ရှေးရှေုးတုန်းတုန်း တောကျောင်းတစ်ကျောင်းမှာ သက်တော်ရှည်ဆရာတော်တစ်ပါးနဲ့ ဦးဇင်းလေးတစ်ပါး အတူနေကြတယ်။ ဆရာတော်ကြီးက အသက်ကြီးပြီးဆိုတော့ ၊ သင်္ကန်းကိုလည်း သပ်သပ်ရပ်ရပ်မဝတ်နိုင်တော့ဘူး။ ဆွမ်းဘုဉ်ပေးတဲ့အခါမှာလည်း ဆွမ်းလုံးတွေက ပန်းကန် အပြစ်ဖက်ကိုကျနေလို့ ကြည့်လို့မကောင်းဘူးပေါ့။
ဆရာတော်ဘုရားကြီးရဲ့ ဝါသနာပြောရမလားမသိဘူး။ ဟင်းသီးဟင်းရွက်တွေကိုလည်း ဘုဉ်းပေးတဲ့အခါမှာ မြင်မကောင်အောင် ပါးစပ်အပြင်ကို တစ်ခါတစ်လေထွက်နေတယ်။
ဆရာတော်ကြီးဟာ တပည့်ဒကာ၊ဒကာမတွေ ရှေ့မှာ တစ်ခါတစ်လေ ဆင်ချင်တတ်ပေမယ့် ၊ တစ်ခါတစ်လေ စရိုက်က မဖျောက်နိုင်ပဲ၊ သင်္ကန်းက ဘိုသီဘတ်သီနဲ့ နေ့လေရှိပါသတဲ့။
ဒါကို အမြဲမြင်တွေ့နေရတဲ့ တပည့် ဦးဇင်းလေးက လုံးဝ မကြည်ညိုနိုင်ပဲ ဆရာတော်ကို စိတ်ထဲက ပြစ်မှားနေတယ်။ ရင်းနှီးတဲ့ ဒကာ၊ဒကာမတွေ လာရင်လည်း၊ ဆရာတော်ကြီးဟာ အနေအထိုင်မကောင်းကြောင်း၊ ဆွမ်းဘုဉ်းပေးတော သပ်သပ်ရပ်ရပ်မရှိကြောင်း ပြစ်တင်ဝေဖန် ပြောဆိုတယ်။
တချို့ဒကာ၊ဒကာမတွေက ဦးဇင်းလေးစကားကို နားထောင်လိုက်ပေမယ့်၊ ဆရာတော်ကြီးကိုတော့ ပြစ်မှားလိုစိတ် မရှိကြဘူး။ တစ်ချို့ဒကာ၊ဒကာမတွေကတော့ ၊ ဦးဇင်းလေးရဲ့ ဆရာတော်ကြီးအပေါ် ပြစ်တင်ဝေဖန်သံကို မကြိုက်ပေမယ့် ၊ ဘာမှတော့ ပြန်မပြောကြဘူးတဲ့။
ဒီလိုနဲ့ နေလာခဲ့တာ ဆရာတော်ဘုရားကြီးကတော့ သူ့တရား သူအားထုတ်လို့ တရားထူး တရားမြတ်ရသွားတယ်။ ဦးပဇင်း လေးမှာတော့ ဆရာတော်ဘုရားရဲ့ လိုအပ်ချက်၊ အားနည်းချက်တွေကို ဝေဖန်ရင်း၊ ပြစ်တင်ရင်းနဲ့ နေ့တိုင်းလိုလို အကုသိုလ်တွေပဲ ပွားနေလို့ ဘာကုသိုလ်မှ မရလိုက်ဘူး။
ဒါအပြင်..ဦးဇင်းလေးက ..ဒီကျောင်းမှာ သိက္ခာမထိမ်းနိုင်တဲ့ ဆရာတော်ကြီးရှိနေလို့ ဘာမှ မတိုးတတ်တာ ၊ ဆရာတော်ဘုရားကြီးမရှိရင် သူ့လက်ထက်ကျရင် ပိုမိုတိုးတက်အောင်မြင်မယ်လို့လ
ည်း စိတ်ထဲမှာ တွေးကြံထားတယ်။
အမြဲတမ်းပဲ ဒီကျောင်းကို သူက ဦးစီးနေချင်တယ်။ ဦးစီးဦးကိုင်လုပ်ဖို့လည်း အကြံထုတ်နေတယ်။
အချိန်တွေကြာလာတဲ့အခါ ၊ဆရာတော်ဘုရားကြီး ပျံလွန်တော်မူသွားတယ်။ ဆရာတော်ဘုရားကြီး အသုဘကတော့ စည်းကားသိုက်မြိုက်စွာနဲ့ ပြီးဆုံးသွားတယ်။
ဆရာတော်ဘုရား မရှိတော့တဲ့အခါမှာတော့ .. ဦးဇင်းလေးဖြစ်ချင်နေတဲ့ ကျောင်းထိုင်ဆရာတော် ဖြစ်လာတယ်။ သို့သော်လည်း ဆရာတော်ဘုရားကို ကြည်ညိုတဲ့ ဒကာ၊ဒကာမတွေက ဆရာတော်ဘုရား မရှိတဲ့အခါ ဘုန်းကြီးကျောင်းကို ရောက်မလာကြတော့ဘူးတဲ့။
နောက်ဆုံးတော့ ဦးဇင်းလည်းဟာ ရှားရှားပါပါးနဲ့ တောကျောင်းမှာ တစ်ပါးတည်း နေထိုင်သွားရပါသတဲ့။
******************************
***
လူတွေဟာ များသောအားဖြင့် အနီးကပ်အတူနေရတဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ကောင်းတဲ့အရည်အသွေးကို မမြင်တတ်ကြဘူး၊
အနည်းငယ်သော မကောင်းတဲ့ အကျင့်စရိုက်ကို မြင်ကာ ဝေဖန်ပြစ်တင်တတ်ကြတယ်။ လူတိုင်းဟာ ခြောက်ပြစ်ကင်း သဲလဲစင်တော့ မရှိနိုင်ပါဘူး၊ မိမိဘဝလက်တွဲဖော်၊လုပ်ဖော်ကိုင်
ဖက်တွေရဲ့ ကောင်းကွက်ကို ရှာပြီး
ဘဝကို အကောင်းဆုံး၊ အသာယာဆုံးဖြစ်အောင် ဖန်းတီးနိုင်ရမယ်။
သူတစ်ပါးရဲ့ မပြစ်အနာအဆာကို ကြည့်ခြင်းဟာ အကုသိုလ်ဖြစ်သလို မိမိစိတ်ဓာတ်ကိုလည်း ယုတ်ညံ့စေတယ်။
*******************
မြန်မာဗုဒ္ဓဘာသာအသင်းကနေဒါမှတဆင့်တင်ပြသည်။
No comments:
Post a Comment