Friday, November 28, 2014

"အနိစ္စ"


ဤခန္မာကိုယ်သည် အိုမင်း ယိုယွင်းတတ်၏။ အနာရောဂါတို့၏ တည်ရာဖြစ်၏။ အပုပ်ရည် အမြဲ ယိုးစီးပြီး ပုပ်ဆွေး ပျက်စီးတတ်၏။ အသက်ရှင်ခြင်းသည် သေခြင်းလျှင် အဆုံးရှိသည်။

ဤဆန်းကြယ်သည့် ကိုယ့်ကာယကို ကြည့်စမ်းလော့။ ဤကာယသည် အနာရောဂါ ပြည့်နှက်နေ၏။ နာကျင်ကိုက်ခဲ နေ၏။ အထူးထူးအပြားပြား ကြံစည် စိတ်ကူးအပ်၏။ ဤကိုယ်ကာယ၏ တည်တံ့မှုတွင် သက်မှတ်ချက် မရှိပေ။

လူမိုက် လူအသည် ဤဟာ ငါ့သား ဤဟာ ငါ့ဥစ္စာဟု ထင်မှတ်ပြီး ပူပန်ဆင်းရဲ နေရသည်။ ဤခန္မာကိုယ်သည်ပင်လျှင် ကိုယ့်ဟာ မဟုတ်လျှင် ဘယ်သူ့သား၊ ဘယ်သူ့ဥစ္စာဟူသည်မှာ ဟုတ်နိုင်ပါတော့မည်လော။


ပါရဂူ (ဗုဒ္မစကားစာအုပ်မှ ကောက်နုတ်ချက်)

No comments: