Saturday, December 15, 2012

The Buddha attained his Englighten.


မြတ်စွာဘုရားရှင်ဟာ အနတ္တလက္ခဏသုတ်ကို မဟာသက္ကရာဇ်(၁၀၃)ခုနှစ် ၀ါဆိုလပြည့်ကျော်(၅)ရက်နေ့၊ မိဂဒါဝုန်တောမှာ ဟောကြားခဲ့ပါတယ်။ ၀ါဆိုလပြည့် ကျော်(၄)ရက်နေ့မှာ ပဉ္စ၀ဂ္ဂီငါးပါးလုံး သောတာပန် အဖြစ်ရောက်ရှိခဲ့ပါတယ်။ ထို့သို့ သောတပန် အဖြစ်သို့ရောက်ရှိပြီး ဉာဏ်ရည်ပြည့်ဝပြီး ခက်ခဲနက်နဲတဲ့ တရားကိုနာ ယူရန် အသင့်ဖြစ်ပြီလို့ ဘုရားရှင် သိမြင်တော်မူတဲ့အတွက် ၀ါဆိုလပြည့်ကျော်(၅) ရက်နေ့ အရောက်မှာ ပဉ္စ၀ဂ္ဂီငါးပါးလုံးစုရုံးစေပြီး အနတ္တလက္ခဏသုတ်ကို ဟောကြားတော်မူရခြင်းဖြစ်ပါတယ်။ “အနတ္တလက္ခဏ” ဆိုတဲ့ စကားကို “အနတ္တ” နဲ့ “လက္ခဏာ” လို့ ၂ ပုဒ်ခွဲပြီးကြည့်ရပါမယ်။ “အနတ္တ” ပုဒ်ရဲ့လွယ်လွယ် အနက် အဓိပ္ပာယ်က “အတ္တ မဟုတ်၊ အတ္တ မရှိ၊ ငါမဟုတ် ငါမရှိ” လို့ဖြစ်ပါတယ်။ လက္ခဏ (လက္ခဏာ) ဆိုတာက မှတ်သားကြောင်းဖြစ်ပါတယ်။ ဒါကြောင့် “အနတ္တလက္ခဏ” ဆိုတာ“အတ္တ မဟုတ်၊ အတ္တ မရှိ၊ ငါမဟုတ်၊ ငါမရှိဟု မှတ်သားကြောင်းလက္ခဏာ” လို့ ဒါကြောင့် “အနတ္တလက္ခဏ” ဆိုတာ“အတ္တ မဟုတ်၊ အတ္တ မရှိ၊ ငါမဟုတ်၊ ငါမရှိဟု မှတ်သားကြောင်းလက္ခဏာ” လို့ အဓိပ္ပာယ်ရပါတယ်။




No comments: