Saturday, September 7, 2013

မန္တလေးမြို့ပတ်လည်ရဲ့လွမ်းစရာတွေနဲ့ အတူ




၁. လွမ်းတယ်..
    အဖေ နဲ့တူတဲ့ မန္တလေးရဲ့
    နွေ ကိုလွမ်းတယ်..။ ။
၂. လွမ်းတယ်..
    အမေ နဲ့တူတဲ့ မန္တလေးရဲ့
    ဆောင်း ကိုလွမ်းတယ်..။ ။
၃. လွမ်းတယ်..
    သူငယ်ချင်းတွေနဲ့တူတဲ့ မန္တလေးရဲ့
    မိုး ကိုလွမ်းတယ်..။ ။
၎. လွမ်းတယ်..
    သွားခဲ့ဘူးတဲ့ မင်းကွန်းစကိုင်း ဦးပိန်
    အစရှိတဲ့ နေရာတွေကို
    ငါလွမ်းတယ်..။ ။
၅. လွမ်းတယ်..
    နေရာအနှဲ့ ခြေရာထပ်အောင် လျှောက်ခဲ့ဘူးတဲ့
    အတိတ်က ဈေးချိုတော်ကြီးကို
    ငါလွမ်းတယ်..။ ။
၆. လွမ်းတယ်..
    နဂါးမယ်တို့ရဲ့ဗျောရယ်
    မြနန္ဒာသီချင်းတွေနဲ့
    တူးပိုတူးပိုသံ ညံနေတတ်တဲ့
    အတိတ်က မန်းသင်္ကြန်ကို
    ငါလွမ်းတယ်..။ ။
၇. လွမ်းတယ်..
    ခန္ဒာတစ်ခုလုံး အပူငွေ့တွေ ဖုံးပြီဆိုရင်
    မန်းတောင်ရိပ် မခိုနိုင်ပေမယ့်
    တို့မန္တလေး မြို့ကြီးရဲ့ ပတ်လည်ဆို
    မှိုင်းပြာပြာ မှုံးငွေ့ငွေ့ ဧရာဝတီနဒီမြစ်ညို
    အလျှံဝင်းပြောင်ညီတဲ့ ရန်ကင်းတောင်ကြီးရဲ့ လို့
    နှလုံးသားနဲ့ သီဆိုထားတဲ့ အဆိုတော်
    ဒေါ်မာမာအေး ရဲ့သီချင်းသံကို ငါလွမ်းတယ်..။ ။
၈. သက်မဲ့ကိုလွမ်းတတ်တဲ့ နှလုံးသား
    သက်ရှိကို မလွမ်းပဲနေပါ့မလား
    ဒါ ကဗျာမဟုတ်ဘူးလို့ကော ဝေဖန်ကြအုံးမလား.။.။
    မော်ဒန်ဒန် မဒန်ဒန်
    ဂန္တ၀င်ကဗျာ ဟုတ်ဟုတ် မဟုတ်ဟုတ်
    ဒါဟာ ငါ့နှလုံးသားထဲကလာတဲ့ ကဗျာ
    ငါ့ရဲ့အလွမ်းဖွဲ့ ကဗျာပေါ့ ..။ ။
၉. လွမ်းတယ်..
    လွမ်းတယ်..
    လွမ်းတယ်..
    အလွမ်းတကာ့ အလွမ်းဆုံးကိုပြောရရင်
    အဖေ အမေ တို့ရဲ့
    မေတ္တာ အရိပ်အောက်မှာ နေလာခဲ့ရတဲ့
    ငါ့ရဲ့ ငယ်ဘ၀လေးကို
    ငါ လွမ်းတယ်…။။
             Moe Z Mg (Ruby Garden)

No comments: