Thursday, May 5, 2016

ကိုယ့်ကိုယ်ကို ရှာခြင်း

 
မြတ်စွာဘုရားသည် ဣသိပတနတွင် ဓမ္မစကြာတရား ဟောကြားအပြီး ဗုဒ္ဓဂယာဘက်သို့ ပြန်ကြွလာ တော်မူသည်။ လမ်းခရီး၌ တောအုပ်တစ် အုပ်တွင်းမှ သစ်ပင်တစ်ပင်ရင်းတွင် ခေတ္တအနားယူနေစဉ် လူတစ်အုပ်

 ရောက်ရှိလာသည်။ မဟာကောသလမင်းကြီး၏ သားတော်မင်းသား သုံးဆယ်ပါဝင်သည့် ဘဒ္ဒဝဂ္ဂိယ အုပ်စုတို့ ဖြစ်သည်။
မင်းသားများ


အရှင်ဘုရား၊ အမျိုးသမီး တစ်ယောက်ကို တွေ့လိုက်ပါသလား။
ဘုရား
အသင်တို့က အမျိုးသမီးကို ဘာဖြစ်လို့ လိုက်ရှာနေကြတာ တုန်း၊ အသင်တို့ရဲ့ ပြဿ      နာက ဘာများလဲ၊ ပြောပါဦး။
မင်းသားများ
အဲဒီအမျိုးသမီးကို ဇနီးမရှိတဲ့ မင်းသားအတွက် ငှါးရမ်းလာ
ခဲ့ပြီး တောထဲကို မင်းသားများနဲ့  ဇနီးများ ပျော်ပွဲစား ထွက်ခဲ့
ကြပါတယ်။ သူဟာ လက်ဝတ်ရတနာတွေကို ယူပြေးသွား
တဲ့အတွက် လိုက် ရှာနေကြတာ ဖြစ်ပါတယ် ဘုရား။
ဘုရား
သင်မင်းသားတို့၊ အမျိုးသမီးကို လိုက်ရှာတာရယ်၊ ကိုယ့်ကိုယ် ကို ရှာတာရယ်၊ ဒီနှစ်ခုမှာ ဘယ်ဟာက ကောင်းမြတ်သလဲ။
မင်းသားများ
အရှင်ဘုရား၊ သူများကို ရှာတာထက် ကိုယ့်ကိုယ်ကို ရှာတာက ပိုကောင်းမြတ်ပါတယ်ဘုရား။
ဘုရား
အေး၊ အဲဒါဆိုရင် ထိုင်ကြ၊ ငါတရားဟောမယ်။
မြတ်စွာဘုရားသည် မင်းသားများ၏ စိတ်ဓါတ်များ ဖြူစင်သွားစေရန် မှတ်လွယ်သော တရားများကို ဦးစွာ ဟောကြားတော်မူသည်။ စိတ်
များ ကြံ့ခိုင်လာပြီဆိုမှ သစ္စာလေးပါး အမြင့်တရားကို ဆက်လက်
ဟောကြားတော့သည်။ မင်းသားများသည် ရဟန်းအဖြစ်ကို တောင်း
ဆိုကြလေရာ မြတ်စွာဘုရားက ရဟန်းခံ ပေးတော်မူလိုက်သည်။

နောင်အခါတွင် ထိုရဟန်းများ သာဝတ္ထိပြည်ရှိ မြတ်စွာဘုရားထံ လာရောက်ကြလေရာ အနမတဂ္ဂ ဒေသနာဖြင့် သံသရာဟူသည်
ငြီးငွေ့သင့်ပြီဖြစ်ကြောင်း ဟောကြားတော်မူသည်။ တရားတော်      အဆုံးတွင် အားလုံးသော ရဟန်းသုံးဆယ်သည် ရဟန္တာများဖြစ်
သွားကြလေ၏။

ဩဝါဒပါတိမောက္ခဒေသနာ သုံးဂါထာ

 
ဘုရားရှင်တိုင်း၏ အဆုံးအမတော်သည် ဘုရားရှင်၏ ဝိနည်းတော်များနှင့်အညီရဟန်းပြုထားကြသော 
တပည့်သာဝက ရဟန်းတော်များ၏ တာဝန်ဝတ္တရားများနှင့် သက်ဆိုင် သည်။ သိုႛသော်လည်း ဤအကျင့် 
တရားများသည် သာမန်ပုထုဇဉ် များအတွက်လည်း အသုံးကျလှ၏။ လူတိုင်းလူတိုင်း ဤအကျင့်တရား
များကို ရယူကျင့်သုံး၍ မိမိတိုႛ ကိုယ်တိုင် ကောင်းမွန်လာအောင် လေ့ကျင့်ယူနိုင်ပါသည်။

အခါတစ်ပါး အရှင်အာနန္ဒာမထေရ်မြတ်က တပည့်သာဝကများအတွက် ရှေးဘုရားရှင်များပြတော်မူ
ခဲ့သော အခြေခံစည်းကမ်းများသည် မြတ်စွာဘုရားကိုယ်တော်တိုင်၏ အဆုံးအမများနှင့် ထပ်တူ
ထပ်မျှတူပါ၏လောဟု မြတ်စွာဘုရားကိုမေးလျှောက်လေ၏။ ထိုအခါ မြတ်စွာဘုရားက အားလုံးသော 
ဘုရားရှင်များ  ဟောကြား တော်မူခဲ့သော အဆုံးအမစည်းကမ်းများသည် အောက်ပါဂါထာတွင်ပြ
သည့်အတိုင်း အတူတူပင်ဖြစ်လေသည်ဟု မိန်ႚတော်မူလေ၏။

ခန္တီပရမံ တပေါတိတိက္ခာ၊ 
နိဗ္ဗာနံပရမံ ဝဒန္တိ ဗုဒ္ဓါ။
န ဟိပဗ္ဗဇိတော ပရူပ ဃာတီ၊
န သမဏောဟောတိ၊
ပရံဝိဟေ ဌယန္တော။
တိတိက္ခာ-တိတိက္ခာဟုဆိုအပ်သော၊ ခန္တီ-သူတစ်ပါးတိုႛ ပြစ်မှားစော်ကား စွပ်စွဲခြင်း နှင့် အချမ်းအပူ 
စသည်ကို မျက်နှာမနွမ်း မညှိုးပန်းအောင် ခံနိုင်စွမ်းရှိခြင်းသည်၊ ပရမံ-မွန်မြတ်စွာသော၊ တပေါ-
သူတော်ကောင်းတိုႛ အကျင့် ပေတည်း။ နိဗ္ဗာနံ-တဏှာမှ လွတ်မြောက်ရာနိဗ္ဗာန်တရားကို၊ ပရမံ-အမြတ်
ဆုံးဟူ၍၊ ဗုဒ္ဓါ-ဘုရားအဆူဆူတိုႛသည်၊ ဝဒန္တိ-ဟောတော်မူကုန်၏။ ပရူပဃာတီ-တစ်ပါးသောသတ္တဝါကို သတ်ဖြတ်လေႛရှိသူသည်၊ ပဗ္ဗဇိတော-ရဟန်း သူမြတ်သည်၊ နဟောတိ-မဖြစ်နိုင်။ ပရံ-တစ်ပါးသူကို၊ 
ဝိဟေဌယန္တော-ညှဉ်းဆဲနှိပ်စက်သော သူသည်၊ သမဏော-ကိလေခပ်သိမ်းကို ငြိမ်းအေးစေတတ်
ရဟန်းမြတ်သည်၊ နဟောတိ-မဖြစ်နိုင်ပါပေ။

သဗ္ဗပါပဿ အကရဏံ၊
ကုသလဿ ဥပသမ္ပဒါ။
သစိတ္တ ပရိယော ဒပနံ၊
ဧတံ ဗုဒ္ဓါန သာသနံ။
သဗ္ဗပါပဿ-အပြစ်ရှိငြား ခပ်သိမ်းသော မကောင်းမှုများကို၊ အကရဏံ-မပြုမလုပ်ရခြင်းလည်းကောင်း၊ 
ကုသလဿ-အပြစ်ကင်းငြားကောင်းမှုများကို၊ ဥပသမ္ပဒါ-ပြည့်စုံ အောင် စုဆောင်းရခြင်းလည်းကောင်း၊ သစိတ္တပရိယောဒပနံ-မိမိစိတ်ကိုအညစ်အကြေး သုတ်သင်သန်ႛရှင်းအောင် ပြုပြင်ရခြင်းလည်းကောင်း၊ ဧတံ-မကောင်းမှုကင်းကောင်းမှုသွင်း၍ စိတ်ရင်းစင်ရိုး ဤသုံးမျိုးသည်၊ ဗုဒ္ဓါနံ-အဆူဆူသော ဘုရားရှင်
တိုႛ၏၊ သာသနံ-အဆုံးအမဩဝါဒပေတည်း။

အနုပဝါဒေါ အနုပဃာတော၊
ပါတိမောက္ခေ စ သံဝရော၊
မတ္တညုတာ စ ဘတ္တသမိံ၊
ပန္တဉ္စ သယနာသနံ၊
အဓိစိတ္တေ စ အာယောဂေါ၊
ဧတံ ဗုဒ္ဓါန သာသနံ။
အနုပဝါဒေါ-သူတစ်ပါးတိုႛကို မစွပ်စွဲရခြင်းလည်းကောင်း၊ အနုပဃာတော-သူတစ်ပါးတိုႛကို မညှဉ်းဆဲ မနှိပ်စက်ရခြင်းလည်းကောင်း၊ ပါတိမောက္ခေ-ပါတိမောက္ခ သံဝရသီလနှင့် ဣန္ဒြိယ သံဝရသီလ(၂)ပါး၌၊ 
သံဝရောစ-ထိန်းသိမ်းစောင့်ရှောက်ရခြင်းလည်းကောင်း၊ ဘတ္တသ္မိံ-ဆွမ်းခဲဖွယ်ဘောဇဉ်၌၊ မတ္တညုတာ-
ခံယူမှု သုံးဆောင်မှု ဤနှစ်ခုဝယ် အတိုင်းအရှည်ကို သိရခြင်းလည်းကောင်း၊ ပန္တဉ္စ သယနာသနံ-လူနှင့် 
ဝေးကွာ အစွန်အဖျားကျရာ ဆိတ်ငြိမ်ရာကျောင်း၌ ကိန်းအောင်းမွေႛလျော်ရခြင်း လည်းကောင်း၊ 
အဓိစိတ္တေ-သာမန်စိတ်ထက်လွန်ကဲသော သမာဓိစိတ်၌၊ အာယောဂေါ- အမြဲကြိုးကုတ်အားထုတ်ရခြင်း
လည်းကောင်း၊ ဧတံ-ဤအကျင့်တရား ၆ ပါးသည်၊ ဗုဒ္ဓါနံ-အဆူဆူသော ဘုရားရှင်တိုႛ၏၊ သာသနံ-အဆုံးအမဩဝါဒပေတည်း။

သဗ္ဗဇယ မင်္ဂလာဂါထာတော်


ဒိဝါတပတိ အာဒိစ္စော၊
ရတ္တိမာ ဘာတိ စန္ဒိမာ။
သန္နဒ္ဓေါ ခတ္တိယော တပတိ၊
ဈာယီ တပတိ ဗြာဟ္မဏော။
အထ သဗ္ဗ မဟောရတ္တိံ ဗုဒ္ဓေါ တပတိ တေဇသာ။
ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။
ဧတေန သစ္စဝဇ္ဇေန၊ ဟောတု မေ ဇယမင်္ဂလံ။

နေမင်းသည် နေ့အခါ၌သာ ထွန်းလင်း တောက်ပ၏။
လမင်းသည် ညအခါ၌သာ ထွန်းလင်း တောက်ပ၏။
ရှင်ဘုရင်သည် မင်းမြောက်တန်ဆာငါးပါး ဆင်ယင်ထားမှသာ တင့်တယ် တောက်ပ၏။
ရဟန္တာသည် ဈာန်ဝင်စား နေမှသာ တင့်တယ် တောက်ပ၏။
မြတ်စွာဘုရားရှင်သည်ကား နေ့ညအခါခပ်သိမ်း ထွန်းလင်း တင့်တယ် တောက်ပ၏။
ဤသစ္စာ စကားကြောင့် သင့်အား အခါခပ်သိမ်း ချမ်းသာခြင်းသည် ဖြစ်ပါစေသတည်း။
ဤသစ္စာ စကားကြောင့် ငါ့အား အောင်ခြင်းမင်္ဂလာသည် ဖြစ်ပါစေသတည်း။

ဓမ္မအသိပညာ

  • ဘယ်လိုပုဂ္ဂိုလ်ဖြစ်ဖြစ် တရားကတော့ အားထုတ်ရမှာပဲ။ အားထုတ်ခွင့်ကြုံတုန်း အားထုတ်ကြ၊ သာသနာ ပျက်ပြီဆိုတော့ ဝိပသာနာနဲ့ တွေ့ရတာမဟုတ်ဘူး။ ဒီတော့ပိုနစ်နာတယ်။
  • တရားအားထုတ်ဖို့တော့မအားဘူး။ မအားဘူးလို့ပြောကြတယ်။ သေချိန်ကျလာလို့ မသေချင် သေးဘူးလို့ ပြောလို့ရတာမဟုတ်ဘူး။ မအားဘူးလို့ပြောလို့ရတာမဟုတ် ဘူး။
  • တရားအားထုတ်တယ်ဆိုတာ အားနဲ့မာန်နဲ့ထုတ်ရတယ်။ မသေချာမရေ ရာ ဘူးလို့ပြောလို့ ရတဲ့အလုပ်တွေတောင်မှ ဟုတ်နိုးနိုးနဲ့ သက်စွန့်စံဖျားလုပ်နေရတာပဲ။ သေချာ ရေရာတဲ့အလုပ် ဘာပဲလုပ်စရာရှိလဲ။ ဆင်းရဲတစ်ဘဝပေါ့။ တစ်ဘဝတောင်မှ ခဏလေးပါ။
  • ထိတိုင်း ထိတိုင်းသိနေပါစေ။ ကိလေသာကြားမခိုစေနဲ့။
  • တရားအားထုတ်တယ်ဆိုတာ ထမင်းစားသလိုပဲ။ မဆာလည်းစား၊ ဆာလည်းစား။ စားကောင်း လိမ့်မယ်ထင်ပေမယ့် တကယ်စားတော့ မြိန်ချင်မှမြိန်တာ။ မကောင်းဘူးထင်လို့လဲ တကယ်စားတော့မြိန်ချင်မြိန်တာ။ ဒီတော့မထုတ်ချင်လည်း ထုတ်၊ ထုတ်ချင်လည်းထုတ်ပေါ့။
  • ဝိပသာနာ တရားအားထုတ်ရတာ အလွန်ကောင်းပါတယ်။ အဝတ်လဲပြောင်းစရာမလိုဘူး။ ဂူထဲ အောင်းစရာ မလိုဘူး။ ပုထုဇဉ်စရိုက်မူပြောင်းဖို့လိုတယ်။
  • ကိုယ့်ခန္ဓာကိုယ် ရူနေတော့ အမူ ပွေတာပေါ့။
  • မိမိခန္ဓာက ဖြစ်ပေါ်နေတဲ့ ဝေဒနာကို သည်းခံရူမှတ်နိုင်မှ ပတ်ဝန်းကျင်ရဲ့ လောကဓံကိုလဲ ခံနိုင် ရည်ရှိမှာပဲ။
  • တရားအားထုတ်တဲ့အခါ ကိလေသာ ကြာမခိုအောင် နှာသီးဝလေကို ထိတိုင်းသိနေပါစေ။ ထိတဲ့ပေါ် သတိထား၊ သတိထားရင် တရားမြင်မယ်၊ သတိမထားရင်အမှားဝင်မယ်။
  • အရိယာသူတော်ကောင်းတို့ဆိုတာ ရုပ်ရယ်၊ နာမ်ရယ်၊ တရားရယ် ဒီသုံးဦးနဲ့ပဲ အဖော်ပြုနေ တာပါ။ သူတို့မှာ ပျင်းတယ် မရှိပါဘူး။
  • လူ၏သာဓုခေါ်၊ နတ်သာဓုခေါ်လောက်နဲ့ ကျေနပ် တင်းတိမ်မနေကြနဲ့။ ဘုရား၊ ရဟန္တာ အရိယာ ပုဂ္ဂိုလ်တွေ ချီးမွမ်းတဲ့ထိ ဖြစ်ပါစေ။
  • ပထမတော့ တရားကိုလူကဦးဆောင်တယ်။ နောက်တော့ တရားကလူကိုဦးဆောင်တယ်။ အဒီအချိန်မှာ လူက တရားနောက် လိုက်ဖို့လိုတယ်။
  • ခန္ဓာကတော့သူ့တရားသူပြနေတာပဲ။ လောဘ၊ ဒေါသ၊ မောဟဖုံးနေတော့ ဘာမှမသိလိုက် ရဘူး။
  • အားကိုးမမှားစေနဲ့၊မိမိကိုယ်ကိုအားကိုးရမယ်။
  • ဘာမဆို အတွင်းက အေးနေအောင်လုပ်ရတယ်။ အပြင်က ဘယ်လောက်ပူပူ အတွင်းကအေးနေတော့ အေးတာပဲ။ အပြင်က ဘယ်လောက်အေးအေး အတွင်းကပူတော့ပူတာပဲ။
  • တရားနှင့်အိပ်စက်ခြင်း၊ တရားနှင့်နိုးထခြင်း၊ တရားနှင့်မွေ့လျော်ခြင်း၊ ဒါ အပ္ပမာဒတရားပဲ။
  • လောကီချမ်းသာက တစ်ဘဝတစ်နပ်စာ။ လောကုတ္တရာ ချမ်းသာမှ တစ်သံသရာလုံး အေးတာ။ တစ်ဘဝတစ်နပ်စာလုပ်နဲ့။ တစ်ဘဝသံသရာစာလုပ်ကြ။
  • မကောင်းတာလုပ်တာသာ ကြောက်ရမှာ။ ကောင်းတာလုပ်တာ ကြောက်စရာမလိုဘူး။ မကောင်းတာတောင် ရဲရဲလုပ်ရဲရင် ကောင်းတာလုပ်တာ ဘာမရဲစရာရှိသလဲ။
  • မဟုတ်လည်းသည်းခံ၊ ဟုတ်လည်းသည်းခံရမှာပဲ။ ခံရမည့်အတူတူတော့ အခုကတည်းက ခံလိုက်တော့ သံသရာပြတ်တာပေါ့။
  • လောဘ၊ ဒေါသ၊ မောဟ ကင်းအောင်ပြတ်အောင် လုပ်ကြ။ ဖြစ်အောင်လည်း မလုပ်နဲ့၊ ပျက်အောင်လည်း မလုပ်နဲ့။ ဖြစ်အောင်လုပ်တာ လောဘ၊ ပျက်အောင်လုပ်တာက ဒေါသ။ ဖြစ်တာပျက်တာ မသိတာက မောဟ။
  • စိတ်ကဖြတ်လို့ ပြတ်တာမဟုတ်ဘူး။ တရားကဖြတ်မှပြတ်တာ။ တရားရှိအောင် အားထုတ် ကြ။ တရားရှိတော့ တရားကပဲ ဖြတ်ပေးတယ်။ ပြတ်ပေးတယ်။ ပယ်ပေးတယ်။
  • အမြတ်ကမရူံးစေနဲ့၊ အရူံးကသာမြတ်ပါစေ။ အကုသိုလ်က ကုသိုလ်ဖြစ်ပါစေ။ ကုသိုလ်က အကုသိုလ်မဖြစ်စေနဲ့။
  • ပုထုဇဉ်တွေ မကောင်းတာလုပ်တာများ အဆန်းလုပ်မနေနဲ့။ အခုလည်း မကောင်းတာလုပ်နေသလို နောင်လည်း မကောင်းတာလုပ်နေဦးမှာပဲ။ သူတို့မကောင်းတာ ကိုယ်နဲ့ ဘာဆ်ိုင်သလဲ။ ကိုယ့်တရား ကိုယ်ရူဖို့ပဲ လိုတယ်။
  • ဘုရားစကား နားလည်အောင်လုပ်၊ ဘုရားစကားနားလည်ရင် လောကစကားတွေအားလုံး နားလည်တယ်။
  • နိဗ္ဗာန်မဂ်ဖိုရလိုကြောင်း ဆုတောင်းခဲ့တာများပြီ။ ၀ိဇ္ဇာဉာဏ်မပါ၊ ဓမ္မတာတောင်းမို့၊ အာညောင်းရုံပဲ မောဖတ်တင်မည်။ ဒါနပြုကာအခါခါတောင်းလဲ၊ ငါကောင်းချင်မှုခုခံနေသည်။ ငါတစ်လုံးပယ်ကာ၊ ကွယ်ကာပေးမှ လွန်စွာမနှေးနိဗ္ဗာန်မြင်မည်။

(ဆားတောင်ဆရာတော် ဘဒ္ဒန္တ ပညာဏိက)

Tuesday, December 1, 2015

သဒ္ဓါနှင့်ပညာ ကွာခြားပုံ

သဒ္ဓါနှင့်ပညာ ကွာခြားပုံ ယှဉ်ကြည့်လျှင်။
     သဒ္ဓါ၏ သဘောတရားကား စွန့်ကြဲပေးကမ်း လှူဒါန်းရက်ရော၏။ နောင်သံသရာမှာ ချမ်းချမ်းသာသာ ဖြစ်ဖို့ရာ အရေးကြီး၏။ အမျိုးဘာသာ သာသနာ တိုးတက်ကြီးပွားရေးကိုလေးလေးနက်နက် သတိမထားတတ်ပါ။ ပညာ၏ သဘောကား အမျိုးဘာသာ သာသနာပညာရေးကို လေးလေးနက်နက် စဉ်းစားပြီးလျှင် အကျိုးရှိလောက်မှ လှူသည်။ အကြောင်းကောင်းလျှင် အကျိုးကောင်းမည်ဟု (ကံ ကံ၏အကျိုး) ယုံကြည်ပြီးဖြစ်၍ နောက်ဘ၀၌ အကျိုးရဖို့ အရေးကို အထူးတလည် တွေးမနေတော့ပါ။         ဤသို့လျှင် သဒ္ဓါနှင့် ပညာသည် အခြေတည်က စ၍ပင် ကွာခြားချင်တိုင်း ကွာခြားနေ၏။ မြန်မာနိုင်ငံကို သဒ္ဓါမျက်စိ၊ ပညာမျက်စိဖြင့် တစ်မျိုးစီ ကြည့်ကြပေလိမ့်မည်။ သို့ရာတွင် အစုံကြည့်ခြင်း မဟုတ်ဘဲ တစ်ဖက်စီခွဲ၍ အလွန်အကဲ ကြည့်ခြင်းကား သဒ္ဓါလည်းမကောင်း၊ ပညာလည်း မကောင်းပင် မြင်တတ်ကြသည်။ နှစ်ဖက်စုံ ကြည့်တတ်မှသာ ကောင်းပါသည်။ “ သဒ္ဓါလွန်တော့ တဏှာ၊ ပညာလွန်တော့ မာယာ ” ဟု ကျမ်းလာဆိုရိုး ရှိပါသည်။ ။ {အမရပူရမြို့၊ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်     အဘိဓမ္မာမှ ကောက်နုတ်ရေးသား ပူဇော်ပါသည်။ }

“၂-ဘက်မြင်ရမယ်”


ဗုဒ္ဓမြတ်စွာက “အန္ဓသုတ္တန်”မှာ“ဒွိစက္ခု” မျက်စိ ၂-လုံးရှိတဲ့ပုဂ္ဂိုလ်ကိုအကောင်းဆုံးပုဂ္ဂိုလ်လို့ ဒီလိုဟောထားတယ်။မျက်စိ ၂-လုံးဆိုတာ လူတိုင်းလူတိုင်းမှာမျက်စိ ၂- လုံးရှိကြတယ်ပေါ့။ထို့အတူပဲ အသိဉာဏ်ကလည်း ၂-ခုရှိရမယ်။၂-ခု ရှိရမယ်ဆိုတာ ၂-ဘက်မြင်ရမယ်။တစ်ဘက်တည်း မမြင်ရဘူးလို့ ဒီလိုဆိုလိုတာ။အဲဒီတော့ ၂-ဘက်မြင်ရမယ်ဆိုတာကိုမြတ်စွာဘုရားက ရှင်းပြတယ်။■လူ့လောကမှာ လူရယ်လို့ ဖြစ်လာတဲ့အခါ-မရသေးတဲ့စည်းစိမ်ဥစ္စာတွေကို ရဖို့၊-ရလာတဲ့စည်းစိမ်ဥစ္စာတွေ တည်မြဲဖို့ ၊-တည်မြဲပြီးသား စည်းစိမ်ဥစ္စာတွေကို တိုးတက်ဖို့ ၊သိမြင်တတ်တဲ့ “အသိဉာဏ်”ဆိုတဲ့မျက်စိတစ်လုံးလည်း ရှိဖို့လိုတယ်တဲ့။ဒါက ဒီဘဝ ကောင်းကျိုးအတွက် ဖြစ်တယ်။■နောင်ဘဝ ကောင်းကျိုးအတွက်လည်းပဲကုသိုလ် အကုသိုလ်၊ အပြစ်ရှိတယ် အပြစ်မရှိဘူးဆိုတဲ့ဓမ္မအရေးနဲ့ပတ်သက်ပြီးသိတဲ့မျက်စိမျိုးဟာလည်း နောက်ထပ်လိုအပ်တယ်တဲ့။ဘာဖြစ်လို့လဲဆိုရင် တစ်ခုနဲ့တစ်ခုထိန်းညှိပြီးတော့နေရမယ်။“လောကအကျိုး”ချည်းပဲ ကြိုးစားမယ်ဆိုရင်“သံသရာအကျိုး”က လွတ်သွားမယ်။ဒါကြောင့် လောကအကျိုး၊သံသရာအကျိုး ၂-မျိုးစလုံးရဖို့အတွက် တစ်ခုနဲ့တစ်ခု ထိန်းညှိပြီးတော့ ကြိုးစားရမယ်။အသိ ၂-မျိုးနဲ့ ထိန်းမတ်ပေးရတယ်။ ဒီလိုဆိုလိုတာ။တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် လူတွေမှာစီးပွားဥစ္စာတွေ တိုးတက်လာသော်လည်းကိုယ်ကျင့်တရားက ဆုတ်ယုတ်ပျက်ပြားသွားလို့ရှိရင်ကောင်းကျိုးချမ်းသာတွေဟာလည်း တဖြည်းဖြည်းဆုတ်ယုတ်သွားနိုင်တာပါပဲ။ဒါကြောင့်မို့ စီးပွားရေးဘက်ကလည်းတိုးတက်အောင်လုပ်ရမယ်။ကိုယ်ကျင့်တရားဘက်ကလည်း တိုးတက်အောင် လုပ်ရမယ်။ဒီလိုဆိုလိုတာနော်။၂မျိုး ၂-စား တိုးတက်ကြီးပွားအောင် ကြံဆောင်သိမြင်နိုင်တဲ့အသိဉာဏ် ၂-ခုကို ဒီနေရာမှာမျက်စိ ၂-လုံးလို့ခေါ်တာ။စီးပွားရေးလည်း တိုးတက်အောင် လုပ်နိုင်ရမယ်။စီးပွားရေးမျက်စိရှိရမယ်။ဓမ္မရေးရာတွေကိုလည်း သိမြင်နိုင်တဲ့မျက်စိရှိရမယ်။ဓမ္မရေးရာမျက်စိဖြင့် စီးပွားရေးတိုးတက်လာမှုကိုအကြောင်းပြုပြီးတော့ အကျင့်စာရိတ္တတွေတိုးတက်ကောင်းမွန်လာအောင် ထိန်းညှိပြီးတော့ နေရမယ်။စီးပွားရေးမျက်စိတော့ ရှိပါရဲ့၊ဓမ္မရေးရာမျက်စိက မရှိဘူးဆိုရင် ဘာဖြစ်တတ်သလဲဆိုရင် စီးပွားရရင်ပြီးရော ဘာမဆို လုပ်မယ်ဆိုတဲ့အတွေးအခေါ်တွေ ဝင်လာတတ်တယ်။အဲဒါကို ထိန်းထားရမယ်။အဲဒီလိုထိန်းထားမှု မရှိဘူးဆိုရင် ကိုယ်ကျင့်တရားပျက်ပြားပြီးတော့ စီးပွားရေးလည်း ကျဆင်းလာတတ်တယ်။ကိုယ်ကျင့်တရား ပျက်ပြားပြီးတော့ ရလာတဲ့စီးပွားဥစ္စာဟာတည်မြဲမှုနဲ့တည်ငြိမ်မှု မရှိဘူး။ကြည့်လေ - လောကမှာ တချို့ စီးပွားဥစ္စာတွေတော့တိုးတက်လာပါတယ်။ ဒါပေမယ့်အကျင့်စာရိတ္တကျတော့ ယိုယွင်းသွားပြီး ကြာလာတဲ့အခါမှာစီးပွားဥစ္စာလည်း ပျက်စီးပြီး သွားတတ်တယ်။ဒါကြောင့်မို့လို့ Economic progress နဲ့ Spirtual progres၂-မျိုးပေါ့၊ ထိန်းညှိပြီးတော့ ထားရမယ်။ဒီ ၂-ခုကို ထိန်းညှိပြီးတော့ ထားရင်စီးပွားတိုးတက်မှုလည်း ခိုင်မြဲတယ်၊တစ်ဖက်က ကိုယ်ကျင့်တရားလည်း ခိုင်မြဲလာမယ်။စီးပွားနဲ့ကိုယ်ကျင့်တရားကို ထိန်းမယ်။ကိုယ်ကျင့်တရား နဲ့စီးပွားကို ပြန်ထိန်းမယ်။၂-ဘက် ၂-တန် ရှုမြင်တတ်တဲ့ပညာမျက်စိ ရှိရမယ်လို့မြတ်စွာဘုရားက အဲဒီသုတ္တန်မှာ ဟောထားတယ်။ဘာဖြစ်လို့လဲဆိုတော့ သံသရာထဲမှာ နေတဲ့အခါမှာလည်းပဲချမ်းသာသုခရဖို့ဆိုတာ ကောင်းတဲ့အကြောင်းတွေဆောင်ရွက်နိုင်မှ ရတာကိုး။ ။ 
【ပါမောက္ခချုပ်ဆရာတော်ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ】

“လောကကို အကျိုးပြုလိုခြင်း”


❦ကိုယ့်ကိုယ်ကို အတတ်နိုင်ဆုံးအဆင့်အတန်းမြင့်တဲ့ စိတ်နေသဘောထား နဲ့အသိဉာဏ် ရှိတဲ့ လူသားတစ်ယောက်ဖြစ်အောင်မြှင့်လိုက်ခြင်းအားဖြင့် လောကကြီးတစ်ခုလုံးကိုအကျိုးပြုလိုက်တာပဲ။❦ကိုယ့်ကိုယ်ကို နည်းမျိုးစုံနဲ့ အဖက်ဖက်ကပိုကောင်းအောင် ကြိုးစားနေတာ၊အကျင့်စာရိတ္တ၊စိတ်နေသဘောထား၊လုပ်ရည်ကိုင်ရည်ပိုကောင်းအောင် ကြိုးစားနေတာ၊ပိုပြီး ဉာဏ်ပညာ ရင့်ကျက်တဲ့သူဖြစ်အောင် ကြိုးစားတာဟာတစ်လောကလုံးကို အထိရောက်ဆုံးနည်းနဲ့ အကျိုးပြုတာပဲ။❦အကောင်းဆုံးဆိုတာ ဘာလဲဆိုတာကိုကိုယ်သိထားတဲ့ အသိဉာဏ်ပေါ်မှာ အခြေခံပြီးတော့ကိုယ့်မှာရှိတဲ့ အကောင်းဆုံးစိတ်ထားတွေ နဲ့အကောင်းဆုံး အသိဉာဏ်တွေကို ထုတ်ပြီးတော့ကိုယ့်အသိနဲ့ကိုယ်၊ကိုယ့်စိတ်ဓာတ် နဲ့ ကိုယ်၊ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် အကောင်းဆုံးကိုအားသွန်ပြီးတော့ လုပ်နေမှသာ အဲဒီလူက လူပီသတယ်။အဲဒီလိုလူဟာ လောကကိုအကျိုးပြုတယ်။❦ကိုယ့် choice နဲ့ ကိုယ် ကိုယ့်ဘ၀ကိုအကောင်းဆုံး နေသွားနိုင်တဲ့လူဟာလောကကြီးကိုလည်း အများဆုံးအကျိုးပြုတဲ့လူ ဖြစ်တယ်။❦ကိုယ့်ဟာကိုယ် စိတ်ချမ်းသာအောင် နေတတ်တာကိုကလောကကြီးရဲ့အကျိုးကို ဆောင်ရွက်ပြီးသားဖြစ်ပါတယ်။❦လောကမှာ ကြွားရရုံသဘောမျိုးနဲ့ လောကကို နေသွားတဲ့လူဟာ လောကကို အကျိုးပြုတဲ့လူမဖြစ်နိုင်ဘူး။ရိုးသားမှုအပြည့်နဲ့ ကိုယ့်ရဲ့တကယ့် အရည်အချင်း၊တကယ့်စိတ်စေတနာတွေကို ဖော်ထုတ်ပြီးတော့အသုံးချနေတဲ့သူသာလျှင် လူ့လောကကိုတကယ်အကျိုးပြုတဲ့လူ ဖြစ်မယ်။❦အဆင့်မြင့်တဲ့ ခံယူချက်ရှိမှ၊ပြတ်သားတဲ့မူရှိမှ၊ရိုးသားမှုရှိမှ အများအကျိုးကိုထိထိရောက်ရောက် ဆောင်ရွက်နိုင်မယ်။ဒါမှလည်း ခေါင်းဆောင်ကောင်း ဖြစ်မယ်။❦ငါမသေချင်ဘူး၊ငါမသေချင်သေးဘူးဆိုတာကအသက်မသေရုံလေး နေချင်တယ်လို့ ဆိုလိုတာမဟုတ်ဘူး။ငါလုပ်နိုင်သမျှ အကောင်းဆုံးတွေကို အများဆုံးလုပ်မယ်ဆိုတဲ့စိတ်နဲ့ မသေချင်တာ။ငါဟာလောကကြီးအတွက် ၀န်ထုပ်ကြီး ဖြစ်မနေရဘူး။❦သူ့ဉာဏ်ကို သူ ထုတ်မသုံးပဲနဲ့ တစ်ယောက်ယောက်ကခိုင်းတာကို မျက်စိမှိတ်ပြီးတော့ လုပ်တဲ့သူမျိုးဖြစ်သွားအောင်သူ့ကို ပုံသွင်းလိုက်မယ်ဆိုရင် သူ့ကိုလည်းဖျက်ဆီးရာရောက်သလို၊လောကကြီးကိုပါ ဖျက်ဆီးရာရောက်သွားတယ်။❦အာဟာရချို့တဲ့ရင် ခန္ဓာကိုယ် ထွားသင့်သလောက်မထွားနိုင်တော့ဘူး။ အဲသလိုပဲ စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေ မရရင်လည်း စိတ်ဟာ မထွားနိုင်တော့ဘူး။စိတ် လူစဉ် မမီတော့ဘူး၊စိတ်အားနည်းနေမယ်။စိတ်ဓာတ် ကျနေမယ်။သူ့ ဉာဏ် နဲ့သူ ဘာမှမစဉ်းစားတော့ဘူး။မဆုံးဖြတ်တော့ဘူး။“ဘာလုပ်ရမယ် ဆိုတာ ပြောပါ၊ပြောတဲ့အတိုင်း လုပ်ပါ့မယ်” ဆိုတဲ့လူ ဖြစ်သွားရော။ခလုပ်နှိပ်လိုက်ရင် နှိပ်တဲ့ အတိုင်းလုပ်တဲ့“စက်ရုပ်” ဖြစ်သွားရော။အဲဒီလိုလူတွေ များလာရင် လူ့အသိုင်းအ၀ိုင်းကြီးမတိုးတက်နိုင်တော့ဘူး။ကိုယ်ပိုင်ဉာဏ်လည်း မရှိတော့ဘူး။ကိုယ်ပိုင်စိတ်ဓာတ်လည်း မရှိတော့ပဲနဲ့ခိုင်းတာကိုလုပ်တဲ့လူတွေ များလာရင်လူ့အသိုင်းအ၀ိုင်းဟာ မတိုးတက်တော့ဘူး။ခိုင်းမှ လုပ်တဲ့လူ၊“ကိုယ့်စိတ်ကူးနဲ့ ကိုယ် စဉ်းစဉ်းစားစားလေးကောင်းအောင် လုပ်လိုက်ပါ” ဆိုရင်မလုပ်တတ်တော့တဲ့သူတွေ များနေရင်လူ့ အသိုင်းအ၀ိုင်းကြီး မတိုးတက်နိုင်ဘူး။လောကကို အကျိုးပြုတဲ့လူတွေ များများဖြစ်ပေါ်လာဖို့အရေးကို လေးလေးနက်နက် စဉ်းစားစေချင်တယ်။ဒါ့ကြောင့် အကောင်းဆုံးစိတ်ထားတွေ နဲ့အကောင်းဆုံးအရည်အချင်းတွေကို အများဆုံးထွက်ပေါ်လာအောင် ဘယ်လိုလုပ်ပေးရမလဲဆိုတာကို ပညာရေး ရှုထောင့်ကနေလည်း ကြည့်ရမယ်။ဘာသာရေး ရှုထောင့်ကနေလည်း ကြည့်ရမယ်။စီးပွားရေး မှာတောင်မှ လူတွေရဲ့ အသိဉာဏ် နဲ့စိတ်ထားတွေ မြင့်မားရေးဘက်ကိုပါထည့်စဉ်းစားတဲ့ စီးပွားရေးပဲ ဖြစ်ရမယ်။ကိုယ့်အားကိုယ်ကိုးတဲ့လူ၊ကိုယ့်အရည်အချင်းနဲ့ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်တဲ့လူတွေများများဖြစ်လာအောင် စဉ်းစားပေးရမယ်။❦လူတွေကို ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိအောင်၊ကိုယ့်ကိုယ်ကိုအထင်သေးအောင်တစ်နည်းနည်းနဲ့လုပ်လိုက်မယ်ဆိုရင် အဲဒီလူရဲ့ဘ၀ကိုဖျက်ဆီးလိုက်သလို ဖြစ်သွားပြီးတော့ လူ့အသိုင်းအ၀ိုင်းကြီးကိုသူ့အနေနဲ့ အကျိုးပြုနိုင်တဲ့ စွမ်းရည်သတ္တိကိုပါဖျက်ဆီးလိုက်သလို ဖြစ်သွားတယ်။❦လူတွေမှာ ဘ၀ နဲ့ ပတ်သက်ပြီးတော့၊လောက နဲ့ ပတ်သက်ပြီးတော့၊အလုပ်အကိုင် နဲ့ ပတ်သက်ပြီးတော့သူတို့မှာ အရည်အချင်းများများ ရှိလာအောင်အကူအညီပေးရမယ်၊အထောက်အပံ့ ပေးရမယ်။စားဝတ်နေရေး နဲ့ ပတ်သက်ပြီးတော့အလုပ်ကို နားလည်အောင်၊လုပ်တတ်အောင်၊သူတို့ကို အခြေအနေတွေ ဖန်တီးပေးရမယ်။လုပ်ချင်အောင်လည်း အခြေအနေတွေ ဖန်တီးပေးရမယ်။လူဟာ များများသိလာတယ်၊များများတတ်လာတယ်၊များများလုပ်နိုင်လာတယ်ဆိုရင် “ငါဟာစွမ်းနိုင်တယ်” ဆိုတဲ့ခံစားမှုကိုရတယ်။သူ့ကိုယ်သူ ယုံကြည်မှု အများကြီးရတယ်။ကိုယ့်အကျိုးကိုလည်း ဆောင်ရွက်နိုင်တယ်၊အများအကျိုးကိုလည်း ဆောင်ရွက်နိုင်တယ် ဆိုရင်အဲဒီလူဟာ သူ့ဘ၀ကို အဓိပ္ပာယ်ရှိတယ်လို့ ခံစားရတယ်။ဒါကြောင့်လူတွေကို အစွမ်းအစပိုရှိတဲ့သူတွေဖြစ်လာအောင်စဉ်းစားပေးပြီးတော့ လိုအပ်တာလေးတွေကို ဖန်တီးပေးဖို့လိုတယ်။လူတွေရဲ့ အစွမ်းအစ၊ လုပ်ရည်ကိုင်ရည်တွေ နိမ့်ကျသွားရင်၊အသိဉာဏ်ပညာတွေ စိတ်ထားတွေ နိမ့်ကျသွားရင်၊လူ့အသိုင်းအ၀ိုင်းကြီးတစ်ခုလုံး ပျက်စီးသွားနိုင်တယ်။❦လူ့အသိုင်းအ၀ိုင်းကြီးတစ်ခုလုံး ကောင်းလာဖို့ဆိုတာမှန်ကန်တဲ့အသိအမြင်၊မှန်ကန်တဲ့သဘောထား၊မှန်ကန်တဲ့စေတနာပေါ်မှာ အခြေခံတဲ့ မှန်ကန်တဲ့အလုပ်တွေကိုလူတွေများများလုပ်နိုင်ဖို့လိုတယ်။အဲဒါမှ အားလုံးအတွက် ကောင်းမယ်။ဒါမှလူ့အသိုင်းအ၀ိုင်းကြီးဟာ နေရတာစိတ်အေးချမ်းမှု ရမယ်။စိတ်ထဲမှာ လုံခြုံမှုလည်း ရမယ်။ပျော်စရာ အင်မတန်ကောင်းမယ်။အဲသလို အသိုင်းအ၀ိုင်းမှာဆိုရင် စိတ်ညစ်တယ်။စိတ်ဓာတ်ကျတယ်။ဘာလုပ်ရမှန်းမသိဘူး။ဘာမှ မတတ်နိုင်တော့ပါဘူး ဆိုတဲ့ ခံစားမှုမျိုးကအင်မတန်နည်းသွားမယ်။ဇိမ်ခံပစ္စည်းတွေ များများသုံးနိုင်ရုံ နဲ့ လူ့အသိုင်းအ၀ိုင်းကြီးကောင်းလာတယ်လို့ ပြောလို့မရဘူး။စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်လည်းပဲ ပြည့်စုံဖို့ အများကြီးအရေးကြီးတယ်။❦ကိုယ့်ကိုယ်ကို ဒုက္ခပေးပြီးတော့“ငါ့ကိုယ်ငါ ဒုက္ခပေးတာ ဘယ်သူနဲ့မှ မဆိုင်ဘူး” လို့မပြောနဲ့နော်။ အဲဒါ အင်မတန် ဉာဏ်နည်းတဲ့အပြောဖြစ်သွားလိမ့်မယ်။ကိုယ့်ကိုယ်ကိုဒုက္ခပေးရင် လောကကြီး ဒုက္ခရောက်တယ်။ကိုယ်နဲ့ လောကကြီးဟာ ဆက်စပ်နေတယ်။ဘယ်လိုမှ သီးခြားဖြစ်သွားအောင် ထုတ်ယူပစ်လို့ မရဘူး။ထို့အတူကိုယ့်ကိုယ်ကို ကောင်းအောင်လုပ်လိုက်ရင်လောကကြီးကို ကောင်းအောင်လုပ်တာပါ။ငါ့ကိုယ်ငါ မဖျက်ဆီးသင့်ဘူး။ငါ့ကိုယ်ငါ ကောင်းအောင် နေသင့်တယ်။ငါ့ဟာငါ ကောင်းအောင်နေခြင်းသည်ပင်လျှင်လောကကြီးကို အကျိုးပြုနေတာ ဖြစ်တယ်။
【ဆရာတော်ဦးဇောတိက၊မဟာမြိုင်တောရ၏“တွေးမိတိုင်းပျော်တယ်” မှ- ကူးယူပူဇော်မျှဝေပါသည်။】

ဗုဒ္ဓဘာသာ ယဉ်ကျေးမှု အသိပညာပေးဆောင်ပုဒ်


      “ သုစိပုဘာ ဆုံးမစာ ”
သု,စိ,ပု,ဘာ၊  ၀ိ,လိ,သိ,ဓာအက္ခရာစွဲသုံး၊  ဤရှစ်လုံးကိုသီကုံးပန်းသွင်၊  နေ့တိုင်းဆင်လော့စာသင်ပျိုနု၊  အခြေပြုတို့ဥဇုဘူတ၊  လုံ့လပြင်းစွာသူ့ထက်ငါဟု၊  နှုတ်မှာရွရွကြိုးပမ်းကလျှင်၊  သိပ္ပကျေးဇူးအထူးသိမြင်၊  ပညာရှင်ဟုမထင်မပေါ်၊  မကျော်စောပဲတီမှာလွဲအံ့၊  အရဲကြိုးကုတ်ကြက်ရဲသုတ်သို့၊  အားထုတ်ခုံမင်မသင်မအံ၊  မကြံမမေးဆွေးနွေးရောနှော၊  ပြောဟောမဲ့ထွေပေချပ်ရေဖြင့်၊ ကုန်စေဆန်းသာသင်ချေပါလည်း၊  ဘယ်မှာဂုဏ်ရှင်ကျော်စောထင်ချိမ့်၊  စာသင်ဟူကကျမ်းထိုမျှကို၊  တွေ့ကမရှောင်ကြောင်ပုစွန်စား၊  ကျွတ်ကျွတ်ဝါးသို့လွှသွားပမာ၊  ကျောက်ထက်စာသို့လိုရာရအောင်၊  ကြံဆောင်လေ့ကျက်အနက်ဓိပ္ပာယ်၊  နှုတ်ဝယ်ရွရွထားချေမှတည့်၊  တစပေါ်လျှင်ချည်စငင်သို့၊  သဘင်ပွဲမှောက်ဆိုရေးရောက်က၊  လန့်ကြောက်မရှိသတိမြဲခိုင်၊  ကျောက်တိုင်ပမာကေသရာသို့၊  ရွံရှာမဲ့လျှင်းဆိုခင်းနည်းနာ၊  အဖြာဖြာကိုမကြာနှုတ်လျှောက်၊  ခန့်ချင့်ထောက်လော့အံ့လောက်ဖွယ်သာ၊  ဂါထာပါဌ်သားစကားဝိုက်လည်၊  စဉ်ရှည်ရှေးတီးစကားကြီးက၊  စသည်ထိုထိုဝိဂြိုဟ်ဝစနတ်၊  ဓာတ်ရပစ္စည်းထုံးနည်းပမာ၊  ဂါထာဆန်းဂိုဏ်းကရိုဏ်းဌာန်စစ်၊  ဖွင့်လှစ်ဋီကာအဌကထာပါဠိ၊  အောက်ထက်ညှိ၍က၀ိလက္ခဏာ၊  အဖြာဖြာကိုသေချာဆည်းဆ၊  ဆိုဝံ့ကလျှင်ဘ၀ဤတွင်၊  ခုမျက်မြင်လည်းမထင်ဘယ်မှာ၊  ရှိဘိရာအံ့သံသရာလည်း၊  ပမာကဲလွန်အဆုံးစွန်မှု၊  ညီမွန်တုလွတ်သုံးလူ့နတ်ဝယ်၊  အကျွတ်ဘယ်မှာ ဝေးတော့မည်။ ။

လွဲမှားနေသော စိတ်၏ထွက်ပေါက်များ


စိတ်ဖိစီးလာလို့ရှိရင် မှန်ကန်တဲ့နည်းနဲ့ ထွက်ပေါက်ရှာဖို့ မြတ်စွာဘုရားက လမ်းညွှန်ပေးထားပါတယ်။ အဲဒီလမ်းညွှန်ချက်အတိုင်း လိုက်နာအားထုတ်မယ်ဆိုရင် မည်သူမျှ စိတ်ပေါက်ကွဲမှုဒဏ်တွေကို ခံရမှာ မဟုတ်ပါ။ စိတ်ဖိစီးမှုတွေ ဖြစ်လာရင် မြတ်ဗုဒ္ဓ ညွှန်ပေးတဲ့လမ်းက ထွက်သွားရုံပါပဲ။ အေး .. မြတ်စွာဘုရားရဲ့ တရားဓမ္မတွေကို မနာရလို့ ဒီနည်းတွေကို မသိတဲ့ပုဂ္ဂိုလ်တွေ၊ ဘုရား တရားတော်တွေကို မျက်ကွယ်ပြုနေလို့ ဒီနည်းစနစ်ကို မသိတဲ့ပုဂ္ဂိုလ်တွေဟာ စိတ်၏ထွက်ပေါက် ဆိုပြီးတော့ မိမိတို့ တွေးမိရာရာ ကြံစည်မိရာရာ ထွက်ပေါက် အမျိုးမျိုးကို မှားယွင်းစွာ ပြုလုပ်မိတတ်ကြပါတယ်။ လောကသား လူတွေဖြစ်တဲ့ လူငယ်လူရွယ် အသိုင်းအ၀ိုင်းထဲမှာ ရံခါရံခါ စိတ်ညစ်စရာဆိုတာ တွေ့လာတတ်ပါတယ်။ ရံခါရံခါ စိတ်ထဲမှာ အလိုမကျတာတွေ တွေ့လာတတ်ပါတယ်။ ရံခါရံခါ မထိန်းသိမ်းနိုင်လောက်အောင် ပေါက်ကွဲမှုမျိုး ဖြစ်လာတတ်ပါတယ်။ အဲဒီလို စိတ်အကျဉ်းအကြပ်တွေ များလာလို့ရှိရင် အချို့ပုဂ္ဂိုလ်တွေက စိတ်ဖိစီးမှုတွေကို ထွက်ပေါက်ရှာကြတဲ့အနေနဲ့ မူးယစ်ဆေးဝါးတွေ အသုံးပြုကြပါတယ်။ အရက်သေစာတွေသောက်စားကြပါတယ်။ အဲဒီနည်းကို ထွက်ပေါက်ဆိုပြီး အသုံးပြုတတ်ကြပါတယ်။ ဆိုလိုတာက ပြဿနာဖြစ်လာတယ်၊ ထိုပြသနာကို မေ့ပစ်ဖို့ ကြိုးစားတဲ့အခါမှာ အာရုံတစ်ခုခုနဲ့ လွှဲဖယ်အစားထိုးပြီး တကယ် စိတ်ဖိစီးနေတာကို ဖယ်ရှားပစ်ဖို့ မကြိုးစားဘဲနဲ့ ခေတ္တခဏမေ့သွားအောင် တခြားနည်းလမ်းတွေနဲ့ ထွက်ပေါက်ရှာကြပါတယ်။ အဲဒီထွက်ပေါက်က တကယ့်အစစ်အမှန်ထွက်ပေါက် မဟုတ်သည့်အတွက် ပြဿနာထဲမှာပဲ ပြန်လည် ၀ဲလည်လာပါတယ်။ တကယ့်ငြိမ်းချမ်းတဲ့ အပြင်ဘက်ကို ရောက်မသွားဘဲ အတွင်းထဲမှာ တ၀ဲလည်လည်နဲ့ ထွက်ပေါက်ရှာရင်းနဲ့ပဲ ဒုက္ခရောက်သွားကြပါတယ်။ အကျဉ်းအကျပ်တွေက ပိုများလာပါတယ်။ ပြဿနာ တစ်ခုကနေ ပြဿနာနှစ်ခု၊ သုံးခု ဖြစ်လာပါတယ်။ ပြဿနာအတွက် ထွက်ပေါက်ကို မှန်မှန်ကန်ကန်မရှာနိုင်ဘူး ဆိုလို့ရှိရင် ဒီလိုပဲ ပြဿနာတက်နေကြကြမှာပါ။ ဒါကြောင့်မို့လို့ တရားချစ်ခင် သူတော်စင်အပေါင်းတို့ကလည်း အဲဒီ ဖြေရှင်းနည်းတွေက မှန်ကန်တဲ့ ဖြေရှင်းနည်းတွေ မဟုတ်ပါ၊ ထွက်ပေါက်ဟာလည်း မှန်ကန်တဲ့ထွက်ပေါက် မဟုတ်ပါလို့ သိရှိနားလည် သဘောပေါက်ကြပြီး မိမိတို့မှာ စိတ်၏ထွက်ပေါက်ကို မှန်ကန်တဲ့နည်းလမ်းနဲ့ ရအောင်ရှာပြီး ထာဝရငြိမ်းတဲ့ မြတ်နိဗ္ဗာန်ကို ကိုယ်စီကိုယ်ငှ မျက်မှောက်ပြုနိုင်ကြပါစေ ကုန်သတည်း။

ကိုယ်ပိုင်နဲ့ ဘုံပိုင်


     ကား မြေ တိုက်တာ အဆောက်အအုံ ရွှေ ငွေ စိန် ကျောက်စတဲ့ ပစ္စည်းဥစ္စာ လောကီ
ရတနာတွေဟာ ဘုံဆိုင်ပစ္စည်းပါ။ တစ်ယောက်တည်း ရှာဖွေစုဆောင်းပေမဲ့ တစ်ယောက်တည်း
ပိုင်ဆိုင်လို့ တစ်ယောက်တည်း သုံးစွဲလို့မရပါဘူး။ အနည်းဆုံး ဇနီး သားသမီးတွေကိုတော့
ကျွေးမွေး စောင့်ရှောက် ထောက်ပံ့ရပါသေးတယ်။ မျှဝေပေးရပါသေးတယ်။ လောကုတ္တရာ
ရတနာကတော့ ဒီလိုမဟုတ်ပါဘူး။ ကိုယ်ရှာဖွေကျင့်ကြံလို့ရသမျှဟာ ကိုယ်ပိုင်ပါပဲ။ ခွဲဝေပေး
လို့ရကောင်းတဲ့အရာ မဟုတ်ပါဘူး။ ရရာ ရကြောင်း နည်းလမ်းကိုသာ သင်ပေး၊ ညွှန်ပေးနိုင်
တဲ့အရာ ဖြစ်ပါတယ်။ ။

Thursday, October 15, 2015

တရားနဲ့ချစ်​ပါ


##အနာဂါမ်မဖြစ်သေးသော လူတိုင်းမှာအချစ်ဆိုတဲ့အရာရှိကြပါတယ်။ဒါပေမဲ့လူတိုင်းမှာတော့တရားမရှိကြပါဘူး။
    အချစ်သာရှိပြီး တရားမရှိတဲ့သူ။
    တရားသာရှိပြီး အချစ်မရှိတဲ့သူ။
    တရားလည်းရှိ အချစ်လည်းရှိတဲ့သူ။
    တရားလည်းမရှိ အချစ်လည်းမရှိတဲ့သူလို့ လူလေးယောက်ရှိတယ်ဆိုပါစို့။
     ကိုယ်ကဘယ်လူထဲမှာပါတယ်ဆိုတာကိုအသေအချာတွေးကြည့်ပါလား။
      အကယ်၍……………
      အချစ်သာရှိပြီးတရားမရှိဘူး ဆိုရင်တော့အဲဒီလူဟာပူလောင်မှုရှိတဲ့သူပဲဖြစ်ပါတယ်။များသောအားဖြင့်အဲဒီလိုလူတွေကများပါတယ်။
         တကယ်လို့ကိုယ်ကအချစ်ရှိမယ်ဆိုပါကပူလောင်မှုတွေကဝင်လာပါပြီ။သောကဖြစ်စရာတွေကြုံလာပါပြီ။စိတ်ညစ်စရာတွေရောက်လာပါပြီ။ဘယ်လိုမှအမှား အမှန် မခွဲခြားနိုင်တော့ပါဘူး။

  ကိုယ့်ရဲ့ရင်ထဲမှာတရားရှိမထားရင်မရှိထားသလောက်စိတ်ပင်ပန်းဆင်းရဲစေပါတယ်။

မိမိရင်ထဲမှာတရားဓမ္မတွေရှိထားရင်တော့ရှိထားသလောက်စိတ်ကငြိမ်းအေးမှုကိုရှာတွေ့နိုင်ပါတယ်။

တကယ်တော့မြတ်စွာဘုရားရှင်ရဲ့တရားဓမ္မဆိုတာလိုက်နာကျင့်သုံးသူကိုသံသရာမှလွတ်မြောက်ကာနိဗ္ဗာန်ချမ်းသာအထိပို့ဆောင်ပေးနိုင်သောအရာဖြစ်ပါတယ်။

မိဘမေတ္တာကို ပေါ်လွင်စေသောစကားတစ်ခွန်း

   တစ်ခါတုန်းက ဆင်းရဲနွမ်းပါတဲ့ မိသားစုလေး တစ်စုရှိပါတယ်။ သားသမီးက သုံးယောက်တောင်ရှိသတဲ့၊ မိဘနှစ်ပါးက အလုပ်ထွက်လုပ်ရတယ် သမီးအကြီးဆုံးက ထမင်းချက် ဟင်းချက်ပေါ့၊ အငယ်မောင်လေး နှစ်ယောက်ကတော့ ငယ်သေးတော့ ကစားကြတာပေါ့။ မိဘတွေက ပြန်ရောက်ချိန် မမှန်ရှာဘူးတဲ့။ တစ်ခါတစ်လေ အလုပ်စောစောပြီး တဲ့အခါ အိမ်ပြန်ချိန်စောတယ်။ တစ်ခါတစ်လေ အလုပ်နောက်ကျတဲ့အခါ အိမ်ပြန်နောက်ကျတယ်တဲ့။ အဲဒိတော့ ထမင်းစားဖို့အတွက် သီးသန့်ချန်ပြီး အငယ်ကလေးလေး နှစ်ယောက်ကို အရင်ကျွှေးလေ့ရှိသတဲ့။
တစ်နေ့မှာ မိဘနှစ်ဦး အလုပ်သိမ်းချိန် နောက်ကျတော့ သမီးကြီးက မိဘတွေဖို့ သက်သက်ခွဲထားပြီး မောင်လေးနှစ်ယောက်ကို အရင်ထမင်းကျွေးလိုက်ပါတယ်။ ကိုယ်တိုင်ကတော့ မွေးထားတဲ့ အိမ်မွေးသတ္တဝါလေးတွေကို အစာကျွှေးဖို့အတွက် ခြံထဲထွက်သွားတယ်ပါတယ်။ အဲဒိချိန်မှာ အငယ်လေးနှစ်ယောက် ကမိဘတွေအတွက် ချန်ထားတဲ့ ဟင်းတွေပါယူစားလိုက်သတဲ့။ သူတို့က ကလေးတွေဆိုတော့ အရမ်းနားမလည်ကြဘူးလေ။ ကလေးသဘာဝအတိုင်း သူတို့လေးတွေ ကစားမယ်။ ပြီးရင်စားမယ် ဒါပဲသိရှာတယ်။ ပူရ ပင်ရ မှန်းလဲမသိရှာပါဘူး။


.           မိဘတွေကလဲ အလုပ်ပြီးတော့ပြန်လာ။ သမီးကြီးကလဲ မိဘတွေအသံကြားတော့ အိမ်မွေးတိရိစ္ဆာန်လေးတွေ အစာကြွေးရင်းကနေ လက်ရေးဆေးပြီး ထမင်းခူးဖို့ပေးဖို့ ပြန်လာတာပေါ့။ အဲဒိအချိန်မှာ ဟင်းတွေကမရှိတော့ဘူး။ ကလေးတွေကလဲ ကစားဖို့ အပြင်ထွက်သွားကြပြီတဲ့။ သူတိုခင်ဗျာ ဆင်ရဲတော့ ဟင်းသိမ်းဖို့ ကြောင်အိမ်တို့ဘာတို့လဲ ရှိကြဟန်မတူပါဘူး။ သမီကြီးက မီးဖိုကြောင်ထဲမှာ ဟင်းတွေကုန်တာတွေ့တော့ မအေကိုပြောတယ်။ အမေရေ မောင်လေးနှစ်ယောက် ဟင်းတွေသမီးမသိခင် အကုန်ယူစားလိုက်ကြပြီ ဘာမှမကျန်တော့ဘူးတဲ့။ ဒါကိုမိခင်ကြီးကကြားတော့ သမီးရယ် တိုးတိုးပြောပါကွယ် နင့်အဖေသိသွားမယ်။ အမေက မစားလဲရတယ် ရှိတာလေးနဲ့ နင့်အဖေကိုအရင်ကျွှေးလိုက်ပါ။ အမေ အပြင်ခဏသွားမယ်နော်တဲ့။ အိမ်ထောင်ရှင် အမျိုးသမီးတွေရဲ့ လေးစားစရာ စိတ်ဓာတ်လေးတွေပါ။ အိမ်ထောင်ရှင်မ အားလုံးနီးပါး ခုလိုစိတ်ဓာတ်လေးတွေ ရှိတတ်ကြပါတယ်။ သားသမီးတွေကို မောမောနဲ့ပြန်လာရှာတဲ့ ဖခင်ကြီးဆူမှာ စိုးရိမ်တဲ့မိခင်မေတ္တာနဲ့ မိမိအိမ်သားကို ဦးစားပေးတတ်တဲ့ အိမ်ရှင်မတစ်ဦးရဲ့ စေတနာ ပေါင်းစပ်ထားတာပါ။

.           ဒိအချိန်မှာ ထမင်းမစားခင် ရေသွားချိုးတဲ့ ဖခင်ကြီးက ပြန်လာတော့ ကြားသွားတာပေါ့။ ဒိတော့ဖခင်ကြီးက ဘာပြောလိုက်လဲဆိုတော့ကား။ သမီးကြီးရယ် သူတို့လေးတွေ ထမင်းမစားတတ်ခင်ကဆို စားအောင်လို့ဝါးတောင်ခွန့်ခဲ့ရတာ ခုလိုစားနိုင်လို့ကတော့ ကြိုက်သလောက်စားစမ်းပါစေ။ အဖေတို့အတွက် ဆားရှိရင်ဖြူးစားလို့ ရပါတယ်ကွာတဲ့။

.           ဖခင်တစ်ယောက်ရဲ့ မေတ္တာပါ။ ကိုယ်ပင်ပန်းပြီး ဆာလောင်နေတဲ့ ဆာလောင်မူကို သားသမီးတွေ အပေါ်မှာထားတဲ့ မေတ္တာက အနိုင်ယူပြလိုက်တာပါ။ မိဘတွေဟာ ကိုယ်အငတ်ခံပြီး သားသမီးတွေကို ကျွှေးလေ့ရှိကြပါတယ်။ မိဘတိုင်းက အခြေနေအရမတူကြပင်မယ့် ထားရှိတဲ့ စေတနာ မေတ္တာတော့ အများစုတူညီကြပါတယ်။ သူတို့ဘယ်လောက် ဆင်းရဲပါစေ သားသမီးတွေကို ချမ်းချမ်းသာသာ ဖြစ်စေချင်ကြပါတယ်။ အကယ်၍ မိဘတစ်ဦးက အမြင်ကျဉ်းလို့ သားသမီးအပေါ် လမ်းကြောင်းရွေးပေးတာ မှားခဲ့မယ်ဆိုရင်လဲ စေတနာအမှာပါ။ မိဘတိုင်းနီးပါး သာသမီးတွေ ကောင်းစားဖို့အတွက်ပဲ ဆောင်ရွက်လေ့ရှိကြပါတယ်။

.           ဒါကြောင့် မိဘတွေကို ဘယ်သောအခါမှာ ဘာအကြောင်းကြောင့်ဖြစ်စေ မပြစ်မှားမိကြပါစေနဲ့။ မိမိနိုင်သလောက် ပြုစုလုပ်ကျွှေးထောက်ပံ့ပေးကြပါ။ မိဘဆိုတာ အနန္တောအနန္တငါးပါးထဲမှာ ပါဝင်ပါတယ်။ မိဘကို ဦးစားပေးကြပါ။ မသေခင် တက်နိုင်သလောက် မိဘတွေကို စိတ်မဆင်းရဲရအောင် ထားကြပါ သူတော်ကောင်း အပေါင်းတို့။

Tuesday, October 13, 2015

ပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ်တစ်ပါးစီ၏ အဓိပ္ပာယ်


အ၀ိဇ္ဇာ= အ၀ိဇ္ဇာဟူသည် သစ္စာတရားလေးပါးကို မမြင်အောင်ကာကွယ်ဖုံးအုပ် တတ်သော တွေဝေမိုက်မဲသည့် မောဟကိုခေါ်သည်။ အ၀ိဇ္ဇာသည် မိမိသန္တာန်မှာရှိ၏။ ခန္ဓာ၊ အာယတန၊ ဓာတ်၊ ပဋိစ္စသမုပ္ပါဒ်တရားတွေကို
မသိအောင်ဖုံးအုပ်ထားခြင်းသည်အ၀ိဇ္ဇာဖြစ်၏။။။ အဟုတ်အမှန်ကိုမသိတတ်ခြင်း၊ ဖြစ်ပြီး ဖြစ်ဆဲ ဖြစ်လတ္တံ့ 
ရုပ်ကို ရုပ်ဟူ၍မသိ၊ အဖန်ဖန်ရုပ်နာမ်တို့ ဖြစ်ပုံပျက်ပုံအနိစ္စသဘောကို မသိ၊ ရုပ်နာမ်တို့၏ ထိတ်လန့်
ကြောက်မက်ဖွယ်ဆင်းရဲခြင်းသဘောကိုမသိ၊ ဤကဲ့သို့ မသိမိုက်မဲတွေဝေမှု မောဟတရားကိုခေါ်သည်။ယင်း
မောဟ အ၀ိဇ္ဇာသည် အကုသိုလ်တို့၏ အရင်းအမြစ်မူလဖြစ်၏။ အကုသိုလ်တို့ဖြစ်ပေါ်ရခြင်း၏အခြေခံအရင်း
အမြစ်ဖြစ်၏။ အ၀ိဇ္ဇာကိုခွာနိုင်မှ ၀ိဇ္ဇာ(အမှန်သိခြင်း) ဥာဏ်ရမှ နိဗ္ဗာန်ရနိုင်၏။

အ၀ိဇ္ဇာသည် အပ္ပါယ်ကျတရားဖြစ်၏။ မျက်ခုံးလှုပ်လျှင် အပူဇော်ခံရအံ့၊ ပေါင်လှုပ်လျှင် မိန်းမရအံ့၊ချစ်သူ
နှင့်ပေါင်းရအံ့၊ ပခုံးလှုပ်လျှင် ကောင်းချီးပေးအံ့၊ သလုံးမြင်းခေါင်းလှုပ်လျှင်ချစ်သူနှင့်တွေ့ရအံ့၊အပေါ်နှုတ်ခမ်း
လှုပ်လျှင် အဝေးစကားကြားရအံ့စသည်ဖြင့် အသားလှုပ်တာတွေကို ငါလှုပ်တယ်၊ ငါထင်ပြီးနေတာ အတ္တဒိဋ္ဌိ
ဝင်ပြီး အ၀ိဇ္ဇာဖြစ်၏။ ငါနာတယ်၊ ငါကျင်တယ်၊ ငါကိုက်တယ်၊ ငါတောင့်တယ်၊ ငါတင်းတယ်အကုန်လုံးစွဲနေ
ရင် အတ္တဒိဌိဖြစ်၏။ အ၀ိဇ္ဇာဖြစ်၏။

တောင့်ခြင်း၊ တင်းခြင်း၊ နာခြင်း၊ ကိုက်ခြင်း၊ ခဲခြင်းတွေသည် ပထ၀ီဓာတ်ပဲ၊ငါမဟုတ်ဘူး၊မမြဲဘူး၊အနိစ္စ
ဒုက္ခ၊ အနတ္တပဲဟုသိလျှင် သက္ကာယဒိဌိ (မရှိတာကို အရှိထင်နေခြင်း၊ မဟုတ်တာကို အဟုတ်ထင်နေခြင်း)
ကိုစွန့်၏။ အသိဇ္ဇာ(အမှန်မသိခြင်း)ကိုပယ်၍ ၀ိဇ္ဇာ(အမှန်သိခြင်း)ကို ဖြစ်လာ၏။ပူတာ၊ အးတာတေဇော ပဲ၊ အနိစ္စ ဒုက္ခ အနတ္တပဲ၊ လှုပ်တာ၊ ရွတာ ၀ါယောပဲ၊ အနိစ္စ ဒုက္ခ အနတ္တပဲ၊ယိုတာ၊ စီးတာ အာပေါပဲ၊ အနိစ္စ ဒုက္ခ အနတ္တပဲဟု မြင်သိလျှင် သက္ကာယဒိဌိပြုတ်ရင် သောတာပန်အစစ်ဖြစ်၏။

မျက်စိအကြိုက်၊ နားအကြိုက်၊ နှာခေါင်းအကြိုက်၊ လျှာအကြိုက်၊ ကိုယ်အကြိုက်၊ မနောအကြိုက် ခံစား
ခြင်းဖြစ်သည့် အယူလွဲမှားခြင်း မိစ္ဆာဒိဌိပြုတ်ပြီး မြတ်စွာဘုရား၏ တရားတော်မှလွဲ၍ ကိုးကွယ်ဆည်းကပ်
စရာမရှိဟု ယုံကြည်ခြင်းရှိလျှင် ၀ိစိကိစ္ဆာပြုတ်၏။ ထိုအခါ သောတာပတ္တိမဂ်သို့ဆိုက်ရောက်၏။ လောကုတ္တ
ရာမဂ်အောက်ဆုံးမဂ်သို့ရောက်၏။ အပါယ်တံခါးလုံးလုံးပိတ်၏။ ကတိမြဲ၏။ နိဗ္ဗာန်ရမှာသေချာ၏။ မိစ္ဆာဒိဌိ
နှင့် ၀ိစိကိစ္ဆာပြုတ်လျှင် သောတာပတ္တိမဂ်သို့ ဆိုက်ရောက်၏။

သင်္ခါရ= ထိုထိုဘုံဘ၀၌ အဗျာကတ(ခန္ဓာ၅ပါး၊ ရုပ်နာမ် ၂ပါး)ဘ၀သစ်ကို ဖြစ်ပေါ်စေတတ်သောကုသိုလ်
ကံ၊ အကုသိုလ်ကံမျိုးစေ့ကိုဆိုပါသည်။ ထိုထိုဘုံဘ၀တို့၌ ခန္ဓာသစ်ဖြစ်ပေါ်စေရန် ပြုပြင်စေ့ဆော်တတ်
သည်ကို သင်္ခါရခေါ်၏။ ကာယသင်္ခါရ၊ ၀စီသင်္ခါရ၊ စိတ္တသင်္ခါရဟူ၍ သုံးမျိုးရှိ၏။ ယခုဘ၀သေဆုံးပျက်စီး
သည်ရှိသော် ကုသိုလ်၊ အကုသိုလ်သင်္ခါရမျိုးစေ့ကြောင့် ထိုထိုဘုံဘ၀၌ အဗျာကတ၀ိပါတ်ခေါ် ၀ိညာ ဏက္ခန္ဓာ(နာမ်ခန္ဓာ)အသစ်ဆက်ဖြစ်ရ၏။ ထိုဝိညာဏက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ(နာမ်ခန္ဓာ)နှင့် ရူပက္ခန္ဓာ(ရုပ်
ခန္ဓာ)ဟူ၍ ရုပ်နာမ်နှစ်ပါး တစ်ပြိုင်နက်ဖြစ်လာရ၏။ ဘ၀သစ်၌ ၀ိညာဉ်နာမ်၊ ရုပ်၊ သဠာယတနသုံးပါး
ပေါင်းဆုံး၍ ရူပက္ခန္ဓာ(ရုပ်ခန္ဓာ)၊ ဝေဒနက္ခန္ဓာ(နာမ်ခန္ဓာ)၊ သညာက္ခန္ဓာ(နာမ်ခန္ဓာ)၊ သင်္ခါရက္ခန္ဓာ(နာမ်
ခန္ဓာ)၊ ၀ိညာဏက္ခန္ဓာ(နမ်ခန္ဓာ)ဟူ၍ ခန္ဓာငါးပါးပြည့်စုံသော ခန္ဓာဖြစ်လာရ၏။ ထိုအခါငကြွယ်၊ငချမ်းသာ၊
ငဌေးစသည်အားဖြင့် အမည်ပညတ်ခေါ်ဝေါ်ကြ၏။ ထိုအခါ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ မနော
အာယတန ၆ပါး၊ သဠာယတနအာရုံ ၆ပါးတိုက်ဆိုင်လျှင် ဖဿအတွေ့သည် ဖြစ်ပေါ်လာသည်။ ဖဿ
သည် ကြိတ်နှယ်ရ၏။ ထိုအခါ ဖဿဖြစ်လာ၏။ အရသာကိုခံစား၊ ခံစားသောအခါ ဝေဒနာဖြစ်လာ၏။
သင်္ခါရသည် အ၀ိဇ္ဇာကြောင့်ဖြစ်၏။

ဝိညာဉ်= အ၀ိဇ္ဇာကြောင့်ဖြစ်သည့် သင်္ခါရသည် ၃မျိုးဖြစ်၏။
(က) ပုညာဘိသင်္ခါရ။ နေ့စဉ်ပြုလုပ်နေကျသည့် ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာကုသိုလ်
(သို့)ဒါနသင်္ခါရ၊ သီလသင်္ခါရ၊ ဘာဝနာသင်္ခါရလို့လည်းခေါ်၏။
( ခ) အပုညာဘိသင်္ခါရ။ နေ့စဉ်ပြုလုပ်နေကြသည့် လောဘအကုသိုလ်စေတနာ၊ ဒေါသအကု
သိုလ်စေတနာ၊ မောဟအကုသိုလ်စေတနာ။
( ဂ) အာနေဉ္ဇာဘိသင်္ခါရ။ ဗြဟ္မာပြည်ရောက်အောင်ကျင့်ရသောတရား။
ရှေးရှေးဘ၀ကပြုခဲ့သော ပုညာဘိသင်္ခါရကြောင့် ယခုဘ၀ ကာမသုဂတိဘုံနှင့် ရူပဘုံတို့တွင် ပဋိသန္ဓေ
ဝိညာဉ်ဖြစ်ရ၏။ အပုညာဘိသင်္ခါရကြောင့် အပါယ်ဘုံ၌ ပဋိသန္ဓေ၀ိညာဉ်ဖြစ်ရ၏။ အာနေဉ္ဇာဘိသင်္ခါရ
ကြောင့် အရူပဘုံ၌ သန္ဓေ၀ိညာဉ်ဖြစ်ရ၏။ ထိုရှေးဘ၀က သင်္ခါရတို့ကြောင့် ယခုဘ၀၀ယ် ပ၀တ္တိအခါ၌
လည်း စက္ခုဝိညာဉ်၊ သောတ၀ိညာဉ်၊ ဃာန၀ိညာဉ်၊ ဇိဝှါဝိညာဉ်၊ ကာယ၀ိညာဉ်၊ မနောဝိညာဉ်စသည့်
ဝိပါက်ဝိညာဉ်များဖြစ်ကြ၏။ ၀ိညာဉ်ကြောင့် နာမ်ရုပ်ဖြစ်၏။

နာမ်ရုပ်= ပဋိသန္ဓေ၀ိညာဉ်ဖြစ်ပေါ်လာသည့်အခါ ၀ိညာဉ်နှင့်ယှဉ်ဘက်ဖြစ်သော နာမ်ခန္ဓာ ၃ပါးနှင့်ကမ္မရုပ်
ကလာပ်များ တစ်ပြိုင်နက်ဖြစ်ပေါ်လာသဖြင့် ၀ိညာဉ်ကြောင့် နာမ်ရုပ်ဖြစ်ရသည်ကိုဆို၏။

သဠာယတန= သ+အာယတန= သ-ခြောက်ခု၊ အာယတန=တည်ရာဌာန
လူခန္ဓာကိုယ်တွင် မျက်စိ၊ နား၊ နှာခေါင်းစသော တံခါးမကြီး ၆ပေါက်ပွင့်နေသောအခါ ရူပါရုံ။ သဒ္ဒါရုံ
စသော သူခိုး၊ ဓါးပြများဝင်ခွင့်ရသည်။

ဖဿ=အတွေ့အထိကို ဖဿဟုခေါ်၏။ အာရုံ ၆ပါးဖြစ်လျှင် ဖဿ ၆မျိုးရှိသည်။ အာရုံအကောင်းစား
တွေ့ထိခြင်း၊ အလတ်စားတွေ့ထိခြင်း၊ အညံ့စားတွေ့ထိခြင်းဟူ၍ ၃မျိုးပြား၏။ ဖဿသည် ကြိတ်နယ်၏။
ခံစားသာယာမှုအထင်ပေါ်လာ၏။ ထိုအခါ ဝေဒနာဖြစ်လာ၏။

ဝေဒနာ= ခံစားခြင်းကို ဝေဒနာဟုခေါ်၏။ အတွေ့အထိဖဿကြောင့် ခံစားခြင်း ဝေဒနာဖြစ်ပေါ်လာရ
သည်ဟုဆိုရာ၌ အတောင်သုံးဆယ်လောက်မြင့်သော ကွမ်းသီးပင်ထိပ်ဖျားတွင် လူတစ်ယောက်တ်နးလန်း
ကြီးဖြစ်ပြီး ပြုတ်ကျတော့မည့်အနေအထားကို အောက်ကမြင်ရသူကကြောက်ရွံ့ပြီး ခြေဖ၀ါးတွေယားလာ၏။
မျက်စိဖြင့်မြင်ရပြီး အတွေ့အထိ(စက္ခုသမ္ဖဿဇာ)ကြောင့် ခြေဖ၀ါးယားလာသည်အထိ ကြောက်ရွံ့မှုခံစား
ရခြင်း ဝေဒနာဖြစ်ပေါ်လာပုံကို သတိပြုပါ။

တဏှာ= တပ်မက်ခြင်း၊ နှစ်သက်ခြင်း၊ သာယာခြင်းကို တဏှာဟုခေါ်၏။ အဆင်း၌သာယာခြင်း ရူပတဏှာ
အသံ၌သာယာခြင်း သဒ္ဒတဏှာ၊ အနံ့၌သာယာခြင်း ဂန္ဓတဏှာ၊ အရသာ၌သာယာခြင်း ရသတဏှာ၊ အတွေ့အထိ၌သာယာခြင်း ဖောဌဗ္ဗတဏှာ၊ တွေ့ကြုံခဲ့ပြီးဖြစ်သော စက္ခု၊ သောတ စသော ဓမ္မရုံစသည်
ိုတို့၌ ပြန်လည်အောက်မေ့သာယာသော ဓမ္မတဏှာဟု၆မျိုးရှိ၏။ လက်တွေ့ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ
ဖောဌဗ္ဗာရုံဟူသော အာရုံ ၅ပါးမှတစ်ပါး ကြွင်းသမျှအလုံးစုံသည် ဓမ္မာရုံဖြစ်၏။
ခံစားမှုဝေဒနာကြောင့် သာယာမှုတဏှာဖြစ်သည်ဟုဆိုရာ၌ အာရုံအကောင်းစားနှင့် အလတ်စားကိုခံစား
ရလျှင်ဖြင့် တပြုံးပြုံးနှင့်သာယာစုံမက်လှသော တဏှာကိုဖြစ်စေ၏။ အာရုံအညံ့စားကိုခံစားရသောအခါ ဒီ
တဏှာသေတော့မှာဘဲလို့ထင်ရ၏။ သို့သော် အညံ့စားတွေ့လေလေ အကောင်းစားစိတ်ကူးလေလေဖြစ်
သောကြောင့် တဏှာမသေပါ။ စိတ်ကူးယဉ်သော တဏှာ၊ လှမ်းပြိးတောင့်တသောတဏှာဖြစ်၏။ ဘုရား
လေးဆူအကြာငး အစာမစားရသော ပြိတ္တာများသည် ဘယ်တော့မှစားကြရမည်လဲဟု လှမ်းပြီးတောင့်တကြ
၏။ မသေကြပေ။ တဏှာသည် အာရုံအကောင်းစားနှင့် အလတ်စားကိုတွေ့သောအခါ သာယာ၏။ အာရုံ
အညံ့စားကိုတွေ့သောအခါ အကောင်းစားကိုလှမ်း၍ တောင့်တ၏။

ဥပါဒါန်= အနည်းငယ်တပ်မက်မှုသည် တဏှာဖြစ်၍ လွန်လွန်ကဲကဲစွဲလမ်းတပ်မက်မှုသည် ဥပါဒါန်ဖြစ်၏။
ကာမှုပါဒါန်၊ ဒိဌုပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ အတ္တ၀ါဒုပါဒါန်အားဖြင့် လေးပါးပြား၏။

ဘ၀= ကမ္မဘ၀၊ ဥပပတ္တိဘ၀ဟု ၂မျိုးရှိ၏။ လောကီကုသိုလ်၊ အကုသိုလ်ကံဟူသော စေတနာ ၂၉ပါးသည်
ကမ္မဘ၀ဖြစ်၏။ အကြောင်းကံကြောင့်ဖြစ်ရသော လောကီဝိပါတ် ၃၂ပါးနှင့် ကမ္မဇရုပ်များသည် ဥပပတ္တိ
ဘ၀ဖြစ်၏။ ဒုစရိုက် ၁၀ပါးသည် အကုသိုလ်ကမ္မဘ၀ဖြစ်၏။ ကုသလကမ္မပထတရား ၁၀ပါးသည် ကုသိုလ်
ကုသိုလ်ကမ္မဘ၀ဖြစ်၏။

ဇာတိ= ထိုထိုဘုံဘ၀၌ ဖြစ်ရခြင်း၊ ပဋိသန္ဓေတည်နေရခြင်းကို ဇာတိဟုခေါ်၏။ အမိဝမ်းခေါင်း၌ အညစ်အ
ကြေးအလူးလူးဖြင့် ကိန်းအောင်းပဋိသန္ဓေနေရသော ဇာတိဒုက္ခကို ဘုရားရဟန္တာများသာ အတိအကျ
သိမြင်ကြ၏။

ဇရာမရဏ= သတ္တ၀ါတိုင်းသည် ထိုထိုဘုံဘ၀၌ ပဋိသန္ဓေဇာတိရ၍ တိရိစ္ဆာန်၊ လူ၊ နတ်၊ ဗြဟ္မာဟူသော
ခန္ဓာကိုယ်ကိုရရှိပါက အိုမင်းဆွေးမြေ့ရင့်ရော်ခြင်း ဇရာ၊ သေရခြင်း မရဏတို့ကို တွေ့ရမည်သာဖြစ်၏။
မသေမီစိုးရိမ်ပူဆွေးခြင်း(သောက)၊ ငိုကြွေးခြင်း(ပရိဒေ၀)၊ ခန္ဓာကိုယ်ဆင်းရဲရခြင်း(ဒုက္ခ)၊ စိတ်ဆင်းရဲ
ရခြင်း(ဒေါမနဿ)၊ ပြင်းထန်စွာပူဆွေးရခြင်း(ဥပါယာသ)တို့ကိုလည်း တွေ့ကြုံရမည်သာဖြစ်ပေသည်။

မှတ်​သားဖွယ်​ရာ မဟာစည်​ဆရာ​တော်​ဘုရားကြီး​ဖြေကြားချက်

မေး။ ။သတိပဋ္ဌာန်ဆိုတာ သတိပဲ။ သတိဆိုတော့ သမာဓိခန္ဓာထဲက တရားပဲ။ သမာဝါယာမ၊ သမ္မာသတိတို့နှင့် တွဲပြီး ဖြစ်တဲ့တရားပဲ။ ဒါကြောင့် သမာဓိလုပ်ငန်းပါလား။ ၀ိပဿနာ အလုပ် မဟုတ်တော့ပါလား။

ဖြေ။ ။ တချို့ကသတိပဋ္ဌာန်ဆိုတာ သတိပဲ။ သတိဆိုတော့ သမာဓိက္ခန္ဓာထဲက တရားပဲ။ သမ္မာဝါယာမ၊ သမ္မာသမာဓိတို့နှင့်တွဲပြီး ဖြစ်တဲ့တရားပဲ။ ဒါကြောင့် သမာဓိလုပ်ငန်းပဲ။ ၀ိပဿနာအလုပ်မဟုတ်ဘူး လို့ ဒီလိုပြောနေကြတယ်။ အဲဒါက သုတ်ဒေသနာ ဟောထားပုံကို မကြည့်ဘဲနဲ့ သတိပဋ္ဌာန်ဆိုတဲ့ အမည် ကလေး လောက်ကိုသာ ကြည့်ပြီး အတ္တနောမတိနဲ့ တွေးခေါ်မှုပါပဲ။ အမှန်ကတော့ သုတ်၏ ဥဒ္ဒေသ၀ါရ လောက် ကြည့်ရင်ကို 'သမ္ပဇာနော၊ မှန်စွာ အပြားအားဖြင့် သိသည်' ဆိုတဲ့ စကားကို တွေ့ရပါတယ်။ အဲဒါ ဟာ ၀ိပဿနာပညာပါပဲ။ နောက်ပြီးတော့ နိဒ္ဒေသ၀ါရ တွေကို လိုက်ကြည့်ရင် 'သမုဒယ ဓမ္မာနုပဿီဝါ၊ ဖြစ်ခြင်းသဘော၊ ဖြစ်ကြောင်းတရားကို ရှုမြင်သည်ဖြစ်၍ နေတယ် ' ဆိုတာကိုလည်းတွေ့ရမယ်။

သမထဘာဝနာ အရာမှာ ဖြစ်ခြင်း၊ ပျက်ခြင်း၊ ဖြစ်ကြောင်း၊ ပျက်ကြောင်း ကို ရှုမြင်ရိုးမရှိဘူး။ တစ်ကြံတည်း တည်နေတဲ့ အာရုံနိမိတ်ကိုသာ ရှုမြင်ရိုးရှိတယ်။ နောက်ပြီးတော့ 'အနိဿိတော စ ၀ိ ဟရတိ-တဏှာဒိဋ္ဌိ အမှီကင်းလျက် နေတယ်' ဆိုတာကိုလည်း တွေ့ရမယ်။ 'နိစကိဉ္စိ လောကေ ဥပါဒိယတိ၊ လောက၌ တစ်စုံတစ်ခုသော တရားကိုမျှ မစွဲလန်းတော့ဘူး' ဆိုတာကိုလည်း တွေ့ရမယ်။ သမထ ဘာဝနာအရာမှာ တဏှာ ဒိဋ္ဌိအမှီကင်းတာ အစွဲအလန်းကင်းတာရယ်လို့ မရှိဘူး။ အမှန်စင်စစ်အားဖြင့် ဖြစ်ခြင်း၊ ပျက်ခြင်း၊ ဖြစ်ကြောင်း၊ ပျက်ကြောင်းကို ရှုမြင်တာဟာ ၀ိပဿနာ အရာမှာမှ ရှိတယ်။

တဏှာဒိဋ္ဌိ အမှီကင်းတာ၊ အစွဲအလန်းကင်းတာ ဟာလည်း ၀ိပဿနာ အရာမှာမှ ရှိတယ်။ ဒါကြောင့် သမထပိုင်းဖြစ်တဲ့ အာနာပါနပိုင်း၊ ပဋိကူလမနသိကာရပိုင်းများမှာတောင်မှ သမထသက်သက်အတွက် မဟုတ်ဘူး။ သမထ အခြေခံပြီး ၀ိပဿနာ ရှုတတ်ဖို့ ရည်ရွယ်ပြီး ဟောထားကြောင်း ထင်ရှားပါတယ်။ ၀ိ ပဿနာပိုင်းများဖြစ်တဲ့ ဣရိယာပထပိုင်း၊ သမ္ပဇညပိုင်း စသည်မှာတော့ အထူးပြောစရာ မလိုပါဘူး။ ဝေဒနာနုပဿနာ၊ စိတ္တာနုပဿနာ၊ ဓမ္မာနုပဿနာ ပိုင်းတွေမှာတော့ သမထဈာန်နှင့် ဘာမျှ မသက်ဆိုင်တဲ့အတွက် ၀ိပဿနာ သက်သက်ဖြစ်ကြောင်း သာပြီးတော့တောင် ထင်ရှားပါတယ်။ (သလ္လေခသုတ်တရားတော်)

မေး။ ။ သွားရင် နာမ်ရုပ်လို့ ရှုဖို့ ဘုရားဟောခဲ့ပါသလား

ဖြေ။ ။ 'ဂစ္ဆန္တော ၀ါ၊ သွားသည်ရှိသော်လည်း။ ဂစ္ဆာမီတိ၊ သွားသည်ဟူ၍၊ ပဇာနာတိ၊ သိ၏။ 'သွားရင် သွားတယ်လို့ သိရမယ်တဲ့။ ဒါပါပဲ၊ သွားရင် သွားတယ်လို့ သိရမယ် ဆိုတာ ဘာခက်လဲ။ ဘာမျှမခက်ဘူး။ မခက်တော့ ဒါကို တချို့က တရားမဟုတ်ဘူး ထင်နေကြတယ်။ ဘုရားဟောသွားလို့သာပေါ့။ ဘုရားဟော မဟုတ်လို့ရှိရင် ဒီဟာကို အကုန်လုံးတောင် ပယ်ပစ်လိုက်ဦးမယ်။ ဘုရားဟောတာတောင်မှ 'ဒီလိုက မဟုတ်သေးဘူး၊ ဟိုလိုက မဟုတ်သေးဘူး' ဆိုပြီး အညွန့်တက်လိုက်ချင်ကြသေးတယ်။

ဘာနဲ့တူသလဲ ဆိုတော့ နငယ်ကို အမြီးဆွဲတဲ့ အယ်ဒီတာနဲ့ တူနေပါတယ်။ ပြင်စရာက မရှိတော့ နငယ် ကို အမြီးတိုသေးတယ် ဆိုပြီး ပြင်လိုက်သတဲ့။ အဲဒါလိုပဲ 'ဂစ္ဆန္တော ၀ါ- သွားသည် ရှိသော် ဆိုရာမှာ သွားတာကို သွားတယ်လို့ ရှုရင် ခြေထောက်ကားရား၊ ကိုယ်ကားရားနဲ့ ဖြစ်နေမှာပေါ့။ ဒါပညတ်တွေပဲ၊ ပရမတ် မဟုတ်သေးဘူး' ဆိုပြီးတော့ ပြင်ကြသေးတယ်။ အဲဒါ နငယ်ကို အမြီးဆွဲတာပါပဲ။

ဘုရားဟောထားတာပဲ။ ပြင်စရာ မလိုပါဘူး။ ပရမတ် နာမ်ရုပ်တွေကို တွေးဆပြီး ရှုသင့်ရင် မြတ်စွာ ဘုရားက တစ်မျိုးပြင်ပြီးဟောမှာပေါ့။ ဘယ့်နှယ်တုံးဆိုရင် 'ဂစ္ဆန္တော ၀ါ နာမရူပန္တိ ပဇာနာတိ။ ဂစ္ဆန္တော ၀ါ၊ သွားသည်ရှိသော်လည်း၊ နာမရူပန္တိ၊ နာမ်ရုပ်ဟူ၍။ ပဇာနာတိ၊ သိ၏' လို့ ဒီလိုပြင်ပြီး ဟောခဲ့မှာပေါ့။ (အရိယာဝါသတရားတော်)

မေး။ ။ အာနာပါန (၀င်လေထွက်လေ) ကို ရှုမှတ်ရာမှာ ဘယ်လိုရှုရင် သမထနဲ့ ၀ိပဿနာ ဖြစ် နိုင်ပါသလဲ။

ဖြေ။ ။ ဈာန်ရသူ ဖြစ်စေ၊ မရသူဖြစ်စေ၊ ထွက်သက်ဝင်သက်၌ ပုံသဏ္ဍာန် နိမိတ်ကို မှန်းဆ၍ ရှုလျှင် သမထသာ ဖြစ်၏။ ၀ိပဿနာ မဖြစ်။

တွေ့ထိလှုပ်ရှားမှုကိုသာ ပဓာနပြု၍ ရှုလျှင် ၀ိပဿနာ ဖြစ်၏။ ဈာန်လမ်း သမထ မဖြစ်။
(၀ိပဿနာရှုနည်းကျမ်း ပထမတွဲ)

မေး။ ။ ဣရိယာ ပုတ်တစ်ခုခုမှာ ညောင်းပူ နာကျင် အခံခက်လာရင် ချက်ချင်း ပြုပြင်ရမယ်၊ မပြုပြင်ဘဲ ရှုနေရင် အတ္ထကိလမထာနုယောဂ ဖြစ်တယ်ဆိုတာ မှန်ပါသလား။

ဖြေ။ ။ လူဝတ်ကြောင် ကမ္မဋ္ဌာန်းဆရာ တစ်ယောက်ကတော့ ဣရိယာ ပုဒ်တစ်ခုခုမှာ ညောင်းပူနာကျင် အခံခက်လာရင် ချက်ချင်း ပြုပြင်လိုက်ရမယ်။ မပြုပြင်ဘဲ ရှုနေရင် အတ္ထကိလမထာနုယောဂ ဖြစ်တယ် လို့ ဆိုသတဲ့။ အဲဒါလည်း သာတ္ထကသမ္ပဇဉ်ကို အလေးပေးပြီး မသင့်တော်တဲ့ ယူဆပြောဆိုချက်ပါပဲ။

သမထ၊ ၀ိပဿနာတရား အားထုတ်ရာမှာ ခန္တီသံဝရဆိုတာ အရေးတကြီး လိုပါတယ်။ အတော်အတန် ဒုက္ခကိုတော့ သည်းခံပြီး ရှုနေမှ သမာဓိဥာဏ် ဖြစ်နိုင်တယ်။ သည်းမခံဘဲ ခဏခဏ ပြုပြင် ပြောင်းလဲ နေရင် သမာဓိဥာဏ် မဖြစ်နိုင်ပါဘူး ဆိုတာ ထိထိရောက်ရောက် အားထုတ်ဖူးတဲ့သူတိုင်း သိပြီး ဖြစ်နေ ပါတယ်။ ဒါကြောင့် အခံခက်တဲ့ ဒုက္ခဝေဒနာဖြစ်လာရင် စွမ်းနိုင်သမျှ သည်းခံပြီး ရှုနေရတယ်။ အဲဒီလို သည်းခံနေတဲ့အတွက် ခန္တီသံဝရသာ ဖြစ်ပါတယ်။ အတ္တကိလမထ တော့ မဖြစ်ပါဘူး။ ဘာကြောင့်လဲ ဆိုရင် အဲဒီလို သည်းခံပြီး ရှုနေတာဟာ တမင်ဆင်းရဲအောင် လုပ်တာလည်း မဟုတ်ဘူး။ ဆင်းရဲ ပင်ပန်း ရုံမျှလည်း မဟုတ်ဘူး။ မြတ်စွာဘုရား၏ အလိုတော်ကျ ခန္တီသံဝရနှင့် သတိသမာဓိ၊ ပညာတွေ ဖြစ်ပွား နေလို့ပါပဲ။

မြတ်စွာဘုရား အလိုတော်ကတော့ စွမ်းနိုင်မယ် ဆိုရင် ထိုင်ခြင်း ဣရိယာ ပုဒ်ကို မပြင်ဘဲ တစ်ထိုင် အတွင်းမှာ အရဟတ္တဖိုလ်ရောက်အောင် မဆုတ်မနစ် အားထုတ်ရတာကို ပိုပြီး နှစ်သက်တော် မူပါတယ်။ ဒါကြောင့် မူလပဏ္ဏာသ မဟာဂေါသိင်္ဂသုတ်မှာ 'ငါ၏ စိတ်သည် မစွဲလန်းမူ၍ အာသဝေါ တရားတို့မှ မလွတ်သေးသမျှ ကာလပတ်လုံး ဤထက်ဝယ်ဖွဲ့ခွေ ထိုင်ခြင်းကို မဖျက်တော့ဘူး 'လို့ အဓိဋ္ဌာန်ပြုပြီး ထိုင်လျက် အားထုတ်နေရင် အဲဒီလို အားထုတ်သော ရဟန်းသည် ဂေါသိင်္ဂမည်တဲ့ အင်ကြင်းတော့ ကျောင်းတိုက်ဟာ တင့်တယ် နိုင်တယ်လို့ မိန့်တော်မူပါတယ်။ အဲဒီလိုရဟန်းဟာ တောကျောင်းကို တင့်တယ်စေနိုင်တဲ့ အကောင်းဆုံး ပုဂ္ဂိုလ်ဖြစ်တယ်လို့ ဆိုလိုတာပါပဲ။ ဒါကြောင့် ဒုက္ခဝေဒနာကို သည်းခံ ပြီး ရှုနေရင် အတ္တကိလမထာနုယောဂ ဖြစ်တယ်လို့ ဆိုတာဟာ ဘုရားအလိုတော်ကျ အားထုတ် နေတဲ့ ပုဂ္ဂိုလ်မြတ်တွေကို စွပ်စွဲရာလည်း ရောက်တယ်။ ဘုရားစကားတော်ကို ပယ်ဖျက်ရာလည်း ရောက်တယ်။

မပြုပြင်ဘဲ သည်းခံပြီး ရှုနေမှ သမာဓိ ပညာကောင်းကောင်း ဖြစ်မည့် ယောဂီတို့အား သမာဓိပညာ တရားထူးမှ ဆုံးရှုံးနစ်နာစေရာလည်း ရောက်တယ်။
(ဓမ္မစကြာတရားတော်)
(မှတ်ချက်။ ။.. ဤကား အရှင်သာမဏေကျော် ကောက်နုတ်ကာ ထုတ်ပြထားသော မဟာစည် ဆရာတော်၏ အဖြေအပြည့်အစုံ မဟုတ်သေး။ သိသာရုံမျှ ဖော်ပြပြီး စာမျက်နှာ လေးမျက်နှာကို တည်း ဖြတ်ထားသည့် အလှတရား.. )

တချို့ကတော့ ဒုက္ခဝေဒနာဖြစ်လာရင် ဣရိယာပုဒ်ကို ချက်ချင်း ပြင်လိုက်ရမယ်လို့ ညွှန်ကြားနေကြ တယ်။ အဲဒီညွှန်ကြားတဲ့ ဆရာတွေဟာ ရှုမှတ်နေရင်း ဒုက္ခဝေဒနာပျောက်ပြီး သမာဓိဥာဏ်များ ထူးခြား စွာဖြစ်ပုံကို မတွေ့ဖူးလို့၊ ကျကျနနလည်း မရှုမှတ်ဘူးလို့ ဖြစ်ဖွယ်ရှိပါတယ်။ အမှန်ကတော့ ဒုက္ခဝေဒနာ ပေါ်လာတိုင်း ဣရိယာ ပုတ်ကို ပြုပြင်ပေးနေရင် သမာဓိဖြစ်ဖို့ ဝေးပါတယ်။ သမာဓိမဖြစ်ရင် ၀ိပဿနာ ဥာဏ်အစစ် ဖြစ်ဖို့လည်း ဝေးတာပါပဲ။

နောက်ပြီးတော့ (အတွေ့ဆိုးများ၊ နှိပ်စက်ငြား၊ ညည်းတွားမြည်တမ်းမပြုရာ) ဆိုတဲ့ 'ဖေဿန ယဒါ ဖုဋ္ဌ'ဿ၊ ပရိဒေ၀ံ ဘိက္ခု နကရေယျ ကုဟိဉ္စိ။' ဒေသနာတော်ကိုလည်း မလိုက်နာရာ ရောက်ပါတယ်။ အတွေ့ဆိုးများနှင့် တွေ့ရတဲ့အခါ ဒီဒေသနာအရ မညည်းညူဘဲ သည်းခံပြီး ရှုမှတ်နေရင် တွေ့ကြုံ ခံစား နေရတဲ့ ဒုက္ခဝေဒနာ ပျောက်ရုံမက သမာဓိဥာဏ်တွေ ထူးထူး ခြားခြား ဖြစ်လာတာကို တွေ့ရမှာ သေချာ ပါတယ်။

ဒါကြောင့် 'ဘိက္ခု၊ သံသရာဘေးကို ရှုမြင်၍ ရှုမှတ်အားထုတ်နေသော ယောဂီရဟန်းသည်။ ယဒါ၊ အကြင်အခါ၌။ ဖေဿန၊ အတွေ့ဆိုးဖြင့်။ ဖုဋ္ဌော၊ တွေ့ရသည်။ အဿ၊ ဖြစ်ရာ၏။ တဒါ၊ ထိုသို့တွေ့ရသော အခါ၌။ ကုဟိဉ္စိ၊ တစ်စုံတစ်ရာ၌မျှ။ ၀ါ၊ တစ်စုံတစ်ခုသော အကြောင်း ကြောင့်မျှ။ (ရောဂါဖြစ်လိမ့်မယ် စသည်ဖြင့် တွေးတောတဲ့ အကြောင်း စသည်ကြောင့်လို့ ဆိုလိုပါတယ်။ ) ပရိဒေ၀ံ၊ ငိုကြွေ်းမြည်တမ်းခြင်း ညည်းညူခြင်းကို ၊ နကရေယျ၊ မပြုရာ' လို့ ဘုရားရှင် ဟောတော် မူတာပါပဲ။
(တုဝဋကသုတ်တရားတော်)

Saturday, October 10, 2015

မလွတ်​တန်​ရာဝဋ်​ကြမ္မာ ဆိတ်တစ်ကောင်အကြောင်း..


    အတိတ်က ဗာရာဏသီပြည်မှာ ဒိသာပါမောက္ခဆရာကြီးတစ်ဦး ရှိတယ်..... သူက တစ်နေ့ ဆွမ်းသွပ်ဖို့ ဆိုပြီး ဆိတ်တစ်ကောင်ကို ရှာထားတယ်။

    #အဲ့ဒီဆိတ်ဟာဘ၀ကိုပြန်သိတဲ့ဥာဏ် ရတော့ ... #ငါတော့ဒီနေ့အသတ်ခံရတဲ့ဒုက္ခမှလွတ်မြောက်တော့မယ်.. လို့.သိပြီး ရယ်တယ်။

   ပြီးတော့ တစ်ခါ #အင်းဒီပုဏ္ဏားတော့ငါ့သတ်ပြီးရင်ငါရတဲ့ဒုက္ခမျိုးရဦးမှာပဲ... ဆိုပြီး ပုဏ္ဏားအပေါ် သနားဂရုဏာနဲ့ ငိုသတဲ့ ။

    အဲ့ဒီလို .. ရယ်လိုက် ငိုလိုက် ဖြစ်နေတဲ့ ဆိတ်ကို ပုဏ္ဏား က မေးသတဲ့..

ထိုအခါ ..ဆိတ်က.. ..** အကျွန်ုပ်သည် ရှေးက သင်ပုဏ္ဏားကြီးလိုပဲ ဆွမ်းသွပ်ဖို့ ဆိုပြီး ဆိတ်တစ်ကောင် သတ် လှူခဲ့ပါတယ် ။ .... အကျွန်ုပ်ဟာ ဆိတ်တစ်ကောင်ကို လည်လှီးပြီးသတ်ခဲ့တဲ့ အတွက် ၄၉၉ ဘ၀ လည်လှီး အသတ်ခံခဲ့ရပြီးပါပြီ .။    ......    ယခုဘ၀ဟာ ဘ၀ငါးရာပြည့်မယ့်ဘ၀ပါ..။    ဒီနေ့လည်လှီး သတ်ခံရပြီးရင် အကျွန်ုပ် ဒုက္ခ မှလွတ်ပါပြီ..။     အဲ့ဒီအတွက် ၀မ်းသာမိ၍ ရယ်ပါတယ်  ။

    ငိုရခြင်းမှာ အကျွန်ုပ် လည်လှီးသတ်မိတဲ့အတွက် ဘ၀ပေါင်း ၅၀၀ ဒုက္ခပြန်ခံခဲ့ရသလို..  ယခု အသင်ပုဏ္ဏားကြီးသည်လည်း လည်လှီး သတ်မည်ဖြစ်၍ ငါ့လို ဒုက္ခမျိုး အသင်ပုဏ္ဏားကြီး လည်း ပြန်ခံရမည် ကို သနားမေတ္တာ ကရုဏာဖြစ်မိ၍ ငိုရခြင်းဖြစ်တယ်.....
လို့ ပြန်ဖြေတယ်..

ထိုအခု ပုဏ္ဏားကြီးက #မကြောက်နဲ့ သင့်ကို ငါမသတ်ဘူး... လို့ပြောတယ်။

   အဲ့ဒီလိုပြောတော့ ဆိတ်က ** ပုဏ္ဏားကြီး .. သင်သတ်သည် ဖြစ်စေ.. မသတ်သည်ဖြစ်စေ.. ယနေ့ အကျွန်ုပ် သေဘေးမှ မလွတ်တော့ပါ..   ဟု ပြန်ပြောလေတယ်။

   ဒီတော့ ပုဏ္ဏားကြီးက ** မကြောက်နဲ့ သင့်ကိုငါ စောင့်ရှောက်မယ်..  .  ... ဆိုပြီး .. ဆိတ်နဲ့အတူ ဆိတ်ကျောင်းလေသည်..။

    အဲ့ဒီအခါ ဆိတ်က သင့်ရဲ့အစောင့်အရှောက်က နည်းလှပါတယ်..။    အကျွန်ုပ် ပြုထားတဲ့ အကုသိုလ် ကံကများလှပေတယ်.. ...
....
   အဲ့ဒီလိုပြောတော့ ပုဏ္ဏားကြီးက ဆိတ်ကိုလွှတ်ပြီးတော့ .. ဆိတ်ကျောင်းလေသည်....

   ပုဏ္ဏားကြီးလက်ကလွတ်တယ်ဆိုရင်ပဲ  ဆိတ်ဟာ ကျောက်ဖျာကိုမှီ ပေါက်နေတဲ့ ချုံ ကို ဦးခေါင်းမော့ပြီး စားဖို့ ကြိုးစားနေတုန်း.. မိုးကြိုး ပစ်ချလိုက်တယ်... ကျောက်လွှာပဲ့ပြီး ဆိတ်လည်ပင်း ပြတ် လေသတဲ့  ... ..
  ထိုဆိတ်ပြုထားခဲ့တဲ့ အကုသိုလ် ကံရဲ့. မကောင်းကျိုး ပေးပုံလေးပေါ့..

ဒါကြောင့် လှံထမ်းလာတာ သာမြင်ရတယ်... ကံထမ်းလာတာ မမြင်ရဘူး.. ဆိုသလိုပေါ့..

ဒါကြောင့် မဃဒေ၀လင်္ကာမှာ မာန်လည်ဆရာတော်ဘုရားကြီးက

ပုဗ္ဗေရှေးက ပြုခဲ့ကြသည့် .. ပါပအကျိုး ထိုကံဆိုးကြောင့် မိုးကြိုးကျရာ ခံမိစွာခဲ့ သံသရာရှည်ဓွန့် ဘယ်မစွန့်ဘူး... လို့ လင်္ကာစီခဲ့ လေသည်..။

သတိ ချုပ်ထား မြတ်တရား


သတိဥာဏ်ယှဉ်
သမ္ပဇဉ်ကား------

အလုပ်တစ်ခုပြု
တော့ မည်ဆို
တင်ကြိုသတိ
ဥာဏ်မျက်စေ့ ဖြင် 
ကျိုးရှိ  မရှိမြင်
အောင်ကြည့် ရှိမှ
ပြုကျင့် ပါ။

အလုပ်တစ်ခုပြု
မည့် ဆဲဆဲ
ခွဲခြမ်းတတ်အပ်
ဥာဏ်ဓါးမြတ်ဖြင့် အပ်၏မအပ်
ကိုယ်ချင်းစပ်
အပ်မှပြုကျင့် ပါ။

အလုပ်တစ်ခုပြုလုပ်နေစဉ်
ိကိုယ်ဝင်ကျက်
စား  သူ့ အထားသို့ 
စိုက်အားအပြည့် 
သမာဓိဖြင့် မိ၏မမိသုံးသပ်
ကြည့် မိမှဆက်
လုပ်ပါ။

ဆိုပြီးလေးလီ
သင့် ဥာဏ်ရည်
ကား
လောကီ
လောကုတ်
အလုပ်မှန်သမျှ
အသုံးကျ၏
ကင်းပအပြစ်
ပွားသစ်အကျိုး
မညှိုးမညို
ပန်လိုသူများ
လက်ကိုင်ထားကာကြိုးစားရာ
သည်
မေတ္တာရှင်၏
အမှာတော်။

ကျေးဇူးတော်ရှင်
မဟာဗောဓိမြိုင်
ဆရာတော်ဘုရားတော်ကြီ့း

ဒုက္ခတစ်ခု ကြုံတိုင်း ကုသိုလ်တစ်ခု လုပ်ပါ


          တစ်နေ့ သောအခါ ဆရာတော် ဦးဗုဓ် ၏ မယ်တော်ကြီး သည် မိမိ နေ အိမ် မီးလောင် သွားသောကြောင့် သာ ဦးဇင်းထံ သို့ ပြေး လာ ပါတယ် ။ သူ့ခဗျာ မုဆိုး မကြီး ဆိုတော့ အားကိုး
လဲ မရှိ ရှာ ပါ ဘူး ။ အဲ ဒိအတွက် သားဦးဇင်း ထံ အားကိုး တကြီး နဲ့ ပြေး လာတာ ပါ ။

          အဲဒိ အချိန်မှာ ဆရာတော် ဦးဗုဓ် က မင်းကိုကွယ်တဲ့ ဆရာတော် ဖြစ်နေ ပါပြီ ။ မယ်တော် ကြီးအတွက်နေ စရာ အိမ်တစ် လုံးတော့ကောင်းကောင်း ဖန်တီးပေ နိုင်စွမ်း ရှိပါတယ်။ ဘုရင် ကိုတိုင် က အလွန် ကြည်ညို တဲ့ ဆရာတော် ဖြစ် တဲ့အတွက် လာဒ် လာဘ ပေါများမယ် ဆိုတာ ယုံ မှား ဖွယ် မရှိပါ
 ဘူး။ ဒါယကာတွေကို မယ်တော် အိမ် မီးထဲ ပါသွားတယ် လိုပြောလိုက် တာ နဲ့ ကိစ္စပြီး နိုင်ပါတယ်။

          ဒါပင်မဲ့ ဆရာတော် ဦးဗုဓ် က မယ်တော်ကြီး လာတဲ့အခါမှာ ဘာမေး လဲ ဆိုတော့" ခု မယ်တော် ကြီး အိမ်မီးထဲ ပါသွား ပြီဘာတွေ ကျန်သေး လဲ လို့မေး ပါတယ်။ ဒီအခါ မှာမယ်တော်ကြီး က အားကိုးတကြီး နဲ့ တပည့်တော်မ မှာ ခုဝတ်ထားတဲ့ အဝတ်နဲ့ ပခုံး ပေါ်က ဒီ တဘက် တစ်ထည် ပဲ ကျန်ပါ
တော့ တယ် ဘုရား လို့လျှောက် လိုက် ပါတယ်။

          ဆရာတော် ဦးဗုဓ် က " မယ်တော် ကြီး ရှေ့ က ပြုခဲ့တဲ့ အကုသိုလ်တွေကြောင့် ခုလိုဒုက္ခတွေ ရောက် ရတာ ။ ဒါကြောင့် ကုသိုလ် ပြုပါဆို ပြီး ပုခုံးပေါ်က တဘက်လေး ကိုအလှူခံ လိုက်ပါတယ်။ဆရာတော် ဘုရားကြီးဟာ ပညာရှိဖြစ်သည့်အား လျှော်စွာ ပြုမှူဆောင် ရွက်ခဲ့ တာပါ။ ဒါကြောင့် ဆရာတော် အပြုမူ ဟာနောက် လူတွေ အတွက် လမ်းပြသွားတာ မှတ်သား စရာပါ။

           ဦးဇင်းတို့တွေဟာ တစ်ခါတစ်လေမှာ ကောင်းတာတွေလဲ လုပ်ပါလျှက် မှန်မှန် ကန်ကန် လဲလုပ် ပါလျှက်ဒုက္ခတွေ ကြုံတွေရရင်ဒါရှေ့ အကုသိုလ်အကြိုးပေးလာပြီလို့သိရပါမယ်။ အဲဒါ မျိုးအချိန်ကြရင် ကုသိုလ် တစ်ခုခု ကိုပြုလိုက်ပါ ။ ဒါဆိုရင်လက်ရှိအကျိုးပေးနေတဲ့ အကုသိုလ်တွေ အနည်းငယ်တော့ အား
ပျော့ သွားပါလိမ့်မယ် ။ တော်ရုံ အကုသိုလ် ဆိုရင် တော့ပြောက်ကွယ် သွားပါ လိမ့် မယ် သူတော်ကောင်း တို့ ။

          တစ်ချိုဆိုရင် အကုတွေ လုပ်နေ ပြီး အောင်မြင်နေတာ တွေ့ရ တတ် ပါတယ်။ ဒါ ဟာရှေ့ က သူပြုခဲ့ တဲ့ ကုသိုလ်တွေ ရှိနေလို့ ပါ။ဥပမာ ခု လက်ရှိ အကုသိုလ် လုပ်နေပြီး လမ်း မှာ လက်စွတ် တစ်ကွင်း ကောက်ရ တယ် ဆို ပါ စို့ ။ ဒါဆိုရင်အဲဒိ လူဟာ ရှေ့ ကုသိုလ်ကြောင့် လက်စွတ် ထက် အဖိုး ကြီးတဲ့ အရာတစ် ခုရနိုင် ပင်မဲ့ လက်ရှိ အကုသိုလ်တွေကြောင့် လက်စွတ်ပဲ ရတော့ တာပါ ။ ကုသိုလ်တွေ ပြုပြီး လမ်းမှာဆိုင်ကယ် တိုက်မိ လို့ ပေါင်ကျိုးသွား တယ် ဆိုပါ စို့ဒါဆိုရင်ဒိ လူရဲ့ ရှေ့ အကုသိုလ် ကံ က သေနိုင်လောက် တဲ့ အထိအကျိုး ပေး မှာ ဖြစ် ပင်မဲ့ လက် ရှိကုသိုလ်ကြောင့် ပေါင်ကျိုး
ရုံ ပဲ ဖြစ်သွား တာ လို မှတ်သား ရ ပါမယ် ။

        ဒါကြောင့် စိတ်ညစ်စရာ ပြဿနာတွေ ဒုက္ခတွေ ကြုံတွေ့လာ တိုင်း ကုသိုလ် တစ်ခုခု အမြဲပြုပါ ။ ကောင်းတာလုပ် ပါလျက်ကောင်း တာ မဖြစ်ဘူး ဆိုပြီးဘယ်တော့ မှ အားမငယ် ပါနဲ့ ရှေ့ ဘဝ က ဘယ်လောက်တာင်အကုသိုလ်တွေ ပြုထား မိမှန်း ကိုယ် မှ မသိနိုင်တာ။ အကယ် ၍ သာ ကုသိုလ်ထပ် မပြုရင် အကုသိုလ်တွေ အကျိုးပေး ချင်တိုင်း ပေခွင့် ရ သွားပါ လိမ့်မယ် ။ကုသိုလ်လေးခံလိုက်တော့ အကုသိုလ် က ဝင်ချင်တိုင်းဝင်မရတော့ ဘူးပေါ့ ။ 

        ဒါကြောင့် ကုသိုလ် ပြုဖို့ မမေ့ ကြပါနဲ့ ။မိမိ ကုသိုလ်တွေ ပြုပါလျှက် နဲ့ အကုသိုလ်တွေ ကြုံခဲ့ရင်လဲ
ကုသိုလ် သာ ပြု ရတာ တကယ် လဲ အကျိုး မပေးပါ ဘူး။ မထူးပါ ဘူးလို့ကုသိုလ် အပေါ် ယုံမှား သံသယ လုံးဝ မရှိပါ နဲ့ လို့ပြော ကြားတိုက် တွန်း လိုပါတယ် သူတော်ကောင်း အပေါင်း တို့။

တူသောအကျိုး ရရှိသော မှတ်သားဖွယ်ပုံပြင်


ယ​နေ့ပုံပြင်ကြိုက်သောလူငယ်လေးများလဲ မှတ်သားဖွယ်ဖြစ်အောင်၊ လူကြီးများလဲ ကလေးငယ်များ ကိုဆုံးမ သွန်သင်ရင်း ပြောပြလို့ရအောင် မှတ်သားဖွယ်ပုံပြင်လေး တစ်ပုဒ်ကိုဦးဇင်း ရေးပြပေးပါမယ်။ ဒိပုံပြင်လေးက လိမ္မာ ရေးခြား ဖြစ်စေမဲ့ သခန်းစာလေး ပေးသွားပါလိ့မ်မယ်။ 

* . ရှေ့အခါက ရွာတစ်ရွာမှာ စိက်ရင်းကောင်းတဲ့ ဖိုးသူတော်တစ်ပါးရှိပါတယ်။ ဖိုသူတော်ကြီးက နေ့စဉ်ဘု ရားဝတ်ပြု ကျောင်းဝေယျာဝစ္စလုပ်ရင်း တရားနဲ့မွေ့လျှော် လေ့ရှိပါတယ်။ သူ့နူတ်ကလဲ'' စိတ်ကောင်းမှနတ်ကောင်း မမယ်၊ တူသော အကျိုးရလိမ့်မယ်'' လို့အမြဲရွတ်လေ့ ရှိပါတယ်။ 

* . ဘုန်းကြီးကျောင်းနားမှာလဲ စိက်ရင်းမကောင်းတဲ့ မုဆိုးမကြီးတစ်ဦးရှိပါတယ်။ အဲဒိမုဆိုးမကြီးက ဖိုးသူတော်ကြီးဆို ဆိုနေတဲ့'' စိတ်ကောင်းမှ နတ်ကောင်းမမယ်၊ တူသောအကျိုးရလိမ့်မယ်'' ဆိုတဲ့အသံကိုကြားရင် အလိုလိုနေရင်း သူကိုပဲ စောင်းဆိုနေတယ်လို့ ထင်နေပါတယ်။ စိတ်ထား မကောင်းသူတွေက အဲဒိလိုပါပဲ။ ခုခေတ်မှာလဲရှိတယ်နော် တစ်ချို့ဆို အလကားနေရင်း ရန်ရှာနေကြ အပြစ်ပြောနေကြ တာတွေတွေ့ရတတ်ပါတယ်။ 


* . အဲဒိမုဆိုးမကြီးက သူဘာသာဆိုနေတဲ့ ဖိုးသူတော်ကြီးကို ရန်သူလို့ သက်မှက်ထားတယ်တဲ့။ ဖိုးသူတော်ကြီးကို အများအလှူပေးရင်၊ သူများတွေကချစ်ခင်ကြရင် အလားကားနေရင်း မုဆိုးမကြီးက မကျေနပ်ဘူး။ တော်တော်စိက်ထားဆိုး တဲ့မုဆိုးမကြီးပဲနော် ။ ပြီးတော့ မုဆိုးမကြီးက သူအပေါင်းသင်းတွေကိုလဲ ဖိုသူတော်ကြီးကို မလှူချင်အောင် အားထုက်တယ်တဲ့။ မုဆိုးမကြီးစကာကြောင့် တစ်ချို့အတဲ့သူတွေက ဖိုးသူတော်ကြီးကို မကြည်ညိုတော့ဘူးတဲ့။ တော်တော်အတဲ့သူတွေနော်။ ခုခေတ်လဲ အဲဒိလောက်အတဲ့သူတွေ ရှိရင်ရှိနေအုံမှာ ဦးဇင်းတို့တတွေ အဲဒိလို သူတော်ကောင်းတွေကို အပြစ်ရှာတက်တဲ့ စိတ်ထား ဆိုးသူတွေနဲ့ ကင်းအောင်အတတ်နိုင်ဆုံး ရှောင်ကြရမယ်။ အဲဒိမုဆိုးမစကားကြောင့် သူတော်ကောင်းတွေကို ပြစ်မှားမိရင်ဒုက္ခနော်။ သူတစ်ပါးကြောင့် မိမိမှာ အကုသိုလ် ဖြစ်တက်တယ်။ 

* . စိတ်ထားဆိုးတဲ့ မုဆိုးမကြီးမှာ သူအရမ်းချစ်တဲ့ သားတစ်ယောက်လဲရှိတယ်တဲ့။ တစ်နေ့မှာ မုဆိုးမကြီးက ဖိုးသူတော်ကြီးကို သေအောင်သတ်ဖို့ အကြံနဲ့ မုန့်ပြားသလက် တစ်ခုလုပ်ပြီး ဖိုးသူတော်ကြီးကို သွားလှူတယ်။ အတွင်းထဲမှာတော့ အဆိပ်တွေ့ ထည့်ထားတယ်တဲ့။ အဲဒါကိုကြည့်မယ်ဆိုရင် ကိုယ့်ထံလာတိုင်း ကိုယ့်လူလို့ လုံးဝတော့ စိတ်မချသင့်ဘူး။ တစ်ခါတစ်လေ ရန်သူကလဲ အယောင်ဆောင် တက်တယ်နော်။ 

* . အဲဒိမုဆိုးမကြီးလှူတဲ့ မုန့်ပြားသလက်ကို ဖိုးသူတော်ကြီးက အလှူခံတယ်တဲ့။ ပြီးတော့ သူတံမြက်လှဲနေရင်းပဲ မုန့်ပြားသလက်အကြီးကြီးကို တရိုတသေဘုရားမှာ သွားကပ်လိုက်သတဲ့။ ပြီးတော့ သူအလုပ်သူဆက်ပြီးလုပ်တာ ပေါ့။ စိတ်ထားဆိုးတဲ့ မုဆိုးမကြီးလဲ ''ငါဆင်တဲ့အကွက်ထဲ ဖိုးသူတော်ကြီး ရောက်တော့မယ်ဆိုပြီး ဝမ်းသာအားရ ပြန်သွားတယ်တဲ့။
* . အဲဒိအချိန်မှာ မုဆိုးမကြီးရဲ့ သားလေးကလဲဆော့ရင်းနဲ့ ဖိုးသူတော်ကြီးနားရောက်လာပြီး စေတီမှာတင်ထားတဲ့ မုန့်ပြားသလက်ကြီးကို ဇတ်ခနဲ ဖိုးသူတော်ကြီး အလစ်ယူစားလိုက်သတဲ့။ စားပြီးမကြာပါဘူး အဆိပ်မိပြီး သေဆုံးသွားတာပေါ့။ အာ့ချိန်ဖိုးသူတော်ကြီးလာတော့ မုန့်တွေပြန်အန်ပြီး အဆိပ်သင့် သေဆုံးနေတဲ့ကလေးကို တွေ့သတဲ့။ ဒိအခါမှ အဖြစ်မှန်သိသွားတာပေါ့။ စိတ်မကောင်းဖြစ်ရုံကလွဲပြီး ဘာမှမတတ်နိုင်တော့ဘူးလေ။ ကလေးကသေနေ ပြီကို။ 

* . သူတော်ကောင်းကြီးကို စိတ်ထားယုတ်နဲ့ ရန်ရှာတတ်တဲ့မုဆိုးမကြီးလဲ သူ့အမှားကို သိသွားပင်မဲ့ အချိန်က နှောင်းသွားပါပြီ သူအရမ်ချစ်တဲ့သားလေး ဆုံးသွားရှာပြီလေ။ ပုံပြင်လေးကတော့ ဒိမှာပြီးဆုံးသွားပါပြီ။ ပုံပြင်လေး ထဲကနေပြီး ဘာသခန်းစာတွေရလဲဆိုတော့ သူတစ်ပါးကို မကောင်းကြံရင် မိမိထံသို့ ပြန်လာတက်တယ်ဆိုတဲ့ သခန်းစာလေးပါ။ 

* . သူတော်ကောင်းအပေါင်းတို့ မိမိထံသို့ရောက်လာသော မကောင်းမှူကို ပြုလုပ်သူသည်ကား မိမိသာလျှင် ဖြစ်ပါတယ်။ မိမိအတွက်ရရှိမဲ့ ကောင်းမှူ့ မကောင်းမှူ့တွေကို မိမိသာလျှင်ပြုတာပါ။ ဒါကြောင့် ရှေ့ပညာရှိတွေက သင်ပြုတဲ့ကံ သင့်ထံပြန်လိမ့်မည်လို့ ဆုံးမကြပါတယ်။ ဒါကြောင့် မကောင်းမှူ့တွေကို မပြုမိအောင်စောင့်ထိန်းကြပါ သူတော်ကောင်း အပေါင်းတို့။

တရား​တော်​များရဲ့ လင့်​ ကိုစုစည်း​ပေးလိုက်​ပါသည်

ဆရာတော် ဘုရားကြီးများ ၏ တရားတော်များ (တရားပေါင်း မြောက်များစွာ) ကို အောက်က လင်.တွေမှာ ဒေါင်းလို.ရပါတယ်...တရားပေါင်း မြောက်များစွာ ရှိတဲ.အတွက် တစ်ပုဒ်ချင်း မဖော်ပြနိုင်လို.ပါ......အားလုံးကို
 ဓမ္မ ဒါနပြုအပ်ပါတယ်.... IDM ရှိဖို.တော. လိုပါတယ်.... ပထမဦးဆုံး.... ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်
ဘုရားကြီး၏ တရား အခွေပေါင်း (၁၀၀ ) နီးပါးလောက်ကို ဒီမှာ ဒေါင်းနိုင်ပါတယ်....
http://www.dhammadownload.com/MogokSayadaw-mp3.htm



ဆင်ဖြူကျွန်းဆရာတော် ဦးဓမ္မသာရ ဟောကြားတော်မူသောတရားတော်များစွာကို လည်း ဒီမှာ ဒေါင်းနိုင်ပါတယ်.....
http://www.dhammadownload.com/SayaDaw-U-Dhammasara-mp3.htm



ဆရာတော်ဦးဃောသိတ အဂ္ဂမဟာ ကမ္မဋ္ဌာနာ စရိယ သာသနဓဇ သီရိပ၀ရ ဓမ္မာစရိယ မိုးကုတ်ဝိပဿနာအဖွဲ့ချုပ်ပဓာန နာယက ဟောကြားတော်မူသောတရားတော်များ
http://www.dhammadownload.com/SayaDaw-U-GawThiTa-wma.htm
စကားချပ်........တစ်ဘ၀ သာသနာ ကျမ်းပြု ဆရာတော် အရှင်ဃောသိတ မထေရ်မြတ်၏ ရုပ်ကလပ်တော်မှ မီးမခပဲကြွင်းကျန်ရစ်သော မျက်လုံးတော်၊ နှလုံးတော်၊ ချိတ်ဆက်နေသော အရိုးတော် နှင့် အခြားအရိုးတော်များ ရှိကြောင်းသိရှိရပါတယ်....... ( အန္တီမ အဂ္ဂိဈာပနပူဇာ Video မှတ်တမ်း ) မှ.....



မိုးကုတ်ဝိပဿနာ ဇနိတရာမကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္ဘဇနိတာလင်္ကာရဟောကြားတော်မူသောတရားတော်များ  
http://www.dhammadownload.com/SayaDaw-U-Zanita-mp3.htm




အနောက်ဂန့်ဂေါ မုံလယ်ဆရာတော် ဘဒ္ဒန္တ သံဝရ ဟောကြားတော်မူသောတရားတော်များ
http://www.dhammadownload.com/MoneLeiSayaDawUThanWaRa-mp3.htm




မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဥပနိသရခံ မိုးကုတ်ဝိပဿနာတရားစဉ်နှင့် လုပ်ငန်းစဉ်ပြန့်ပွားရေးအဖွဲ့ချုပ်ကြီး၏
နာယက ထူးကြီးဆရာတော် ဦးဣန္ဒာဝုဓာဘိဝံသ ဟောကြားတော်မူသောတရားတော်များ
http://www.dhammadownload.com/HtooGyi-SayaDaw-U-EindarWudarBhivamsa-mp3.htm ......
စကားချပ်......English လို တရား နာလိုသူများ ..( OR ) ...နိုင်ငံခြား သားတွေကို English လို ဟောသော တရားခွေ
များကို ဓမ္မ ဒါန ပြုလိုသူများ...ကျွန်တော်.ဆီ မှာ တောင်းနိုင်ပါတယ်.....ခင်ဗျာ....




ဆရာတော် ဦးအဂ္ဂဥာဏ ဟောကြားတော်မူသောတရားတော်များ
http://www.dhammadownload.com/SayaDaw-U-Agganyanna-mp3.htm



အောင်ဆန်း ဆရာတော် ဘဒ္ဒန္တ သဒ္ဓမ္မ ကိတ္တိသာရ မိုးကုတ် မဟာကမ္မဋ္ဌာနာစရိယ
ဟောကြားတော်မူသောတရားတော်များ
 http://www.dhammadownload.com/AungSan-SayaDaw-mp3.htm




ဦးဆန်းလွင် အရှင်အာဒိစ္စရံသီ (၁၉၃၈ - ၂၀၀၂) သင်ကြားပို့ချသော တရားတော်များ
http://www.dhammadownload.com/Ashin-Ardeiksayanthi-%28U-San-Lwin%29-mp3.htm




အရှင်ပုညာနန္န တရားတော်များ
http://www.dhammadownload.com/Ashin-PonnyarNanda-mp3.htm


မြောက်ဦးမြို့၊ ရတနာမာရ်အောင် တောရဓမ္မရိပ်သာ ပဓာနနာယက ဆရာတော် ကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တဝါယာမိန္ဒဟောကြားတော်မူသော တရားတော်များ
http://www.dhammadownload.com/Mrauk-U-Sayadaw-WarYaMainda-mp3.htm



မင်္ဂလတိုက် (ဒယ်အိုးဆရာတော်) မိုးကုတ်ဝိပဿနာ မင်္ဂလရိပ်သာ ဆရာတော် ဥုးသုမင်္ဂလ ဟောကြားတော်မူသောတရားတော်များ ( ....တရားတော် အပုဒ်ရေ ( ၂၀၀)လောက်.... အခွေပေါင်း ( ၇)ခွေ....)
http://www.dhammadownload.com/SayaDaw-U-ThuMinGaLA-mp3.htm



မိုးကုတ်ဆရာရောတ်ာဘုရားကြီး၏ ဥပနိသရခံ မိုးကုတ်မြို့ ဓမ္မရံသီဆရာတော် အရှင်သုနန္ဒ္ဒ ကမ္မဋ္ဌာနာစရိယဟောကြားတော်မူသောတရားတော်များ  
http://www.dhammadownload.com/Bhaddanta-Thunanda-mp3.htm



မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဥပနိသရခံ မိုးကုတ်ဝိပဿနာတရားစဉ်နှင့် လုပ်ငန်းစဉ်ပြန့်ပွားရေးအဖွဲ့ချုပ်ကြီး၏ သာသနာပြု နယ်လှည့်ဓမ္မကထိက အောင်စင်္ကြာဆရာတော် အရှင်စန္ဒသီရိ
http://www.dhammadownload.com/AungSatkyarAshinSandasiri-mp3.htm



မိုးကုတ်ဆရာတော်ဘုးကြီး၏ ဥပနိသရခံ ပိုင်းလော့ ဆရာတော် အရှင်ဇေယျပဏ္ဍိတ မိုးညှင်း သိင်္ဂီ ကျောင်းတိုက်ဟောကြားတော်မူသောတရားတော်များ
http://www.dhammadownload.com/PilotSayadawJeYaPandita-MP3.htm




အခုတစ်ခါ...... **** မဟာစည် ၀ိပဿနာ **** တရားခွေများကို ဆက်လက် တင်ပြပါ.မယ် ...ခင်ဗျာ....ပထမဦးဆုံး.....ဆဌသံဂီတိပုစ္စက အဂ္ဂမဟာပဏ္ဍိတ နိုင်ငံတော်သြ၀ါဒစရိယ မဟာစည်ဆရာတော်ဘုရားကြီး
ဦးသောဘန မဟာသာရ ဟောကြားတော်မူသောတရားတော်များ တရားခွေ (၁၆ ) ခွေ......
http://www.dhammadownload.com/Mahasi-Sayadaw-U-Sobhana-Mahathera-mp3.htm




ချမ်းမြေ့ဆရာတော် အရှင်ဇနကာဘိဝံသ ဟောကြားတော်မူသောတရားတော်များ
http://www.dhammadownload.com/ChanMyaySayaDaw-Ashin-Janakabhivamsa-mp3-myanmar.htm



သဒ္ဓမ္မရံသီဆရာတော် ဥုးကုဏ္ဍလာဘိဝံသ ဟောကြားတော်မူသောတရားတော်များ
http://www.dhammadownload.com/Saddhammaramsi-SayaDaw-mp3-myanmar.htm




ဒုတိယ တော်ကူးဆရာတော်ကြီး ဘဒ္ဒန္တနာဝိက
http://www.dhammadownload.com/SecondTawKuSayadawGyi-Bhaddanta-NarWeiKa-mp3.htm



အဂ္ဂမဟာကမ္မာနစရိယ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဆရာတော်ဦးလက္ခဏ (ဓမ္မာစရိယ-ပါဠိပါရဂူ)
ဟောကြားတော်မူသောတရားတော်များ
http://www.dhammadownload.com/ChanMyaySayaDaw-U-Latkana-wma.htm



ဆရာတော် ဦးပဏ္ဍိတ မဟာစည် ၀ိပဿနာ
http://www.dhammadownload.com/Sayadaw-UPanDiTa-wma-myanmar.htm




မန္တလေးမြို့ မစိုးရိမ်တိုက်သစ် နာယကချုပ် ဆရာတော် ဦးဘဒ္ဒန္တ ရာဇဓမ္မာဘိဝံသ ဟောကြားတော်မူသောတရားတော်များ
http://www.dhammadownload.com/MasoyeinTaikthit-Sayadaw-Bhaddanta%20-RazadhamarBhivamsa-wma.htm




ဖြူးဆရာတော် ဦးနရပတိ ဟောကြားတော်မူသောတရားတော်များ
http://www.dhammadownload.com/Phu-SayaDaw-U-Narapati-mp3.htm




: **** ဖားအောက် ****ဆရာတော် တရားများ..... (တတိယ) ဖားအောက်တောရ ဆရာတော် ဟောကြားတော်မူသောတရားတော်များ တရား အပုဒ်ရေ ( ၃၀၀ )လောက် ရှိပါတယ်.....
http://www.dhammadownload.com/PaAuk-Sayadaw-mp3.htm



အရှင်ရေ၀တ ဖားအောက်တောရ ကမ္မဋ္ဌာနာစရိယ ဟောကြားတော်မူသောတရားတော်များ တရားတော်...( ၅ )ခွေ
http://www.dhammadownload.com/Sayadaw-U-Revata%20-Pa-Auk-assistant-mp3-myanmar.htm




အရှင်သီလ ဖားအောက်တောရ ကမ္မဋ္ဌာနာစရိယ ဟောကြားတော်မူသောတရားတော်များ
http://www.dhammadownload.com/Sayadaw-U-Sila-Pa-Auk-assistant-wma.htm



 **** ဓမ္မဒူတ **** ဆရာတော်တရားတော်များ ဓမ္မဒူတ အရှင်ပညာဇောတ (တောင်စွန်းမြို့) ဟောကြားတော်မူသောတရားတော်များ တရားတော် အခွေ (၁၀)ခွေ...
http://www.dhammadownload.com/DhammaDuta-Ashin-Pyannya-Jota-mp3.htm




သာသနဓဇ။ သဒ္ဓမ္မနေပုည။ သာသနဇောတိပါလ ဓမ္မာစရိယ။ ဓမ္မကထိက ဗဟုဇနဟိတဓရ ဓမ္မဒူတ ဒေါက်တာအရှင် ဆေကိန္ဒ ဟောကြားတော်မူသောတရားတော်များ တရား အခွေ (၇၈ )ခွေ
http://www.dhammadownload.com/Dhammaduta-Ashin-SayKaneDa-mp3.htm




ဒေါက်တာအရှင်ပညိဿရ ဓမ္မဒူတတောရ သာသနာရိပ်သာ ဆယ်မိုင်ကုန်း ၊ ပဲခူးမြို့ ...တရား အပုဒ်ရေ (၁၁၀)
http://www.dhammadownload.com/Dr-Ashin-PyinNyeintThara-mp3.htm




ကျေးဇူးတော်ရှင် မင်းကွန်းတိပိဋက ဓမ္မနာဒ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ၀ိစိတ္တသာရာဘိဝံသ (အာဒိကမ္မိက)ပရိယတ္တိသာသနဟိက ဓမ္မာစရိယဝဋံသကာ၊ (အာဒိကမ္မိက) တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက၊ ဆဌသံဂီတိဝိဿဇ္ဇကအဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့
အကျိုးတော်ဆောင်ချုပ် ဟောကြားတော်မူသောတရားတော်များ တရား အခွေ (၆ )ခွေ နှင်. အခြားတရားတော်များ
http://www.dhammadownload.com/MinGunSayaDaw-mp3.htm




အမရပူရမြို့ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံ ဆရာတော် အရှင်ဇနကာဘိဝံသ ဟောကြားတော်မူသောတရားတော်များ...တရား အပုဒ်ရေ (၁၀၀ )ကျော်.... http://www.dhammadownload.com/AshinJanakabhivamsa-mp3.htm



စစ်ကိုင်းတောင်ရိုး၊ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် အဓိပတိ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇအဂ္ဂမဟာပဏ္ဍိတ အရှင်ဦးဥာဏိဿရ ဟောကြားတော်မူသောတရားတော်များ တရား တော် အခွေ ( ၄၅ )ခွေနှင်.
အပုဒ်ရေ ( ၁၀၀ ) နီးပါး.....
 http://www.dhammadownload.com/Sayadaw-UNyanissara-mp3-myanmar.htm




ရွှေကျင်ဂိုဏ်းကြီး၏ရတ္တညူမဟာနာယက ရွှေဥမင်တောရရိပ်သာနှင့်ရွှေဥမင်ဓမ္မသုခရိပ်သာပဓာနနာယက ရွှေဥမင်
ဆရာတော် ဟောကြားတော်မူသောတရားတော်များ
http://www.dhammadownload.com/ShweOoMin-SayaDaw-mp3.htm



 ပျင်းမနားမြို့ မဟာမြိုင်တောရ ဆရာတော်ဦးဇောတိက ဟောကြားတော်မူသောတရားတော်များ တရားတော်အခွေ ( ၉) ခွေနှင်. သုတ္တန် တရားတော်များ.....
 http://www.dhammadownload.com/SayaDaw-UJotika-mp3-myanmar.htm



မိုးညှင်း ဆရာတော်ဘုရားကြီး ဟောကြားတော်မူသောတရားတော်များ
http://www.dhammadownload.com/MoeNyinSayadaw-mp3.htm



ကျေူဇူးတော်ရှင် ဓမ္မာနုပဿနာ ပခုက္ကူ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ ဣန္ဒောဘာသ အနိစ္စ ဆရာတော် ဟောကြားတော်မူသောတရားတော်များ တရားတော် အပုဒ်ရေ ( ၃၀၀ ) နီးပါး...
http://www.dhammadownload.com/Bhaddanta-Eindawbartha-mp3.htm



ဘဒ္ဒန္တ နန္ဒမာလာဘိဝံသ M.A; Ph.D အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဝါစက ပဏ္ဍိတ ပါဠိ ပါရဂူ သ၊ စ၊ အ ဓမ္မာစရိယရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ် ပါမောက္ခချုပ် အပြည်ပြည်ဆိုင်ရာ အဘိဓမ္မာမဟာသိပ္ပံ ပါမောက္ခချုပ် စစ်ကိုင်းမြို့ သီတဂူ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ် စစ်ကိုင်းမြို့ မဟာသုဗောဓာရုံကျောင်းတိုက်၊ တိုက်အုပ်ဆရာတော်။ တရားတော်....MP-3 အခွေ (၁၅) ခွေ ... DVD (၁၂ )တို. ပါဝင်ပါတယ်......
http://www.dhammadownload.com/Dr-Nandamalabhivamsa-mp3-myanmar.htm




အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ) ဟောကြားတော်မူသောတရားတော်များ ...MP-3 (၁၄ )ချပ်....
http://www.dhammadownload.com/Ashin-Sandadika-mp3.htm




မဟာသဒ္ဓမ္မဇောတိကဓဇ မြကျောက် ဆရာတော် ဘဒ္ဒန္တခေမာစာရ ဟောကြားတော်မူသောတရားတော်များ
http://www.dhammadownload.com/MyaKyauk-SayaDaw-wma.htm



ဆရာတော်ဦးပညာဝံသ ဟောကြားတော်မူသောတရားတော်များ Burmese Buddhist Temple Singapore 14Tai Gin Road, Singapore 327873 Tel: (65) 6251 1717 တွင်ဟောကြားတော်မူသော တရားတော်များ
http://www.dhammadownload.com/SayaDaw-U-Pannya-Vamsa-wma-myanmar.htm



ဆရာတော် ဒေါက်တာ ဓမ္မဿာမိ Chief Abbot Oxford Buddha Vihara (UK) & Oxford Buddha Vihara(Singapore) ဟောကြားတော်မူသောတရားတော်များ
http://www.dhammadownload.com/SayaDaw-U-Dhammasami-mp3-myanmar.htm




မဟာဗောဓိမြိုင် ဆရာတော် ၀န၀ါသီ အရှင် ဉေယျဓမ္မသာမိမထေရ် ဟောကြားတော်မူသောတရားတော်များ MP-3 ........DVD-1 http://www.dhammadownload.com/MahabodhiMyaing-Sayadaw-mp3.htm



ကြာနီကန်ဆရာတော် ဟောကြားတော်မူသောတရားတော်များ တရား အပုဒ် ( ၁၀၀ ) နီးပါး....
http://www.dhammadownload.com/KyarNiKan-Sayadaw-U-Zadila-mp3.htm



ပဲခူး အောင်သုခ ဆရာတော် ဦးစန္ဓိမာ ဟောကြားတော်မူသောတရားတော်များ
http://www.dhammadownload.com/BagoAungThuKha-Sayadaw-U-Sandima-mp3.htm



မြစင်္ကြာ ဆရာတော် ဦးလက္ခဏ ဟောကြားတော်မူသောတရားတော်များ
http://www.dhammadownload.com/MyaSatkyar-U-Latkana-wma.htm



တိပိဋကဓရ-အဂ္ဂမဟာပဏ္ဍိတ ယောဆရာတော် ဘဒ္ဒန္တသီရိန္ဒာဘိဝံ ဟောကြားတော်မူသောတရားတော်များMP-3 ( 26 )......ခွေ http://www.dhammadownload.com/YawSayaDawSirinandabhivamsa-mp3.htm



ကျေးဇူးရှင် အောင်မဂ်လာ ဆရာတော် ဘဒ္ဒန္တ ရာဇိန္ဒ္ဒ ဟောကြားတော်မူသောတရားတော်များ MP-3 ( ၉ )......ခွေ
http://www.dhammadownload.com/AungMingalaSayadawBhaddantaRajinda-mp3.htm



မိုးညှင်းသိင်္ဂီ ဆရာတော် အရှင်ဇေယျပဏ္ဍိတ ဟောကြားတော်မူသောတရားတော်များ
http://www.dhammadownload.com/MoeNyinTheinGi-U-ZayYaPanDita-mp3.htm



အရှင်ဇ၀န (မေတ္တာရှင်) ရွှေပြည်သာ မန္တလေးကျောင်း၊ ရွှေပြည်သာမြို့ ၊ ရန်ကုန်တိုင်း ဟောကြားတော်မူသောတရားတော်များ ၀ိပဿနာ အလုပ်ပေးတရားတော်များ.....DVD ( 28) ခွေ နှင်. အခြားတရားတော်များ....
http://www.dhammadownload.com/Ashin-Zawana-mp3.htm



ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ လိမ္မော်ခြံကျေးရွာ မြစိမ်းတောင်ဆရာတော် ဘဒ္ဒန္တ ဇာနေယျ ဟောကြားတော်မူသောတရားတော်များ MP-3 (10 ) ခွေ...အခြားတရားတော်များ..( ၃၀၀ ) ပုဒ်
http://www.dhammadownload.com/MyaSeinTaungSayadaw-Bhaddanta-ZarNayYa-mp3.htm




သဲအင်းဂူဆရာတော်ဘုရားကြီး ဦးဥက္ကဋ္ဌ တရားတော် MP-3 ( 6 ) ခွေ
http://www.dhammadownload.com/TheeInnGuSayadaw-UOakKaHta-mp3.htm



အရှင်ဣန္ဒာစာရာဘိဝံသ ဟောကြားတော်မူသောတရားတော်များ အပုဒ် ( ၁၇၀ )နီးပါး....
http://www.dhammadownload.com/Ashin-Eindasaravimasa-mp3.htm



mintunkyaw09 02-22-2011, 08:43 PM :) စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ခတက္ကန် တောင်ရွာ မဟာဗောဓိတထောင်ဆရာတော်ဘုရားကြီး အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ နာရဒ ဟောကြားတော်မူသောတရားတော်များ
http://www.dhammadownload.com/Mahabodhi-Ta-Htaung-Sayadaw-AudioInMyanmer.htm




သကျသီဟ ဝဋံသကာ၊ ပါဠိ သိရောမဏီ၊ ဘီအေ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ (နဝမ) ဗန်းမော်ဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဌ၊ ရန်ကုန်မြို့အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ်၊ တိပိဋကနိကာယကျောင်းတိုက်စာချနာယကချုပ်၊ ဟောကြားတော်မူသောတရားတော်များ တရားတော် DVD ( 1 ) ခွေ အပါအ၀င် အခြားတရားတော်များ....စာအုပ်များ....
http://www.dhammadownload.com/Bamaw-Sayadaw-Dr-Bhaddanta-Kumarabhivamsa-mp3.htm




ဆားတောင်ဆရာတော်ဘုရားကြီး ဦးပညာဏိက
http://www.dhammadownload.com/SarTaungSayadawGyi-UPannyaNika-mp3.htm



အရှင်တိက္ခဥာဏာလင်္ကာရ ပရိယတ္တိသာသနာ လင်္ကာရ သာမဏေကျော်ဘွဲ့၊ သာသာနဓဇဓမ္မာစရိယဘွဲ့၊ ၀ိနယ၀ိဒူဘွဲ့ MA Buddhism (Sri Lanka) ဘွဲ့ရ International Kanni Foundation အတွင်းရေးမှူး
http://www.dhammadownload.com/AhshinTeikkanyarnaLinkara-MP3InMyanmar.htm




ညောင်တုန်း ဆရာတော် ဘဒ္ဒန္တဇောတိကဘိဝံသ သာသနဓဇဓမ္မာစရိယ၊ သာသနပါလဓမ္မာစရိယ၊ ဥဘတောဝိဘင်္ဂဓရဟောကြားတော်မူသော တရားတော်များ
http://www.dhammadownload.com/Nyaungdon-Sayadaw-Bhaddanta-Jotika-Bhivamsa-mp3.htm



**** လူဝတ် ဓမ္မ ကထိက များ****
ရဟန်း ဓမ္မ ကထိကများ ရှိသလို ...သာသနာ ပြန်.ပွားရေး အတွက် လူ ဓမ္မကထိကများလည်း ရှိပါတယ်.....ဘယ်သူပဲ ဟောဟော ပါ....ဘုရား တရား နာတာပါ......ကျွန်တော်တို.ဟာ ဘုရား သာဝကလား( ဘုရား ဟော မှသံသရာက ကျွတ်မှာလား )....ရဟန်း သာဝကလား.... လူပုဂ္ဂိလ် ဟော မှ ကျွတ်မှာလား ဆိုတာ မသိနိုင်ပါဘူး......ဘယ်သူပဲ ဟောဟောပါ တရား နာရတဲ. အတွက် အနဲဆုံး ကုသိုလ်တော. ရပါကြောင်း နိဗ္မာန် အကျိုးမျှော်
နိုးဆော် အပ်ပါကြောင်း.....ဒေါက်တာမင်းတင်မွန်
http://www.dhammadownload.com/Dr-MehmTinMon-mp3-myanmar.htm


Saya Gyi U Htay Aung ဆရာကြီး ဦးဌေးအောင် သင်ကြားပို့ချသော တရားတော်များ
http://www.dhammadownload.com/SayaGyi-U-HtayAung-wma-myanmar.htm




မဟာသဒ္ဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ့ ကမ္မဌာန်း နည်းပြ ဆရာကြီး ဆရာကြီးဦးသန်းရွှေ (ဒလ-အံ့ကြီး)ဒလမြို့-အံ့ကြီးရပ်ကွက် လယ်တီဆရာတော်ဘုရားကြီး၏တပည့် ဒလပျော်ဘွယ်ကျေးရွာက အနာခံဆရာသက်ကြီး၏ မူလကျင့်စဉ်နှင့်အညီ သင်ကြားပို့ချူသော တရားတော်များ
http://www.dhammadownload.com/SayaGyi-U-ThanShwe-mp3.htm



ဒေါ်ကြည်ကြည်ဝိန် သင်ကြားပို့ချ သော တရားများ
http://www.dhammadownload.com/DawKyiKyiWein-mp3.htm



ဆရာကြီး ဦးဂိုရင်ဂါ ဟောကြားတော်မူသောတရားတော်များ (မြန်မာ ဘာသာပြန်)
http://www.dhammadownload.com/SN-Goenka-wma-myanmar.htm




**** လူဝတ် ဓမ္မ ကထိက များ****
စာရေးဆရာ မြသန်းစံ သင်ကြားပို့ချသော တရားတော်များ
http://www.dhammadownload.com/Writer-MyaThanSan-mp3.htm



ဓမ္မဗျူဟာ ဒေါ်ခင်လှတင် မဟာသဒ္ဓမ္ဓဇောတိကဓဇ ဓမ္မဗျူဟာ သာသနမာမကအဖွဲ့ လူပုဂ္ဂိုလ်များဆိုင်ရာ ဓမ္မစာပေသင်တန်းကျောင်း အမှတ်(၆)၊ ကြားတောရလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန် ဖုန်း။ (၉၅) ၀၁-၃၈၀၈၈၀သင်ကြားပို့ချသော တရားတော်များ
http://www.dhammadownload.com/DhammaByuharDawKhinHlaTin-mp3.htm



သစ္စာဒီပက၀ိပဿနာအဖွဲ့ချုပ် တရားပြဌာန ဦးစီးပဓာနနာယက၊ အာဒိကမ္မိက ကမ္မဌာနစရိယ မူလဓမ္မာစရိယ၊ပရိယတ္တိမာမက၊ ပဋိပတ္တိဝိသာရဒ ပဋိပတ္တိသာသာနာ့ဟိတရဓရ ဘွဲ့ရ ကျမ်းပြုပုဂ္ဂိုလ် ဆရာကြီးဦးကြည် သင်ကြားပို့ချသော တရားတော်များ
http://www.dhammadownload.com/SayaGyi-U-Kyi-mp3.htm




ဓမ္မာစရိယ ဦးဌေးလှိုင် ကန္နီဥပနိသျခံ မောင်းထောင်မြေဇင်းတောရဆရာတော်ကြီး၏ တရားရှုမှတ်ပုံ
http://www.dhammadownload.com/Dhammarcariya-UHtayHlaing-mp3InMyanmar.htm



ဆရာ ကိုအောင်ထွန်းဝင်း ရှင်းလင်းပြသသော ကန္နီဥပနိသျခံ မောင်းထောင်မြေဇင်း ကန္နီနည်းသမထ-
ဝိပဿနာကျင့်စဉ်များ  
http://www.dhammadownload.com/Sayalay-KoAungTunWin-mp3.htm



နယဒေသက ဆရာကြီး ဦးကြင်ရွှေ ဟောပြောပြသ သင်ကြားပေးသော ပခုက္ကူဝိပဿနာ သင်တန်းတရား
တရား အပုဒ်ရေ ( ၄၀၀ )နီးပါး....
http://www.dhammadownload.com/SayaGyi-U-Kyin-Shwe-mp3.htm