Monday, September 9, 2013

တစ်ခဏနဲ့ ထာဝရ



အပြောကောင်းတဲ့ ပုဂ္ဂိုလ်ဟာ
သူ့ရဲ့ စကားလုံးတွေရဲ့ နောက်ကွယ်မှာ
မာယာတွေ သာဌေယျတွေနဲ့စောင့်နေတယ်။
အကောင်းပြောတဲ့ပုဂ္ဂိုလ်က
သူ့ရဲ့ စကားလုံးတွေရဲ့နောက်ကွယ်မှာ
သစ္စာတွေ  ကတိတွေနဲ့စောင့်နေတယ်။
အပြောကောင်းတဲ့ပုဂ္ဂိုလ်ကို
ဘ၀အတွက်
တစ်ခဏသာ ပေါင်းဖော်ရသလို
အကောင်းပြောတဲ့ ပုဂ္ဂိုလ်ကို
ဘ၀အတွက်
ထာဝရ ပေါင်းဖော်ရတယ်…။
                 အရှင်တေဇ(၅၂၈)

No comments: