်းရည်သတ္တိကိုပါဖျက်ဆီးလိုက်သလို ဖြစ်သွားတယ်။❦လူတွေမှာ ဘ၀ နဲ့ ပတ်သက်ပြီးတော့၊လောက နဲ့ ပတ်သက်ပြီးတော့၊အလုပ်အကိုင် နဲ့ ပတ်သက်ပြီးတော့သူတို့မှာ အရည်အချင်းများများ ရှိလာအောင်အကူအညီပေးရမယ်၊အထောက်အပံ့ ပေးရမယ်။စားဝတ်နေရေး နဲ့ ပတ်သက်ပြီးတော့အလုပ်ကို နားလည်အောင်၊လုပ်တတ်အောင်၊သူတို့ကို အခြေအနေတွေ ဖန်တီးပေးရမယ်။လုပ်ချင်အောင်လည်း အခြေအနေတွေ ဖန်တီးပေးရမယ်။လူဟာ များများသိလာတယ်၊များများတတ်လာတယ်၊များများလုပ်နိုင်လာတယ်ဆိုရင် “ငါဟာစွမ်းနိုင်တယ်” ဆိုတဲ့ခံစားမှုကိုရတယ်။သူ့ကိုယ်သူ ယုံကြည်မှု အများကြီးရတယ်။ကိုယ့်အကျိုးကိုလည်း ဆောင်ရွက်နိုင်တယ်၊အများအကျိုးကိုလည်း ဆောင်ရွက်နိုင်တယ် ဆိုရင်အဲဒီလူဟာ သူ့ဘ၀ကို အဓိပ္ပာယ်ရှိတယ်လို့ ခံစားရတယ်။ဒါကြောင့်လူတွေကို အစွမ်းအစပိုရှိတဲ့သူတွေဖြစ်လာအောင်စဉ်းစားပေးပြီးတော့ လိုအပ်တာလေးတွေကို ဖန်တီးပေးဖို့လိုတယ်။လူတွေရဲ့ အစွမ်းအစ၊ လုပ်ရည်ကိုင်ရည်တွေ နိမ့်ကျသွားရင်၊အသိဉာဏ်ပညာတွေ စိတ်ထားတွေ နိမ့်ကျသွားရင်၊လူ့အသိုင်းအ၀ိုင်းကြီးတစ်ခုလုံး ပျက်စီးသွားနိုင်တယ်။❦လူ့အသိုင်းအ၀ိုင်းကြီးတစ်ခုလုံး ကောင်းလာဖို့ဆိုတာမှန်ကန်တဲ့အသိအမြင်၊မှန်ကန်တဲ့သဘောထား၊မှန်ကန်တဲ့စေတနာပေါ်မှာ အခြေခံတဲ့ မှန်ကန်တဲ့အလုပ်တွေကိုလူတွေများများလုပ်နိုင်ဖို့လိုတယ်။အဲဒါမှ အားလုံးအတွက် ကောင်းမယ်။ဒါမှလူ့အသိုင်းအ၀ိုင်းကြီးဟာ နေရတာစိတ်အေးချမ်းမှု ရမယ်။စိတ်ထဲမှာ လုံခြုံမှုလည်း ရမယ်။ပျော်စရာ အင်မတန်ကောင်းမယ်။အဲသလို အသိုင်းအ၀ိုင်းမှာဆိုရင် စိတ်ညစ်တယ်။စိတ်ဓာတ်ကျတယ်။ဘာလုပ်ရမှန်းမသိဘူး။ဘာမှ မတတ်နိုင်တော့ပါဘူး ဆိုတဲ့ ခံစားမှုမျိုးကအင်မတန်နည်းသွားမယ်။ဇိမ်ခံပစ္စည်းတွေ များများသုံးနိုင်ရုံ နဲ့ လူ့အသိုင်းအ၀ိုင်းကြီးကောင်းလာတယ်လို့ ပြောလို့မရဘူး။စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်လည်းပဲ ပြည့်စုံဖို့ အများကြီးအရေးကြီးတယ်။❦ကိုယ့်ကိုယ်ကို ဒုက္ခပေးပြီးတော့“ငါ့ကိုယ်ငါ ဒုက္ခပေးတာ ဘယ်သူနဲ့မှ မဆိုင်ဘူး” လို့မပြောနဲ့နော်။ အဲဒါ အင်မတန် ဉာဏ်နည်းတဲ့အပြောဖြစ်သွားလိမ့်မယ်။ကိုယ့်ကိုယ်ကိုဒုက္ခပေးရင် လောကကြီး ဒုက္ခရောက်တယ်။ကိုယ်နဲ့ လောကကြီးဟာ ဆက်စပ်နေတယ်။ဘယ်လိုမှ သီးခြားဖြစ်သွားအောင် ထုတ်ယူပစ်လို့ မရဘူး။ထို့အတူကိုယ့်ကိုယ်ကို ကောင်းအောင်လုပ်လိုက်ရင်လောကကြီးကို ကောင်းအောင်လုပ်တာပါ။ငါ့ကိုယ်ငါ မဖျက်ဆီးသင့်ဘူး။ငါ့ကိုယ်ငါ ကောင်းအောင် နေသင့်တယ်။ငါ့ဟာငါ ကောင်းအောင်နေခြင်းသည်ပင်လျှင်လောကကြီးကို အကျိုးပြုနေတာ ဖြစ်တယ်။
【ဆရာတော်ဦးဇောတိက၊မဟာမြိုင်တောရ၏“တွေးမိတိုင်းပျော်တယ်” မှ- ကူးယူပူဇော်မျှဝေပါသည်။】