သာသနာကွယ်ကြောင်း တရား (၅) ပါး
> အင်္ဂုတ္တိုရ်လာ၊ သာသနာကွယ်ကြောင်း၊ တရားပေါင်းကား၊ ရဟန်းများတို့၊
တရားမနာ၊ စာပေမသင်၊ နှုတ်တွင်မဆောင်၊ သိအောင်မမှတ်၊ ဓမ္မာနုဓမ္မ၊ ပဋိပတ်ကွာ၊
ဤငါးဖြာတည်း...။
> နောင်လာထို့ပြင်၊ စာသင်ပယ်လျော၊ ကျယ်မဟောကြ၊ ကျယ်မချနှင့်၊ ကျယ်စွာ့မအံ၊ မကြံမစီ၊ ဤငါးလီတည်း...။
> ၀ါတစ်နည်းမှာ၊ အက္ခရာပုဒ်ပျက်၊ လေ့ကျက်သင်ကြ၊ ဆုံးမ မယူ၊ ဒုဗ္ဗစမူ၊
စာချသူရှား၊ လာဘ်များအောင်ကြံ၊ ခိုက်ရန်ကွဲပြား၊ ဤငါးပါးသည်၊ ဘုရားသာသနာ -
ကွယ်ကြောင်းတည်း...။
No comments:
Post a Comment