Wednesday, September 12, 2012

ဗုဒ္ဓဘာသာဝင်တိုင်း သိထားသင့်တဲ့ မစ္ဆရိယ (၅) မျိုး

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ....
Image and video hosting by TinyPic


ဗုဒ္ဓဘာသာဝင်တိုင်း သိထားသင့်တဲ့ မစ္ဆရိယ (၅) မျိုး

(၁) အာဝါသမစ္ဆရိယ
မိမိပိုင်ဆိုင်ရာ နေရာဌာန၌ မိမိမှတစ်ပါး မည်သူ့ကိုမျှ မနေစေလိုခြင်း၊ တစ်နည်း မိမိရနေသော ဆောက်အဦးကောင်းမျိုးကို သူတစ်ပါး မရစေလိုခြင်း။ (ကိုယ်ကောင်းကောင်းရသလို သူများကို မရစေချင်တာမျိုး၊ ရသွားရင်ပဲဖြစ်ဖြစ် ရနေရင်ပဲဖြစ်ဖြစ် မကျေမချမ်းဖြစ်နေတာမျိုး)

(၂) ကုလမစ္ဆရိယ
ရဟန်းဖြစ်လျှင် မိမိကို ကိုးကွယ်နေသော ဒကာ၊ ဒကာမများ အခြားရဟန်းကို မကိုးကွယ်စေလိုခြင်း၊ လူဖြစ်လျှင် မိမိဆွေမျိုး မိတ်သင်္ဂဟများက မိမိထက် အခြားသူများအား ပိုမိုချစ်ခင်သွားမည်ကို မလိုလားခြင်း။ (ကိုယ်နဲ့ ခင်နေတဲ့မိတ်ဆွေ သူများနဲ့ပိုခင်သွားမှာ စိုးရိမ်တာမျိုး)

(၃) လာဘမစ္ဆရိယ
စီးပွားလာဘ်လာဘ မိမိရသလို သူတစ်ပါး မရစေလိုခြင်း။ (ကိုယ့်ထက်သာနေတာကိုလည်း လက်မခံနိုင်ဘဲ မကျေနပ်တာ၊ အလိုမရှိတာ၊ မလိုလားတာမျိုး)

(၄) ၀ဏမစ္ဆရိယ
သူတစ်ပါး၏ လှပသော အဆင်းဂုဏ် မြင့်မြတ်သော အကျင့်ဂုဏ်ကို မိမိလည်း မချီးမွမ်းနိုင်ခြင်း၊ သူတစ်ပါး ချီးမွမ်းသည်ကိုလည်း အလိုမရှိခြင်း။ (သူများရဲ့ ကောင်းဂုဏ်ကို မချီးမွမ်းနိုင်တာ၊ သူများပြောရင်လဲ မလိုလားပဲ မကောင်းလိုက်ပြောတာမျိုး)

(၅) ဓမ္မ စ္ဆရိယ
စာပေပရိယတ္တိနှင့် တရားအသိအမျိုးမျိုးကို မိမိ သိသလို သူတစ်ပါးအား မသိစေလိုခြင်း တို့ဖြစ်ကြလေသည်။ (ကိုယ်သိသလို သူများကို မသိစေချင်တာ၊ မတတ်စေချင်တာမျိုး)
ဆောင်ပုဒ်။ ။ အာဝါကုလ၊ လာဝဏ္ဏနှင့် ဓမ္မမစ္ဆရိ၊ ငါးဝရှိ မှတ်ဘိအသေချာ။

No comments: