Wednesday, September 4, 2013

အမေရဲ့ မေတ္တာ အားအင်



ကမ္ဘာတည်သရွေ့ အမေ ဆိုတာရှိနေမှာပါ
အမေ ရှိသရွေ့လည်း ပူလောင်မှုတွေကွယ်ပျောက်လို့
အေးမြမှုဆိုတဲ့ အရိပ်အောက်မှာ
ခိုလုံစွာ နေခဲ့ရသည် မဟုတ်လား
ထိပ့်လန့်လို့ပဲ အော်အော်
နာဖျားလို့ပဲ နေနေ
ပူလောင်လို့ပဲ ဖြစ်ဖြစ်
ခလုပ်ပဲ တိုက်တိုက်
အမေ့ လို့အော်လိုက်ရင်
ဝေဒနာတွေ ပပျောက်
ဒဏ်ရာတွေ သက်သာ
စိတ်ကြည်လင်မှုတွေ ရခဲ့ရတာဟာ
အမေ့ ရဲ့ မေတ္တာ အားတွေကြောင့်ပေါ့ ။။
                   Moe Z Mg (Ruby Garden)

No comments: