Friday, June 5, 2015

သံဝေဂ၀တ္ထု (၈)ပါး "


အမိဝမ်းခေါင်း - ဆယ်လညောင်းမျှ
အောင်းခဲ့ရချေ - တည်သန္ဓေနှင့်
လူ့ပြည်လူ့ရွာ - ရောက်ပြန်ပါလည်း
အို နာ သေရေး - ဒုက္ခဘေးကြောင့်
စိတ်အေးကိုယ်ခိုင် - မနေနိုင်ခဲ့
ဆိုင်ဆိုင်ဒုက္ခ - ခံပြီးမှလည်း
များလှပါယ်ရွာ - ရောက်ကြရှာ၏။
အတီတရှေး - ဤ၀ဋ်ဘေးကြောင့်
နောင်ရေးနာဂတ် - ဒုက္ခထပ်လိမ့်
မပြတ်ခုခါ - ဖြစ်တုံပါလည်း
အစာရှာရ - ထိုဒုက္ခကြောင့်
နေ့ညမဟူ - စိတ်ကပူ၍
သူသူငါငါ - မသက်သာသည်
ရှစ်ဖြာသံဝေ - ရကြောင်းတည်း ... ။
(မဟာဂန္ဓာရုံ ဆရာတော်)

No comments: