Monday, September 2, 2013

“အမြတ်ဆုံးအလင်းရောင်”


နေ၏အရောင် တောက်ပြောင်ထိန်လင်း
အမှောင်ခွင်း၏
လ၏အရောင် ရွှင်ပြောင်ပဝင်း
အမှောင်ခွင်း၏
မီး၏အရောင် ထိန်ပြောင်လျှံဝင်း
အမှောင်ခွင်း၏
နေလတောက်ပြောင် မီးရောင်ထိန်ဝင်း
အမှောင်ခွင်း၍ အလင်းရောင်တပ်
ဂုဏ်သတ်မှတ်လည်း အမြတ်မရှိ
နှိမ့်ချဘိ၏ တတ်သိပညာ
လင်းရောင်သာလျှင် ကမ္ဘာ့တစ်ခွင် လင်းဆုံးပင်။

ဆက်လက်ကြိုးစားပါဦးမည်။
အရှင်စန္ဒာသိရီ(မဏိဇောတစာချကျောင်း)
ပတ္တမြားရိပ်သာကျောင်းတိုက်
နန်းတော်ရာရပ်၊အမရပူရမြို့နယ်၊မန္တလေးတိုင်း၊

No comments: