တရားအားထုတ်ရာတွင်ဣနြေ္ဒစောင့်ထိန်းဖို့လိုအပ်ပါတယ်။
၁။ စက္ခုနြေ္ဒ (မျက်စိ
ဣနြေ္ဒကိုစောင့်ထိန်းခြင်း)
၂။ သောတိနြေ္ဒ (နား
ဣနြေ္ဒကိုစောင့်ထိန်းခြင်း)
၃။ ဃာနိနြေ္ဒ (နှာခေါင်း
ဣနြေ္ဒကိုစောင့်ထိန်းခြင်း)
၎။ ဇိဝှိနြေ္ဒ (လျှာ
ဣနြေ္ဒကိုစောင့်ထိန်းခြင်း)
၅။ ကာယိနြေ္ဒ (ကိုယ်
ဣနြေ္ဒကိုစောင့်ထိန်းခြင်း)
၆။ မနိနြေ္ဒ (စိတ်
ဣနြေ္ဒကိုစောင့်ထိန်းခြင်း)
၁။
စက္ခုနြေ္ဒ
မျက်စိဣနြေ္ဒကိုစောင့်ထိန်းခြင်းဆိုသည်မှာ
တရားအားထုတ်သူယောဂီအနေနှင့် မျက်စိကဟိုကြည့်ဒီကြည့် ကြည့်နေပါက မြင်စိတ်၊
ဖဿတွေဝေဒနာတွေဖြစ်ပြီး တဏှာကူးသွားတဲ့အတွက် ပဋိစ္စသမုပ္ပါဒ်လည်နေမှာပါ၊
များများမြင်ရင်များများလည်မယ်၊ ဒါကြောင့် မျက်စိကို ထိန်းသိမ်းသင့်တယ်၊
မိမိရဲ့ရှေ့လေးတောင် (၆-ပေ)ခန့် ထက်ပိုပြီး မကြည့်သင့်ဘူး၊ ကြည့်တယ်ဆိုတာ
ဆူး၊ ညှောင့် ခလုတ် နင်းမိမှာစိုးလို့ ကြည့်ခိုင်းတာပါ။ ကမ္မဋ္ဌာနာ
စရိယဆရာတော် တရားဟောတဲ့ ပြတဲ့အခါမှာတော့ကြည့်ရပါမယ်။
မျက်စိဣနြေ္ဒစောင့်ထိန်းခြင်းဖြစ်ပါတယ်။
၂။
သောတိနြေ္ဒ
နားဣနြေ္ဒကိုစောင့်ထိန်းခြင်း ဆိုသည်မှာလည်း
နားကိုပိတ်ထားရန် ဆိုလိုခြင်းမဟုတ်ပေ၊
အကြားအာရုံတစ်ခုပေါ်လာတိုင်းပေါ်လာတိုင်း ဖြစ်ပြီးပျက်သည့် သဘောကို ရှုနေရန်
ဆိုလိုသည်။ ဖြစ်ပျက်မရှုမိက ကြားစိတ်၊ ဖဿတွေ၊ ဝေဒနာတွေဖြစ်ပြီး
တဏှာကူးသွားတဲ့အတွက် ပဋိစ္စသမုပ္ပါဒ်လည်သွားနိုင်ပါတယ်။
ကြားရင်ကြားစိတ်ပေါ်တယ် ဆိုတာသိပါ၊ ကြားပြီးမရှိတော့ဘူးဆိုတော့
ကြားစိတ်လေးပျက်သွားတယ်၊ အဲဒီလိုရှုလိုက်တဲ့အခါ ပဋိစ္စသမုပ္ပါဒ်
ပြတ်သွားပါတယ်။ အသံကြားတိုင်းကြားတိုင်းရှုနေပါ။ ဆရာတော်တရားဟောတဲ့အခါ
ဆရာတော်ကြီးတရားနာတဲ့ အခါမှာလဲ ကြားစိတ်တွေကို ဖြစ်ပျက်ရှုနေပါ၊ နားကတရားနာ
ဉာဏ်ကခန္ဓာလှည့်ဆိုတာ အဲဒီနည်းပါပဲ။ ဒါဆို သောတိနြေ္ဒ
စောင့်ထိန်းပြီးသားဖြစ်သွားပါပြီ။
၃။
ဃာနိနြေ္ဒ
နှာခေါင်းနဲ့ပါတ်သက်လို့ အနံ့တစ်ခုခုရရင်လဲ
ကောင်းတဲ့အနဲ့၊ ဆိုးတဲ့အနံ့၊ နံတဲ့အနံ့လို့ မှတ်မနေပါနဲ့၊
နံစိတ်ခန္ဓာပေါ်လာတာ၊ ပေါ်ပြီးရင်ပျက်မှာပဲ ဖြစ်ပြီးပျက်တဲ့တရားပါလားလို့
နှလုံးသွင်းပါ၊ ဒါဆိုပဋိစ္စသမုပ္ပါဒ်မလည် တော့ပါဘူး၊ နံတယ်၊ ဘာနံ့ပါလိမ့်၊
ဘယ်ကလာတာပါလိမ့်၊ ဘယ်သူတွေလုပ်နေပါလိမ့်ဆိုပြီး နှာခေါင်းပဋိစ္စသမုပ္ပါဒ်
ဆက်နေရင်တော့ သံသရာလည်နေမှာပဲ။ ဒါကြောင့် အနံ့ဆိုတာ ရုပ်တရား၊
နှာခေါင်းအကြည်က ရုပ်တရား ၄င်းတရားနှစ်ခုတိုက်ပြီးပေါ်လာတဲ့ နံစိတ်က
နာမ်တရား၊ အဲဒီနာမ်စိတ်ကလဲ ဖြစ်ပြီးတော့ပျက်တယ်လို့ ဉာဏ်နဲ့ သိလိုက်ပါ။
ဘာအနံ့ပဲရရ ကောင်းကောင်းဆိုးဆိုး ဖြစ်ပျက်ရှုနိုင်အောင်ကြိုးစားပါ။
၎။ ဇိဝှိနြေ္ဒ
လျှာဣနြေ္ဒကိုထိန်းပုံကတော့၊
အစားအစာစားသောက်တဲ့အခါ လျှာပေါ်မှာ အရသာလေးတွေ ပေါ်လာပါမယ်။ ရေသောက်လဲ
ရေရဲ့အရသာ၊ မုန့်စားလဲ မုန့်ရဲ့အရသာ၊ ထ္မင်းစား၊ ဟင်းရည်သောက်တော့လဲ
လျှာပေါ်မှာအရသာရုပ်တွေပေါ်သလို အရသာသိတဲ့စိတ်(ဇိဝှာဝိညာဏ်)လဲပေါ်ပါမယ်။
ပေါ်သမျှသဘောတွေက လျှာပေါ်မှာပေါ်ပြီးလျှာပေါ်မှာပဲပျက်သွားပါတယ်။ စားရင်း၊
ဝါးရင်း၊ သောက်ရင်း၊ မျိုရင်းနဲ့ပဲ ရသာရုပ်တွေပျက်သလို စားသိစိတ်
(ဇိဝှာဝိညာဏ်)တွေလဲပျက်ပျက်သွားပါတယ်၊ ၀ါးနေတဲ့ရုပ်သဘော၊ စားနေတဲ့ရုပ်သဘော၊
သောက်နေလည်း သောက်နေတဲ့ ရုပ်သဘောတွေ ပျက်နေတဲ့သဘောတွေကို ရှုပြီးနေပါ။
အရုဏ်ဆွမ်းစားချိန်၊ နေ့ဆွမ်းစားချိန်မှအပ ကျန်အချိန်တွေမှာ
ရေသောက်တာကလွဲလို့ လျှာရဲ့အလိုလိုက်ပြီး ဟိုဟာစား၊ ဒီဟာစားမလုပ် သင့်ပါဘူး၊
အစာစားတယ်ဆိုတာ ရသတဏှာကိုတပ်မက်ပြီး မစားရပါဘူး၊
အဟာရသုံးဆောင်ပြီးတရားဓမ္မကျင့် ကြံအားထုတ်နိုင်ရန်အတွက်သာ
နှလုံးသွင်းစားသောက်ရပါမယ်။ ဒါကြောင့် အစာအဟာရမသုံးဆောင်မီ ပစ္စ၀က္ခဏ
အရင်ဆင်ခြင်ပြီးမှ စားကြတာပါ။
၅။ ကာယိနြေ္ဒ
ကာယိနြေ္ဒဆိုတာ ကိုယ်ကာယထိတွေ့မှုတိုင်း၊ လှုပ်ရှားတိုင်းကို သတိကလေး
ဉာဏ်ကလေးနဲ့ သတိကပ် ဖြစ်ပျက်ရှုတဲ့သဘောပါ၊ လက်လှုပ်ရင်လည်းလှုပ်ရှားတဲ့သဘော၊
ခြေထောက်လှုပ်ရင်လည်း လှုပ်ရှားတဲ့သဘော၊ ကိုယ်ပဲလှုပ်လှုပ်၊ လှုပ်ရှားတဲ့သဘော၊
ခြေထောက်လှမ်းရင်လည်း လှမ်လို့ဖြစ်ပေါ်လာတဲ့လှုပ်ရှားမှုသဘောလေးတွေ ကိုသိပြီး
ပျက်ပျက်သွားတဲ့သဘောကိုရှုရပါမယ်။ အရပ်ထဲမှာနေသလို သွားချင်သလိုသွား
လုပ်ချင်သလိုလုပ်၊ အိပ်ချင်သလိုအိပ်လို့ မဖြစ်ပါဘူး၊ မြန်မြန်ဆန်ဆန်လည်း
မလုပ်ရပါဘူး၊ နှေးနှေးနဲ့ သဘောလေးတွေဖြစ်ပေါ်လာတာ
ဖြစ်ပေါ်ပြီးမရှိတော့တာတွေကို သိနေရပါမယ်၊ လှုပ်ရှားမှုမြန်ဆန်နေရင်
ဉာဏ်နဲ့လိုက်ရှုလို့မရပါဘူး၊ ဒါကြောင့်လှုပ်ရှားမှုတိုင်းကို ဖြည်းဖြည်း
နဲ့လှုပ်ရှားဖို့လိုပါတယ်။ ဖန်ခွက်ထဲ ရေထည့်ထားသလို ဖန်ခွက်ကရုပ်နဲ့တူတယ်၊
ရေကစိတ်နဲ့တူတယ်။ ဖန်ခွက်ထဲ ကရေကိုငြိမ်စေချင်ရင် ဖန်ခွက်ကို
ငြိမ်ငြိမ်ထားရပါမယ်၊ ထို့အတူပဲ ရုပ်ကငြိမ်ရင် စိတ်ကလည်းငြိမ်လာမှာပါပဲ။
စိတ်ငြိမ်ရင် ရှုရတာပိုပြီးထင်ထင်ရှားရှားမြင်ရပါမယ်၊
မိုးကုတ်ဆရာတော်ဘုရားကြီးက တရားကျင့်တဲ့ယောဂီ
ဟာလူမမာတစ်ယောက်လိုကျင့်ရမယ်တဲ့၊ လူမမာဆိုတာ လူကောင်းနဲ့မတူဘူး၊ လူကောင်းက
မြန်မြန်ဆန်ဆန် ဇိုးကနဲဇတ်ကနဲ ထလို့ရတယ်၊ ထိုင်လို့ရတယ်၊ လှုပ်ရှားလို့ရတယ်၊
လူမမာကတော့ အဲဒီလိုမလုပ်နိုင်ဘူး၊ လူမမာလို လှုပ်ရှားမှ ရုပ်သဘော၊
နာမ်သဘောတွေရဲ့ ဖြစ်ပျက်မှုကို အသေးစိတ်မြင်ရမှာဖြစ်ပါတယ်၊
ကြည်ညိုစရာအသွင်လဲ ဆောင်တယ်၊ တရားစခန်းဝင်ယောဂီဖြစ်ပြီး၊
အရပ်ထဲမှာနေသလိုနေလို့ကတော့ တရားမကိန်းတဲ့သူ၊ သတိမမြဲတဲ့သူ လိုဖြစ်နေပါတယ်၊
ဒါကြောင့်ယောဂီတို့အနေနဲ့ ကာယိနြေ္ဒကိုစောင့်ထိန်းဖို့ အထူးလိုအပ်ပါတယ်။
၆။ မနိနြေ္ဒ
အထက်ဖေါ်ပြခဲ့တဲ့
ဣနြေ္ဒ ၅-ခုကတော့ ကာယကံနဲ့ ၀စီကံတွေဖြစ်နေတော့ ဣနြေ္ဒပျက်ရင် ပျက်သလောက်၊
ဘေးကကြည့်တာနဲ့ သိနိုင်ပါတယ်၊ ဘေးကနေကြည့်လို့ မသိနိုင်တာက မနိနြေ္ဒပါပဲ။
အထက်ကဣနြေ္ဒ ၅-မျိုးကို ထိန်းသိမ်းပြီးနေပေမဲ့ မိမိရဲ့စိတ်ထဲကတော့
အိမ်အကြောင်း၊ အလုပ်အကြောင်း၊ စီးပွားရေးအကြောင်း၊ သားရေး သ္မီးရေး၊
အိမ်ထောင်ရေးအကြောင်း စတာတွေကို တွေးတောစဉ်းစား ကြံစည်နေရင်
မနိနြေ္ဒပျက်စီးနေပါတယ်။ ကိုယ်လက်လှုပ်ရှားမှုပြုတိုင်း စားသောက်နေတိုင်း၊
ရေချိုးတိုင်း၊ စင်္ကြံလျှောက်တိုင်းကို သတိကလေးဉာဏ်ကလေးနဲ့ လိုက်သိနေတဲ့
အချိန်မှာ မနိနြေ္ဒ လဲပြည့်စုံနေပါတယ်၊ အလေ့အကျင့်မရှိသေးတဲ့အခါ
စင်္ကြံလျှောက်၊ အဟာရ သုံးဆောင်နေပေမဲ့လည်း စိတ်ကအစောကပြောထားသလို စီးပွားရေး၊
လူမှုရေး၊ သားရေး၊ သ္မီးရေးကိစ္စတွေဝင်လာ မှာပဲ၊ ဆရာတော်ကြီးဟောထားသလို
"ပုထုဇဉ်ဟာ ပုထုဇဉ်စိတ်ပဲပေါ်မှာပဲ ပေါ်တာကိုမကြောက်ပါနဲ့ ပေါ်လာတဲ့
အတွေးအကြံအစည် စိတ်ကူးတွေကို မသိလိုက်မှာသာကြောက်ပါ" တဲ့။ အဲဒီတော့
အတွေးတွေပေါ်လာရင် ပေါ်လာတဲ့တရား မှန်သမျှ ဖြစ်ပြီးပျက်တဲ့သဘော
အနိစ္စပါပဲလားလို့ ဖြစ်ပျက်သာ ရှုပေးလိုက်ပါ။ ထပ်ပြီးပေါ်လာရင် လည်း
ထပ်ပြီးဖြစ်ပျက်ရှုပါ။ ပေါ်လာတဲ့ တရားတွေက ကိလေသာတရားတွေပါ၊
ကိလေသာတရားဆိုတော့ မဂ်မရအောင်တားဆီးမဲ့တရား၊ အပါယ်ကိုပို့မဲ့ တရားတွေပါပဲ။
အတွေးတွေကကိုယ့်ကို အပါယ်လေးဘုံဆိုတဲ့ ဒယ်အိုးပေးဖို့လာတာကို မရှုတတ်ရင်တော့
"ဒယ်အိုး"ပဲ။ အဲဒီဟာကို ကိုယ်ကဖြစ်ပျက်ရှုလိုက်တော့ ၀ိပဿနာမဂ်
ဖြစ်သွားတဲ့အတွက် ဒယ်အိုးမရပဲ နိဗ္ဗာန်ရသွားပါတယ်။
မနိနြေ္ဒကတော့အရေးကြီးဆုံးပါပဲ။ အပေါ်က ဣနြေ္ဒ ငါးပါးကလဲ
မနောကြောင့်ဖြစ်တာပါ၊ မနောဆိုတာစိတ် အဲဒီစိတ်ကနိဗ္ဗာန်ပို့လဲသူပဲ၊
အပါယ်လေးဘုံပို့လဲ သူပဲ။ စိတ်တစ်လုံးနိုင်ရင် နိဗ္ဗာန်ရပြီသာမှတ်ပါ၊
စိတ်တစ်လုံးနိုင် ဖို့အတွက် လေ့ကျင့်ယူရပါမယ်၊ တွေးတော၊
ကြံစည်တဲ့စိတ်တွေပေါ်လာရင် အတင်းဆွဲချုပ်ပြီး ငါမတွေးဘူး၊ မကြံစည်ဘူး၊
မစဉ်းစားဘူးလို့ မလုပ်ပါနဲ့ အနတ္တသဘောကို အတ္တလုပ်လို့မရပါဘူး၊ အနတ္တကို
အတ္တလုပ်လို့မရတော့ ဒေါသကိလေသာတွေ ၀င်လာမယ်၊ အဲဒီဒေါသကိလေသာကြောင့်
မဂ်ဖိုလ်မရနိုင်တော့ဘူး၊ သူ့သဘောအတိုင်းတွေး ပါစေ၊ ကြံစည်ပါစေ၊
စဉ်းစားပါစေ၊ နောက်ကဉာဏ်ကလေးနဲ့ ဖြစ်ပြီးပျက်တဲ့တရားတွေပါလားလို့
သိပေးနေဖို့တော့ လိုပါတယ်။ အဲလို လိုက်သိသိပေးဖန်များရင် အတွေးတွေ၊
ကြံစည်မှုတွေက ရပ်သွားပါလိမ့်မယ်။ အတင်းအဓမ္မလုပ်စရာမလိုပါဘူး။
အရေးကြီးတာကတော့ ဖြစ်ပျက်ရှု သိပေးတာမမေ့ဖို့ပါပဲ၊ မေ့နေလို့တရားမရကြတာပါ၊
ကြာနေကြတာ၊ ဒါကြောင့် အပ္ပမာဒတရားက အဓိကပါပဲ။
ဣနြေ္ဒ (၆) ပါး လုံအောင်စောင့်ထိန်းပြီး မဂ်ဖိုလ်လျင်မြန်စွာ
ရနိုင်ကြပါစေ....။
No comments:
Post a Comment