တစ်ခါတုန်းက အလွန်ပါးနပ်တဲ့ ရှေ့နေတစ်ဦး
ရှိပါတယ်။အမှုလိုက်ရာမှာ အောင်မြင်တဲ့သူပါ။
တစ်နေ့တော့ အချုပ်ကျနေတဲ့သူအတွက်
အမှုလာအပ်ပါတယ်။ အမှုက လိမ်လည်မှုပါ။
ရှေ့နေက တရားခံကို
"အမှုကနေလွတ်အောင် လိုက်ပေးမယ်။
ဒါပေမယ့် ရှေ့နေလိုက်ခ ကောင်းကောင်း
ပေးရမယ်။ သဘောတူလား"
တရားခံက
"စိတ်ချပါဆရာ။ အားကိုးပါတယ်။
အမှုကသာ လွတ်ပါစေ။ ထိုက်ထိုက်တန်တန်
အမှုလိုက်ခပေးပါ့မယ်"
ရှေ့နေ
"ကောင်းပြီလေ။ တရားသူကြီး အမှုစစ်တဲ့အခါ
ဘာမေးမေး (အာ ဘား ဘား) လို့ပဲဖြေပါ"
တရားခွင်တွင် တရားသူကြီးက တရားခံကို
"မောင်မင်း နံမယ် ဘယ်သူလဲ"
တရားခံ
"အာ ဘား ဘား"
တရားသူကြီး
"မောင်မင်း ကောင်းကောင်းဖြေပါ။
တရားရုံးကို မရိုသေ မလေးစားမှု
ပြစ်မှုတွေ ပိုတိုးသွားမယ်"
တရားခံ
"အာ ဘား ဘား"
"မောင်မင်းဖခင်နံမယ်ဘယ်သူလဲ"
"အာ ဘား ဘား"
"မောင်မင်း အသက်ဘယ်လောက်လဲ"
"အာ ဘား ဘား"
"မောင်မင်း လိမ်လည်မှု ကျူးလွန်သလား"
"အာ ဘား ဘား"
"မောင်မင်း ကျုပ်ဘယ်သူလဲ သိလား"
"အာ ဘား ဘား"
"မောင်မင်း ဒီလူကိုရောသိလား"
"အာ ဘား ဘား"
"အော် တော်တော်ခက်ပါလား"
"အာ ဘား ဘား"
တရားသူကြီးက တရားခံကို စကားမပြောတတ်သူ
အ, နေသူဖြစ်၍ လိမ်လည်ခြင်း မဖြစ်နိုင်ဟု
ဆုံးဖြတ်ကာ အမှုမှ လွှတ်လိုက်၏၊
ရှေ့နေက တရားခံကို
"ကဲ အမှုက ကွင်းလုံးကျွတ်လွတ်ပြီ။
ပြောထားတဲ့အတိုင်း ရှေ့နေလိုက်ခ
ထိုက်ထိုက်တန်တန် ပေးပေတော့"
တရားခံ
"အာ ဘား ဘား"
"ဟိတ်ကောင် နောက်မနေနဲ့"
"အာ ဘား ဘား"
"ဒီကောင်ကွာ ...€¥#£&"
"အာ ဘား ဘား"
"သေပါတော့ကွာ"
"အာ ဘား ဘား"
Tuesday, June 17, 2014
အကာလိကော
ဆွမ်းတော်ရေချမ်း ပန်းလှူဒါန်းသော်
စိတ်ဝမ်းကြည်လင် သောကစင်၏။
ပုံတော်ညွတ်တွား ဂုဏ်တော်ပွားသော်
ခွန်အားပြည့်တင်း ကြောက်စိတ်ကင်း၏။
သတ်ခိုးရှောင်မှု ကာမေသုနှင့်
မုသား သူရာ ရှောင်ကြဉ်ပါ၍
ကျန်းမာကြည်လန်း စိတ်အေးချမ်း၏။
ဘာဝနာမှု
မှတ်ရှုမပျက် သတိဆက်က
အမျက်ဒေါသ ကင်းစင်ပ၍
လောကချမ်းသာ လင်းလက်ဖြာ၏။
သန္နိဋ္ဌိက ဂုဏ်ရသသည်
ခဏချက်ချင်း လက်ငင်းစွမ်းပြ
သိလိုက်ရသည် .....
အကာလိကော မြန်မကြာ
လက်တွေ့ စမ်းကြည့်လိုက်စမ်းပါ။
ရတနာမွန် မဂ္ဂဇင်း
မောင်ကံတင်(သကြား)
ထုတ်ဖော်တင်ပြပါသည်
ဓမ္မမိတ်ဆွေအပေါင်း
အစဉ်ချမ်းမြေ့ သာယာကြပါစေ။
စိတ်ဝမ်းကြည်လင် သောကစင်၏။
ပုံတော်ညွတ်တွား ဂုဏ်တော်ပွားသော်
ခွန်အားပြည့်တင်း ကြောက်စိတ်ကင်း၏။
သတ်ခိုးရှောင်မှု ကာမေသုနှင့်
မုသား သူရာ ရှောင်ကြဉ်ပါ၍
ကျန်းမာကြည်လန်း စိတ်အေးချမ်း၏။
ဘာဝနာမှု
မှတ်ရှုမပျက် သတိဆက်က
အမျက်ဒေါသ ကင်းစင်ပ၍
လောကချမ်းသာ လင်းလက်ဖြာ၏။
သန္နိဋ္ဌိက ဂုဏ်ရသသည်
ခဏချက်ချင်း လက်ငင်းစွမ်းပြ
သိလိုက်ရသည် .....
အကာလိကော မြန်မကြာ
လက်တွေ့ စမ်းကြည့်လိုက်စမ်းပါ။
ရတနာမွန် မဂ္ဂဇင်း
မောင်ကံတင်(သကြား)
ထုတ်ဖော်တင်ပြပါသည်
ဓမ္မမိတ်ဆွေအပေါင်း
အစဉ်ချမ်းမြေ့ သာယာကြပါစေ။
ကျေးဇူးတင်လိုက်ပါ။
သင့် ကိုမုန်းနေသူတွေကို
ကျေးဇူးတင်လိုက်ပါ။
သူတို့ကြောင့်
သင် ဟာပိုပြီး
ကြံခိုင် လာရတာလေ။
သင့်ကို ချစ်နေသူတွေကို
ကျေးဇူးတင်လိုက်ပါ။
သူတို့ကြောင့်
သင့်နှလုံးသားပိုပြီး
သန်မာလာရတာလေ။
သင့်ကို ဂရုစိုက်သူတွေကို
ကျေးဇူးတင်လိုက်ပါ။
သူတို့ကြောင့်
သင့် ဘဝ နွေးထွေး
လုံခြုံခဲ့ရတယ်လေ။
သင့်ကို ထားခဲ့သူတွေကို
ကျေးဇူးတင် လိုက်ပါ။
သူတို့ကြောင့်
ဘယ်အရာကမှ
သင် နဲ့ အမြဲအတူ
မရှိနိုင် ဘူးဆိုတာကို
နားလည်သဘောပေါက်
ခဲ့ရတာလေ။
သင့်ဘဝထဲ
ရောက်လာသူတွေကို
ကျေးဇူးတင် လိုက်ပါ။
သူတို့ကြောင့်
သင်ဘယ်လို လူလည်းဆိုတာ
ပိုပြီးပေါ်လွင် လာရတာလေ။
ဒါကြောင့်
အရာရာကို ကျေးဇူးတင်ပြီး
နေ့သစ်ကို ပျော်ပျော်သာ
ဖြတ်ကျော်လိုက်ပါ။
ဒီနေ့က
ဘယ်လိုအရောင်ပဲရှိနေပါစေ။ သေချာတာတစ်ခုကတော့
တစ်ခါပဲ ဒီနေ့မှာ
နေရမယ်ဆိုတာကိုပါ။
ငြိမ်းလဲ့ Page မှ ကူးယူသည်။
ကျေးဇူးတင်လိုက်ပါ။
သူတို့ကြောင့်
သင် ဟာပိုပြီး
ကြံခိုင် လာရတာလေ။
သင့်ကို ချစ်နေသူတွေကို
ကျေးဇူးတင်လိုက်ပါ။
သူတို့ကြောင့်
သင့်နှလုံးသားပိုပြီး
သန်မာလာရတာလေ။
သင့်ကို ဂရုစိုက်သူတွေကို
ကျေးဇူးတင်လိုက်ပါ။
သူတို့ကြောင့်
သင့် ဘဝ နွေးထွေး
လုံခြုံခဲ့ရတယ်လေ။
သင့်ကို ထားခဲ့သူတွေကို
ကျေးဇူးတင် လိုက်ပါ။
သူတို့ကြောင့်
ဘယ်အရာကမှ
သင် နဲ့ အမြဲအတူ
မရှိနိုင် ဘူးဆိုတာကို
နားလည်သဘောပေါက်
ခဲ့ရတာလေ။
သင့်ဘဝထဲ
ရောက်လာသူတွေကို
ကျေးဇူးတင် လိုက်ပါ။
သူတို့ကြောင့်
သင်ဘယ်လို လူလည်းဆိုတာ
ပိုပြီးပေါ်လွင် လာရတာလေ။
ဒါကြောင့်
အရာရာကို ကျေးဇူးတင်ပြီး
နေ့သစ်ကို ပျော်ပျော်သာ
ဖြတ်ကျော်လိုက်ပါ။
ဒီနေ့က
ဘယ်လိုအရောင်ပဲရှိနေပါစေ။ သေချာတာတစ်ခုကတော့
တစ်ခါပဲ ဒီနေ့မှာ
နေရမယ်ဆိုတာကိုပါ။
ငြိမ်းလဲ့ Page မှ ကူးယူသည်။
သံသရာကို မီးပုံကြီးလို မြင်ရမယ်
လောကသံသရာကြီးဟာ
ဘေးတွေရန်တွေ အများကြီးပဲ။
မိမိတို့ သိတဲ့ ဘေးရန်အန္တရာယ်တွေထက်
မသိတဲ့ ဘေးရန်အန္တရာယ်တွေက
အများကြီးပါ။
မိမိခန္ဓာကိုယ်ထဲမှာ ရောဂါတွေ
ဖြစ်နေတာတော်တော်နဲ့ မသိပါဘူး။
နောက်မှ သိတာ။
ဥစ္စာပစ္စည်းကျတော့
ရန်သူမျိုးငါးပါးက နှိပ်စက်တယ်။
မိမိတို့ ခန္ဓာကိုယ်ကြီးကျတော့
( ၉၆ )ပါးသော ရောဂါဝေဒနာတွေက
အမျိုးမျိုးနှိပ်စက်တယ်။
မိမိတို့ စိတ်ကိုကျတော့
ကိလေသာတွေက နှိပ်စက်နေတယ်။
စိတ်ကောင်းစိတ်မြတ်တွေ
ရှိပါလျက်သားနဲ့ မဂ်ဥာဏ် ဖိုလ်ဥာဏ်ကို
ရအောင် မလုပ်နိုင်ဘူး။
လောဘ ဒေါသ မောဟက
အမြဲတမ်းနှောင့်ယှက်နေတယ်။
ဒါကြောင့်လောကသံသရာကြီးဟာ
အန္တရာယ်တွေ အင်မတန်ကိုမှ များပါတယ်။
သံသရာကို မီးပုံကြီးလို မြင်ရမယ်။
ဟောဒီသံသရာကြီးဟာ လူသတ်ကွင်းပဲ။
၃၁ - ဘုံဟာ လူသတ်ကွင်း။
အမြဲတမ်း အသတ်ခံနေရတဲ့ နေရာဟာ
၃၁ - ဘုံပဲ။
၃၁ - ဘုံကို ဇရာကလည်း နှိပ်စက်တယ်။
ဗျာဓိကလည်း နှိပ်စက်တယ်။
မရဏကလည်း နှိပ်စက်တယ်။
ဝဋ်ကြွေးတွေကလည်း နှိပ်စက်တယ်။
ကိလေသာတွေကလည်း နှိပ်စက်တယ်။
ခန္ဓာမှန်သမျှကို ဝိုင်းပြီး နှိပ်စက်နေတယ်။
ကိုယ့်ရင်ထဲက လောဘ ဒေါသ မောဟက
ကိုယ့်ပြန်နှိပ်စက်တယ်။
" သံကိုသံဖျက် သံချေးတက် "
ဒီသံက ဖြစ်တဲ့ သံချေးက ဒီသံကို ပြန်ပြီး
ဖျက်ဆီးတတ်သလို……
ကိုယ့်ရင်ထဲက လောဘ ဒေါသ မောဟ
တွေက ဒီခန္ဓာကိုယ်ကိုပဲ ……
ညစ်နွမ်းအောင် ပျက်စီးအောင်
အပါယ်ကျအောင် ပြန်လုပ်တယ်။
အတိတ်အတိတ်က ပါလာတဲ့
ဝဋ်ကြွေးတွေကလည်း မညှာဘူး။
အတင်းနှိပ်စက်နေတယ်။ ကျိုးအောင်
ကန်းအောင် သေအောင် နှိပ်စက်တယ်။
ဇရာ ဗျာဓိ မရဏကလည်း နှိပ်စက်တယ်။
ခန္ဓာရထားတဲ့သူ မှန်သမျှဟာ
တစ်နေ့ကျသေရတာပဲ။
ဒါကြောင့်မို့ ခန္ဓာရထားတဲ့
ပုဂ္ဂိုလ်မှန်သမျှဟာ ……
သတ်ကွင်းထဲ ရောက်နေသလိုပဲ။
သတ်ကွင်းထဲ ရောက်ရင် ဟိုဘက်ကပစ်
ဒီဘက်ကပစ် ရှေ့ကပစ် နောက်ကပစ်
ရှောင်လို့ကို မရဘူး။
ဆေးတွေဘယ်လောက်ကောင်းကောင်း
တန်ခိုးတွေ ဘယ်လောက်ရှိရှိ
နောက်ဆုံးကျ သေရမှာပဲ။
အဲဒီလို ခန္ဓာရဲ့ အပြစ်
သံသရာရဲ့ အပြစ်ကို
ဘာလို့ မမြင်တာလဲဆိုတော့ ……
ကုသိုလ်တွေ လုပ်တဲ့အချိန်မှာ
ဒိဋ္ဌိတွေ တဏှာတွေ ဦးစီးတာများလို့ပဲ။
ဗုဒ္ဓဘာသာတွေ လှူတဲ့အခါ
တရားနာတဲ့ပုဂ္ဂိုလ် တရားမနာတဲ့
ပုဂ္ဂိုလ်ရှိတယ်။
တရားနာတဲ့အခါမှာ မှတ်မှတ်သားသား
နာတဲ့ပုဂ္ဂိုလ်ရှိတယ်။ ပေါ့ပေါ့ဆဆ နာတဲ့
ပုဂ္ဂိုလ်ရှိတယ်။
တရားမနာတဲ့ ပုဂ္ဂိုလ်က ဘာမျှ မသိဘူးပေါ့။
ပေါ့ပေါ့ဆဆနာတဲ့ ပုဂ္ဂိုလ်ကလည်း
သေသေချာချာ မသိဘူး။
တရားလည်းနာတယ်။
တရားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေက သိတယ်။
မလွှဲမရှောင်သာလို့ လုပ်နေတဲ့အလုပ်ကို
ဘဝဝဋ်ကြွေးအရ လုပ်နေရသော်လည်းပဲ
မပျော်မွေ့ဘူး။
သံသရာကို ငြီးငွေ့တယ်။
ခန္ဓာကို ငြီးငွေ့တယ်။
ခန္ဓာအပြစ် သံသရာအပြစ်ကို မြင်တယ်။
လုပ်ငန်းနဲ့ စိတ်ဓာတ်မတူပါဘူး။
လုပ်ငန်းက ဘဝပေး အခြေအနေအရ
မလွှဲသာမရှောင်သာတဲ့ အလုပ်တွေ
လုပ်နေရသော်လည်းပဲ စိတ်က
နိဗ္ဗာန်ကို အမြဲတမ်း ရည်ရွယ်နေတယ်။
၃၁-ဘုံ သံသရာထဲမှာဘဲ
ပျော်ပျော်ရွှင်ရွှင်ရွှင်နဲ့ ကျင်လည်နေတာ
မဟုတ်ဘူး။
မက်မက်မောမောနဲ့ ကျင်လည်နေတာ
မဟုတ်ဘူး။
ကျားတွေ ဆင်တွေ မြွေကြီးတွေ
ကင်းခြေများကြီးတွေ အမျိုးမျိုးရှိတဲ့
တောကြီးထဲကို ……
မလွှဲမရှောင်သာလို့
ကြောက်ကြောက်လန့်လန့်နဲ့
ဖြတ်သန်းသွားရတဲ့သဘော။
အန္တရာယ်တွေ များလွန်းလို့ တောထဲမှာ
နေကို မနေချင်တဲ့ သဘော။
၃၁-ဘုံကိုလည်း အဲဒီလို မြင်တယ်။
ဥာဏ်ပညာမဦးစီးတဲ့ပုဂ္ဂိုလ်တွေက
၃၁-ဘုံမှာ………
ရောက်ရာဘဝ ရရာအာရုံတွေနဲ့
ပျော်နေကြတာပဲ။ဘဝကို
ပန်းတိုင်အနေနဲ့ မြင်တယ်။
ဘဝလွတ်မြောက်ရေးကို ထည့်ကိုမစဉ်းစားတော့ဘူး။
ဘဝကောင်း ဘဝမြတ် ကောင်းသထက်ကောင်း
မြတ်သထက်မြတ် အဲဒါဆို သူ့ရဲ့
ဘဝကမ်းကုန်နေပြီ။
ဘဝကောင်းဘဝမြတ်ရရင် ပြီးပြီပဲ။
သူလုပ်သမျှ ကုသိုလ်တွေက
ဘဝကောင်းဘဝမြတ်ရဖို့ပဲ။
အဓိက ဒါပါပဲ။ လူအများစုဟာလည်း
အဲဒီလိုပဲ မြင်ကြတာပဲ။
ဘဝကို သာယာဖွယ်
မြတ်နိုးဖွယ်လို့ထင်တယ်။
ဘဝကို ပျော်ရွှင်ဖွယ်လို့ပဲထင်တယ်။
ပျော်စရာ ရွှင်စရာတွေရဲ့နောက်မှာ
မချိမဆံ့ ဒုက္ခရောက်နေတာကိုတော့
မမြင်ဘူး။
ကိုယ့်ဆွေကိုယ့်မျိုးတွေ
ကိုယ့်မျက်စိရှေ့မှာတွင်
သေသေသွားကြတာအများကြီး။
ဘယ်ရောက်သွားမှန်မသိဘူး။
များသောအားဖြင့်တော့ အပါယ်လေးပါး
ရောက်သွားကြတာပါပဲ။
မေ့လျော့ပေါ့ဆနေကြတဲ့
ပုဂ္ဂိုလ်ကြီးများရဲ့ ဆုံစည်းရာပေါ့ဗျာ။
ဒါကြောင့်မို့
ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ကြီးက
……
" ခင်ဗျားတို့ လုပ်နေတာ အကုန်လုံး
အလွဲအချော်တွေချည်းပဲ" လို့
မိန့်တော်မူတာ။
သံသရာလည်ကြောင်းတွေပဲ
လုပ်နေတာ မလွဲဘဲ နေပါ့မလား။
လူတစ်သိန်းတစ်ယောက် သုဂတိမရောက်တဲ့။
အများစုက အပါယ်လေးပါးရောက်တာပဲ။
အပါယ်လေးပါးကို
တစ်ကြိမ်ကျသွားပြီဆိုရင်လည်း
အကုသိုလ်ကံဟောင်းတွေက……
ဆက်ကာဆက်ကာ အကျိုးပေးတော့တာ။
သုဂတိဘုံကို ပြန်ရောက်ဖို့ ခဲယဉ်းသွားပြီ။
ဒါကြောင့်မို့ အပါယ်လေးပါး
ကျစေနိုင်တဲ့ အကုသိုလ်တွေ
မလုပ်မိအောင် ရှောင်ရမယ်။
မြစိမ်းတောင်ဆရာတော်အရှင်ဇာနေယျ ။
" လွတ်မြောက်မှုချမ်းသာကို ရှာဖွေခြင်းနှင့်
အလုပ်ပေးတရားတော်များ "မှ
ကောက်နုတ်ထားပါသည်။
ဘေးတွေရန်တွေ အများကြီးပဲ။
မိမိတို့ သိတဲ့ ဘေးရန်အန္တရာယ်တွေထက်
မသိတဲ့ ဘေးရန်အန္တရာယ်တွေက
အများကြီးပါ။
မိမိခန္ဓာကိုယ်ထဲမှာ ရောဂါတွေ
ဖြစ်နေတာတော်တော်နဲ့ မသိပါဘူး။
နောက်မှ သိတာ။
ဥစ္စာပစ္စည်းကျတော့
ရန်သူမျိုးငါးပါးက နှိပ်စက်တယ်။
မိမိတို့ ခန္ဓာကိုယ်ကြီးကျတော့
( ၉၆ )ပါးသော ရောဂါဝေဒနာတွေက
အမျိုးမျိုးနှိပ်စက်တယ်။
မိမိတို့ စိတ်ကိုကျတော့
ကိလေသာတွေက နှိပ်စက်နေတယ်။
စိတ်ကောင်းစိတ်မြတ်တွေ
ရှိပါလျက်သားနဲ့ မဂ်ဥာဏ် ဖိုလ်ဥာဏ်ကို
ရအောင် မလုပ်နိုင်ဘူး။
လောဘ ဒေါသ မောဟက
အမြဲတမ်းနှောင့်ယှက်နေတယ်။
ဒါကြောင့်လောကသံသရာကြီးဟာ
အန္တရာယ်တွေ အင်မတန်ကိုမှ များပါတယ်။
သံသရာကို မီးပုံကြီးလို မြင်ရမယ်။
ဟောဒီသံသရာကြီးဟာ လူသတ်ကွင်းပဲ။
၃၁ - ဘုံဟာ လူသတ်ကွင်း။
အမြဲတမ်း အသတ်ခံနေရတဲ့ နေရာဟာ
၃၁ - ဘုံပဲ။
၃၁ - ဘုံကို ဇရာကလည်း နှိပ်စက်တယ်။
ဗျာဓိကလည်း နှိပ်စက်တယ်။
မရဏကလည်း နှိပ်စက်တယ်။
ဝဋ်ကြွေးတွေကလည်း နှိပ်စက်တယ်။
ကိလေသာတွေကလည်း နှိပ်စက်တယ်။
ခန္ဓာမှန်သမျှကို ဝိုင်းပြီး နှိပ်စက်နေတယ်။
ကိုယ့်ရင်ထဲက လောဘ ဒေါသ မောဟက
ကိုယ့်ပြန်နှိပ်စက်တယ်။
" သံကိုသံဖျက် သံချေးတက် "
ဒီသံက ဖြစ်တဲ့ သံချေးက ဒီသံကို ပြန်ပြီး
ဖျက်ဆီးတတ်သလို……
ကိုယ့်ရင်ထဲက လောဘ ဒေါသ မောဟ
တွေက ဒီခန္ဓာကိုယ်ကိုပဲ ……
ညစ်နွမ်းအောင် ပျက်စီးအောင်
အပါယ်ကျအောင် ပြန်လုပ်တယ်။
အတိတ်အတိတ်က ပါလာတဲ့
ဝဋ်ကြွေးတွေကလည်း မညှာဘူး။
အတင်းနှိပ်စက်နေတယ်။ ကျိုးအောင်
ကန်းအောင် သေအောင် နှိပ်စက်တယ်။
ဇရာ ဗျာဓိ မရဏကလည်း နှိပ်စက်တယ်။
ခန္ဓာရထားတဲ့သူ မှန်သမျှဟာ
တစ်နေ့ကျသေရတာပဲ။
ဒါကြောင့်မို့ ခန္ဓာရထားတဲ့
ပုဂ္ဂိုလ်မှန်သမျှဟာ ……
သတ်ကွင်းထဲ ရောက်နေသလိုပဲ။
သတ်ကွင်းထဲ ရောက်ရင် ဟိုဘက်ကပစ်
ဒီဘက်ကပစ် ရှေ့ကပစ် နောက်ကပစ်
ရှောင်လို့ကို မရဘူး။
ဆေးတွေဘယ်လောက်ကောင်းကောင်း
တန်ခိုးတွေ ဘယ်လောက်ရှိရှိ
နောက်ဆုံးကျ သေရမှာပဲ။
အဲဒီလို ခန္ဓာရဲ့ အပြစ်
သံသရာရဲ့ အပြစ်ကို
ဘာလို့ မမြင်တာလဲဆိုတော့ ……
ကုသိုလ်တွေ လုပ်တဲ့အချိန်မှာ
ဒိဋ္ဌိတွေ တဏှာတွေ ဦးစီးတာများလို့ပဲ။
ဗုဒ္ဓဘာသာတွေ လှူတဲ့အခါ
တရားနာတဲ့ပုဂ္ဂိုလ် တရားမနာတဲ့
ပုဂ္ဂိုလ်ရှိတယ်။
တရားနာတဲ့အခါမှာ မှတ်မှတ်သားသား
နာတဲ့ပုဂ္ဂိုလ်ရှိတယ်။ ပေါ့ပေါ့ဆဆ နာတဲ့
ပုဂ္ဂိုလ်ရှိတယ်။
တရားမနာတဲ့ ပုဂ္ဂိုလ်က ဘာမျှ မသိဘူးပေါ့။
ပေါ့ပေါ့ဆဆနာတဲ့ ပုဂ္ဂိုလ်ကလည်း
သေသေချာချာ မသိဘူး။
တရားလည်းနာတယ်။
တရားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေက သိတယ်။
မလွှဲမရှောင်သာလို့ လုပ်နေတဲ့အလုပ်ကို
ဘဝဝဋ်ကြွေးအရ လုပ်နေရသော်လည်းပဲ
မပျော်မွေ့ဘူး။
သံသရာကို ငြီးငွေ့တယ်။
ခန္ဓာကို ငြီးငွေ့တယ်။
ခန္ဓာအပြစ် သံသရာအပြစ်ကို မြင်တယ်။
လုပ်ငန်းနဲ့ စိတ်ဓာတ်မတူပါဘူး။
လုပ်ငန်းက ဘဝပေး အခြေအနေအရ
မလွှဲသာမရှောင်သာတဲ့ အလုပ်တွေ
လုပ်နေရသော်လည်းပဲ စိတ်က
နိဗ္ဗာန်ကို အမြဲတမ်း ရည်ရွယ်နေတယ်။
၃၁-ဘုံ သံသရာထဲမှာဘဲ
ပျော်ပျော်ရွှင်ရွှင်ရွှင်နဲ့ ကျင်လည်နေတာ
မဟုတ်ဘူး။
မက်မက်မောမောနဲ့ ကျင်လည်နေတာ
မဟုတ်ဘူး။
ကျားတွေ ဆင်တွေ မြွေကြီးတွေ
ကင်းခြေများကြီးတွေ အမျိုးမျိုးရှိတဲ့
တောကြီးထဲကို ……
မလွှဲမရှောင်သာလို့
ကြောက်ကြောက်လန့်လန့်နဲ့
ဖြတ်သန်းသွားရတဲ့သဘော။
အန္တရာယ်တွေ များလွန်းလို့ တောထဲမှာ
နေကို မနေချင်တဲ့ သဘော။
၃၁-ဘုံကိုလည်း အဲဒီလို မြင်တယ်။
ဥာဏ်ပညာမဦးစီးတဲ့ပုဂ္ဂိုလ်တွေက
၃၁-ဘုံမှာ………
ရောက်ရာဘဝ ရရာအာရုံတွေနဲ့
ပျော်နေကြတာပဲ။ဘဝကို
ပန်းတိုင်အနေနဲ့ မြင်တယ်။
ဘဝလွတ်မြောက်ရေးကို ထည့်ကိုမစဉ်းစားတော့ဘူး။
ဘဝကောင်း ဘဝမြတ် ကောင်းသထက်ကောင်း
မြတ်သထက်မြတ် အဲဒါဆို သူ့ရဲ့
ဘဝကမ်းကုန်နေပြီ။
ဘဝကောင်းဘဝမြတ်ရရင် ပြီးပြီပဲ။
သူလုပ်သမျှ ကုသိုလ်တွေက
ဘဝကောင်းဘဝမြတ်ရဖို့ပဲ။
အဓိက ဒါပါပဲ။ လူအများစုဟာလည်း
အဲဒီလိုပဲ မြင်ကြတာပဲ။
ဘဝကို သာယာဖွယ်
မြတ်နိုးဖွယ်လို့ထင်တယ်။
ဘဝကို ပျော်ရွှင်ဖွယ်လို့ပဲထင်တယ်။
ပျော်စရာ ရွှင်စရာတွေရဲ့နောက်မှာ
မချိမဆံ့ ဒုက္ခရောက်နေတာကိုတော့
မမြင်ဘူး။
ကိုယ့်ဆွေကိုယ့်မျိုးတွေ
ကိုယ့်မျက်စိရှေ့မှာတွင်
သေသေသွားကြတာအများကြီး။
ဘယ်ရောက်သွားမှန်မသိဘူး။
များသောအားဖြင့်တော့ အပါယ်လေးပါး
ရောက်သွားကြတာပါပဲ။
မေ့လျော့ပေါ့ဆနေကြတဲ့
ပုဂ္ဂိုလ်ကြီးများရဲ့ ဆုံစည်းရာပေါ့ဗျာ။
ဒါကြောင့်မို့
ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ကြီးက
……
" ခင်ဗျားတို့ လုပ်နေတာ အကုန်လုံး
အလွဲအချော်တွေချည်းပဲ" လို့
မိန့်တော်မူတာ။
သံသရာလည်ကြောင်းတွေပဲ
လုပ်နေတာ မလွဲဘဲ နေပါ့မလား။
လူတစ်သိန်းတစ်ယောက် သုဂတိမရောက်တဲ့။
အများစုက အပါယ်လေးပါးရောက်တာပဲ။
အပါယ်လေးပါးကို
တစ်ကြိမ်ကျသွားပြီဆိုရင်လည်း
အကုသိုလ်ကံဟောင်းတွေက……
ဆက်ကာဆက်ကာ အကျိုးပေးတော့တာ။
သုဂတိဘုံကို ပြန်ရောက်ဖို့ ခဲယဉ်းသွားပြီ။
ဒါကြောင့်မို့ အပါယ်လေးပါး
ကျစေနိုင်တဲ့ အကုသိုလ်တွေ
မလုပ်မိအောင် ရှောင်ရမယ်။
မြစိမ်းတောင်ဆရာတော်အရှင်ဇာနေယျ ။
" လွတ်မြောက်မှုချမ်းသာကို ရှာဖွေခြင်းနှင့်
အလုပ်ပေးတရားတော်များ "မှ
ကောက်နုတ်ထားပါသည်။
"မင်းကွန်းဆရာတော်ကြီး၏ သာသနာ့အနွယ်လေးများအပေါ် မေတ္တာထွားပုံ"
တစ်နေ့ပေါ့ကွယ်
မင်းကွန်းရွာဘုရားပွဲ
ပွဲသဘင်ထဲတိုးဝင်ကာနွဲဖို့စောင့်ဆိုင်း
ကိုရင်လေးများ၏စာအံသံထိုင်းဖျ
ည(၁၀)နာရီတော့ခလေပြီ
တို့ဖခင်ထေရ်မော်စဉ်းစား
ကိုရင်လေးများစာအံသံဆိတ်ငြိမ်သွား
ပွဲများသွားကြည့်လေရော့သလား
စုံစမ်းဦးမှပဲပေါ့
လူခြေတိတ်ဆိတ်
မှောင်ရိပ်မှာခို
သင်္ကန်းကိုခေါင်းမြီးခြုံ
မူလအသံကိုဖျောက်ကာမြုံထား
အသံမြှင့်ကာကျောင်းပေါ်ဆီကြားစေသား
အော်လိုက်သည်က ဒီစကားပေါ့
“ဟေ့ ကောင်တွေ ပွဲသွားကြည့်ရအောင်ဟေ့"တဲ့
ဒီတော့---
ကိုရင်တစ်ပါးကပြန်ပြောတဲ့စကား
“ဟေ့ကောင် တိုးတိုးပြောကွ မင်းအဖေကြီးကမအိပ်သေးဘူး"ဆိုပဲ
ဒီတော့မှ တို့ဖခင်ကျော်
မေတ္တာဖော်ကာ အတွေးမိ
ကိုရင်လေးများအပေါ်အချစ်အတိ
“ကြည့်ချင်လျက်ပါနဲ့ငါ့ကိုကြောက်လို့
တိတ်ဆိတ်ဘိ
ငါအအိပ်ကိုစောင့်နေမိကြ
ခြင်ထောင်ထဲဝင်မီးမှိတ်ကာ အိပ်ချင်ယောင်ဆောင်မှ"တဲ့
သြော်--- မေတ္တာအဆံ
နားလည်မှု၏ရင်ခုန်သံ
စာနာဖေးမမှု၏ပီတိအနှံ
ကြည်ညိုစရာထေရ်ဖခင်၏
ဂုဏ်ပုဒ်များစွာကျန်ခဲ့ပါပေါ့
အကာနဲ့အနှစ်
အရွယ်နဲ့စစ်ယူ
သစ်ပင်ကိုနမူနာထူထား
အနှစ်မရှိခင် အသုံးမဝင်ဘူးဆိုပြီးခုတ်ကာသတ်လှဲတော့
ဘယ်မှာအနှစ်ရလိမ့်
အကာ မှနေ အနှစ်
စောင့်ရချိမ့်အချိန်များကိုစစ်
အနှစ်ပြည့်ချိန်ဖြစ်တော့
တန်ဖိုးဝင်အဖိုးမဖြတ်နိုင်သော
အလှသစ်လိမ့်မပေါ့
ဒီစကားကလည်းထေရ်ဖခင်မိန့်ခြွေသောစကား
မေတ္တာအားကရုဏာထွားမုဒိတာများ
အလှစစ်သောစကားများကိုစာစီဖွဲ့
ဖတ်မကောင်းလျှင်တော့မိမိအပေါ်အပြစ်ဖွဲ့ထား
သာသနာတော်ကိုကြည်ညိုတတ်စေဖို့စာချွန်လွှာပါး
အားလုံးသောသူတော်ကောင်းများတို့၊၊
( အရှင်ခေမိန္ဒ တိပိဋကနိကာယကျောင်းတိုက် မင်းကွန်း)
မင်းကွန်းရွာဘုရားပွဲ
ပွဲသဘင်ထဲတိုးဝင်ကာနွဲဖို့စောင့်ဆိုင်း
ကိုရင်လေးများ၏စာအံသံထိုင်းဖျ
ည(၁၀)နာရီတော့ခလေပြီ
တို့ဖခင်ထေရ်မော်စဉ်းစား
ကိုရင်လေးများစာအံသံဆိတ်ငြိမ်သွား
ပွဲများသွားကြည့်လေရော့သလား
စုံစမ်းဦးမှပဲပေါ့
လူခြေတိတ်ဆိတ်
မှောင်ရိပ်မှာခို
သင်္ကန်းကိုခေါင်းမြီးခြုံ
မူလအသံကိုဖျောက်ကာမြုံထား
အသံမြှင့်ကာကျောင်းပေါ်ဆီကြားစေသား
အော်လိုက်သည်က ဒီစကားပေါ့
“ဟေ့ ကောင်တွေ ပွဲသွားကြည့်ရအောင်ဟေ့"တဲ့
ဒီတော့---
ကိုရင်တစ်ပါးကပြန်ပြောတဲ့စကား
“ဟေ့ကောင် တိုးတိုးပြောကွ မင်းအဖေကြီးကမအိပ်သေးဘူး"ဆိုပဲ
ဒီတော့မှ တို့ဖခင်ကျော်
မေတ္တာဖော်ကာ အတွေးမိ
ကိုရင်လေးများအပေါ်အချစ်အတိ
“ကြည့်ချင်လျက်ပါနဲ့ငါ့ကိုကြောက်လို့
တိတ်ဆိတ်ဘိ
ငါအအိပ်ကိုစောင့်နေမိကြ
ခြင်ထောင်ထဲဝင်မီးမှိတ်ကာ အိပ်ချင်ယောင်ဆောင်မှ"တဲ့
သြော်--- မေတ္တာအဆံ
နားလည်မှု၏ရင်ခုန်သံ
စာနာဖေးမမှု၏ပီတိအနှံ
ကြည်ညိုစရာထေရ်ဖခင်၏
ဂုဏ်ပုဒ်များစွာကျန်ခဲ့ပါပေါ့
အကာနဲ့အနှစ်
အရွယ်နဲ့စစ်ယူ
သစ်ပင်ကိုနမူနာထူထား
အနှစ်မရှိခင် အသုံးမဝင်ဘူးဆိုပြီးခုတ်ကာသတ်လှဲတော့
ဘယ်မှာအနှစ်ရလိမ့်
အကာ မှနေ အနှစ်
စောင့်ရချိမ့်အချိန်များကိုစစ်
အနှစ်ပြည့်ချိန်ဖြစ်တော့
တန်ဖိုးဝင်အဖိုးမဖြတ်နိုင်သော
အလှသစ်လိမ့်မပေါ့
ဒီစကားကလည်းထေရ်ဖခင်မိန့်ခြွေသောစကား
မေတ္တာအားကရုဏာထွားမုဒိတာများ
အလှစစ်သောစကားများကိုစာစီဖွဲ့
ဖတ်မကောင်းလျှင်တော့မိမိအပေါ်အပြစ်ဖွဲ့ထား
သာသနာတော်ကိုကြည်ညိုတတ်စေဖို့စာချွန်လွှာပါး
အားလုံးသောသူတော်ကောင်းများတို့၊၊
( အရှင်ခေမိန္ဒ တိပိဋကနိကာယကျောင်းတိုက် မင်းကွန်း)
သည်းခံစိတ်
တစ်ခါက လင်မယား စုံတွဲတစ်တွဲရှိပါတယ်။
ဒီလိုနဲ့နေလာကြရင်း အသက်အရွယ်တွေ
တဖြည်းဖြည်းကြီးရင့်လာလိုက်တာ အဘိုးကြီး၊ အဘွားကြီးအရွယ်ရောက်လာကြပါတယ်။
ထူးဆန်းတာက အမယ်အိုမှာ
သူတို့လက်ထပ်ကတည်းကထင်းရှုးသေတ္တာ
လေးတစ်လုံးရှိပါတယ်။ အဖိုးအိုဖြစ်သူက
အဲဒီ ထင်းရှုးသတ္တာထဲမှာ ဘာရှိလဲလို့
မေးတိုင်း အမယ်အိုက တစ်နေ့တော့
အဖိုးအိုသိအောင် သူမ ဖွင့်ပြပါ့မယ်
လို့ကတိပေးပြီး ဒီလိုနဲ့ပဲ အဖိုးအိုကို
ဖွင့်မပြောခဲ့ပါဘူ့း့။
တစ်နေ့တော့ အမယ်အိုဟာ
ကင်ဆာရောဂါကြောင့် ဆရာဝန်ကတောင် လက်လျော့ရတဲ့အခြေအနေ
ရောက်လာပါတယ်။ ဒီလိုနဲ့ အိပ်ယာထဲမှာ
လှဲလျောင်းနေရင်း ယောကျာင်္းဖြစ်သူ
အဖိုးအိုကို သူမရဲ့သေတ္တာလေးကို
ကုတင်အောက်ကနေယူခိုင်းလိုက်ပါတယ်။
ဒါနဲ့ အဖိုးအိုက သေတ္တာလေးကို
အမယ်အိုလက်ထဲ ထည့်ပေးလိုက်ပါတယ်။
'' ကဲ့ရှင့့်သိချင်နေတဲ့
ဒီသေတ္တာလေးကို ဖွင့်ကြည့်လိုက်ပါတော့''
အဖိုးက အဲ့သေတ္တာလေးကို ဖွင့်လိုက်တဲ့အခါ
လက်လုပ်အရုပ်ကလေးနှစ်ရုပ်နဲ့
ပေါင် ၃၀၁၀၀ တိတိထွက်လာပါတယ့်
ဒါနဲ့ အဖိုးအိုက အမယ်အိုရဲ့လက်ကို
ဖွဖွလေးကိုင်ရင့်း့
'' ဒီပိုက်ဆံတွေက
ဘယ်လိုလုပ်ရတာလဲရှင်မရယ့်
ပြီးတော့ ဒီအရုပ်ကလေးနှစ်ရုပ်ရဲ့
အဓိပ္ပါယ်ကကော ''
အဖိုးအိုက အဲ့ဒီလိုမေးတော့
အမယ်အိုက ဒီလိုပြန်ဖြေပါတယ့်
'' ရှင်နဲ့ လက်ထပ်တဲ့နေ့က ကွုန်မရဲ့အမေက
ကွုန်မကိုဆုံးမတယ့်
ဒီမှာသမီးတဲ့ အိမ်ထောင်တစ်ခုဟာ
ထူထောင်ပြီးယင် တစ်သက်လုံးခိုင်မြဲဖို့ဆိုတာ မလွယ်ပါဘူးတဲ့ ဒီလိုခိုင်မြဲဖို့ဆိုတာ နှစ်ဦးသား စိတ်ကတောက်ကဆဖြစ်တဲ့အခါ
ဘာမဟုတ်တဲ့ပြဿနာလေးနဲ့
အိမ်ထောင်ကွဲတက်တယ် သမီး တဲ့
အဲ့လို မဖြစ်အောင် သမီးတို့
စိတ်ဆိုးစိတ်ကောက်ဖြစ်တိုင်း ဟော့ဒီ
အရုပ်လေး တွေလုပ်ပြီး
စိတ်ဖြေပါသမီးရယ်တဲ့ ''
အမယ်အိုရဲ့စကားလည်းဆုံးရော
အဖိုအိုရင်ထဲမှာ လှိုက်ခနဲဖြစ်သွားပါတယ့်
ဒါနဲ့အမယ်အိုရဲ့လက်လေးကို
တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ရင်း
အဖိုးအိုက ပြန်မေးမိတယ့်
'' ဒါဆို ဒီသေတ္တာလေးထဲက
အရုပ်နှစ်ရုပ်ပဲရှိတယ်ဆိုတော့
ကိုယ်တို့လင်မယားသက်တမ်းမှာ စိတ်ဆိုးစိတ်ကောက်ရန်ဖြစ်ခဲ့တာ
နှစ်ကြိမ်ပဲ ရှိတာပေါ့နော့်
နောက်ပြီး ဒီပိုက်ဆံတွေကကော
ဘယ်လိုလုပ်ရတာလဲဟင် ''
ဒါနဲ့ အဖွားအိုက ပြန်ဖြေလိုက်ပါတယ့်
'' ဖေကြီးရယ့်ကွုန်မမရှိတော့တဲ့နောက်ပိုင်း
ဒီငွေတွေနဲ့ရင်းနှီးလုပ်ကိုင် စားသောက်ပါနော် အင့်း့တကယ်တော့ ဒီပိုက်ဆံတွေဟာ
အရုပ်ကလေးတွေ ရောင်းရတဲ့ ပိုက်ဆံတွေပါပဲရှင် ''
(ဘာမဟုတ်တဲ့ပြဿနာလေးနဲ့ကမ္ဘာပေါ်မှာ
ရှိတဲ့ လင်မယားတိုင်းမကွဲကြ စေလိုပါ့
ကဲ့
ဒီပုံပြင်လေးထဲကအမယ်အိုလို
သည်းခံစိတ်မွေးကြပါစို့နော်)
ဒီလိုနဲ့နေလာကြရင်း အသက်အရွယ်တွေ
တဖြည်းဖြည်းကြီးရင့်လာလိုက်တာ အဘိုးကြီး၊ အဘွားကြီးအရွယ်ရောက်လာကြပါတယ်။
ထူးဆန်းတာက အမယ်အိုမှာ
သူတို့လက်ထပ်ကတည်းကထင်းရှုးသေတ္တာ
လေးတစ်လုံးရှိပါတယ်။ အဖိုးအိုဖြစ်သူက
အဲဒီ ထင်းရှုးသတ္တာထဲမှာ ဘာရှိလဲလို့
မေးတိုင်း အမယ်အိုက တစ်နေ့တော့
အဖိုးအိုသိအောင် သူမ ဖွင့်ပြပါ့မယ်
လို့ကတိပေးပြီး ဒီလိုနဲ့ပဲ အဖိုးအိုကို
ဖွင့်မပြောခဲ့ပါဘူ့း့။
တစ်နေ့တော့ အမယ်အိုဟာ
ကင်ဆာရောဂါကြောင့် ဆရာဝန်ကတောင် လက်လျော့ရတဲ့အခြေအနေ
ရောက်လာပါတယ်။ ဒီလိုနဲ့ အိပ်ယာထဲမှာ
လှဲလျောင်းနေရင်း ယောကျာင်္းဖြစ်သူ
အဖိုးအိုကို သူမရဲ့သေတ္တာလေးကို
ကုတင်အောက်ကနေယူခိုင်းလိုက်ပါတယ်။
ဒါနဲ့ အဖိုးအိုက သေတ္တာလေးကို
အမယ်အိုလက်ထဲ ထည့်ပေးလိုက်ပါတယ်။
'' ကဲ့ရှင့့်သိချင်နေတဲ့
ဒီသေတ္တာလေးကို ဖွင့်ကြည့်လိုက်ပါတော့''
အဖိုးက အဲ့သေတ္တာလေးကို ဖွင့်လိုက်တဲ့အခါ
လက်လုပ်အရုပ်ကလေးနှစ်ရုပ်နဲ့
ပေါင် ၃၀၁၀၀ တိတိထွက်လာပါတယ့်
ဒါနဲ့ အဖိုးအိုက အမယ်အိုရဲ့လက်ကို
ဖွဖွလေးကိုင်ရင့်း့
'' ဒီပိုက်ဆံတွေက
ဘယ်လိုလုပ်ရတာလဲရှင်မရယ့်
ပြီးတော့ ဒီအရုပ်ကလေးနှစ်ရုပ်ရဲ့
အဓိပ္ပါယ်ကကော ''
အဖိုးအိုက အဲ့ဒီလိုမေးတော့
အမယ်အိုက ဒီလိုပြန်ဖြေပါတယ့်
'' ရှင်နဲ့ လက်ထပ်တဲ့နေ့က ကွုန်မရဲ့အမေက
ကွုန်မကိုဆုံးမတယ့်
ဒီမှာသမီးတဲ့ အိမ်ထောင်တစ်ခုဟာ
ထူထောင်ပြီးယင် တစ်သက်လုံးခိုင်မြဲဖို့ဆိုတာ မလွယ်ပါဘူးတဲ့ ဒီလိုခိုင်မြဲဖို့ဆိုတာ နှစ်ဦးသား စိတ်ကတောက်ကဆဖြစ်တဲ့အခါ
ဘာမဟုတ်တဲ့ပြဿနာလေးနဲ့
အိမ်ထောင်ကွဲတက်တယ် သမီး တဲ့
အဲ့လို မဖြစ်အောင် သမီးတို့
စိတ်ဆိုးစိတ်ကောက်ဖြစ်တိုင်း ဟော့ဒီ
အရုပ်လေး တွေလုပ်ပြီး
စိတ်ဖြေပါသမီးရယ်တဲ့ ''
အမယ်အိုရဲ့စကားလည်းဆုံးရော
အဖိုအိုရင်ထဲမှာ လှိုက်ခနဲဖြစ်သွားပါတယ့်
ဒါနဲ့အမယ်အိုရဲ့လက်လေးကို
တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ရင်း
အဖိုးအိုက ပြန်မေးမိတယ့်
'' ဒါဆို ဒီသေတ္တာလေးထဲက
အရုပ်နှစ်ရုပ်ပဲရှိတယ်ဆိုတော့
ကိုယ်တို့လင်မယားသက်တမ်းမှာ စိတ်ဆိုးစိတ်ကောက်ရန်ဖြစ်ခဲ့တာ
နှစ်ကြိမ်ပဲ ရှိတာပေါ့နော့်
နောက်ပြီး ဒီပိုက်ဆံတွေကကော
ဘယ်လိုလုပ်ရတာလဲဟင် ''
ဒါနဲ့ အဖွားအိုက ပြန်ဖြေလိုက်ပါတယ့်
'' ဖေကြီးရယ့်ကွုန်မမရှိတော့တဲ့နောက်ပိုင်း
ဒီငွေတွေနဲ့ရင်းနှီးလုပ်ကိုင် စားသောက်ပါနော် အင့်း့တကယ်တော့ ဒီပိုက်ဆံတွေဟာ
အရုပ်ကလေးတွေ ရောင်းရတဲ့ ပိုက်ဆံတွေပါပဲရှင် ''
(ဘာမဟုတ်တဲ့ပြဿနာလေးနဲ့ကမ္ဘာပေါ်မှာ
ရှိတဲ့ လင်မယားတိုင်းမကွဲကြ စေလိုပါ့
ကဲ့
ဒီပုံပြင်လေးထဲကအမယ်အိုလို
သည်းခံစိတ်မွေးကြပါစို့နော်)
သြော် အတော်ကြာ
တရားစာပေတွေ Blog Post ပေါ်မတင်တာအတော်ကြာသွားပြီ မဖွင့်ပဲပြစ်ထားတာကြာလို့ဖြစ်မယ် ပက်စ်ဝက်တွေမေ့လို့ Recovery ပြန်လုပ်လိုက်ရတယ် အခုတော့ ပက်စ်ဝက် အသစ်နဲ့ပေါ့ ကဲ
အခုကစပြီး တရားစာပေ ဖြန့်ချီပါပြီ ခင်များ
အခုကစပြီး တရားစာပေ ဖြန့်ချီပါပြီ ခင်များ
Subscribe to:
Posts (Atom)