Tuesday, February 4, 2014

သာသနာစပြုရမယ့်လူ

သာသနာကို မည်သူကစ၍ ပြုရမည်နည်း။
မိမိကိုယ်ကစ၍ ပြုရမည်။
မိမိကိုယ်မှာ သာသနာမရှိလျှင် သူတစ်ပါးကို
သာသနာပြု၍ ဖြစ်နိုင်မည်မဟုတ်။
ဘုရားအဆုံးအမကို ' သာသနာ ' ဟုခေါ်သည်။
ဘုရားအဆုံးအမအတိုင်း လိုက်နာကျင့်သုံးလျှင်
မိမိကိုယ်တွင်း၌ သာသနာ တည်သည်။

- ကမ္ဘာ့သာသနာပြုဆရာတော်ကြီး အရှင်သေဋ္ဌိလာဘိဝံသ

လေးအိမ်စု အရှင်ဝိစိတ္တသာရ၏ စကားလက်ဆောင်တရား
လက်ဆောင် (၄) စာမျက်နှာ - ၁၁၉ မှ ကောက်နုတ်ထားပါသည်။

No comments: