Wednesday, January 16, 2013

အားဖို့ မလို သိဖို့လိုတယ်



ဘုရားလက်ထက်ကပဲ တရားသုတ
ပြည့်ဝတဲ့ ထေရိကာဆိုတဲ့ အိမ်ရှင်မတစ်ဦး ရှိခဲ့ဘူးတယ်။ သိတတ်တဲ့ အရွယ်ကစ တရားနဲ့ဆက်သွယ်ရေး ရထားတာ ဖြစ်လို့ အိမ်ထဲက အလုပ်အားလုံး တရားအလုပ်နဲ့ တစ်သားတည်း ပေါင်းထားတတ်တယ်၊ အိမ်ထဲမှာနေရင်းနဲ့ပဲ ဒါန သီလ သမာဓိ ဝိပဿနာ စွမ်းအားတွေကို အသိညဏ်နဲ့ အကန့်လိုက် အကန့်လိုက်ရအောင်ပြောင်မြောက်စွာ ယူတတ်သူပါ။ 

တစ်နေ့ တော့ မီးဖိုချောင်ထဲ ထမင်းဟင်း ချက်ရင်း မီးပူ ရေပူဒဏ်ကြောင့် ဆန်၊ ဟင်းသီးဟင်းရွက်၊ သားငါးတွေ ကျက်တာကို သတိညဏ်နဲ့ကြည့်တော့ မခိုင်မြဲလို့ ပြောင်းလဲနေကြပုံတွေ ညဏ်ထဲပြတ်ပြတ်သားသားပေါ်လာတယ်၊ အဲဒါကို သက်သေအရာထားပြီး ခန္ဓာညဏ်စိုက် ဝိပဿနာ ပွါးလိုက်တာ မီးဖိုချောင်ထဲမှာပဲ အနာဂါမ်ဖြစ်ပြီး သာသနာဝင် ဆက်အားထုတ်တော့ ရဟန္တာထေရီမ ဖြစ်သွားတယ်လို့ ဆိုတယ်။ 
အများတကာ "မအားဘူး၊ အလုပ်ရှုပ်တယ်" လို့ညည်းတွားပြီး အရှုံးပေးနေရတဲ့ဧည့်အိမ်အလုပ်တွေကို "အားဖို့ မလို သိဖို့လိုတယ်" လို့တရားနဲ့ ပေါင်းပြီး အားထုတ်နိုင်လောက်အောင် သတိညဏ်ပြတ်သား ရှင်းလင်းလှတဲ့  ထေရိကာရဲ့ စွမ်းသတ္တိဟာလဲ တကယ်စံပြုထိုက်တဲ့ "လူ၏ စွမ်းအား မြတ်တရား" ရဲ့ အစွမ်းမျိုးပါ။
........................................
"လူ၏စွမ်းအား မြတ်တရား" (စာမျက်နှာ - ၁၃၀ ) စာအုပ်မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

No comments: