Tuesday, February 4, 2014

သဒ္ဓါ = မိခင်


မိခင်များဟာ ခရီးသွားကာနီးတဲ့

သားသမီးများအတွက် သွားရမယ်

လမ်းခရီးကြောင်းကို ပြောပြပြီး

လမ်းစရိတ်၊ ရိက္ခာများကို

လုံလောက်အောင် ထုပ်ပေးလိုက်သလိုပဲ...

မိခင်နဲ့တူတဲ့ သဒ္ဓါတရားကလည်း

ဒါနရိက္ခာထုပ်၊ သီလလမ်းစရိတ်၊ ဘာဝနာ

အဖော်တို့ကို လုံလောက်အောင် အချိန်မီ

ထည့်ပေးလိုက်ပါတယ်။

သဒ္ဓါတရားမိခင်က ကုသိုလ်အထုပ်များများ

ထုပ်ပေးတော့ သံသရာခရီးသည်ဟာ

မျက်နှာမငယ်ရတဲ့ ဘုန်းကံအရှိန်အဝါ

စွမ်းအားတွေ မြင့်တက်ကာ

အားရှိရှိသွားရပါတယ်။

တိပိဋက ဓမ္မဘဏ္ဍာဂါရိက(ယော)
ဆရာတော်ဘုရားကြီး

No comments: