Sunday, July 13, 2014

ကမ္မဋ္ဌာန်းအလုပ်အားထုတ်သင့်ကြောင်း


သံသရာတည်းဟူသော ၀ဲသြဃရေအယဉ်မှ
ထွက်မြောက်၍ နိဗ္ဗာန်သို့ ရောက်လိုသော
ရဟန်းရှင်လူအပေါင်းတို့သည် အလုံးစုံသော
အကုသိုလ်တရားတို့ကို ပယ်ရှား လွင့်ပါး၍
ကုသိုလ်တရားပွားများ ဖွံ့ဖြိုးအောင် သမထ
ဝိပဿနာ နှစ်ဖြာသော ကမ္မဋ္ဌာန်းကို စီးဖြန်း
ပွားများ အားထုတ်ကုန်ရာသည်။

သမထကမ္မဋ္ဌာန်း ၀ိပဿနာကမ္မဋ္ဌာန်းအလုပ်
ကို အားထုတ်ပွားများလျှင်ပင် တစ်ချက်ခုတ်
နှစ်ချက်ပြတ် ဆိုဘိသကဲ့သို့ အားထုတ် ပွား
များအခိုက်အတွင်းမှာ အကုသိုလ်တရားများ
ကို ပယ်ရှားရာရောက်၏၊ ကုသိုလ်တရားကို
ပွားများရာရောက်၏။

ထိုသို့ပယ်ရှားပွားများရာတွင်လည်း သမထ
သည် တဒင်္ဂပဟာန်၊ ၀ိက္ခမ္ဘနပဟာန်အားဖြင့်
သာ အကုသိုလ်ကို ပယ်နိုင်၏။ ၀ိပဿနာ
သည်ကားတဒင်္ဂပဟာန်အားဖြင့်လည်းကောင်း
ဝိက္ခမ္ဘနပဟာန်အားဖြင့်လည်းကောင်းသမုစ္ဆေဒ
ပဟာန်အားဖြင့်လည်းကောင်း ပယ်နိုင်၏။
ထို့ကြောင့် ယခုဘ၀၌သော်လည်းကောင်း
နောက်ဘ၀သော်လည်းကောင်း သည့်နောက်
ဘ၀သော်လည်းကောင်း နိဗ္ဗာန်သို့လျင်မြန်စွာ
ရောက်လိုသောသူတို့သည်ဝိပဿနာကမ္မဋ္ဌာန်း
အလုပ်ကို အားထုတ်ကြိုးစား ပွားများကြရမည်။

ပဟာန် သုံးပါး၏ အထူးကား မျက်စိတစ်မှိတ်
လျှပ်တစ်ပြတ်မျှ ပယ်မှုသည် တဒင်္ဂပဟာန်မည်
၏။ တစ်နာရီ၊တစ်ရက်၊တစ်လ၊တစ်နှစ်၊တစ်ဘဝ
မျှပယ်မှုသည်ဝိက္ခမ္ဘနပဟာန်မည်၏။ ကိလေသာ
တို့ကို အဆင့်ဆင့်အကြွင်းမရှိ အမြစ်ပါပြုတ်၍
အငုတ်မကျန် နောက်တစ်ဖန်အသစ် တစ်ခါမျှ
မဖြစ်အောင်ပယ်မှုသည် သမုစ္ဆေဒပဟာန်မည်၏။

တစ်နည်းလည်း ကာမာဝစရပဟာန်၊ မဟဂ္ဂုတ်
ပဟာန်၊ လောကုတ္တရာပဟာန်ဟူ၍ ခွဲသင့်သေး
၏။ ကာမာဝစရကုသိုလ်ဖြင့်ပယ်မှုသည် တဒင်္ဂ
ပဟာန်သာ မည်၏။ မဟဂ္ဂုတ်ကုသိုလ်ဖြင့်ပယ်
မှုသည် တဒင်္ဂ၀ိက္ခမ္ဘနပဟာန်သာမည်၏။ လော
ကုတ္တရာကုသိုလ်ဖြင့်ပယ်မှုသည် တဒင်္ဂ၊ ၀ိက္ခမ္ဘန
သမုစ္ဆေဒ ပဟာန်သုံးပါးလုံးဖြင့် ပယ်သည်မည်
၏။

တစ်နည်း သီလကုသိုလ်ဖြင့် တဒင်္ဂ၊ သီလ
သမာဓိကုသိုလ်နှစ်ပါးဖြင့် တဒင်္ဂ၊ ၀ိက္ခမ္ဘန။ သီလ
သမာဓိ ပညာသုံးပါးဖြင့် ပယ်မှုသည် တဒင်္ဂ ၀ိက္ခ
မ္ဘန သမုစ္ဆေဒအားဖြင့် ပယ်သည်မြည်၏။

ကာမာဝစရပဟာန်၊ မဟဂ္ဂုတ်ပဟာန်တို့သည်
ဖြစ်လွယ် ပျက်လွယ်သာ ပဟာန်တို့တည်း။
ထို့ကြောင့် အနမတဂ္ဂ အစမထင် သံသရာဘဝ
အစဉ်က ခင်မင်နှစ်သက် စုံမက်မြတ်နိုး ကိုးစား
အားထားကာ ဒါနမှု၊ သီလမှု၊ သမထ ဘာဝနာမှု
တို့ကို အဖန်ဖန်ပြုခဲ့ကြ၊ အားထုတ်ခဲ့ကြသော်
လည်း အတည်တကျချမ်းသာခွင့်မရနိုင်ကြ။

ဥပမာကား ကျောက်ခဲ မြေခဲတို့ကို အထက်
ကောင်းကင်သို့ လွှတ်ပစ်လိုက်သောအခါ ၄င်း
ကျောက်ခဲမြေခဲတို့သည် လူတို့၏လုံ့လပယောဂ
မှုတို့ကြောင့်သာ အထက်သို့တက်ရ၏။ ပယော
ဂမှုကုန်လျှင် မြေသို့ကျ၍ အမြဲတည်နေရ၏။

ထို့အတူ ကာမ မဟဂ္ဂုတ်ပဟာန်တို့၏ အစွမ်း
ကြောင့် လူ့ဘ၀ နတ်ဘ၀ ဗြဟ္မာဘ၀ကိုရကြလေ
သည်။ ၄င်း ပဟာန်တို့၏ အစွမ်းတည်းဟူသော
ကုသိုလ်ကံ ကုန်ခဲ့လို့ရှိလျှင် ၄င်းလူ့ဘ၀ နတ်ဘဝ
ဗြဟ္မာဘ၀ကရွေ့လျော၍ အပါယ်ဘ၀သို့သာလျင်
မြန်စွာရောက်ကြရ၍နောင်တစ်ဖန် လူစားနတ်စား
ဗြဟ္မာစား ပြန်၍မဖြစ်နိုင်ဘဲ အပါယ်ဘုံ၌သာအမြဲ
နေကြရ၏။ အစားပြန်၍ဖြစ်သူကား အလွန်နည်း
ပါးလှ၏။ ထို့ကြောင့် လူသုံးပါးတို့၏ မကိုဋ် သုံး
တိုက်လုံးမှန်ကူ သယမ္ဘူအစစ်ဖြစ်တော်မူသော
မြတ်စွာဘုရားကိုယ်တော်မြတ်ကြီးက လက်သည်း
ဖျားပေါ်၌ မြေမှုန့်ကို တင်တော်မူပြီးလျှင် တပည့်
သာဝက ရဟန်းတို့အားဟောကြားတော်မူသည်
မှာ

ချစ်သားရဟန်းတို့ ငါဘုရား၏လက်သည်းတော်
ဖျားဝယ်အနည်းငယ်တင်ထားအပ်သော် ဤမြေ
မှုန့်ကလေးနှင့်နှစ်သိန်းလေးသောင်းအထုရှိသော
ဤမဟာပထ၀ီမြေကြီးသည် အဘယ်မြေကသာ
၍များသနည်းဟု မေးတော်မူသောအခါ မြတ်စွာ
ဘုရား အရှင်ဘုရား၏လက်သည်းဖျား၌တင်ထား
အပ်သော မြေမှုန့်နှင့် နှစ်သိန်းလေးသောင်းအထု
ရှိသော ဤမဟာပထ၀ီမြေကြီးကိုနှိုင်းစာရသည်
ရှိသော် ဤမဟာပထ၀ီမြေကြီးကအလွန်များ
သောကြောင့် အရှင်ဘုရား၏လက်သည်းဖျားပေါ်
မှာ မြေမှုန့်ရှိသည်ဟူ၍ မဆိုလောက်ပါဘုရားဟု
နားတော် လျှောက်ကြသောအခါ မြတ်စွာဘုရား
ကချစ်သားရဟန်းတို့ ဤအတူသာလျှင် ဤလူ့
ပြည်က သေ၍ လူစားပြန်၍ ဖြစ်သော သူကား
လူပေါင်း တစ်ကုဋေမှာ တစ်ယောက်ကျ ပြန်၍
မဖြစ်နိုင်။ နတ်အဖြစ် ဗြဟ္မာအဖြစ်ကား ပြောစရာ
မရှိ။ ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကာယ်လေးဘုံ
တို့၌သာ များစွာဖြစ်ကြရ၏။ နတ်ပြည်မှသေကြ
သော သတ္တ၀ါ၊ ဗြဟ္မာ့ပြည်မှ သေကြရသော
သတ္တ၀ါတို့ကိုလည်း ထိုနည်းအတူသိလေ။ အပါယ်
ဘ၀က သေ၍ လူ့ဘ၀ နတ်ဘ၀ကိုရဖို့ရန်ကား ထို
ထက်အလွန်ပင်ခဲယဉ်းလှ၏ဟု ဟောကြားတော်မူ
၏။ ထို့ကြောင့်ငါတို့ရေးသားအပ်သော သံဝေဂ သံ
ပေါက်ကျမ်း၌ (၂၃) သေလျှင်ခက်လှ၊ အပါယ်ကျ
ကယ်ပါ့ တစာစာ ဤမလင်္ကာကိုဆိုပေ၏။ ထို့ကြောင့်
ယခုဘ၀ လူမင်း၊ နတ်မင်း၊ ဗြဟ္မာမင်း၊ စကြာဝတေး
မင်းကြီး သူတော်ကောင်းပညာရှိကြီး နောက်ဘဝ
တံငါ၊ မုဆိုး၊ သူခိုး၊ ဓါးပြကြီး၊ လူမိုက်ကြီး၊ ဆင်းရဲ
သား၊ ဒွန်းစဏ္ဍား၊ သူတောင်းစားကြီး၊ ဆင်၊ မြင်း၊
ကျွဲ၊ နွား၊ ခွေး၊ ၀က်၊ ကြက်၊ ငှက် စသောအပါယ်
သတ္တ၀ါကြီးဟုဆိုအပ်သော ဘ၀အဖောက်ဖောက်
အပြန်ပြန် ကိုယ်အဖောက်ဖောက်အပြန်ပြန်ကိုဖြစ်
စေတတ်သော တစ်နပ်စာ တစ်လစာဖြစ်သည့်
ကာမာဝစရကုသိုလ် မဟဂ္ဂုတ်ကုသိုလ်တို့ကို
အားကိုးအားထားပြု၍ ၄င်းကုသိုလ်တို့နှင့်ပင်ရပ်
နားတင်းတိမ်ခြင်း မရှိကြရာ။ စုံမက်မြတ်နိုးအား
ကိုးအားထားပြု၍ လူ၊ နတ်၊ ဗြဟ္မာခန္ဓာကိုတောင့်
တ၍ပြုကြသောသူတို့သည် ဘ၀သံယောဇဉ်ချည်
နှောင်တုပ်ဖွဲ့အပ်သည်ဖြစ်၍ သံသရာဝဋ်မှကျွတ်
ခွင့် လွတ်ပေါက် ကျွတ်ပေါက် မတွေ့နိုင်ရာ။

ထိုကုသိုလ်တို့ကို ပြုကြရာ၌လည်း ဘ၀ခန္ဓာကို
ငဲ့ကွက်တောင့်တခြင်းမရှိဘဲ၊ ဘ၀ခန္ဓာ၏ လွတ်
ကျိုးဖြစ်သော နိဗ္ဗာန်ကိုသာရည်သန်၍ပြုရာ၏။

လူ့ဘ၀၊နတ်ဘ၀၊လူမင်း၊နတ်မင်း ဗြဟ္မာမင်းကြီး
ဖြစ်လေလေ၊ မာန်မာနတွက်ကြွ ပမာဒတရားပူး
ကပ်သဖြင့် လောဘအာရုံ ဒေါသအာရုံ မောဟ
အာရုံ ကာမဂုဏ် ချမ်းသာကို လိုက်စား၍ သေ
သောအခါ အပါယ်ငရဲသို့လွန်ကဲအားကြီး နာနာ
ကြီးကျရဖြစ်ရလေ၏။ သတိရကြသောသူတို့မှာ
လည်း ဤဘ၀ ဤဘ၀က ထိုထိုဘ၀မှာခံစားဖို့
ကုသိုလ် အသစ် အသစ် ပြုကြရကုန်၏။ အနမ
တဂ္ဂ အစမထင် သံသရာအစဉ်က ယခုဘဝ
ထက်တိုင် ပြု၍ကားမဆုံးနိုင်၊ ထပ်ကာထပ်ကာ
သာပြုကြရသဖြင့် ထိုသို့ကုသိုလ်အသစ်ရမှုပြုရ
သော ကိစ္စဒုက္ခကြီးကိုပင် ကြောက်လန့်ဖွယ်ရာ
ကောင်းလှ၏။ ကြောက်လန့်သင့်လှ၏။

လောကုတ္တရာပဟာန်သည်ကား တစ်ခါပယ်
အပ်သော ကိလေသာကို နောက်တစ်ခါထပ်၍
မပယ်ရပြီ။ ပယ်ဟန်ကား သောတာပတ္တိမဂ်
သည် ဒိဋ္ဌိကိလေသာ ၀ိစိကိစ္ဆာကိလေသာကို
အပြီးတိုင်ပယ်၏။

ထို့ကြောင့် အပါယ်ကျရောက်မှုဖြစ်သော ဒုစ
ရိုက်အကုသိုလ်ကံဟောင်း အကုသိုလ်ကံသစ်
တို့ ချုပ်ငြိမ်းသဖြင့် အပါယ်လေးပါးသို့ မလား
ရောက်ရပြီ။ လူ့ပြည် နတ်ပြည်တည်းဟူသော
ကာမဘုံ၌ အလွန်ဆုံးခုနှစ်ကြိမ်သာ ပဋိသန္ဓေ
နေရ၏။ အကြွင်း သောတာပန်အတူ အနာဂါ
မိမဂ်သည် လောဘကိလေသ၊ ဒေါသကိလေ
သာကို အကြွင်းအကျန်မရှိအပြီးတိုင်ပယ်၏။
ဤမဂ်နှစ်ပါး၌ လောဘဆိုသော်လည်းကာမ
ဘုံ၌တက်မက်သော လောဘကိုဆိုသည်။
ထို့ကြောင့် ကာမဘုံ၌ပဋိသန္ဓေမနေရပြီ။
ဗြဟ္မာ့ဘုံ၌သာ ဖြစ်ရတော့သည်။

အရဟတ္တမဂ်သည် ကိလေသာဟူသမျှ အကု
သိုလ်ဟူသမျှကို အကုန်အပြီးအတိုင်ပယ်၏။
ထို့ကြောင့် ဤဘ၀မှ စုတေလျှင် ဘုံသုံးပါး၌
မဖြစ်ရပြီ။ ၀ဋ်သုံးပါးဒုက္ခတရားတို့၏ ချုပ်ငြိမ်း
ကင်းပြတ်ရာ ဖြစ်သော အင်္သခတဓါတ်မြတ်
သောနိဗ္ဗာန်သို့သာ ရောက်ရတော့သည်။

ဤကဲ့သို့သော လောကုတ္တရာ ပဟာန်သည်
အတည်အမြဲ အလွန်အကဲ အမွန်အမြတ်၊
အထွတ်အထိပ်ဖြစ်၏။ ထို့ကြောင့်လောကုတ္တရာ
ပဟာန်ကိုသာလျှင် ခင်မင်စုံမက် နှစ်သက်မြတ်
နိုး အားကိုးအားထား ကြိုးစားပြုလုပ်အားထုတ်
သင့်လှပေသည်။

အင်းမကြီးတောရဆရာတော်
ဦးဇောတိကအရှင်မြတ်

No comments: