တောင်နဲ့ မကြိတ်နဲ့ ဉာဏ်နဲ့ကြိတ်
လူသာဓုခေါ် နတ်သာဓုခေါ်လောက်နဲ့
ကျေနပ်တင်းတိမ် မနေကြနဲ့
ဘုရားရဟန္တာ သူတော်ကောင်းတွေက
ချီးမွမ်းတဲ့အထိ ဖြစ်ပါစေ .။
ပထမတော့ တရားကို လူက ဦးဆောင်တယ်
နောက်တော့ တရားက လူကို ဦးဆောင်တယ်
အဲဒီအချိန် လူက တရားနောက်လိုက်ဖို့ပဲလိုတယ် ။
မိမိခန္ဒာပြနေတဲ့ သဘောတရား
ထိုတရားသဘောကို သည်းခံနိုင်မှ
ပတ်ဝန်းကျင်ရဲ့လောကဓံကိုလည်း
ခံနိုင်ရေ ရှိမှာပါ ။
ခန္ဒာရှိလို့ ဆင်းရဲနေတာပါ
ဆင်းရဲတဲ့ အထဲ ငါပါတော့
သံသရာလည်တာပေါ့ ။
ဟုတ်လည်းသည်းခံ မဟုတ်လည်းသည်းခံ
ခံရမယ့်အတူတူ အခုတည်းက ခံလိုက်တော့
သံသရာပြတ်တာပေါ့ ။
စိတ်ကဖြတ်လို့ ပြတ်တာမဟုတ်ဘူး
တရားကဖြတ်မှ ပြတ်တာ
တရားရှိအောင် အားထုပ်ကြ
တရားရှိတော့ တရားကပဲ
ဖြတ်ပေးတယ် ပယ်ပေးတယ် ။
စိတ်ဆိုတာက မြင့်မိုရ်တောင်နဲ့ကြိတ်လို့
ကြေတာမဟုတ်ဘူး
ဝိပဿနာနဲ့ ကြိတ်မှ ကြေတာပါ ။
ဆက်လက် ကြိုးစားပါအုံးမည်
Moe Z Mg (Ruby Garden)
No comments:
Post a Comment