Thursday, September 12, 2013

သူတော်ကောင်းနှင့် သူယုတ်မာ

လောက၌ သူတော်ကောင်း
သူယုတ်မာ ဟု နှစ်မျိုးရှိ၏။
သူတော်ကောင်းကို
ပေါင်းသင်းသူသည်
စံပယ်ပန်းထုပ်သော
ဖက်ရွက်နှင့်တူ၏။
သူယုတ်မာကို
ပေါင်းသင်းသူသည်
ငါးပုပ်ထုပ်သော
သမန်းမြက်နှင့်တူ၏။
ပစ္စုပ္ပန် တမလွန်
ဘ၀ကောင်းကျိုး
လိုလားသူတို့သည်
စံပယ်ပန်းထုပ်သော
ဖက်ရွက်ကဲ့သို့
ရနံ့ကောင်းအောင်
သူတော်ကောင်းကို
ပေါင်းသင်းကြရမည်။
(ဘဒ္ဒန္တ ရာဇိန္ဒ မဟာထေရ်
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊
တောင်ဖီလာ တိပိဋကတောရ
မဟာဝိသုဒ္ဓါရုံ စာသင်တိုက်၊
ပဓာနနာယကဆရာတော်)

No comments: