Thursday, November 27, 2014

" ဘ၀ဥယျာဉ်မှူး "

} ပျိုးချပန်းခင် ရနံ့သင်း၍
ဆင်းကျက်သရေ အလှဝေအောင်
ရေလောင်းပေါင်သင် မြတ်သစ်ပင်ကို
အစဉ်တောက်လျှောက် သြဇာရောက်ဖို့
တစ်ထောက်မနား စွမ်းပကားဖြင့်
အားထားကြည်နူး ဥယျာဉ်မှူး။

} လောကတစ်ခွင် အလှဆင်၍
ရှင်သန်နိုးကြား ဂုဏ်ငွေရှားလည်း
သင်ကြားပညာ ထူးချွန်ပါလျှင်
ရင်မှာပီတိ ဂွမ်းဆီထိသို့
နေ့ရှိသမျှ ဤလောကကို
အလှပေါင်းစုံ ပြီးပြည့်စုံအောင်
ခိုလုံတပည့်တွေ ပညာဝေခဲ့။
} အနေကြာညောင်း နှစ်တွေဟောင်းလည်း
ပညာပေးနေ သင်ကြားနေမှာ
ဘ၀ဥယျာဉ်မှူး ဆရာထူးကို
ကြည်နူးရင်မှာ ဦးညွတ်ပါသည်။
ပန်းသွေး။
ပတ္တမြားရိပ်သာ ဆရာတော်ဘုရား ကြီး
ဆရာ ဦးမဏ္ဍလ
ဆရာ ဦးကောသလ္လ တို့နှင့်
ဆရာသမား များအား ပူဇော်၍ ဦးညွတ်ပါသည်။
တပည့် အရှင်စန္ဒာသိရီ ( ပတ္တမြားရိပ်သာ )

No comments: