ကျွန်တော်ငယ်ငယ်ကလေးဘဝ
အမေကပြေတယ်လေ
သားမျက်နှာဝင်းပပ
ကောင်းကင်မှာသာတဲ့လတဲ့…
အဲဒီအရွယ်
ငယ်ငယ်တုန်းက
အမေ့မျက်နှာပြည့်ပြည့်ဝင်း
သားအတွက်လမင်းကြီးပါပဲလို့
ပြောပဲမပြောပြတက်ခဲ့ဘူး….။
အခုနေမေမေမရှိလေမှ
အသိတွေကြွယ်မိလေစွ
လမင်းထက်လင်းလက်စွာ
ပ၀င်းတဲ့အမေ့မျက်နှာ
သားရဲ့ကမ္ဘာမှာတော့
မသာလဲ“တ“
သာလဲ“တ“
ကောင်းကင်က
“လ“ပါပဲလို့
တမလွန်မှမမေမသိလေသော်မှ
ရှိရှိသမျှအမေ့အနန္တ
သိရှိခံစား
မုဒိတာပွါးနိုင်ကြစေသား….။
အရှင်တေဇိန္ဒ(မဏိဇောတစာချကျောင်း)
ပတ္တမြားရိပ်သာကျောင်းတိုက်
No comments:
Post a Comment