အာဟာရက လေးမျိုးရှိပါတယ်။
၁။ ကဗဠီကာဟာရ
၂။ ဖဿဟာရ
၃။ မနောသဉ္စေတနာဟာရ
၎။ ၀ိညာဏာဟာရ
တို့ဖြစ်ကြပါတယ်။၁။ ကဗဠီကာဟာရ ဆိုတာကတော့ အလုပ်အလွေးပြု၍ မျိုစားရသောအာဟာရများကိုခေါ်ပါတယ်။
- နေ့စဉ်စားသုံးနေရတဲ့ အစားအသောက်များပဲဖြစ်ပါတယ်။
၂။ ဖဿဟာရ ဆိုတာက အတွေ့အထိနဲ့ အဟာဖြစ်တာကိုပြောတာပါ။
- ကြက်ဥတွေဟာ မိခင်ကြက်မကြီးရဲ့ကိုယ်ငွေ့ကိုထိတွေ့ပြီး အဟာရဖြစ်ကာပေါက်ဖွားကြရပါတယ်။
၃။ မနောသဉ္စေတနာဟာရ ကတော့ အဝေးကနေ စိတ်နဲ့ ပို့တဲ့အာဟာရဖြစ်ပါတယ်။
- လိပ်မတွေဟာ သူတို့ဥတွေကို သဲသောင်ပြင်မျာ ဥ ဥချပြီး ပင်လယ်ထဲဆင်းသွားပါတယ်။ ဒါပေမယ့် သူတို့က သူတို့ဥတွေရှိတဲ့နေရာကို ရည်စူးပြီး မေတ္တာပို့ပါတယ်တဲ့။ အဲလိုပို့မှ လိပ်ကလေးတွေအကောင် ပေါက်ပါတယ်။ အကယ်၍ လိပ်မကြီးသေသွားလျှင်သော်၎င်း၊ လိပ်ဥတွေကို နေရာပြောင်းခဲ့လျှင်သော်၎င်း အဲဒီလိပ်ဥတွေက မပေါက်တော့ပါဘူး အားလုံးပျက်စီးသွားပါတယ်။ လိပ်မကြီးသေသွားတော့ မေတ္တာပို့မယ်သူမရှိလို့ လိပ်ကလေးတွေမပေါက်တော့ပါဘူး၊ နောက်ဥတွေကို နေရာရွေ့ရင်လည်း မိခင်လိပ်မကြီးပို့တဲနေရာ လွဲလို့လိပ်ကလေးတွေ အကောင်မပေါက်ပါဘူးလို့ ဆိုပါတယ်။
၎။ ၀ိညာဏာဟာရကတော့ စိတ်အာဟာရဖြစ်ပါတယ်။
- ဗြဟ္မာများဟာ ၀ိညာဏာဟာရဖြစ်တဲ့ ပီတိကို စားသုံးပြီးတော့ အာဟာရဖြစ်ကာ ကမ္ဘာပေါင်းများစွာ အသက်ရှင်နေထိုင်နိုင်ကြပါတယ်။
နံပါတ် ၁။ ကဗဠီကာဟာရတစ်မျိုးတည်းပဲ ကျွန်တော်တို့ လက်တွေ့မြင်နိုင်သိနိုင် ပါတယ်။ ကျန်သုံးခုကတော့ နာမ်အာဟာရတွေဖြစ်လို့ သာမန်ဉာဏ်နဲ့နားလည်လက်ခံဖို့ခက်ခဲပါလိမ့်မယ်။ ဘုရားဟော စာပေများကိုလေ့လာဖတ်ရှု နားလည်ပြီး လက်တွေ့စမ်းသပ်ကြည့်ရင်တော့ သိနိုင်ပါလိမ့်မယ်။
အားလုံး လိုအင် အာဟာရများ ပြည့်ဝကြပါစေ...
No comments:
Post a Comment