Friday, June 5, 2015
သံဝေဂ၀တ္ထု (၈)ပါး "
အမိဝမ်းခေါင်း - ဆယ်လညောင်းမျှ
အောင်းခဲ့ရချေ - တည်သန္ဓေနှင့်
လူ့ပြည်လူ့ရွာ - ရောက်ပြန်ပါလည်း
အို နာ သေရေး - ဒုက္ခဘေးကြောင့်
စိတ်အေးကိုယ်ခိုင် - မနေနိုင်ခဲ့
ဆိုင်ဆိုင်ဒုက္ခ - ခံပြီးမှလည်း
များလှပါယ်ရွာ - ရောက်ကြရှာ၏။
အတီတရှေး - ဤ၀ဋ်ဘေးကြောင့်
နောင်ရေးနာဂတ် - ဒုက္ခထပ်လိမ့်
မပြတ်ခုခါ - ဖြစ်တုံပါလည်း
အစာရှာရ - ထိုဒုက္ခကြောင့်
နေ့ညမဟူ - စိတ်ကပူ၍
သူသူငါငါ - မသက်သာသည်
ရှစ်ဖြာသံဝေ - ရကြောင်းတည်း ... ။
(မဟာဂန္ဓာရုံ ဆရာတော်)
သာသနာကွယ်ကြောင်း တရား (၅) ပါး
> အင်္ဂုတ္တိုရ်လာ၊ သာသနာကွယ်ကြောင်း၊ တရားပေါင်းကား၊ ရဟန်းများတို့၊ တရားမနာ၊ စာပေမသင်၊ နှုတ်တွင်မဆောင်၊ သိအောင်မမှတ်၊ ဓမ္မာနုဓမ္မ၊ ပဋိပတ်ကွာ၊ ဤငါးဖြာတည်း...။
> နောင်လာထို့ပြင်၊ စာသင်ပယ်လျော၊ ကျယ်မဟောကြ၊ ကျယ်မချနှင့်၊ ကျယ်စွာ့မအံ၊ မကြံမစီ၊ ဤငါးလီတည်း...။
> ၀ါတစ်နည်းမှာ၊ အက္ခရာပုဒ်ပျက်၊ လေ့ကျက်သင်ကြ၊ ဆုံးမ မယူ၊ ဒုဗ္ဗစမူ၊ စာချသူရှား၊ လာဘ်များအောင်ကြံ၊ ခိုက်ရန်ကွဲပြား၊ ဤငါးပါးသည်၊ ဘုရားသာသနာ - ကွယ်ကြောင်းတည်း...။
Monday, February 23, 2015
နိဗ္ဗာန်
ခန္ဓာငါးပါးတို့၏ ဖြစ်ခြင်း ပျက်ခြင်းကို ဆင်ခြင်သုံးသပ်တိုင်း
သုံးသပ်တိုင်း နှစ်သက်ခြင်း ၀မ်းမြောက်ခြင်းကို ရလေ၏။ ထို
နှစ်သက်ဝမ်းမြောက်ခြင်းသည် တရားမှန်ကို သိကုန်သော ပညာရှိတို့အတွက် မသေရာ
(နိဗ္ဗာန်) မည်၏။ (နိဗ္ဗာန်ရောက်ကြောင်းဖြစ်၏။)
- Whenever he sees with insight the rise and fall of the aggregates, he is full of joy and happiness. To the discerning one this reflects the Deathless.
- Whenever he sees with insight the rise and fall of the aggregates, he is full of joy and happiness. To the discerning one this reflects the Deathless.
ချမ်းသာချင်ရင်
သတ္တ၀ါတို.သည် ချမ်းသာကို အလိုရှိကုန်၏၊ မိမိ၏
ချမ်းသာကို ရှာလျက် သူတစ်ပါးတို.ကို တုတ် လှံတံဖြင့်
မညှင်းဆဲသော သူသည် တမလွန်ဘ၀၌ လူ၊ နတ်၊ နိဗ္ဗာန်
သုံးတန်သော ချမ်းသာကို ရလေ။
ချမ်းသာကို ရှာလျက် သူတစ်ပါးတို.ကို တုတ် လှံတံဖြင့်
မညှင်းဆဲသော သူသည် တမလွန်ဘ၀၌ လူ၊ နတ်၊ နိဗ္ဗာန်
သုံးတန်သော ချမ်းသာကို ရလေ။
- One who,
while himself seeking happiness,
does not oppress with violence
other beings who also desire happiness,
Will find happiness hereafter.
while himself seeking happiness,
does not oppress with violence
other beings who also desire happiness,
Will find happiness hereafter.
ဖယောင်းတိုင်တတိုင်၏ဒဿန
ထောင်နှင့်ချီသော ဖယောင်းတိုင်များကို တစ်တိုင်တည်းသော ဖယောင်းတိုင် တတိုင်မှ ညှိယူ၍ ရသကဲ့လို ထိုဖယောင်းတိုင်၏ သက်တန်းမှာ ထူး၍တိုမသွားပေ။ မိမိ၏ ပျော်ရွှင်မူများကို တပါးသူအား မျှဝေခံစားခြင်းဖြင့်လည်း မိမိ၏ပျော်ရွှင်များမှာ လျော့နည်းသွားမည်မဟုတ် တိုး၍ပင်လာပေဦးမည်။ ထိုနည်းတူစွာပင် အလှူဒါနပြုခြင်းသည်လည်း ဒါနပြုလျှင် မိမိဥစ္စာများ ကုန်ခမ်းသွားတတ်သည်ဟု မျက်စိတစ်ဆုံး မကြည့်တတ်သူများ ကပြောဆိုကြသည်။ ဥပမာဆောင်ရလျှင် ရေရှားသော အညာဒေသတချို့တွင် တစ်တောင်ခန့် နက်သော လက်ယက်ရေတွင်းလေးများ ရှိကြသည်။ ထိုရေတွင်းလေးများမှ ရေကို ခပ်လိုက်လျှင်လည်း ရေမှာသိသာစွာလျော့မသွားချေ တဖန်လျော့သွားမည်စိုး၍ မခပ်လျင်လည်း ထို့အတူပင်။ ဒါနပြုလုပ်ခြင်းသည်လည်း ထိုနည်းတူဖြစ်သည်။ လျော့သွားမည်စိုး၍ မပြုညားအံ ထူးခြားစွာမပြောင်းလဲပေ။ စေတနာသုံးတန် ပြတ်သားစလှူသူတို့တွင်လည်း သိသာစွာလျော့မသွားသည့်အပြင် ရတနာသုံးပါး ကျေးဇူးဖြင့် ပို၍ပင်တိုးပွားလာပေလိမ့်မည်။
ကြိုးစားပါ
မိမိ၏ အတိတ်တွင် ခက်ခဲမူများ မည်မျှပင်ရှိမေစေကာမူ အလွယ်တကူ
အရှုံးမပေးသင့်ပေ။ အကြိမ်တစ်ရာ ရှုံးနိမ့်ပါက တစ်ရာ့တစ်ကြိမ်မြောက်
ထပ်မံကြိုးစားပါဟု မြတ်စွာဘုရားက ဟောကြားခဲ့ပါသည်။
Monday, February 16, 2015
ဝေဠုဒွါရေယျသုတ်
အခါတပါး၌ မြတ်စွာဘုရားသည် ဒေသစာရီကြွချီတော်မူရာ ဝေဠုဒွါရဘပုဏ္ဏားတို့ရွာသို့ရောက်တော်မူလေ၏ ရွာမှအကြီးအကဲကမြတ်စွာဘုရားအား
''မြတ်စွာဘုရား တပည့်တော်တို့သည် အိမ်ရာတည်ထောင်၍နေကြ သောသူတို့သည် အရှင်ဘုရားတို့လိုဆွမ်းခံစားတာမဟုတ်တော့ ရွှေ ငွေ ကိုလည်းမစွန့်နိုင်ပါ သားမယားတို့ကိုလည်းမစွန့်နိုင်ပါ အဝတ်ကောင်းကိုလည်းဝတ်လိုပါသည် အစားကောင်းကိုလည်းစားလိုပါသည် သနပ်ခါးလည်းလိမ်းလိုပါသည် ပန်းကိုလည်းပန်ချင်ပါသည် ပွဲလည်းကြည့်လိုပါသည် တောတောင်ကိုလည်းမထွက်လိုပါ သေတဲ့အခါလည်းအပယ်လေးပါးသို့မကျလိုပါ နတ်ပြည်သို့လည်းရောက်လိုပါသည် သို့အတွက်သင့်တော်မည့်တရားတော်ကိုဟောကြားတော်မူပါဘုရား"လို့လျှေက်တင်ပါတယ်
ဒီတရားဟာ အိမ်ရာတည်ထောင်နေသောသူတွေနှင့်အင်မတန်သင့်တော်သောတရားကောင်းပါပဲ ဒီပုဏ္ဏားကိုပညာရှိတယ်ခေါ်ရမယ် အဲ့တော့မြတ်စွာဘုရားက ဘယ်လိုမိန့်လဲဆိုတော့...
"ပုဏ္ဏားတောင်းတဲ့အတိုင်းဖြစ်စေရပါမယ် ရွှေငွေလည်းမစွန့်ရပါဘူး တောလည်းမထွက်ရပါဘူး အဝတ်ကောင်းလည်းဝတ်ရပါမယ် အစားကောင်းလည်းစားရပါမယ် သနပ်ခါးလည်းလိမ်းရပါမယ် ပန်းလည်းပန်ရပါမယ် ပွဲလည်းကြည့်ရပါမယ် သေတဲ့အခါပယ်လေးပါးလည်းမကျစေရပါ နတ်ပြည်သို့လည်းရောက်ရပါစေမယ် သို့သော် ငါဘုရားဟောကြားတဲ့အတိုင်းကျင့်ကြံရပါမယ်" လို့မိန့်ပါတယ်
ပုဏ္ဏားကလည်းကျင့်ကြံပါမယ်ဆိုေ့ မြတ်စွာဘုရားက
"၁- ငါ့ကိုသတ်လျှင် ငါမခံချင်သကဲ့သို့သူတပါး၏အသက်ကို သတ်ချင်းကိုရှောင်ကြဉ်ရမည်ဟုကျင့်ရမည်
၂- ငါ့ဥစ္စာခိုးလျှင် မခံချင်သလိုသူတပါးဥစ္စာခိုးယူချင်းကိုရှောင်ကြဉ်ပါမည်ဟုကျင့်ရမည်
၃-ငါ့သားမယားကိုတပါးသူကမှားယွင်းလျှင်မခံချင်သကဲ့သို့ သူတပါးသားမယားကိုပြစ်မှားချင်းကိုလည်းရှောင်ကြဉ်ပါမည်ဟုကျင့်ရမည်
၎-ငါ့ကိုသူတပါးကလိမ်ပြောလျှင်မကြိုက်သလို သူတပါးကိုလိမ်လည်ချင်းကိုလည်းရှောင်ကြဉ်ပါမည်ဟုကျင့်ရမည်
၅-ငါသည်သူတပါး သောက်စားမူးယစ်တာကိုမြင်လျှင် မကြည်ညိုသလို ငါသောက်စားမူးယစ်ချင်းအားလည်းသူတပါးက ဘယ်ကြည်ဖြူပါ့မလဲ သို့တွက်ငါသည် သောက်စားမူးယစ်ချင်းမှရှောင်ကြဉ်ပါအံဟုကျင့်ရမည်" ဟူ၍မိန့်ကြားခဲ့ပါသည်
Subscribe to:
Posts (Atom)