Wednesday, September 4, 2013

တရားလက်မလွတ်စေနှင့်

ရုပ်နာမ်ဓမ္မ သင်္ခါရတို့ ၊ ကိုယ်ကဤပုံ ဖြစ်လိုတုံလည်း ၊

တဖုံဆင်ကွဲ သူတနဲဖြင့် ၊ ဖောက်လွှဲတတ်စွာ ဓမ္မတာကို ၊

ပညာစက္ခု မျှော်ထောက်ရှု၍ -----

ယခုပင်လျှင် မအိုခင်က ၊ ကြိုတင်ကောင်းမှု ကြိုးစားပြုလော့ ၊

ယခုပင်လျင် မနာခင်က ၊ ကြိုတင်ကောင်းမှု ကြိုးစားပြုလော့ ၊

ယခုပင်လျှင် မသေခင်က ၊ ကြိုတင်ကောင်းမှု ကြိုးစာပြုလော့ ၊

ရတုချိန်ထောက် ဤခါရောက်မှ ၊ ချုပ်ပျောက်ခန္ခာ သေပိမ့်ငှါဟု

သတ္တ၀ါခပင်း ရှင်သေမင်းနှင့် ၊ မိတ်သင်းဖွဲ့လျှက် ချိန်အချက်သည် ၊

တစက်ကမှ မရှိကြဘူး ၊ ' အပ္ဖမာဒေန ဘိက္ခဝေ သမ္ဖာဒေထ '

ဘုရားစကား လိုက်နာပွားသည် တရားလက်မလွတ်စေနှင့် ။ ။

( မင်းကွန်းဆရာတော်ကြီး )

No comments: