Saturday, October 10, 2015

သတိ ချုပ်ထား မြတ်တရား


သတိဥာဏ်ယှဉ်
သမ္ပဇဉ်ကား------

အလုပ်တစ်ခုပြု
တော့ မည်ဆို
တင်ကြိုသတိ
ဥာဏ်မျက်စေ့ ဖြင် 
ကျိုးရှိ  မရှိမြင်
အောင်ကြည့် ရှိမှ
ပြုကျင့် ပါ။

အလုပ်တစ်ခုပြု
မည့် ဆဲဆဲ
ခွဲခြမ်းတတ်အပ်
ဥာဏ်ဓါးမြတ်ဖြင့် အပ်၏မအပ်
ကိုယ်ချင်းစပ်
အပ်မှပြုကျင့် ပါ။

အလုပ်တစ်ခုပြုလုပ်နေစဉ်
ိကိုယ်ဝင်ကျက်
စား  သူ့ အထားသို့ 
စိုက်အားအပြည့် 
သမာဓိဖြင့် မိ၏မမိသုံးသပ်
ကြည့် မိမှဆက်
လုပ်ပါ။

ဆိုပြီးလေးလီ
သင့် ဥာဏ်ရည်
ကား
လောကီ
လောကုတ်
အလုပ်မှန်သမျှ
အသုံးကျ၏
ကင်းပအပြစ်
ပွားသစ်အကျိုး
မညှိုးမညို
ပန်လိုသူများ
လက်ကိုင်ထားကာကြိုးစားရာ
သည်
မေတ္တာရှင်၏
အမှာတော်။

ကျေးဇူးတော်ရှင်
မဟာဗောဓိမြိုင်
ဆရာတော်ဘုရားတော်ကြီ့း

No comments: