Saturday, September 7, 2013

ကိုယ်သိ ကိုယ်မြင် ကိုယ်ဆင်ခြင်နေကြ




     ဓမ္မပူဇာ ဓမ္မစကားများ (၅)
 တရားနဲ့ အိပ့်စက်ခြင်း
တရားနဲ့ နိုးထခြင်း
တရားနဲ့ မွေ့လျော်ခြင်း
ဒါအပ္ပမာဒ တရားပဲ..။ ။
 ခန္ဒာမှာ တရားရှိနေသူအဖို့ သာသနာရှိနေတာပဲ..
တရားမရှိသူအဖို့ သာသနာပနေတာပဲ
သာသနာနဲ့ သူနဲ့ လွဲနေတာပဲ..
သာသနာနဲ့လွဲ အပါယ်ငရဲလို့သာမှတ်ပါ..။ ။
 အရိယာသူတော်ကောင်းတို့ဆိုတာ
ရုပ်ရယ် နာမ်ရယ် တရားရယ်
ဒီသုံးဦးနဲ့ပဲ အဖော်ပြုနေတာပါ
သူတို့မှာ ပျင်းတယ်မရှိပါဘူး..။ ။
 သာသနာပြုခြင်ရင် ကိုယ့်ကိုကိုယ် အရင်တရားရှိအောင်လုပ်
ကိုယ်ကိုတိုင် တရားရှိမှ သာသနာပြုလို့ရတယ်..။ ။
 လူအများ မချီးမြှောက်ချင်ရင်နေ
သူတော်ကောင်းတွေကသာ မျက်ကွယ်မပြုပါစေနဲ့..။ ။
             ဆက်လက် တင်ပါအုံးမည်…
                     Moe Z Mg (Ruby Garden)

No comments: