လောင်တဲ့မီး ကူငြိမ်းနိုင်ကြပါစေ
တစ်ခါက ရွာတစ်ရွာမှာ ပစ္စည်းဥစ္စာ ချမ်းသာတဲ့ မုဆိုးမ
တစ်ယောက်ရှိ၏။ မုဆိုးမဟာ ဥစ္စာလည်းရှိ မာနလည်း ကြီးတာကြောင့် တစ်ရွာလုံးက
သူမကို မျက်မုန်းကျိုးနေတာပေါ့။
တစ်နေ့ကျတော့ မုဆိုးမအိမ်မှာ မီးလောင်တော့ ရွာသားတွေကို
အားကိုးတကြီးနဲ့ မီးကူငြိမ်းပေးဖို့ အော်နေတယ်။ မီးလောင်နေတဲ့ မုဆိုးမအိမ်ကို ရွာသားတွေက တစ်ယောက်မှ
လာမကူငြိမ်းတဲ့အပြင် တချို့က "အကုန်လောင်ပါစေ။ ဒီလောက် မာနကြီးတဲ့ မုဆိုးမ
တစ်ခါထဲ မွဲသွားပါစေ" ဆိုပြီး မေတ္တာပို့နေကြတယ်။
No comments:
Post a Comment