ရှေးအခါက ဇနသန္ဓအမည်ရှိသောမင်းတစ်ပါး
သည် ဗာရာဏသီပြည်ကြီးကို မင်းကျင့်တရား
နှင့်အညီ စိုးစံတော်မူသည်။ ထိုမင်းသည်လစဉ်
လပြည့်နေ့ရောက်တိုင်း ဥပုသ်သီလဆောက်
တည်၏။ တိုင်းသူပြည်သားတို့ကိုလည်း လစဉ်
တစ်လလျှင် နှစ်ကြိမ်နန်းရင်ပြင်၌ စုရုံးစေ၍
နောင်တ ၁၀မျိုးမဖြစ်ကြရလေအောင် ယခုအခါ
ကပင် မမေ့မလျော့ကြဘဲ ကုသိုလ်ကောင်းမှုများ
ပြုလုပ်ကြရန် တိုက်တွန်းစကား ပြောကြားဆုံးမ
လေ့ရှိသည်။
တိုင်းသူပြည်သားတို့သည်လည်း မင်းကြီး၏
စကားကို လိုက်နာ၍ မကောင်းမှုဟူသမျှ မပြု
လုပ်ကြဘဲ ကောင်းမှု ကုသိုလ်များကိုသာ ပြု
လုပ်၍ နေထိုင်ကြသည်။ ထိုသို့ နေထိုင်ကြ
သဖြင့် ထိုမင်းလက်ထက်တွင် အချုပ်ထောင်
များကိုဟင်းလင်းဖွင့်ထားရသည်။ အမှုအခင်း
ဖြစ်ပွားသူ မရှိသောကြောင့်လည်း တရားရုံး
များကို ပိတ်ထားရသည်။ ကုသိုလ်ကောင်းမှု
များကို မမေ့မလျော့အားထုတ်ကြသောကြောင့်
ကွယ်လွန်သောအခါ၍လည်း နတ်ရွာသုဂတိသို့
ရောက်ကြရကုန်၏။
နောင်တ ၁၀မျိုးကား
၁။ အချိန်ရှိခိုက် ငယ်စဉ်ကပညာမသင်ခဲ့မိ
လေခြင်း။
၂။ ဥစ္စာပစ္စည်း မစုဆောင်းမိလေခြင်း။
၃။ သူတစ်ပါး၏အချစ်ကိုဖျက်စီးမိလေခြင်း။
၎။ သူတစ်ပါး၏အသက်ကို သတ်မိခဲ့လေခြင်း။
၅။ သူတစ်ပါးသားမယားကို ပြစ်မှားမိခဲ့လေခြင်း။
၆။ ဥစ္စာပစ္စည်းရှိလျက် မလှူမိခဲ့လေခြင်း။
၇။ ဆုံးမစကားကို နားမထောင်မိခဲ့လေခြင်း။
၈။ မိဘကို မလုပ်ကျွေးမိခဲ့လေခြင်း။
၉။ ပညာရှိထံနည်းခံ၍ ပညာမသင်ကြားမိခဲ့လေခြင်း။
၁၀။ မြတ်သောအကျင့်ကို မကျင့်မိခဲ့လေခြင်းတို့
ဖြစ်သည်။
အကိုး၊ ဒွါဒသနိပါတ်၊ ဇနသန္ဓဇာတ်။
ပရိတ်သင်တန်း ( မာဂဂီသာစည် )
ဉာဏ်လင်းအောင်
မြတ်မင်္ဂလာ
အတွဲ ၁၇၊ အမှတ် ၃
No comments:
Post a Comment