ငြိမ်းအေးသော ဘ၀ပိုင်ရှင်ဖြစ်ဖို့အတွက် နောက် အရည်အသွေးတစ်ခုကတော့ "ဒေါသကင်းခြင်း၊ သို့မဟုတ် စိတ်မှာ အမျက်မပါခြင်း " ဆိုတဲ့ အရည်အသွေးပါပဲ။ ဒေါသဆိုတဲ့ပါဠိစကားလုံးကို စိတ်တိုတယ်၊ စိတ်ဆိုးတယ်၊ အမျက်ထွက်တယ်လို့ ဘာသာပြန် ကြပေမယ့် သူရဲ့  တိုက်ရိုက်ထွက်တဲ့ အဓိပ္ပါယ်ကတော့ ပျက်စီးခြင်းပါပဲ။
ပျက်စီးခြင်းသဘော၊ ပျက်စီးနေတဲ့သဘောကို ဒေါသလို့ ခေါ်တယ်။ ကိုယ်လည်း ပျက်စီးနေတယ်။ စိတ်လည်း ပျက်စီးနေတယ်။ ဒေါသဖြစ်ပြီဆိုရင် ကိုယ်အမူအရာတွေက ပုံမှန်အတိုင်းမဟုတ်တော့ဘူး။ ဖောက်ပြန်ပျက်စီး သွားတယ်။ အသားဖြူတဲ့လူ ဒေါသဖြစ်ရင် အသားနီသွားမယ်။ အသားနီတဲ့လူ ဒေါသဖြစ်ရင် အသားညို သွားမယ်။ အသားညိုတဲ့လူ ဒေါသဖြစ်ရင် အသားပြာသွားမယ်။ အသားပြာတဲ့လူ ဒေါသဖြစ်ရင် အသား မည်းသွားမယ်။ အသားမည်းတဲ့လူဒေါသဖြစ်ရင် အသားနက်သွားမယ်။ အသားနက်တဲ့လူဒေါသဖြစ်ရင် အသားမှောင်သွားမယ်။ မှောင်ပြီဆိုရင်တော့ ဘာမှမကျန်တော့ဘူး။ ဒါ့ကြောင့် ဒေါသဟာ လူရဲ့  ပင်ကို ရုပ်အဆင်းကိုလည်း ဖောက်ပြန်ပျက်စီးသွားစေတတ်တယ်။
ဒေါသဟာ စိတ်ကိုလည်း ပျက်စီးစေတတ်တယ်။ နဂိုက စိတ်သဘောထား ဘယ်လောက်ကောင်း တဲ့လူဖြစ်ဖြစ် ဒေါသ၀င်လာရင် စိတ်သဘောထားတွေ ဆိုးကုန်ပြီ။ နဂိုက စိတ်ဘယ်လောက် နူးညံ့တဲ့သူဖြစ်ဖြစ် ဒေါသ၀င်လာရင် စိတ်တွေကြမ်းကုန်ပြီ။ နဂိုက စိတ်ဘယ်လောက် မြင့်မြတ်တဲ့သူဖြစ်ဖြစ် ဒေါသ၀င်လာရင် စိတ်တွေ အောက်တန်းကျကုန်ပြီ။
သာမန်ပုထုဇဉ်ဆိုတာ အသာထားပေါ့။ ဘုရားဖြစ်ဖို့ တစ်ဘ၀သာလိုတော့တဲ့ ဝေဿန္တရာ မင်းကြီးတောင် ဇူဇကာပုဏ္ဏားက သူ့ရှေ့  မှာ သားတော် ဇာလီနဲ့ သမီးတော် ကဏှာဇိန်ကို ဆူးကြိမ်လုံး တွေနဲ့ ရိုက်တာတွေ့တော့ ကျောင်းသင်္ခမ်းပေါ် ပြန်တတ်၊ ချိတ်ထားတဲ့ သံလျက်ကိုဆွဲယူ၊ သံလျက်ကို သံလျက်အိမ်ကနေထုတ်ပြီးတော့ ဒီပုဏ္ဏားကို ငါသတ်မယ်၊ သတ်ပြီးတော့ ငါ့သားနဲ့ သမီးကို ပြန်ယူမယ်လို့ အတွေးဝင်ခဲ့ပါတယ်။
ဘုရားဖြစ်ဖို့ တစ်ဘ၀ခြားလေးပဲလိုတော့တဲ့ ဘုရားလောင်းအရင့်အမာပုဂ္ဂိုလ်ကြီ
ဒေါသဆိုတာ နှစ်ဖက်၊ နှစ်ဖက်ပျက်စီးစေတတ်တဲ့သဘောပါ။ ကိုယ်နဲ့စိတ်ဆိုတဲ့ နှစ်ဖက်ကိုလည်း ပျက်စီးစေတတ်တယ်။ မိမိအကျိုးနဲ့ သူတစ်ပါးအကျိုးဆိုတဲ့ နှစ်ဖက်ကိုလည်း ပျက်စီးစေတတ်တယ်။ ပစ္စုပ္ပန်အကျိုးနဲ့ တမလွန်အကျိုး ဆိုတဲ့ နှစ်ဖက်ကိုလည်း ပျက်စီးစေတတ်တယ်။
ဒေါသကို အခြေခံတဲ့ အပြောအဆိုမှား၊ အပြုအမူအမှားတွေကြောင့် ပစ္စုပ္ပန်အကျိုးစီးပွားတွေလည်း ဆုတ်ယုတ်ရတယ်။ တမလွန်မှာလည်း အပါယ်လေးပါး လားရောက်ရခြင်း၊ သုဂတိဘ၀တွေ ရောက်ပြန် တော့လည်း ၀ဋ်လည်ခြင်း၊ တုံ့ပြန်ဒဏ်ခံရခြင်းစတဲ့ ဆိုးကျိုးဆင်းရဲတွေကို ခံစားရတဲ့အတွက် တမလွန် အကျိုးစီးပွားတွေလည်း ဆုတ်ယုတ်ရတယ်။
ဒေါသဖြစ်နေတဲ့အချိန်၊ ဒေါသနဲ့ ပြောဆိုကြိမ်းမောင်းနေတဲ့အချိန်
တစ်ခါတုန်းက မြွေတစ်ကောင်ရဲ့  ခေါင်းတည့်တည့်ကို ပျားတစ်ကောင်က တုပ်လိုက်တယ်။ ငယ်ထိပ်တည့်တည့်ကို ခဲပြီးတုပ်ထားတော့ မြွေမှာ ပေါက်လို့လည်းမရ၊ ရစ်ပတ်လို့လည်းမရနဲ့ အင်မတန် ဒုက္ခရောက်ပြီး အင်မတန်နာကျင်နေတယ်။ နာကျင်လွန်းတော့ မြွေက ပျားအပေါ်မှာ ဒေါသတွေ ဖြစ်တယ်။
ငါ့ကိုနာကျင်အောင်လုပ်တဲ့ပျားတေ
အဓိပ္ပာယ်မရှိတဲ့ဒေါသ၊ သဘာဝမကျတဲ့ဒေါသဆိုတာလည်း ရှိသေးတယ်။ ပါဠိလိုတော့ အဋ္ဌာနကောပ လို့ခေါ်တယ်။ အရာမဟုတ်တဲ့ ဒေါသ၊ မဖြစ်သင့်တဲ့ဒေါသပေါ့။ သက်ရှိပုဂ္ဂိုလ်တွေရဲ့  မနှစ်မြို့  ဖွယ်တွေကြောင့်ဖြစ်တဲ့ ဒေါသ မဟုတ်ဘဲ သက်မဲ့အရာဝထ္ထုတွေရဲ့  မနှစ်မြို့  ဖွယ် တွေကြောင့်ဖြစ်တဲ့ ဒေါသ ကို အဋ္ဌာနကောပ = ဒေါသဖြစ်စရာ မဟုတ်တဲ့ နေရာဌာနမျိုးမှာ ဖြစ်တဲ့ဒေါသလို့ခေါ်တယ်။ သဘာဝ မကျတဲ့ဒေါသ၊ အဓိပ္ပာယ်မဲ့ဒေါသ လို့ပြောရမှာပါ။
ဥပမာဆိုပါတော့။ လမ်းသွားရင်းနဲ့ ခလုတ်တိုက်မိတယ်။ ဒီခလုတ်ကလည်း တော်တော် ရှုပ်တဲ့ခလုတ်ဆိုပြီး တစ်ခါထပ်ကန်လိုက်တယ်။ ခလုတ်က သူ့ဟာသူ မြေကြီးထဲမှာနေတာပါ။ ကိုယ့်ကိုလာ တိုက်တာလည်းမဟုတ်ပါဘူး။ ကိုယ်က တိုက်မိသွားတာပါ။ အဲဒါကို စိတ်ဆိုးပြီးတော့ ခလုတ်ကို နောက်တစ်ခါ ပြန်တိုက်တော့ ကိုယ်ပဲနာတာပေါ့။ တချို့ ဆို ပန်းကန်လေး လွတ်ကျပြီးတော့ ကွဲသွားတယ်။ ဒီပန်းကန်လည်း သေချာကိုင်ထားတဲ့ကြားက ကွဲဦးဟာဆိုပြီးတော့ တစ်ခါထပ်ပြီးထုလိုက်သေးတယ်။ ကြေမွသွားတာပေါ့နော်။
တချို့ များ တံခါးကြားထဲ မတော်တဆ လက်ညပ်သွားတာ၊ စိတ်တိုပြီးတော့ တံခါးကို လက်နဲ့ သွားထုတော့ လက်ပြန်နာတာပေါ့။ လက်သီးနဲ့ ထုရုံဆိုတော်သေးတယ်။ တချို့ က အဲဒီတံခါးကြားထဲ လက်ထည့်ပြီး ညပ်ဦးဟာ၊ ညပ်ဦးဟာဆိုပြီး ထပ်ထည့်ညှပ်တော့ ကိုယ်ပဲပိုနာတာပါပဲ။ အဲဒီလို ဒေါသမျိုးကို အဋ္ဌာနကောပ=သဘာဝမကျတဲ့ ဒေါသလို့ ခေါ်ပါတယ်။ သူများက ကိုယ့်ကိုလာရိုက်လို့ ဒေါသဖြစ်တာ သဘာဝကျသေးတယ်။ သူများက ကိုယ့်လာဆဲလို့ ဒေါသဖြစ်တာ သဘာဝကျသေးတယ်။ ခလုတ် တိုက်မိလို့၊ ပန်းကန်လွတ်ကျလို့၊ တံခါးညပ်လို့ ဒေါသဖြစ်တာကတော့ သဘာဝမကျဘူး။
ကိုယ်က အပြင်ထွက်မလို့ဟာ၊ မိုးကရွာတော့ ဒီမိုးကလည်း အားတိုင်းရွာနေတာပဲ။ မိုးသွားပြီး စိတ်တိုတယ်။ ဆောင်းတွင်းကျတော့လည်း ဘာလို့ ဒီလောက်တောင်အေးနေရတာလဲ၊ နွေရောက်တော့ လည်း နေကလည်း ပူလိုက်တာနော်၊ သူ့သဘာဝအတိုင်း ဖြစ်နေတဲ့ ရာသီဥတုကို သွားပြီး စိတ်တိုတယ်။
အဋ္ဌာနကောပလို့ ခေါ်တဲ့ အဓိပ္ပါယ်မဲ့ ဒေါသတွေကလည်း နှစ်ဖက်ပျက်စီးတတ်တဲ့သဘော ရှိပါတယ်။ ပစ္စည်းတစ်ခုကို ကိုင်တွယ်ရတာ အဆင်မပြေလို့ စိတ်ဆိုးပြီး အဲဒီပစ္စည်းကို ဖျက်ဆီးလိုက်ရင် ပစ္စည်းလည်း ပျက်စီးသွားတယ်။ ကိုယ်လည်း လက်နာ၊ ခြေနာ စသည်၊ ကိုယ်ပင်ပန်း၊ စိတ်ပင်ပန်း စသည် ပျက်စီးရတယ်။ ကိုယ်စိတ်ဆိုးတဲ့ သက်မဲ့ပစ္စည်းလည်း ပျက်စီးတယ်။ ကိုယ့်ရဲ့  ခန္ဓာနဲ့စိတ်လည်း ပျက်စီးတယ်။ သက်ရှိကြောင့်ပဲ ဒေါသဖြစ်ဖြစ်၊ သက်မဲ့ကြောင့်ပဲ ဒေါသဖြစ်ဖြစ်၊ ဒေါသဖြစ်ရင် စိတ်ပူလောင်ရမှာပါပဲ။
ဒေါသဆိုတာ ကောင်းကျိုးမပေးဘူး စသည်အားဖြင့် ဒေါသရဲ့  အပြစ်ကို ဆင်ခြင်ပြီးတော့လည်း ဒေါသကို ပယ်သတ်ရမယ်။ ဖြစ်လာတဲ့ဒေါသကို ပစ္စုပ္ပန်ကျကျ သတိပဋ္ဌာန်နည်းနဲ့ ရှုမှတ်ပြီးတော့လည်း ဒေါသကို ပယ်သတ်ရမယ်။
ဒေါသဖြစ်လာရင်၊ စိတ်တိုလာပြီဆိုရင် စိတ်တိုတယ်၊ စိတ်တိုတယ်လို့ စိတ်တိုတဲ့သဘောလေးကို စူးစိုက်ပြီးတော့ရှုရမယ်။ ဒေါသဖြစ်နေတဲ့အာရုံကို မကြည့်ရဘူး။ ဒီလူ ငါ့ကိုဒီလိုပြောတယ်။ ဒီလူငါ့ကို ဒီလိုလုပ်တယ်။ တစ်ဖက်သားရဲ့  အပြောအဆို၊ အပြုအမူလုပ်ရပ်တွေကိုပဲ ကြည့်နေမယ်ဆိုရင် တွေးလေ တွေးလေ ဒေါသဖြစ်လေပဲပေါ့။ တစ်ဖက်သားရဲ့  အဖြစ်အပျက်၊ ဒေါသဖြစ်စရာ အကြောင်းအရာကို မကြည့်ဘဲနဲ့ ကိုယ့်မှာ ဖြစ်နေတဲ့ ဒေါသစိတ်ရဲ့  သဘာဝလေးကိုပဲ စူးစိုက်ပြီးတော့ စိတ်တိုတယ်၊ စိတ်တိုတယ်လို့ ရှုမှတ်ရမယ်။
စိတ်ဆိုးတာ၊ စိတ်ညစ်တာစတဲ့ ဒေါသသဘောအားလုံး နည်းတူပဲ ရှုမှတ်ရမယ်။ ဒေါသရဲ့  သဘာဝကို လက်ပေါ် တင်ကြည့်သလို တိုက်ရိုက်မြင်တွေ့သွားပြီဆိုရင
…. အဖြစ်အပျက်တစ်ခုကြောင့် ဒေါသထွက်တယ်ဆိုတာ အဲဒီအဖြစ်အပျက်ကို " ဒေါသထွက်စရာ " လို့ သတ်မှတ်လိုက်လို့ပါပဲ။ " ဒါလေးများ..ဒေါသ ထွက်စရာမဟုတ်ပါဘူး " လို့ နားလည်သဘောပေါက်ရင်တော့ အတင်းထွက်ခိုင်းတောင်မှ ဒေါသက ထွက်လို့မရပါဘူး။ " သြော်..ဒီလိုပဲပေါ့.."လို့ နှလုံးသွင်းနိုင်ဖို့ဆိုတာက စိတ်ဓာတ်ခိုင်မာနေမှ အသိဉာဏ်ရင့်ကျက်နေမှ ဗဟုသုတပြည့်စုံနေမှ ဖြစ်နိုင်တာပါ။ အမျက်ပါရင် နှစ်ဖက်နာမယ် ------------------------------
No comments:
Post a Comment