Thursday, November 27, 2014

ရင်တွင်းခံစားချက်

~ ရင်ဘတ်ကြီးတွေ ဖွင့်ပြချင်တယ်
အချိန်ပေါင်းများစွာ ထိုးနှက်ခံထားရတဲ့
ဒဏ်ရာ ဒဏ်ချက်တွေ ။
~သေလောက်အောင်နာကျင်ခဲ့ကြပေမဲ့
အဲ့ဒီ နာကျင်ချင်းတွေကပဲ
ဘ၀မှာ အားဆေးဖြစ်စေခဲ့တယ်။

~ကိုယ့်အသံ ကိုယ်မျိုချ
ကိုယ့်မကျနပ်ချက်တွေ ကိုယ်မျိုချရင်း
ကျွန်တော်တို့
တပည့်ကောင်းတစ်ယောက်ပီသအောင်
ကြိုးစားခဲ့ကြပါတယ်။
~ဒီအပင်မှာနေ ဒီရေကိုသောက်
ဒီအသီးကိုစား
ဒီအပင်မှာကြီးပြင်ရတဲ့ ငှက်တွေပါ။
အရိပ်တစ်ခုမှာ ကြီးပြင်းရတဲ့သူ အချင်းချင်း
မထိုးမဆိတ်ကြပါနဲ့တော့။
~ထိုးဆိတ်ခံရတဲ့ ငှက်တွေလည်းအများကြီး
ထိုးဆိတ်ဓံ မခံနိုင်လို့ ပြေးကြတဲ့
ငှက်တွေလည်းအများကြီး
ထိုးဆိတ်ခံရဦးမဲ့ ငှက်တွေကလည်း
ဒူးနဲ့ဒေးပါလား
မရက်စက်ကြပါနဲ့တော့။
~နေစဥ့်နဲ့အမျှ တောင်ပံခက်သံ
ထိုးဆိတ်သံတွေနဲ့ ဝေဆာနေတဲ့
ဒီသစ်ပင်ကြီးမှာ အသီးတွေလည်း မသီးနိုင်သလို
အရွက်တွေလည်း မဝေနိုင်တော့ဘူးပေါ့။
~ဒီအခြေအနေ နှင့် ဒီအဖြေတွေကို
တည်ငြိမ်အေးချမ်းမှု နဲ့ 
စိတ်ငြိမ်မှုကို လိုလားပြီး
ပြုစုပျိုးထောင် စိုက်ပျိုးခဲ့တဲ့
ဥယျာဉ်မှူးသိရင် ရင်ကွဲနာကျရချေရဲ့။
~အေးချမ်းမှု နဲ့ စိတ်ငြိမ်မှုဆိုတာ
ညီညွတ်မှုနဲ့ လဲရတယ်ဆိုတာ
မသိလေရော့သလား, မေ့လျော့နေလေသလား
အတွေးကမ္ဘာနယ်ချဲ့၍
အိပ်မောကျခဲ့တဲ့ ညတွေလည်း မနည်းတော့။
~လုပ်ရပ်တွေ မပြောင်လဲနိုင်သရွေ့
ရလဒ်တွေလည်းပြောင်းလဲနိုင်မှာ
မဟုတ်ပါဘူး။
~ရလဒ် အကျိုးတွေ မလိုချင်လို့
ခဏခဏစွန့်ပစ်နေမဲ့အစား
ရလဒ်ဆိုးတွေ မထွက်အောင်
လုပ်ရပ်ဆိုးတွေ
ခဏနား
အခြခံ
အကြောင်းတရားကို စဉ်းစားကြပါစို့လို့လား။
အရှင်စန္ဒာသိရီ ( ပတ္တမြားရိပ်သာ )
26.11.2014- WED
2:12 AM.

No comments: