Thursday, November 27, 2014

ယုံသင့်မှယုံမည်


ထိုအချိန်ကဘုရားအလောင်းတော်သည် ဗာရာ
ဏသီမြို့တော်တွင် သူဌေးတစ်ယောက်ဖြစ်ခဲ့
၏။ အလောင်းတော်သူဌေးသည် ဘုရင့်နန်း
တော်သို့ အခစားဝင်ရန်ထွက်လာသည့်အခါ
တိုင်း ကောင်းပေ့ဆိုသော တောက်ပြောင်ဝင်း
လက်သည့် အ၀တ်ပုဆိုးများကိုသာ ၀တ်ဆင်
လာလေ့ရှိ၏။ ရတနာမျိုးစုံတို့ဖြင့်ပြုလုပ်ထား
သော လက်ဝတ်တန်ဆာများကိုလည်းဝတ်
ဆင်လာလေ့ရှိ၏။
ရွှေနန်းတော်သို့သွားရာ လမ်းမတစ်နေရာ၌
အရက်ဆိုင်တစ်ဆိုင်ရှိနေ၏။ ထိုဆိုင်ရှေ့မှ
အလောင်းတော်သူဌေးဖြတ်သွားလေတိုင်း
အရက်ဆိုင်ထဲကအရက်သမားတို့သည်
အလောင်းတော်သူဌေးကိုငေးကြည့်နေကြ
၏။ စိတ်တူ သဘောတူ ညှိနှိုင်းထားသည့်
အလား အားလုံးတ တညီတညွတ်တည်း
စူးစူးစိုက်စိုက် ကြည့်တတ်ကြ၏။ သူတို့၏
အရောင်တလက်လက်တောက်ပနေကြ
သော မျက်လုံးအစုံတို့သည်အလောင်း
တော်သူဌေး၏ အ၀တ်ပုဆိုးများပေါ်မှာ
တရစ်ဝဲ၀ဲဖြစ်နေကြ၏။ လက်ဝတ်တန်
ဆာရတနာများကို စူးစိုက်၍နေကြ၏။
အလောင်းတော်သူဌေးကမူရွှေနန်းတော်
သို့အခစားသွားဖို့ကိစ္စကိုသာအဓိကထား
နေရသဖြင့် သူတို့ကိုတစ်စုံတစ်ရာတုံ့ပြန်
ဖို့မကြိုးစားဘဲ ဣနြေ္ဒမပျက်ကျောခိုင်း၍
လာခဲ့ရပေသည်။
တစ်နေ့သောအခါတွင်ကား ထိုအရက်
သမားတို့သည် အရက်ဆိုင်နားသို့
အလောင်းတော်သူဌေးရောက်လာသည်
နှင့်အရက်ဆိုင်မှထွက်လာကြ၍
အို သူဌေးမင်း ရွှေနန်းတော်ကြီးမှာ
ညီလာခံသဘင်ကျင်းပဖို့နည်းနည်းစော
ပါသေးတယ်။ ဆိုင်ထဲကို ခေတ္တခဏ
လေးဝင်စေချင်ပါသေးတယ်ခင်ဗျား။
ဤသို့အားလုံးက ရိုရိုသေသေဖိတ်ခေါ်
လိုက်ကြ၏။ အလောင်းတော်သူဌေးက
လည်း သူတို့၏ထူးခြားလှသောဖိတ်ခေါ်
ချက်ကို အကဲခတ်လိုသဖြင့်သူတို့နှင့်
အတူ လိုက်ပါလာခဲ့လေသည်။
အရက်ဆိုင်ထဲသို့ရောက်လာသောအခါ
ဖိတ်ခေါ်သူတို့က အရက်သမားများအသုံး
ပြုနေကျ ညစ်ပတ်ပေရေနေသည့် စားပွဲ
နားသို့ခေါ်လာကြ၏။ ထိုနေ့မှာတော့
ထိုစားပွဲပေါ်မှာ ပုဆိုးသစ်တစ်ထည်ဖြန့်
ခင်းထား၏။ ထိုပုဆိုးပေါ်မှာအသင့်ပြင်
ဆင်ထားသော အရက်ခွက်များရှိနေ
ကြ၏။ ခွက်ထဲကအရက်များမှာအရက်
အကောင်းစားဖြစ်ကြောင်းပေါ်လွင်လှ
၏။ အရက်အကောင်းစား၏ရနံ့ကလည်း
သင်းပျံ့နေသဖြင့် အနားသို့ရောက်လာ
သူတိုင်း အရက်ခွက်ကိုကောက်၍မြည်း
လိုက်ချင်လောက်အောင် ဆွဲဆောင်၍
နေကြပေ၏။
အရက်သမားတို့သည်အလောင်းတော်
သူဌေးအား အရက်ခွက်များကိုညွှန်ပြ
လျက်
သူဌေးမင်းခင်ဗျား၊ သူဌေးမင်းဟာရွှေ
နန်းတော်ကြီးမှာ ၀င်ထွက်နိုင်သူဖြစ်တာ
ကြောင့် အင်မတန်အရေးပါအရာရောက်
တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ ဒါကြောင့်
ကျွန်တော်တို့ကလည်း သူဌေးမင်းနဲ့
မိတ်ဖွဲ့ချင်တယ်။ ဒါကြောင့်ကျွန်တော်
တို့အားလုံး တည်ခင်းတဲ့အရက်များကို
သုံးဆောင်ပါခင်ဗျား။
ဤသို့ရိုရိုကျိုးကျိုး ဖိတ်ခေါ်လိုက်သည်ကို
အလောင်းတော်ကလည်း အကြောက်
အကန်ငြင်းဆန်ခြင်းမပြုဘဲ
မိတ်ဆွေတို့၊ မိတ်ဆွေတို့က မိတ်ဆွေဖြစ်
ချင်လို့ မိတ်ဖွဲ့တာကို ကျေးဇူးတင်ပါတယ်။
ဒါပေမယ့် အခုတော့ ရွှေနန်းတော်ကြီး
သွားဖို့တာဝန်ရှိနေပါသေးတယ်။ အရက်
သေစာသောက်စားပြီးရွှေနန်းတော်ဝင်
ခွင့်မရှိပါဘူး။ ဒါကြောင့် အပြန်ကျမှ
ဝင်ခဲ့ပါရစေဟု ပန်ကြား၏။
အလောင်းတော်သူဌေး၏ပန်ကြားချက်ကို
အရက်သမားတို့က ကျေကျေနပ်နပ်ပင်
လက်ခံလိုက်ကြ၏။
အသွားတုန်းက ကတိပေးထားခဲ့သည့်
အတိုင်း အလောင်းတော်သူဌေးသည်
နန်းတော်ကအပြန်တွင် အရက်ဆိုင်
ထဲသို့ မပျက်မကွက်ဝင်ခဲ့ပါ၏။ အသင့်
စောင့်ကြိုနေသော အရက်သမားတို့က
လည်း အလောင်းတော်သူဌေးအား
အသင့်ပြင်ဆင်ထားဆဲဖြစ်သောအရက်
စားပွဲသို့ ခေါ်လာခဲ့ကြ၏။ အလောင်း
တော်သူဌေးသည် အရက်ခွက်တို့ကို
စေ့စေ့စပ်စပ်ကြည့်ရှုသုံးသပ်ပြီးလျှင်
ဂါထာတစ်ပုဒ်ရွတ်ဆို၏။ ထိုဂါထာ၏
သဘောအဓိပ္ပါယ်မှာ
အချင်းတို့ အရက်ခွက်တို့သည် အသွား
ခရီးတုန်းကအတိုင်း ခြေရာလက်ရာ
မပျက်ပြည့်မြဲတိုင်း ပြည့်လျက်ရှိကြ၏။
အကယ်၍ ဤအရက်များသည်
အကောင်းပကတိအတိုင်း ဟုတ်မှန်ပါ
က သင်တို့ထဲက တစ်ယောက်ယောက်
တော့ မြည်းမကြည့်ဘဲမနေနိုင်။ ယခု
တော့ ဘယ်သူမှ မသောက်တာထောက်
တော့ ဤအရက်သည် သင်တို့ပြော
သည့်အတိုင်းအကောင်းပကတိမဟုတ်
နိုင်ပြီ။ မူးယစ်မေ့လျော့စေတတ်သည့်
ဆေးတစ်မျိုးခပ်ထားတာဖြစ်သည်။
သည်အတိုင်းမဟုတ်ဘူးဆိုလျှင်သင်တို့
ကိုယ်တိုင် ရှေးဦးစွာမြည်းပြကြပါလော့
ဟူ၍ ဖြစ်ပေသည်။
ဤတွင် အလောင်းတော်သူဌေးမူးယစ်
မေ့လျော့၍ လဲကျသောအခါပါလာသော
အ၀တ်များနှင့် လက်ဝတ်တန်ဆာတို့ကို
ချွတ်ယူရန်စီမံထားကြသော အရက်သမား
အားလုံးတို့သည် လွတ်ရာကျွတ်ရာသို့
ထွက်ပြေးသွားကြကုန်၏။
ငါးရာ့ငါးဆယ်ဇာတ်၊ ဧကကနိပါတ်၊
အာသီ၀၀ဂ်၊ ပုဏ္ဏပါတိဇာတ်။
ဝဏ္ဏသီရိ

No comments: