Saturday, September 7, 2013

ခုံမင်ကစားကိုရင်များ…

ကိုရင်ငယ် သုံးသွယ်ဆော့လို့ 
ဘောလုံးကို သူ ငါ ကန်
လင်းအရုဏ် ထင်းမှမကြံ

လိန်ဖယ်ဟန် ညံစာစာမို့
ဘုန်းမျက်မာန် ရှခံထိရင်ဖြင့်
တင်ပေါ်မှာ ရှိုးရာကျန်မယ်ပ…

ကပ္ပိယ ဦးချလို့ တောင်းပန်
ကျောင်းတလံမှာ
ဗြောင်းဆန်စွာဆော့ပါတော့
ဆရာတော်ကြိမ်ဆော်မမိဖို့ အရေး ဝေးရာသို့ ပြေး…

No comments: