Wednesday, October 3, 2012

သာသနာကွယ်ကြောင်းတရား (၅) ပါး..


-တရားမနာ၊ စာပေမသင်၊ နှုတ်တွင်မမှတ်၊ ပဋိပတ်ကွာ၊ ဤငါးဖြာသည်၊ ဘုရားသာသနာကွယ်ကြောင်းတည်း။ -စာသင်ပယ်လျော၊ ကျယ်မဟောကြ၊ ကျယ်မချနှင့်၊ ကျယ်စွမအံ၊ မကြံမစည်၊ ဤငါးမည်သည်၊ ဘုရားသာသနာကွယ်ကြောင်းတည်း။
-အက္ခရာပုဒ်ပျက်၊ လေ့ကျက်သင်ချ၊ ဆုံးမမယူ၊ စာချသူ ရှား၊ လာဘ်များအောင်ကြံ၊ ခိုက်ရန်ကွဲပြား၊ ဤငါးပါးသည်၊ဘု၇ားသာသနာကွယ်ကြောင်းတည်း။  
သီတဂူဆရာတော်ဘုရားကြီးဟောကြားသော သာသနာကွယ်ကြောင်းတရားတော်မှ ကောက်နှုတ်၏။


No comments: