၁. လွမ်းတယ်..
အဖေ နဲ့တူတဲ့
မန္တလေးရဲ့
နွေ ကိုလွမ်းတယ်..။
။
၂. လွမ်းတယ်..
အမေ နဲ့တူတဲ့
မန္တလေးရဲ့
ဆောင်း ကိုလွမ်းတယ်..။
။
၃. လွမ်းတယ်..
သူငယ်ချင်းတွေနဲ့တူတဲ့
မန္တလေးရဲ့
မိုး ကိုလွမ်းတယ်..။
။
၎. လွမ်းတယ်..
သွားခဲ့ဘူးတဲ့
မင်းကွန်းစကိုင်း ဦးပိန်
အစရှိတဲ့ နေရာတွေကို
ငါလွမ်းတယ်..။
။
၅. လွမ်းတယ်..
နေရာအနှဲ့ ခြေရာထပ်အောင်
လျှောက်ခဲ့ဘူးတဲ့
အတိတ်က ဈေးချိုတော်ကြီးကို
ငါလွမ်းတယ်..။
။
၆. လွမ်းတယ်..
နဂါးမယ်တို့ရဲ့ဗျောရယ်
မြနန္ဒာသီချင်းတွေနဲ့
တူးပိုတူးပိုသံ
ညံနေတတ်တဲ့
အတိတ်က မန်းသင်္ကြန်ကို
ငါလွမ်းတယ်..။
။
၇. လွမ်းတယ်..
ခန္ဒာတစ်ခုလုံး
အပူငွေ့တွေ ဖုံးပြီဆိုရင်
မန်းတောင်ရိပ်
မခိုနိုင်ပေမယ့်
တို့မန္တလေး
မြို့ကြီးရဲ့ ပတ်လည်ဆို
မှိုင်းပြာပြာ
မှုံးငွေ့ငွေ့ ဧရာဝတီနဒီမြစ်ညို
အလျှံဝင်းပြောင်ညီတဲ့
ရန်ကင်းတောင်ကြီးရဲ့ လို့
နှလုံးသားနဲ့
သီဆိုထားတဲ့ အဆိုတော်
ဒေါ်မာမာအေး
ရဲ့သီချင်းသံကို ငါလွမ်းတယ်..။ ။
၈. သက်မဲ့ကိုလွမ်းတတ်တဲ့ နှလုံးသား
သက်ရှိကို မလွမ်းပဲနေပါ့မလား
ဒါ ကဗျာမဟုတ်ဘူးလို့ကော
ဝေဖန်ကြအုံးမလား.။.။
မော်ဒန်ဒန်
မဒန်ဒန်
ဂန္တ၀င်ကဗျာ
ဟုတ်ဟုတ် မဟုတ်ဟုတ်
ဒါဟာ ငါ့နှလုံးသားထဲကလာတဲ့
ကဗျာ
ငါ့ရဲ့အလွမ်းဖွဲ့
ကဗျာပေါ့ ..။ ။
၉. လွမ်းတယ်..
လွမ်းတယ်..
လွမ်းတယ်..
အလွမ်းတကာ့
အလွမ်းဆုံးကိုပြောရရင်
အဖေ အမေ တို့ရဲ့
မေတ္တာ အရိပ်အောက်မှာ
နေလာခဲ့ရတဲ့
ငါ့ရဲ့ ငယ်ဘ၀လေးကို
ငါ လွမ်းတယ်…။။
Moe Z Mg (Ruby Garden)
No comments:
Post a Comment