Saturday, October 10, 2015

မလွတ်​တန်​ရာဝဋ်​ကြမ္မာ ဆိတ်တစ်ကောင်အကြောင်း..


    အတိတ်က ဗာရာဏသီပြည်မှာ ဒိသာပါမောက္ခဆရာကြီးတစ်ဦး ရှိတယ်..... သူက တစ်နေ့ ဆွမ်းသွပ်ဖို့ ဆိုပြီး ဆိတ်တစ်ကောင်ကို ရှာထားတယ်။

    #အဲ့ဒီဆိတ်ဟာဘ၀ကိုပြန်သိတဲ့ဥာဏ် ရတော့ ... #ငါတော့ဒီနေ့အသတ်ခံရတဲ့ဒုက္ခမှလွတ်မြောက်တော့မယ်.. လို့.သိပြီး ရယ်တယ်။

   ပြီးတော့ တစ်ခါ #အင်းဒီပုဏ္ဏားတော့ငါ့သတ်ပြီးရင်ငါရတဲ့ဒုက္ခမျိုးရဦးမှာပဲ... ဆိုပြီး ပုဏ္ဏားအပေါ် သနားဂရုဏာနဲ့ ငိုသတဲ့ ။

    အဲ့ဒီလို .. ရယ်လိုက် ငိုလိုက် ဖြစ်နေတဲ့ ဆိတ်ကို ပုဏ္ဏား က မေးသတဲ့..

ထိုအခါ ..ဆိတ်က.. ..** အကျွန်ုပ်သည် ရှေးက သင်ပုဏ္ဏားကြီးလိုပဲ ဆွမ်းသွပ်ဖို့ ဆိုပြီး ဆိတ်တစ်ကောင် သတ် လှူခဲ့ပါတယ် ။ .... အကျွန်ုပ်ဟာ ဆိတ်တစ်ကောင်ကို လည်လှီးပြီးသတ်ခဲ့တဲ့ အတွက် ၄၉၉ ဘ၀ လည်လှီး အသတ်ခံခဲ့ရပြီးပါပြီ .။    ......    ယခုဘ၀ဟာ ဘ၀ငါးရာပြည့်မယ့်ဘ၀ပါ..။    ဒီနေ့လည်လှီး သတ်ခံရပြီးရင် အကျွန်ုပ် ဒုက္ခ မှလွတ်ပါပြီ..။     အဲ့ဒီအတွက် ၀မ်းသာမိ၍ ရယ်ပါတယ်  ။

    ငိုရခြင်းမှာ အကျွန်ုပ် လည်လှီးသတ်မိတဲ့အတွက် ဘ၀ပေါင်း ၅၀၀ ဒုက္ခပြန်ခံခဲ့ရသလို..  ယခု အသင်ပုဏ္ဏားကြီးသည်လည်း လည်လှီး သတ်မည်ဖြစ်၍ ငါ့လို ဒုက္ခမျိုး အသင်ပုဏ္ဏားကြီး လည်း ပြန်ခံရမည် ကို သနားမေတ္တာ ကရုဏာဖြစ်မိ၍ ငိုရခြင်းဖြစ်တယ်.....
လို့ ပြန်ဖြေတယ်..

ထိုအခု ပုဏ္ဏားကြီးက #မကြောက်နဲ့ သင့်ကို ငါမသတ်ဘူး... လို့ပြောတယ်။

   အဲ့ဒီလိုပြောတော့ ဆိတ်က ** ပုဏ္ဏားကြီး .. သင်သတ်သည် ဖြစ်စေ.. မသတ်သည်ဖြစ်စေ.. ယနေ့ အကျွန်ုပ် သေဘေးမှ မလွတ်တော့ပါ..   ဟု ပြန်ပြောလေတယ်။

   ဒီတော့ ပုဏ္ဏားကြီးက ** မကြောက်နဲ့ သင့်ကိုငါ စောင့်ရှောက်မယ်..  .  ... ဆိုပြီး .. ဆိတ်နဲ့အတူ ဆိတ်ကျောင်းလေသည်..။

    အဲ့ဒီအခါ ဆိတ်က သင့်ရဲ့အစောင့်အရှောက်က နည်းလှပါတယ်..။    အကျွန်ုပ် ပြုထားတဲ့ အကုသိုလ် ကံကများလှပေတယ်.. ...
....
   အဲ့ဒီလိုပြောတော့ ပုဏ္ဏားကြီးက ဆိတ်ကိုလွှတ်ပြီးတော့ .. ဆိတ်ကျောင်းလေသည်....

   ပုဏ္ဏားကြီးလက်ကလွတ်တယ်ဆိုရင်ပဲ  ဆိတ်ဟာ ကျောက်ဖျာကိုမှီ ပေါက်နေတဲ့ ချုံ ကို ဦးခေါင်းမော့ပြီး စားဖို့ ကြိုးစားနေတုန်း.. မိုးကြိုး ပစ်ချလိုက်တယ်... ကျောက်လွှာပဲ့ပြီး ဆိတ်လည်ပင်း ပြတ် လေသတဲ့  ... ..
  ထိုဆိတ်ပြုထားခဲ့တဲ့ အကုသိုလ် ကံရဲ့. မကောင်းကျိုး ပေးပုံလေးပေါ့..

ဒါကြောင့် လှံထမ်းလာတာ သာမြင်ရတယ်... ကံထမ်းလာတာ မမြင်ရဘူး.. ဆိုသလိုပေါ့..

ဒါကြောင့် မဃဒေ၀လင်္ကာမှာ မာန်လည်ဆရာတော်ဘုရားကြီးက

ပုဗ္ဗေရှေးက ပြုခဲ့ကြသည့် .. ပါပအကျိုး ထိုကံဆိုးကြောင့် မိုးကြိုးကျရာ ခံမိစွာခဲ့ သံသရာရှည်ဓွန့် ဘယ်မစွန့်ဘူး... လို့ လင်္ကာစီခဲ့ လေသည်..။

No comments: