Saturday, July 19, 2014

ဓမ္မာနုပဿနာ ( နီဝရဏ ) ပိုင်း



နီဝရဏဆိုတာ ပိတ်ပင်တာ တားဆီးတာ
နီဝရဏေသု = ပိတ်ပင် ဖုံးလွှမ်းတတ်သော
ကြောင့် နီဝရဏလို့ခေါ်တယ်။ မြတ်စွာဘုရား
က - ကထဉ္စပန ဘိက္ခဝေ ဘိက္ခု ဓမ္မေသု
ဓမ္မာနုပဿနာ ၀ိဟရတိ၊ ဣဓဘိက္ခဝေ ဘိက္ခု
ဓမ္မေသု ဓမ္မာနုပဿိ ၀ိဟရတိ၊ ပဉ္စသု နီဝရ
ဏေသု ။ လ ။ လို့ဟောတယ်။

မြတ်စွာဘုရားက ဘိက္ခဝေ = ရဟန်းတို့၊
ဓမ္မေသု = သတ္တ၀ါမဟုတ်တဲ့ ရုပ်နာမ်သဘော
တို့၌ရုပ်နာမ်သဘောတွေပဲလို့ ဘယ်နည်းဘယ်
ပုံ ရှုမြင်ကြမလဲဆိုရင်၊ ပဉ္စသု နီဝရဏေသု =
မဂ်တရား ဖိုလ်တရားတို့ကို တားဆီး ပိတ်ပင်
တတ်တဲ့ နီဝရဏငါးပါး သဘောတရားမျှလေးပဲ
လို့ ရှုမြင်ပြီး၊ ၀ိဟရတိ = နေကြပါလို့ မြတ်စွာ
ဘုရားက ဟောကြားပါတယ်။

မြတ်စွာဘုရားက ဓမ္မာနုပဿနာအနေနဲ့ ရှုစေ
ချင်တဲ့ နီဝရဏကို (၅) ပါးဟောပြထားတယ်။
၁။ ကာမစ္ဆန္ဒနီဝရဏ = မိမိသန္တာန်၌ဖြစ်သော
ကာမဂုဏ်များမှာ ကပ်ငြိ တက်မက်သော
( ကိလေသာ ) ဖုံးလွှမ်းမှု အတားအဆီး။
၂။ ဗျာပါဒနီဝရဏ = မိမိသန္တာန်၌ဖြစ်သော
ဒေါသ ဖုံးလွှမ်းမှု အတားအဆီး။
၃။ ထိနမိဒ္ဓနီဝရဏ = ထိုင်းမှိုင်း ပျင်းရိခြင်း
ဖုံးလွှမ်းသော အတားအဆီး။
၎။ ဥဒ္ဓစ္စ ကုက္ကုစ္စနီဝရဏ = ပျံ့လွင့်ခြင်း၊ ပူပန်
ခြင်း အတားအဆီး။
၅။ ၀ိစိကိစ္ဆာနီဝရဏ = ယုံမှားတွေးတောမှု
အတားအဆီးရယ်လို့ နီဝရဏငါးမျိုးဟောထား
ပါတယ်။

၁။ ကာမစ္ဆန္ဒနီဝရဏရှုနည်း
လူတွေဟာ ကာမဂုဏ်ခံစားချင်ကြလို့ ချမ်းသာဖို့
တွေချည်း လုပ်နေကြလေတော့ ဒီ ကာမရာဂ
တဏှာရမ္မက်တွေဟာ ဆားငန်ရေသောက်သလို
သောက်လေသောက်လေ ငတ်မပြေဆိုသလို
နန္ဒိရာဂတွေ တဏှာရာဂတွေဟာ အမြဲတမ်းဖြစ်
နေကြတယ်။ ဒါတွေနဲ့ပဲလုံးပမ်းနေကြတယ်။
ကာမစ္ဆန္ဒခေါ်တဲ့ ငါးပါးအာရုံကာမဂုဏ်တွေစွဲကပ်
ငြိတော့ ကာမတဏှာ နှစ်သက်တယ် လိုချင်တယ်။
တက်မက်တဲ့လောဘစိတ်တွေဟာ မိမိသန္တာန်မှာ
ဖြစ်ပေါ်နေကြတယ်။ ဒီလို ကာမောဟတွေဖြစ်ပေါ်
နေကြတာဟာ မဂ်တား ဖိုလ်တားစိတ် ကာမစ္ဆန္ဒ
နီဝရဏတွေဖြစ်ပေါ်နေတာပေါ့။

ဒါကြောင့် မြတ်စွာဘုရားက ဓမ္မာနုပဿနာကို
အားထုတ်မယ်ဆိုရင် မိမိရဲ့အဇ္ဈတ္တအတွင်းသန္တာန်
မှာရှိတဲ့ မျက်စိ နား နှာခေါင်း လျှာ ကိုယ် စိတ်
စတဲ့ ဒွါရ(၆)ပေါက်မှာ မြင်လို့ပဲဖြစ်စေ၊ ကြံတွေးမိ
လို့ပဲဖြစ်စေ၊ အဲဒီစိတ်(၆)ပါး ဖြစ်တဲ့နေရာမှာ သာ
ယာမှု နှစ်သက်မှု လိုချင်မှု တက်မက်မှုမျိုးဖြစ်တဲ့
ကာမဂုဏ်၌တပ်ငြိသောကာမစ္ဆန္ဒရှိလာရင်ရှိတယ်
ဖြစ်တယ်လို့ သိလိုက်ပါတဲ့။ အဲဒီလိုသိလိုက်လို့မရှိ
တော့လို့ ပျက်သွားရင် ပျက်တယ်လို့သိလိုက်ပါတဲ့။

၂။ ဗျာပါဒနီဝရဏရှုနည်း
ဗျာပါဒဆိုတာ စိတ်ဆိုးမှု စိတ်ပျက်မှု ညှင်းဆဲသတ်
ဖြတ်လိုမှု ပျက်စီးစေလိုမှု စိတ်ဆိုး စိတ်သွမ်းတွေ
အားလုံးဟာ ဗျာပါဒတွေချည်းပဲ။ ဒီလိုဗျာပါဒ စိတ်
ဆိုးစိတ်သွမ်းတွေ မိမိရဲ့အတွင်းသန္တာန်မှာ ရှိလာ
ရင် ဖြစ်လာရင် ရှိတယ် ဖြစ်တယ်လို့သိလိုက်ပါ။
ဒီလိုသိလိုက်လို့ မရှိတော့လို့ပျက်သွားရင် ပျက်
တယ်လို့ သိလိုက်ပါတဲ့။

၃။ ထိနမိဒ္ဓနီဝရဏရှုနည်း
ထိနမိဒ္ဓနီဝရဏဆိုတာ ထိနက စိတ်သဘောလေး
မခန့်တဲ့သဘော။ စိတ်မခန့်ကျန်းတယ်လို့ပြောကြ
တယ်။ စိတ်နေလို့မကောင်းတာ ဘယအလုပ်မျှ
မလုပ်ချင်အောင် အားမထုတ်ချင်အောင် စိတ်ရော
ကိုယ်ပါ ထုံထိုင်းနေတဲ့သဘော၊ စိတ်မထက်သန်
တဲ့ သဘောပါပဲ။

မိဒ္ဓဆိုတာက ထိုင်းမှိုင်းနေတဲ့သဘော လုံ့လ၀ီရိယ
ကင်းပြီး ပျင်းရိနေတဲ့သဘော အိပ်ပျော်ခါနီး တရား
နာရင်း ပျင်းရိထိုင်းမှိုင်းနေတဲ့သဘောက ထင်ရှား
တယ်။ အိပ်ချင်တိုင်း ထိနမိဒ္ဓ မဟုတ်သေးဘူး။
မိဒ္ဓက စေတသိက် မထက်သန်တဲ့သဘောဆို
တော့ ထိနမိဒ္ဓက စိတ်စေတသိက်တို့ ထက်ထက်
သန်သန် မရှိတဲ့သဘောဖြစ်တယ်။

မိမိရဲ့အတွင်းသန္တာန်မှာ ထိုင်းမှိုင်းပျင်းရိခြင်း ငိုက်
မျည်းခြင်းရှိလာရင် ထိနမိဒ္ဓ ရှိတယ် ဖြစ်တယ်လို့
သိပေးပါ။ ဒီလိုသိလိုက်လို့ မရှိတော့လို့ ပျက်သွား
ရင် ပျက်တယ်လို့ သိလိုက်ပါ။

၎။ ဥဒ္ဓစ္စ ကုက္ကုစ္စနီဝရဏ ရှုနည်း
ဥဒ္ဓစ္စဆိုတာ ပျံ့လွင့်တဲ့စိတ်ဖြစ်နေတာကို ပြောတာ။
စိတ်မတည်ငြိမ်ပဲ စိတ်ယောက်ယက်ခတ်နေတာ။
အာရုံတစ်မျိုးတည်းပေါ်မှာ တည်တည်ငြိမ်ငြိမ်မရှိပဲ
နဲ့ ဟိုလွင့် ဒီလွင့် ဟိုရောက် ဒီရောက်နဲ့ စိတ်ပျံ့လွင့်
နေတာကို ဥဒ္ဓစ္စလို့ခေါ်တယ်။

ကုက္ကုစ္စ သဘောကတော့ နောင်တရလို့ တစ်ဖန်ပူပန်
ခြင်းသဘောပဲ၊ အကုသိုလ်လုပ်ပြီးခါမှ ငါလုပ်မိတာ
မှားလေခြင်းလို့ နောင်တရပြီးပူပန်နေတဲ့ ကုက္ကုစ္စသ
ဘော ၂ မျိုးကို ခေါ်တယ်။

ဒါကြောင့် မိမိသန္တာန်မှာ ဒီလို ဥဒ္ဓစ္စစိတ်တွေပျံ့လွင့်နေ
ရင် စိတ်ပျံ့လွင့်နေတယ် ဖြစ်တယ်လို့ သိလိုက်ပါ။
ဒီလို သိလိုက်လို့ ပျံ့လွင့်စိတ်မရှိတော့ဘဲ ပျက်သွားရင်
ပျက်တယ်လို့ သိလိုက်ပါ။

မိမိရဲ့အတွင်းသန္တာန်မှာ နောင်တတစ်ဖန်ရနေတဲ့ကုက္ကုစ္စ
ဖြစ်နေရင် နောင်တရ ပူပန်တာဖြစ်နေရင် ဖြစ်တယ်လို့
သိလိုက်ပါ။ ဒီလိုသိလိုက်လို့ နောင်တရပူပန်နေတဲ့စိတ်
မရှိတော့ဘဲပျက်သွားရင် ပျက်တယ်လို့ သိလိုက်ပါ။

၅။ ၀ိစိကိစ္ဆာနီဝရဏရှုနည်း
ဝိစိကိစ္ဆာဆိုတာ သို့လော သို့လောလို့ တွေးတောရွံရှာ
သင်္ကာမကင်း ယုံမှားသံသယဖြစ်ခြင်းလက္ခဏာဖြစ်တာ
ကို ဆိုတယ်။

မိမိရဲ့အတွင်းသန္တာန်မှာ ဒီလိုတွေးတောတဲ့ ယုံမှားသံသယ
ဖြစ်လာရင် ဖြစ်တယ်လို့ သိလိုက်ပါ။ ဒီလိုသိလိုက်လို့မရှိ
တော့ဘဲ ပျက်သွားရင် ပျက်တယ်လို့သိလိုက်ပါ။

မြတ်စွာဘုရားက မဟာသတိပဋ္ဌာနသုတ် ဓမ္မာနုပဿနာ
နီဝရဏပိုင်းမှာ ဟောထားတာကတော့

မဂ်ဖိုလ်ကို တားဆီးပိတ်ပင်တတ်တဲ့ ဓမ္မေသု နီဝရဏ
တရားတို့မှာ သမုဒယဓမ္မာနုပဿီဝါ = ဖြစ်သည့် သ
ဘောကိုလည်းရှု၊ ၀ယဓမ္မာနုပဿီဝါ = ပျက်သည့်
သဘောကိုလည်း အဖန်တလဲလဲရှုပြီး နေပါလို့ ဟော
ပြထားပါတယ်။

ပခုက္ကူဆရာတော်ဘုရားကြီး

No comments: